Dictionary Entries
Showing 1,021–1,040 of 2,498 words
တ
တန်းတိမ်
[táɴtèɪɴ]
Arakanese:
ရောင့်ရဲရေ။ ကျီနပ်ရေ။ တင်းတိမ်အားရ၊ ကျီနပ်လှရေ၊ အလိုပြည့်ဝ၊ ငြိမ်းငြိမ်းတည်း (ရှီးထုံး)
Burmese:
ရောင့်ရဲသည်။ ကျေနပ်သည်။ တင်းတိမ်အားရ၊ ကျေနပ်လှသည်၊ အလိုပြည့်ဝ၊ ငြိမ်းငြိမ်းတည်း (ရှေးထုံး)
English:
complacently
Grammar Note:
ကြိယာ
တန်းတူ
[táɴtù]
Arakanese:
ပညာ အရည်အခြင်း အစဟိစွာ အနိမ့်အမြင့်၊ အရည်အသွီး၊ စွမ်းအင်၊ ပြုလုပ် ဆောင်ရွက် နှိုင်ရေ ကိုယ်စွမ်း ဉာဏ်စွမ်းချင်း တူညီရေ။ ကိုယ်နန့်တန်းတူ၊ ရွယ်တူမရှား (ပုံ)
Burmese:
ပညာ အရည်အချင်း စသည် အနိမ့်အမြင့်၊ အရည်အသွေး၊ စွမ်းအင်၊ ပြုလုပ် ဆောင်ရွက် နိုင်သော ကိုယ်စွမ်း ဉာဏ်စွမ်းချင်း တူညီသည်။ ကိုယ်နန့်တန်းတူ၊ ရွယ်တူမရှား (ပုံ)
English:
coequal
Grammar Note:
ကြိယာ
တန်းတောက်
[táɴtɔ́ɛʔ]
Arakanese:
တန်းစက်အောက်ကြောင်း အောက်မာ ရေခံရန် သွယ်တန်း ထားရေ အရာ။ ရေသယောက်
Burmese:
တံစက်မြိတ်ကြောင်း အောက်တွင် ရေခံရန် သွယ်တန်း ထားသည့် အရာ။ ရေသယောက်
English:
rainwater
Grammar Note:
နာမ်
တန်းတောင်
[táɴtàʊɴ]
Arakanese:
လက်မောင်းနန့် (လက်ဖန်) လက်ဖျံ ဆက်ရာ အောက်ဖက် အရပ်
Burmese:
လက်မောင်းနှင့် (လက်ဖန်) လက်ဖျံ ဆက်ရာ အောက်ဖက် အရပ်
English:
elbow
Grammar Note:
နာမ်
တန်းတောင်ဆစ်
[táɴtàʊɴsʰɪʔ]
Arakanese:
တံတောင်မာ ကွေ့ပနာ ကောက်၍ ရရေ အဆစ် နီရာ
Burmese:
တံတောင်တွင် ကွေ့၍ ကောက်၍ ရသော အဆစ် နေရာ
English:
Elbow-joint
Grammar Note:
နာမ်
တန်တော်
[tàɴtɔ̀]
Arakanese:
သင့်တင့်ရုံမျှ
Burmese:
သင့်တင့်ရုံမျှ
English:
fit
Grammar Note:
ကြိယာဝိသေသန
တန်းထား
[táɴtʰá]
Arakanese:
မြစ်၊ ချောင်း နိမ့်ချိုင့် ရာရို့ကို ဖြတ်ကျော်ပြီးကေ လားနှိုင် စီရန် တဖက်နန့် တဖက် စပ်မိအောင် ပြုလုပ် ထားရေ အရာ။ လမ်း။ ကူးခတ်သွယ်လာ၊ ကတိုးလာနန့်၊ ဇင်းခြားတန်းထား၊ ဟိစွာတိက၊ တည်ထားသမိုက်၊ ကျောက်တိုင်စိုက်ပနာ (ရခိုင်ကာ)
Burmese:
မြစ်၊ ချောင်း နိမ့်ချိုင့် ရာတို့ကို ဖြတ်ကျော်၍ သွားနိုင် စေရန် တစ်ဖက်နှင့် တစ်ဖက် စပ်မိအောင် ပြုလုပ် ထားသော အရာ။ လမ်း။ ကူးခတ်သွယ်လာ၊ ကတိုးလာနှင့်၊ ဇင်းခြားတန်းထား၊ ဟိသည်များက၊ တည်ထားသမိုက်၊ ကျောက်တိုင်စိုက်၍ (ရခိုင်ကာ)
English:
bridge
Grammar Note:
နာမ်
တန်းထောက်
[táɴtʰɔ́ɛʔ]
Arakanese:
ဝန်လီး ဖိအားကို ထောက်ကန် ပင့်မ ထားရေ အချောင်း အတံ
Burmese:
ဝန်လေး ဖိအားကို ထောက်ကန် ပင့်မ ထားသော အချောင်း အတံ
English:
buttress
Grammar Note:
နာမ်
တန်းထွီး
[táɴtʰwï]
Arakanese:
ခံမားမှ စိမ့် ထွက်သော အရည်။ သွန်းဆီး။
Burmese:
ခံတွင်းမှ စိမ့် ထွက်သော အရည်။ တံတွေး
English:
spittle
Grammar Note:
နာမ်
တန်ပါတချေ
[tàɴpàtɕè]
Arakanese:
ကိုယ့် ထင်မြင် ယူဆ ချက်ကို အတိအကျ သိပနာ ပြောလို ရာမာ ဝါကျရှေ့မှ ထည့်၍ သုံးသော စကား။ ဒသဂီရိ၊ သူ့ဇာတိကို၊ သိပါတုံ၍၊ တန်ပါတချေ၊ လျှောက်မနေနန့် (ရာမ)
Burmese:
မိမိ ထင်မြင် ယူဆ ချက်ကို အတိအကျ သိ၍ ပြောလို ရာတွင် ဝါကျရှေ့မှ ထည့်၍ သုံးသော စကား။ ဒသဂီရိ၊ သူ့ဇာတိကို၊ သိပါတုံ၍၊ တန်ပါတချေ၊ လျှောက်မနေနှင့် (ရာမ)
English:
exactness
Grammar Note:
ပစ္စည်း
တန်းပျက်သီး
[táɴprɛʔθï]
Arakanese:
အသီးလုံးလုံး အသီးမာ အမွီးလို အစူးလို ထနီရေ ဟင်းချက် စားရရေ နွယ်ပင် အသီး တမျိုး
Burmese:
အသီးလုံးလုံး အသီးတွင် အမွေးလို အဆူးလို ထနေသည့် ဟင်းချက် စားရသော နွယ်ပင် အသီး တစ်မျိုး
English:
vine
Grammar Note:
နာမ်
တန်းပျင်း
[táɴprɪ́ɴ]
Arakanese:
အိမ်၏ အထက်ဆင့်မာ တဆက်တည်း အမိုး အကာမဲ့ အစွန်း ထုတ်ထားရေ လက်တန်း ပတ်လည်ပါ ကြမ်းပြင်။ အလှပိုးဝါ၊ မောက်တော်သျှင်မ၊ တောင်တန်းပျင်းမာ၊ ဝါဂွမ်းဆွရေ (ပိုးဝါ)။ ပဖနှမေ၊ ထွက်ပါစီဟု၊ ဥပါယ်တမျဉ်ပြင်ပနာ၊ တန်းပျင်းမာသုတ်ကနဲ (ကုသတု)
Burmese:
အိမ်၏ အပေါ်ထပ်တွင် တစ်ဆက်တည်း အမိုး အကာမဲ့ အစွန်း ထုတ်ထားသော လက်တန်း ပတ်လည်ပါ ကြမ်းပြင်။ အလှပိုးဝါ၊ မောက်တော်သျှင်မ၊ တောင်တန်းပျင်းမှာ၊ ဝါဂွမ်းဆွရေ (ပိုးဝါ)။ ပဖနှမေ၊ ထွက်ပါစေဟု၊ ဥပါယ်တမျဉ်ပြင်၍၊ တန်းပျင်းတွင်သုတ်ကနဲ (ကုသတု)
English:
loggia
Grammar Note:
နာမ်
တန်းပျင်း၂
[táɴprɪ́ɴ၂]
Arakanese:
အိမ်မနန့် တဆက်တည်း ထုတ်ထားရေ အမိုးမဲ့ ကြမ်းပြင်။ အိုးခက်များ တင်ထားရေ အခန်း။ ဆီးကြောရန် ရေသုံးခန်း။ အဘာလာရေ-ချောင်းဝက၊ အမင်ကြည့်ရေ-တန်းပျင်းက (တေး)
Burmese:
အိမ်မနှင့် တစ်ဆက်တည်း ထုတ်ထားသော အမိုးမဲ့ ကြမ်းပြင်။ ရေအိုးများ တင်ထားသော အခန်း။ ဆေးကြောရန် ရေသုံးခန်း။ အဘာလာရေ-ချောင်းဝက၊ အမင်ကြည့်ရေ-တန်းပျင်းက (တေး)
English:
loggia
Grammar Note:
နာမ်
တန်ပြန်ပစ်
[tàɴpɹàɴpɪʔ]
Arakanese:
မကောင်းရေ အကြံ အစည် ပြုရေ သူကို ပြန်ပနာ ထိခိုက် စီရေ။ ပြန်လှန် ပြုလုပ်ရေ
Burmese:
မကောင်းသော အကြံ အစည် ပြုသော သူကို ပြန်၍ ထိခိုက် စေသည်။ ပြန်လှန် ပြုလုပ်သည်
English:
inretribution
Grammar Note:
နာမ်
တန်ဖိုး
[tàɴpʰó]
Arakanese:
တစုံ တခုသော ဝန် ရောင်းဝယ်ရန် သတ်မှတ် ထားရေ တန်ဖိုးငွီ
Burmese:
တစ်စုံ တစ်ခုသော ပစ္စည်း ရောင်းဝယ်ရန် သတ်မှတ် ထားသော တန်ဖိုးငွေ
English:
price
Grammar Note:
နာမ်
တန်ဖိုးထား
[tàɴpʰótʰá]
Arakanese:
အလီး ထားပနာ အထူး နှစ်သက် ကြည်ညိုသည်
Burmese:
အလေး ထား၍ အထူး နှစ်သက် ကြည်ညိုသည်
English:
admiring
Grammar Note:
ကြိယာ
တန်းဖြောင့်
[táɴpʰɹàʊɴ့]
Arakanese:
မကောက်မကွေ့ ဖြောက်ဖြောက် တန်းတန်း
Burmese:
မကောက်မကွေ့ ဖြောင့်ဖြောင့် တန်းတန်း
English:
straight
Grammar Note:
ကြိယာဝိသေသန
တန်ရပ်
[tàɴɹaʔ]
Arakanese:
ရွီ့လျော လားနီရာမှ ရပ်ဆိုင်း လားရေ
Burmese:
ရွေ့လျော သွားနေရာမှ ရပ်ဆိုင်း သွားသည်
English:
suspend
Grammar Note:
ကြိယာ
တန်ရာတန်ကြေး
[tàɴɹàtàɴt͡ɕé]
Arakanese:
လုပ်အား အတွက် သင့်တော် ပိုင် ပီးရရေ အခကြီးငွီ
Burmese:
လုပ်အား အတွက် သင့်တော် သလို ပေးရသော အခကြေးငွေ
English:
wages
Grammar Note:
နာမ်
တန်ရာတန်ရာ
[tàɴɹàtàɴɹà]
Arakanese:
သင့်လျော်သော အခကြီးငွီ။ ထိုက်တန်သည့် အလျောက်။ တန်ဖိုးအလျောက်။ (အဖိုးအခ)
Burmese:
သင့်လျော်သော အခကြေးငွေ။ ထိုက်တန်သည့် အလျောက်။ တန်ဖိုးအလျောက်။ (အဖိုးအခ)
English:
equitable price
Grammar Note:
ကြိယာဝိသေသန