Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,041–1,060 of 2,498 words

    တ

    တန်ရုံ

    [tàɴɹòʊɴ]
    မယုတ် မလွန် သင့်တော် ရုံမျှ။ အတော်အသင့်
    မယုတ် မလွန် သင့်တော် ရုံမျှ။ အတော်အသင့်
    in a sort
    ကြိယာဝိသေသန

    တန်းရူးဝါး

    [táɴɹùးwàး]
    လူသီကောင်ကို မီးတိုက် သဂြိုဟ် ရာမာ ပွအောင် ရွအောင် ထိုးပီးရေ ချွန်သော ဝါးလုံး
    လူသေကောင်ကို မီးရှို့ သဂြိုဟ် ရာတွင် ပွအောင် ရွအောင် ထိုးပေးသော ချွန်သော ဝါးလုံး
    bamboo
    နာမ်

    တန်းရှောက်

    [táɴʃɔ́ɛʔ]
    တန်းစက်အောက်ကြောင်း အောက်မာ ရေခံရန် သွယ်တန်း ထားရေ အရာ။ ရေသယောက်
    တံစက်မြိတ်ကြောင်း အောက်တွင် ရေခံရန် သွယ်တန်း ထားသည့် အရာ။ ရေသယောက်
    none
    နာမ်

    တန်းလန်း

    [táɴláɴ]
    တိုးလို့တန်းလန်း။ ငါးပိုင်းကမ်းတင်။ မပြတ်မစဲ။ ပြုဆဲပြုတုန်း။ အလုပ်မပြီးပဲ တန်းလီ တန်းလန်း ထားခလို့ မဖြစ်နှိုင် ကြိုး၊ ကြိမ်၊ လှံ၊ မြား အစဟိစွာရို့ တစွန်းသာ ငြိ၍ တစွန်းက လွတ်ဗျာယ်။ ခဏပျော်ပါး၊ တရွာသားကေ၊ ရည်းစားတန်းလန်း (ကော်)
    မပြီးမပြတ်။ လက်စမသတ်။ မပြတ်မစဲ။ ပြုဆဲပြုတုန်း။ အလုပ်မပြီးပဲ တန်းလီ တန်းလန်း ထားခလို့ မဖြစ်နိုင် ကြိုး၊ ကြိမ်၊ လှံ၊ မြား စသည်တို့ တစ်စွန်းသာ ငြိ၍ တစ်စွန်းက လွတ်လျက်။ ခဏပျော်ပါး၊ တရွာသားကေ၊ ရည်းစားတန်းလန်း (ကော်)
    undone
    ကြိယာဝိသေသန

    တန်းလန်း၂

    [táɴláɴ၂]
    တိုးလို့တန်းလန်း။ ငါးပိုင်းကမ်းတင်။ မပြတ်မစဲ။ ပြုဆဲပြုတုန်း။ အလုပ်မပြီးပဲ တန်းလီ တန်းလန်း ထားခလို့ မဖြစ်နှိုင် ကြိုး၊ ကြိမ်၊ လှံ၊ မြား အစဟိစွာရို့ တစွန်းသာ ငြိ၍ တစွန်းက လွတ်ဗျာယ်
    မပြီးမပြတ်။ လက်စမသတ်။ မပြတ်မစဲ။ ပြုဆဲပြုတုန်း။ အလုပ်မပြီးပဲ တန်းလီ တန်းလန်း ထားခလို့ မဖြစ်နိုင် ကြိုး၊ ကြိမ်၊ လှံ၊ မြား စသည်တို့ တစ်စွန်းသာ ငြိ၍ တစ်စွန်းက လွတ်လျက်
    undone
    ကြိယာဝိသေသန

    တန်းလန်းလန်း

    [táɴláɴláɴ]
    တိုးလို့တန်းလန်း။ ငါးပိုင်းကမ်းတင်။ မပြတ်မစဲ။ ပြုဆဲပြုတုန်း။ အလုပ်မပြီးပဲ တန်းလီ တန်းလန်း ထားခလို့ မဖြစ်နှိုင် ကြိုး၊ ကြိမ်၊ လှံ၊ မြား အစဟိစွာရို့ တစွန်းသာ ငြိ၍ တစွန်းက လွတ်ဗျာယ်။ ပွင့်တန်းလန်းလန်း၊ ဥသမာပွင့်ရေ၊ မေရို့ပန်း (ဓမ္မက)
    မပြီးမပြတ်။ လက်စမသတ်။ မပြတ်မစဲ။ ပြုဆဲပြုတုန်း။ အလုပ်မပြီးပဲ တန်းလီ တန်းလန်း ထားခလို့ မဖြစ်နိုင် ကြိုး၊ ကြိမ်၊ လှံ၊ မြား စသည်တို့ တစ်စွန်းသာ ငြိ၍ တစ်စွန်းက လွတ်လျက်။ ပွင့်တန်းလန်းလန်း၊ ဥသမာပွင့်ရေ၊ မေရို့ပန်း (ဓမ္မက)
    undone
    ကြိယာဝိသေသန

    တန်းလယား

    [táɴljá]
    လူများ နိန်ရန် အလျားရှည် ဆောက်လုပ် ထားရေ အဆောက် အအုံ။ နောက်ခါီ တွယ်နန့် လက်တန်း ပါရေ ကုလား ထိုင်ရှည်
    လူများ နေရန် အလျားရှည် ဆောက်လုပ် ထားသော အဆောက် အအုံ။ နောက်မှီ တွယ်နှင့် လက်တန်း ပါသော ကုလား ထိုင်ရှည်
    chair
    နာမ်

    တန်းလယောက်

    [táɴljɔ́ɛʔ]
    အရပ် အနား မဟိဘဲ။ တဆက်တည်း။ တောက်လျှောက်
    အရပ် အနား မရှိပဲ။ တဆက်တည်း။ တောက်လျှောက်
    ceaseless
    ကြိယာဝိသေသန

    တန်းလီတန်းလန်း

    [táɴlítáɴláɴ]
    တိုးလို့တန်းလန်း။ ငါးပိုင်းကမ်းတင်။ မပြတ်မစဲ။ ပြုဆဲပြုတုန်း။ အလုပ်မပြီးပဲ တန်းလီ တန်းလန်း ထားခလို့ မဖြစ်နှိုင် ကြိုး၊ ကြိမ်၊ လှံ၊ မြား အစဟိစွာရို့ တစွန်းသာ ငြိ၍ တစွန်းက လွတ်ဗျာယ်
    မပြီးမပြတ်။ လက်စမသတ်။ မပြတ်မစဲ။ ပြုဆဲပြုတုန်း။ အလုပ်မပြီးပဲ တန်းလီ တန်းလန်း ထားခလို့ မဖြစ်နိုင် ကြိုး၊ ကြိမ်၊ လှံ၊ မြား စသည်တို့ တစ်စွန်းသာ ငြိ၍ တစ်စွန်းက လွတ်လျက်
    undone
    ကြိယာဝိသေသန

    တန်လှချီ

    [tàɴɬɕí]
    တန်ခိုး အစွမ်း သတ္တိ နည်းရေ (လက်ဖွဲ့)ကို အစွမ်း သတ္တိ ထက်မြက်အောင် မန္ဒရားဖြင့် စုတ်ပနာ ပြုလုပ်ရေ။ လက်ဖျားပုံမျှ၊ ထိုးရားတုံမှ၊ ဥုံတန်လှဟု၊ ဧရာလက်ဖွဲ့၊ မဝတ်ရုံလည်း၊ တလုံးဆွဲလို့ (ကော်)
    တန်ခိုး အစွမ်း သတ္တိ နည်းသည့် (လက်ဖွဲ့)ကို အစွမ်း သတ္တိ ထက်မြက်အောင် မန္တာန်ဖြင့် စုတ်၍ ပြုလုပ်သည်။ လက်ဖျားပုံမျှ၊ ထိုးပြီးတုံမှ၊ ဥုံတန်လှဟု၊ ဧရာလက်ဖွဲ့၊ မဝတ်ရုံလည်း၊ တလုံးဆွဲလို့ (ကော်)
    preponderate
    ကြိယာ

    တန်လှချီ၂

    [tàɴɬɕí၂]
    တန်ခိုး အစွမ်း သတ္တိ နည်းနီရေ (လက်ဖွဲ့)ကို အစွမ်း သတ္တိ ထက်မြက်အောင် ဥုံခံ မန္ဒရားဖြင့် စုတ်ပနာ ပြုလုပ်ခြင်း
    တန်ခိုး အစွမ်း သတ္တိ နည်းနေသည့် (လက်ဖွဲ့)ကို အစွမ်း သတ္တိ ထက်မြက်အောင် ဥုံခံ မန္တာန်ဖြင့် စုတ်၍ ပြုလုပ်ခြင်း
    preponderate
    နာမ်

    တန်းသား

    [táɴθá]
    ပမာဏကို စံတခုခုနန့် နှိုင်းနိူင်း ကြည့်ရေ။ တိုင်းတာရေ။ တိုင်းထွာရေ။ မျှိုင်းဆွဲရေ။ ပွတ်သစ်သန့်စင်၊ ကျောင်းမြီးပြင်ကို၊ ညီယောင်ပြုငြား၊ တန်းသားထားပနာ၊ ခေတ်ငြားသမိုင်း၊ ကွက်စိပတိုင်း၍ (ထွန်းတိ)
    ပမာဏကို စံတစ်ခုခုနှင့် နှိုင်းယှဉ် ကြည့်သည်။ တိုင်းတာသည်။ တိုင်းထွာသည်။ မျဉ်းဆွဲသည်။ ပွတ်သစ်သန့်စင်၊ ကျောင်းမြီးပြင်ကို၊ ညီအောင်ပြုငြား၊ တန်းသားထား၍၊ ခေတ်ငြားသမိုင်း၊ ကွက်စိပတိုင်း၍ (ထွန်းတိ)
    measurement
    ကြိယာ

    တန်းသိန်

    [táɴθèɪɴ]
    အစိုင်အတိုင်း လျှိုခြည်ပေါ် ခြည်ပြုပနာ ဖေါက်လျှိုသော အရာ။ (ခြည်မျှင်၊ ကြိုး၊ ကြိမ်၊ နှီး၊ ဝါး၊ အချောင်း အတံ စရေ။
    အစဉ်အတိုင်း လျှိုချည်ပေါ် ချည်ပြု၍ ဖေါက်လျှိုသော အရာ။ (ချည်မျှင်၊ ကြိုး၊ ကြိမ်၊ နှီး၊ ဝါး၊ အချောင်း အတံ စသည်။
    cotton fibre
    နာမ်

    တန်းသိန်သိန်

    [táɴθèɪɴθèɪɴ]
    အရာဝတ္တု တိကို တခုပြီး တခု တဆက်တည်း ဖောက်လျှို စီထားရေ။ မင်းခုနှစ်ပါး၊ ရန်သူတိအား၊ ငါးကို တန်းသိန်သိန်သို့ (ကုသတု)
    အရာဝတ္တု များကို တစ်ခုပြီး တစ်ခု တစ်ဆက်တည်း ဖောက်လျှို စီထားသည်။ မင်းခုနှစ်ပါး၊ ရန်သူများအား၊ ငါးကို တန်းသိန်သိန်သို့ (ကုသတု)
    line up
    ကြိယာ

    တန်းသုံး

    [táɴθóʊɴ]
    စပါး၊ ဆန် အစဟိစွာရို့ကို ဇရုံ၊ တောင်း၊ တင်းရို့နန့် ခြင်ရာမာ ညှိရရေ တုတ်။ တံသုတ်
    စပါး၊ ဆန် စသည်တို့ကို ဇလား၊ တောင်း၊ တင်းတို့နှင့် ခြင်ရာတွင် ညှိရသော တုတ်။ တံသုတ်
    stick
    နာမ်

    တန်းသုံးကိုက်

    [táɴθóʊɴkaɪʔ]
    တံသီးတိုက်၊ မပိုမလို၊ ညီဝါရေ။ စပါး၊ ဆန်ခြင်ရေပိုင်၊ တန်းသုံးတိုက် ညီနီရဖို့။ လျော့နည်းခြင်း၊ ပိုလျှံခြင်း မဟိ ပြည့်ပြည့် တင်းတင်း ဟိရေ
    မပိုမလျော့၊ မပိုမလို၊ ညီညာသည်။ စပါး၊ ဆန်ခြင်ရေပိုင်၊ တန်းသုံးတိုက် ညီနီရဖို့။ လျော့နည်းခြင်း၊ ပိုလျှံခြင်း မရှိ ပြည့်ပြည့် တင်းတင်း ရှိသည်
    equally
    ကြိယာ

    တန့်ဟုသိ

    [tàɴ့hoʊθì]
    တနားချေတဗွေချေ ရပ်နားရန်၊ ရပ်တန့်ရန် ပြောသော စကား
    ခေတ္တ ရပ်နားရန်၊ ရပ်တန့်ရန် ပြောသော စကား
    stop
    နာမ်

    တနွမ်း

    [tnʊ̀ɴ]
    ပင်ပန်း နွမ်းရိသည့် ထိတောင်
    ပင်ပန်း နွမ်းနယ်သည့် တိုင်အောင်
    listless
    ကြိယာဝိသေသန

    တနှံ့

    [tn̥ံ့]
    နီရာများစွာ ပျံ့နှံ့ဗျာယ်။ အကြွင်းအလပ် မဟိဘဲ။ အလစ်အလပ် မဟိဘဲ။ အဝှမ်း
    နေရာများစွာ ပျံ့နှံ့လျက်။ အကြွင်းအလပ် မရှိပဲ။ အလစ်အလပ် မရှိပဲ။ အနှံ့အပြား
    diffuse
    ကြိယာဝိသေသန

    တနှိပ်သျှေ

    [tn̥ìaʔʃè]
    တနားချေတဗွေချေ ခဏ အိပ်ရေ။ မှေးစက်ရေ။ အခိုက်အတန့် အိပ်သည်
    ခေတ္တ ခဏ အိပ်သည်။ မှေးစက်သည်။ အခိုက်အတန့် အိပ်သည်
    sleep
    ကြိယာ