Dictionary Entries
Showing 1,061–1,080 of 2,498 words
တ
တနှုန်း
[tn̥óʊɴ]
Arakanese:
တတူအညီ။ ပိုင်။ ပိုင်။ တမျှ။ ကုန်ပုတ်တနှုန်း၊ ရို့တိမာ၊ သီမဆုံးကေ၊ ပြည်လုံးပုပ်မည် (ကော်)
Burmese:
အတူအညီ။ ကဲ့သို့။ သဖွယ်။ တမျှ။ ကုန်ပုတ်တနှုန်း၊ တို့တတွေမှာ၊ သီမဆုံးကေ၊ ပြည်လုံးပုပ်မည် (ကော်)
English:
equal
Grammar Note:
ပစ္စည်း
တနှုန်း၂
[tn̥óʊɴ၂]
Arakanese:
နမူနာ ပြုပနာ နှိုင်းနိူင်း ပြဆိုချက်
Burmese:
ဥပမာ ပြု၍ နှိုင်းယှဉ် ပြဆိုချက်
English:
for instance
Grammar Note:
နာမ်
တံပက်
[tံpɛʔ]
Arakanese:
(နွားစားသရက်) အသီးမာ အစိနန့် အသား ကြားဟိ အစိအုပ် အခွံ
Burmese:
(သရက်သီး) အသီးတွင် အစေ့နှင့် အသား ကြားရှိ အစေ့အုပ် အခွံ
English:
aril
Grammar Note:
နာမ်
တံပက်၂
[tံpɛʔ၂]
Arakanese:
လည်မှ ခါးအထိ ခန္ဓာကိုယ်ကို ရစ်ပတ် ခြုံရုံနှိုင်ရေ အဝတ်။ ခြုံရုံစရာ။ဗူးပွင့်ရံ မြတံပက်ကို၊ ရွှတ်ပါဘိလေ (မိုး)။ မုတ်ပုတီးဒါလီ၊ ရွှီအကျက၊ ထပိန်တံပက် (ပဋာ)။ တံပက်ခြုံ-လုံပါယင့်၊ ကျောက်တန်းစီ-ညီပါယင့် (ပန်းဝှက်)
Burmese:
လည်မှ ခါးအထိ ခန္ဓာကိုယ်ကို ရစ်ပတ် ခြုံရုံနိုင်သော အဝတ်။ ခြုံရုံစရာ။ဗူးပွင့်ရံ မြတံပက်ကို၊ ရွှတ်ပါဘိလေ (မိုး)။ မုတ်ပုတီးဒါလီ၊ ရွှေအကျက၊ ထပိန်တံပက် (ပဋာ)။ တံပက်ခြုံ-လုံပါယင့်၊ ကျောက်တန်းစီ-ညီပါယင့် (ပန်းဝှက်)
English:
cloak
Grammar Note:
နာမ်
တပင်တည်း
[tpɪ̀ɴtɛ́]
Arakanese:
အမြဲတစေ။ မပြတ်မလပ်။ မောင်ဖြူတပင်တည်း စျီးကိုလားနီစွာရာ
Burmese:
အမြဲတစေ။ မပြတ်မလပ်။ မောင်ဖြူတပင်တည်း စျီးကိုလားနီစွာရာ
English:
permanently
Grammar Note:
ကြိယာဝိသေသန
တပင်တပန်း
[tpɪ̀ɴtpáɴ]
Arakanese:
၁၊ အလွန် ပင်ပန်း ညှိုးငယ်သော။ ၂၊ အလွန် နွမ်းရိ ညှိုးရော်သော
Burmese:
၁၊ အလွန် ပင်ပန်း ညှိုးငယ်သော။ ၂၊ အလွန် နွမ်းရိ ညှိုးရော်သော
English:
fatigue
Grammar Note:
နာမဝိသေသန
တပည့်
[tpɛ့̀]
Arakanese:
အဆုံး အမကို လိုက်နာသူ။ ဆရာ့ပါးက အတတ် ပညာကို သင်ယူသူ
Burmese:
အဆုံး အမကို နာခံသူ။ ဆရာ့ထံမှ အတတ် ပညာကို သင်ယူသူ
English:
learner
Grammar Note:
နာမ်
တပည့်တပန်း
[tpɛ့̀tpáɴ]
Arakanese:
၁၊ တပည့်။ အကြီးအကဲ အောက်မာ အမှု ဆောင်ရွက် ရသူ။ ၂၊ နောက်က တတူတကွ လိုက်ပါလာ သူ။ ၃၊ နောက်ပါ ရဟန်း သံဃာ
Burmese:
၁၊ တပည့်။ အကြီးအကဲ အောက်တွင် အမှု ဆောင်ရွက် ရသူ။ ၂၊ နောက်က အတူတကွ လိုက်ပါလာ သူ။ ၃၊ နောက်ပါ ရဟန်း သံဃာ
English:
pupil
Grammar Note:
နာမ်
တပည့်တော်
[tpɛ့̀tɔ̀]
Arakanese:
ဗုဒ္ဓ ဘာသာရို့ ဓလိ့ ထုံးစိုင်အရ ရဟန်း အချင်းချင်း ဖြစ်စီ၊ သူတော်မ အချင်းချင်း ဖြစ်စီ၊ လူက ရဟန်းအား ဖြစ်စီ ပြောဆို ရေအခါ ယိုင်ကျေး ဖွယ်ရာဖြင့် ကိုယ့်ကိုယ်ကို ညွန်ပြရေ စကား
Burmese:
ဗုဒ္ဓ ဘာသာတို့ ဓလေ့ ထုံးစံအရ ရဟန်း အချင်းချင်း ဖြစ်စေ၊ သီလရှင် အချင်းချင်း ဖြစ်စေ၊ လူက ရဟန်းအား ဖြစ်စေ ပြောဆို သောအခါ ယဉ်ကျေး ဖွယ်ရာဖြင့် မိမိကိုယ်ကို ညွန်ပြသော စကား
English:
I
Grammar Note:
နာမ်စား
တပည့်တော်မ
[tpɛ့̀tɔ̀m]
Arakanese:
သူတော်မ အချင်းချင်း ဖြစ်စီ၊ သူတော်မက ရဟန်းကို ဖြစ်စီ၊ အမျိုးသမီးက သူတော်မကို ဖြစ်စီ၊ ရဟန်းကို ဖြစ်စီ ပြောဆိုရေအခါ ယိုင်ကျေး ဖွယ်ရာဖြင့် ကိုယ့်ကိုယ်ကို ညွန်ပြရေ စကား
Burmese:
သီလရှင် အချင်းချင်း ဖြစ်စေ၊ သီလရှင်က ရဟန်းကို ဖြစ်စေ၊ အမျိုးသမီးက သီလရှင်ကို ဖြစ်စေ၊ ရဟန်းကို ဖြစ်စေ ပြောဆိုသောအခါ ယဉ်ကျေး ဖွယ်ရာဖြင့် မိမိကိုယ်ကို ညွန်ပြသော စကား
English:
I
Grammar Note:
နာမ်စား
တပည့်မ
[tpɛ့̀m]
Arakanese:
ဆရာထံ၌ ပညာ သင်ယူစဉ် အဆုံးအမကို လိုက်နာ ခံယူသော အမျိုးသမီး
Burmese:
ဆရာထံ၌ ပညာ သင်ယူစဉ် အဆုံးအမကို လိုက်နာ ခံယူသော အမျိုးသမီး
English:
pupil
Grammar Note:
နာမ်
တပည့်မွီး
[tpɛ့̀mwï]
Arakanese:
ထိုးခုတ် သတ်ပုတ်ရန်နှင့် ခိုင်းစီ သမျှကို လုပ်ဖို့အတွက် အတွက် လူဆိုး မွီးစပ် ထားရေ
Burmese:
ထိုးခုတ် သတ်ပုတ်ရန်နှင့် ခိုင်းစေ သမျှကို လုပ်ဖို့ရန် အတွက် လူဆိုး မွေးစား ထားသည်
English:
adoptive
Grammar Note:
ကြိယာ
တပည့်လက်သား
[tpɛ့̀lɛʔθá]
Arakanese:
၁၊ နောက်က တတူ လိုက်ပါလာ သူ။ ၂၊ တပည့်။ ၃၊ နောက်ပါ ရဟန်းသံဃာ
Burmese:
၁၊ နောက်က အတူ လိုက်ပါလာ သူ။ ၂၊ တပည့်။ ၃၊ နောက်ပါ ရဟန်းသံဃာ
English:
pupil
Grammar Note:
နာမ်
တပည့်ဝတ်
[tpɛ့̀waʔ]
Arakanese:
ဆရာရို့ အထံ၌ တပည့်ရို့ကို လိုက်နာ ကျင့်ဆောင် ပြုလုပ်ရဖို့့ အမှုကိစ္စ
Burmese:
ဆရာတို့ အထံ၌ တပည့်တို့ကို လိုက်နာ ကျင့်ဆောင် ပြုလုပ်ရမည့် အမှုကိစ္စ
English:
duty
Grammar Note:
နာမ်
တပည့်သားမြီး
[tpɛ့̀θámɹï]
Arakanese:
၁၊ တပည့်။ အကြီးအကဲ အောက်မာ အမှု ဆောင်ရွက်ရ သူ။ ၂၊ နောက်က တတူတကွ လိုက်ပါလာ သူ။ ၃၊ နောက်ပါ ရဟန်းသံဃာ
Burmese:
၁၊ တပည့်။ အကြီးအကဲ အောက်တွင် အမှု ဆောင်ရွက်ရ သူ။ ၂၊ နောက်က အတူတကွ လိုက်ပါလာ သူ။ ၃၊ နောက်ပါ ရဟန်းသံဃာ
English:
pupil
Grammar Note:
နာမ်
တပတ်တရစ်
[tpaʔtɹɪʔ]
Arakanese:
တစုံ တရာ၏ နံဖီးအပါးမာ ဝေ့ဝိုက် လှည့်ပတ်၍ ဖြစ်စီ။ လူးလာ တုံ့ခေါက်၍ ဖြစ်စီ လားလာရေ။ ရစ်သီသည်
Burmese:
တစ်စုံ တစ်ရာ၏ အနီးအပါးတွင် ဝေ့ဝိုက် လှည့်ပတ်၍ ဖြစ်စေ။ လူးလာ တုံ့ခေါက်၍ ဖြစ်စေ သွားလာသည်။ ရစ်သီသည်
English:
loiter
Grammar Note:
ကြိယာ
တပတ်ထိုး
[tpaʔtʰó]
Arakanese:
၁၊ ဆံထုံး ထုံးနည်း တမျိုး။ ၂၊ ကြိုးချိုင်နည်း တမျိုး။ ၃၊ နည်း တမျိုးမျိုးဖြင့် လှည့်စားသည်
Burmese:
၁၊ ဆံထုံး ထုံးနည်း တစ်မျိုး။ ၂၊ ကြိုးချည်နည်း တစ်မျိုး။ ၃၊ နည်း တစ်မျိုးမျိုးဖြင့် လှည့်စားသည်
English:
deceive
Grammar Note:
နာမ်
တပတ်နွမ်း
[tpaʔnʊ̀ɴ]
Arakanese:
တခေါက် တခါ သုံးစွဲဖူးသော အရာဝတ္တု
Burmese:
တစ်ကြိမ် တစ်ခါ သုံးစွဲဖူးသော အရာဝတ္တု
English:
second hand
Grammar Note:
နာမ်
တပတ်ရစ်
[tpaʔɹɪʔ]
Arakanese:
တမျိုးမျိုးဖြင့် လူတိအား (မဟုတ်မမှန်) ယုံကြည်အောင် သွီးဆောင် ဝါရေ။ အထင်အမြင် မှောက်မားအောင် ပရိယာယ် မာယာ ပြုသည်
Burmese:
တစ်မျိုးမျိုးဖြင့် သူတစ်ပါးအား (မဟုတ်မမှန်) ယုံကြည်အောင် သွေးဆောင် လိမ်လည်သည်။ အထင်အမြင် မှောက်မှားအောင် ပရိယာယ် မာယာ ပြုသည်
English:
invegle
Grammar Note:
ကြိယာ
တပတ်လည်
[tpaʔlɛ̀]
Arakanese:
ပထမမူ မဟုတ်ဘဲနန့် နောက်တမျိုး အသစ် ပြုလုပ်ရေ
Burmese:
ပထမမူ မဟုတ်တော့ပဲ နောက်တမျိုး အသစ် ပြုလုပ်သည်
English:
renewal
Grammar Note:
နာမ်