Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,081–1,100 of 2,498 words

    တ

    တပတ်လိမ်

    [tpaʔlèɪɴ]
    ဝါရေ။ လှည့်စားသည်
    လိမ်လည်သည်။ လှည့်စားသည်
    scrag-mislead
    ကြိယာ

    တပတ်လှည့်

    [tpaʔɬɛ့̀]
    တမျိုးမျိုးဖြင့် လူတိအား (မဟုတ်မမှန်) ယုံကြည်အောင် သွီးဆောင် ဝါရေ။ အထင်အမြင် မှောက်မားအောင် ပရိယာယ် မာယာ ပြုသည်
    တစ်မျိုးမျိုးဖြင့် သူတစ်ပါးအား (မဟုတ်မမှန်) ယုံကြည်အောင် သွေးဆောင် လိမ်လည်သည်။ အထင်အမြင် မှောက်မှားအောင် ပရိယာယ် မာယာ ပြုသည်
    invegle
    ကြိယာ

    တပန်းထွီး

    [tpáɴtʰwï]
    ၁၊ တစုံ တခုသော အမှုကိစ္စ အတွက် ခက်ခက်ခဲခဲ ကိုယ်တိုင် ကြုံတွိရရေ။ မောင်မဲနန့် ပတ်သက်လို့ ရုံးမာ တရား သူကြီးနန့် တပန်း ထွီးကတ်ရရေ
    ၁၊ တစ်စုံ တစ်ခုသော အမှုကိစ္စ အတွက် ခက်ခက်ခဲခဲ ကိုယ်တိုင် ကြုံတွေ့ရသည်။ မောင်မဲနန့် ပတ်သက်လို့ ရုံးမှာ တရား သူကြီးနန့် တပန်း ထွီးကတ်ရရေ
    meet with something
    ကြိယာ

    တပန်းရှုံး

    [tpáɴʃóʊɴ]
    (တခုနှင့် တခု တွဲနိူင်း ပြရာမာ) ပထမ မူလကပင် တခုတရီ အကြောင်းအရာ အားနည်းဟန် ဟိရေ
    (တစ်ခုနှင့် တစ်ခု တွဲယှဉ် ပြရာတွင်) ပထမ မူလကပင် တစ်စုံတစ်ခု အကြောင်းအရာ အားနည်းဟန် ရှိသည်
    weak
    ကြိယာ

    တပန်းသာ

    [tpáɴθà]
    (တခုနှင့် တခု လက်တွဲ ပြရာမာ) ပထမ မူလကပင် တခုတရီ အကြောင်းအရာ သာလွန်ချက်အား ဟိရေ။ ငါရို့ ယင်းတိုင်သျှင့်ထက် တပိုးသာရေ
    (တစ်ခုနှင့် တစ်ခု ယှဉ်တွဲ ပြရာတွင်) ပထမ မူလကပင် တစ်စုံတစ်ခု အကြောင်းအရာ သာလွန်ချက်အား ရှိသည်။ ငါရို့ ယင်းသူ့ထက် တပိုးသာရေ
    overpower
    ကြိယာ

    တပံ့ပံ့

    [tpံ့pံ့]
    ၁၊ ကူညီ ထောက်မ ရေ။ ၂၊ တစုံ တခုသော အကျိုးကို မျှော်စပ်၍ ပီးကမ်းသည်
    ၁၊ ကူညီ ထောက်မ သည်။ ၂၊ တစ်စုံ တစ်ခုသော အကျိုးကို မျှော်ကိုး၍ ပေးကမ်းသည်
    handwriting
    ကြိယာ

    တပိန်းတည်း

    [tpéɪɴtɛ́]
    မကျား မပြောက်ပဲ တပြင်တည်း ပိတ်သော
    မကျား မပြောက်ပဲ တပြင်တည်း ပိတ်သော
    husked
    နာမဝိသေသန

    တပိန်းတည်း၂

    [tpéɪɴtɛ́၂]
    တပြင်တည်း
    တပြင်တည်း
    husked
    ကြိယာဝိသေသန

    တပိန်းတည်း၃

    [tpéɪɴtɛ́၃]
    အရောင် မနှောသော အဆင်း
    အရောင် မနှောသော အဆင်း
    husked
    နာမ်

    တပိန်ပိန်

    [tpèɪɴpèɪɴ]
    အသားအရီ ကြုံလှီ၍ အားအင် နည်းပါးကာ တက်ကြွ လှုပ်ရှားခြင်း မပြုနှိုင်ရေ
    အသားအရေ ကြုံလှီ၍ အားအင် နည်းပါးကာ တက်ကြွ လှုပ်ရှားခြင်း မပြုနိုင်သော
    emaciate
    နာမဝိသေသန

    တပိန့်ပိန့်

    [tpèɪɴ့pèɪɴ့]
    အားအင် ခြည့်နန့်၍ ပိန်ကပ်နိန်ရေ
    အားအင် ချည့်နဲ့၍ ပိန်ကပ်နေသော
    skinny
    နာမဝိသေသန

    တပိန်ပိန်တလိန်လိန်

    [tpèɪɴpèɪɴtlèɪɴlèɪɴ]
    အသားအရီ လျော့ပါး ကျုံ့ယုံသော
    အသားအရေ လျော့ပါး ကျုံ့ယုံသော
    bag of bones
    နာမဝိသေသန

    တပို့

    [tpo̰]
    တစုံ တခုသော ဝန်ကို တနီရာသို့ ပို့ဆောင်ပနာ ပြီးသည့် ထိတောင်
    တစ်စုံ တစ်ခုသော ပစ္စည်းကို တစ်နေရာသို့ ပို့ဆောင်၍ ပြီးသည့် တိုင်အောင်
    export
    ကြိယာဝိသေသန

    တပိုး

    [tpó]
    လွန်ကဲရေ။ ပိုလွန်သည်
    လွန်ကဲသည်။ ပိုလွန်သည်
    exceed
    ကြိယာ

    တပိုင်းတစ

    [tpáɪɴts]
    မပြည့်မစုံ ဖြစ်ခြင်း။ အလပ်တပျက် ဖြစ်ခြင်း
    မပြည့်မစုံ ဖြစ်ခြင်း။ တဝက်တပျက် ဖြစ်ခြင်း
    incomplete
    နာမ်

    တပိုင်းတပေါ်

    [tpáɪɴtpɔ̀]
    တဝက် တပျက် ဖြစ်ခြင်း။ တပိုင်းတစ ဖြစ်ခြင်း
    တစ်ဝက် တစ်ပျက် ဖြစ်ခြင်း။ တပိုင်းတစ ဖြစ်ခြင်း
    half
    နာမ်

    တပိုင်းတမ

    [tpáɪɴtm]
    မပြည့်မစုံ ဖြစ်ခြင်း။ အလပ်တပျက် ဖြစ်ခြင်း
    မပြည့်မစုံ ဖြစ်ခြင်း။ တဝက်တပျက် ဖြစ်ခြင်း
    incomplete
    နာမ်

    တပိုင်းရူး

    [tpáɪɴɹùး]
    ၁၊ လရူးပိုင် စိတ် မတည်မတံ့ ဖြစ်တေ။ ၂၊ (စိတ်) တနားတခါ ဖေါက်ပြန်ရေ
    ၁၊ အရူးကဲ့သို့ စိတ် မတည်မတံ့ ဖြစ်သည်။ ၂၊ (စိတ်) မကြာခဏ ဖေါက်ပြန်သည်
    certifiable
    ကြိယာ

    တပိုင်းသီ

    [tpáɪɴθí]
    ခါးမှ အောက်ပိုင်း တနည်း အထက်ပိုင်း လှုပ်ရှား၍မရ ဖြစ်တေ
    ခါးမှ အောက်ပိုင်း သို့မဟုတ် အထက်ပိုင်း လှုပ်ရှား၍မရ ဖြစ်သည်
    paraplegia
    ကြိယာ

    တပိုးတပန်း

    [tpótpáɴ]
    ကြိုးကြိုး စားစား။ ခဲခဲ ယဉ်းယဉ်း
    ကြိုးကြိုး စားစား။ ခဲခဲ ယဉ်းယဉ်း
    outmatch
    ကြိယာဝိသေသန