Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,121–1,140 of 2,498 words

    တ

    တပ်

    [taʔ]
    ၁၊ အကာအရံ။ ဝင်းတပ်သာကို၊ ရောက်ပါလီငြား၊ စမမြင်ကေ၊ ပြင်တန်းခါးကို (မိုး)။ သံတိုင်းသံကြိုး၊ လေးမျက်နှာမာ၊ ရစ်ကာပတ်ကေ၊ သံတပ်ထိုးလို့ (ကော်)။ ၂၊ ခံတပ်
    ၁၊ အကာအရံ။ ဝင်းတပ်သာကို၊ ရောက်ပါလီငြား၊ စမမြင်ကေ၊ ပြင်တံခါးကို (မိုး)။ သံတိုင်းသံကြိုး၊ လေးမျက်နှာမှာ၊ ရစ်ကာပတ်ကေ၊ သံတပ်ထိုးလို့ (ကော်)။ ၂၊ ခံတပ်
    fortification
    နာမ်

    တပ်၂

    [taʔ၂]
    (ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ စစ်တပ်၊ လေးတပ်၊ လှီတပ်၊ ကြည်းတပ်၊ ရီတပ်၊ ခြီသည်းသူရဲတပ်၊ လီတပ် အစဟိစွာရို့၏) အဖွဲ့အစည်း
    (ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ စစ်တပ်၊ လေးတပ်၊ လှေတပ်၊ ကြည်းတပ်၊ ရေတပ်၊ ခြေသည်းသူရဲတပ်၊ လေတပ် စသည်တို့၏) အဖွဲ့အစည်း
    military
    နာမ်

    တပ်၃

    [taʔ၃]
    ၁၊ အမည်ပီးရေ။ အပ်နှင်းရေ။ ဓမ္မဂဝေသီ´ ဟု အမည်တပ်ရေ။ ၂၊ စွဲလမ်းရေ။ ခင်တွယ်ရေ။ ကပ်ငြိရေ။ ၃၊ (အပြစ်ဒဏ်) ပီးရေ။ ရွာသူကြီး တိစွာ သခိုး မောင်မန်းဦးအား ဒဏ်ငွီ ငါးဆယ်ကျပ် တပ်ရေ။ ၄၊ (ဆိုးရည်)ဆိုးရေ။ သင်္ကန်းဆိုးပနာ ဖန်ရည် တပ်ရေ။ ၅၊ မြဲခိုင် စီရေ။ မျက်မှ
    ၁၊ အမည်ပေးသည်။ အပ်နှင်းသည်။ ဓမ္မဂဝေသီ´ ဟု အမည်တပ်သည်။ ၂၊ စွဲလမ်းသည်။ ခင်တွယ်သည်။ ကပ်ငြိသည်။ ၃၊ (အပြစ်ဒဏ်) ပေးသည်။ ရွာသူကြီး များသည် သူခိုး မောင်မန်းဦးအား ဒဏ်ငွေ ငါးဆယ်ကျပ် တပ်သည်။ ၄၊ (ဆိုးရည်)ဆိုးသည်။ သင်္ကန်းဆိုး၍ ဖန်ရည် တပ်သည်။ ၅၊ မြဲခိုင် စေသည်။ မျက်မှ
    name
    ကြိယာ

    တပ်ကပ်

    [taʔkaʔ]
    အသီအချာ၊ တိကျစွာ
    အသေအချာ၊ တိကျစွာ
    exactly
    ကြိယာဝိသေသန

    တပ်ခံ

    [taʔkʰံ]
    ခုခံ တိုက်ခိုက်ရန် အတွက် ထားခရေ စစ်တပ်
    ခုခံ တိုက်ခိုက်ရန် အတွက် ထားခဲ့သော စစ်တပ်
    fort
    နာမ်

    တပ်ခင်း

    [taʔkʰɪ́ɴ]
    စစ်တပ် တိကို နီရာ တကျ ပျင်ဆင်ရေ
    စစ်တပ် များကို နေရာ တကျ ပြင်ဆင်သည်
    encamp
    ကြိယာ

    တပ်ခေါက်

    [taʔkʰaʊʔ]
    (ဥပစာ) လက်လျှော့ အယှုံးပီးရေ။ အညံ့ ခံသည်
    (ဥပစာ) လက်လျှော့ အရှုံးပေးသည်။ အညံ့ ခံသည်
    surrender
    ကြိယာ

    တပ်ခေါက်၂

    [taʔkʰaʊʔ၂]
    စစ်တပ်ကို ပြန်ပနာ နူတ်ပယ်သည်
    စစ်တပ်ကို ပြန်လည် နူတ်ပယ်သည်
    surrender
    နာမ်

    တပ်ချ

    [taʔɕ]
    စစ်တပ်များ အပန်းဖြီ ရပ်နားရန် နီရာချရေ။ စခန်း ထောက်သည်
    စစ်တပ်များ အပန်းဖြေ ရပ်နားရန် နေရာချသည်။ စခန်း ထောက်သည်
    encamp
    ကြိယာ

    တပ်ချီ

    [taʔɕí]
    စစ်ရီး စစ်ရာ အတွက် စစ်သားတိ ခရီး ထွက်သည်
    စစ်ရေး စစ်ရာ အတွက် စစ်သားများ ခရီး ထွက်သည်
    march
    ကြိယာ

    တပ်ငြိ

    [taʔɲì]
    စိတ် အာရုံမာ အလွန် တွယ်စွာရေ
    စိတ် အာရုံတွင် လွန်စွာ တွယ်တာသည်
    attached
    ကြိယာ

    တပ်စခန်း

    [taʔskʰáɴ]
    စစ်တပ်များ ဟိရာ အရပ်။ စစ်ချီရာ လမ်းခရီးမာ တပ်များ နားနီလေ့ ဟိရေ အရပ်
    စစ်တပ်များ ရှိရာ အရပ်။ စစ်ချီရာ လမ်းခရီးတွင် တပ်များ နားနေလေ့ ရှိသော အရပ်
    bivouac
    နာမ်

    တပ်စွန်း

    [taʔsʊ́ɴ]
    ၁၊ ဆိုးရည် စွဲရေ။ ၂၊ စိတ် အာရုံမာ အလွန် တွယ်စွာရေ
    ၁၊ ဆိုးရည် စွဲသည်။ ၂၊ စိတ် အာရုံတွင် လွန်စွာ တွယ်တာသည်
    enamour-attached
    ကြိယာ

    တပ်စွဲ

    [taʔswɛ]
    စစ်တပ်ကို အခိုင်အမာချ တည်ထားရေ
    စစ်တပ်ကို အခိုင်အမာချ တည်ထားသည်
    encamp
    ကြိယာ

    တပ်ဆင်

    [taʔsʰɪ̀ɴ]
    (လက်နက်) နနောင်း ဆောင်ထား စီရေ။ ကြီးလားရေ ပြောင်းဇဝါရို့ကို တပ်ဆင်ပြီးကေ (တောင်)
    (လက်နက်) မြဲမြံစွာ ဆောင်ထား စေသည်။ ကြီးသွားသော ပြောင်းဇဝါတို့ကို တပ်ဆင်ပြီးလျှင် (တောင်)
    fix
    ကြိယာ

    တပ်ဆုတ်

    [taʔsʰoʊʔ]
    စစ်တပ်ကို ပြန်ပနာ နောက်ကို ဆုတ်သည်
    စစ်တပ်ကို ပြန်လည် နောက်သို့ ဆုတ်သည်
    retreat
    ကြိယာ

    တပ်တပ်

    [taʔtaʔ]
    စီစပ် ကျနစွာ။ ၂။ နနောင်း တိကျစွာ (သိရေ၊ မြင်သည်၊ ကြားရေ)
    စေ့စပ် ကျနစွာ။ ၂။ ခိုင်မာ တိကျစွာ (သိသည်၊ မြင်သည်၊ ကြားသည်)
    exact
    ကြိယာဝိသေသန

    တပ်တပ်၂

    [taʔtaʔ၂]
    နံဖီး အပါး အရပ်။ တည်နီရာ အရပ်၊ အထံ
    အနီး အပါး အရပ်။ တည်နေရာ အရပ်၊ အထံ
    locality
    ကြိယာဝိသေသန

    တပ်တပ်၃

    [taʔtaʔ၃]
    သီသီ ချာချာ။ အတိ အကျ
    သေသေ ချာချာ။ အတိ အကျ
    exactly
    ကြိယာဝိသေသန

    တပ်တောင်တာဗိုလ်ထု

    [taʔtàʊɴtàbÒl်tʰoʊ]
    စစ်သားတော်နန့် တကွ လူစု လူဝီး အများ အပြား
    စစ်သည်တော်နှင့် တကွ လူစု လူဝေး အများ အပြား
    troopers
    နာမ်