Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,141–1,160 of 2,498 words

    တ

    တပ်တော်သား

    [taʔtɔ̀θá]
    ကြည်းတပ်၊ ရီတပ် ၊ လီတပ်မာ ပါရေ နိုင်ငံတော်၏ ကာကွယ်ရီး တပ်ပေါင်းစု
    ကြည်းတပ်၊ ရေတပ် ၊ လေတပ်တွင် ပါသော နိုင်ငံတော်၏ ကာကွယ်ရေး တပ်ပေါင်းစု
    army
    နာမ်

    တပ်တွင်း

    [taʔtwɪ́ɴ]
    အိမ်ဝင်း ၊ ကျောင်းဝင်း အစဟိစွာရို့ကို ဝိုင်းပတ် ထားရေ အကာအရံ အထဲ
    အိမ်ဝင်း ၊ ကျောင်းဝင်း စသည်တို့ကို ဝိုင်းပတ် ထားသော အကာအရံ အတွင်း
    fortification
    နာမ်

    တပ်တွင်း၂

    [taʔtwɪ́ɴ၂]
    စစ်တပ်များ နီရာ အရပ်။ စစ်တပ်၏ မိသားစု (နီရာအရပ်)
    စစ်တပ်များ နေရာ အရပ်။ စစ်တပ်၏ မိသားစု (နေရာအရပ်)
    locality
    နာမ်

    တပ်ထိန်း

    [taʔtʰéɪɴ]
    စစ်သားတော် တိ၏ လိုက်နာ စောင့်ထိန်းမည့် ကျင့်ဝတ် ထိန်းသိမ်းဖို့အတွက် အတွက် စီမံရရေ စစ်သား
    စစ်သည်တော် များ၏ လိုက်နာ စောင့်ထိန်းမည့် ကျင့်ဝတ် ထိန်းသိမ်းဖို့ရန် အတွက် စီမံရသော စစ်သည်
    military police
    နာမ်

    တပ်ထွက်

    [taʔtʰwɛʔ]
    စစ်တပ်မှ ထွက်သော သူ။ စစ်မှုထမ်းဟောင်း
    စစ်တပ်မှ ထွက်သော သူ။ စစ်မှုထမ်းဟောင်း
    march to battle
    နာမ်

    တပ်နယ်

    [taʔnɛ̀]
    စစ်တပ်များ တပ်ချ ထားရာ နယ်မြီ
    စစ်တပ်များ တပ်ချ ထားရာ နယ်မြေ
    cantonment area
    နာမ်

    တပ်နှစ်သက်

    [taʔn̥ɪʔθɛʔ]
    စွဲလမ်းစိတ် ပြင်းပြရေ။ စိတ် အာရုံမာ လွန်ကဲစွာ တွယ်စွာရေ
    စွဲလမ်းစိတ် ပြင်းပြသည်။ စိတ် အာရုံတွင် လွန်ကဲစွာ တွယ်တာသည်
    attached
    ကြိယာ

    တပ်နှုတ်

    [taʔn̥oʊʔ]
    စစ်တပ်ကို နောက်ကို ပြန်ပနာ ထွက်လှာ စီရေ
    စစ်တပ်ကို နောက်သို့ ပြန်၍ ထွက်လာ စေသည်
    retreat
    ကြိယာ

    တပ်ပင်

    [taʔpɪ̀ɴ]
    ခြံတပ်အဖြစ် စိုက်သော အပင် တမျိုး။ (ယင်း အပင်သည် အသီးလုံးလုံး ကွမ်းသီးခန့် အပြွတ်လိုက် သီးပြီးကေ အစီးကို လီလုံး မှုတ်ကာ ကစပ် ကတ်တေ။
    ခြံတပ်အဖြစ် စိုက်သော အပင် တစ်မျိုး။ (ယင်း အပင်သည် အသီးလုံးလုံး ကွမ်းသီးခန့် အပြွတ်လိုက် သီး၍ အစေးကို ပူပေါင်း မှုတ်ကာ ကစား ကြသည်။
    plant
    နာမ်

    တပ်ပေါင်းစု

    [taʔpèàɪ́ɴsoʊ]
    ကြည်းတပ်၊ လီတပ်၊ ရီတပ် အစဟိစွာ အပေါင်းတိကို ခြုံ၍ ခေါ်ဝေါ်သော အမည်။ ၂။ ယင်းရို့ကို ပေါင်းပနာ ဖွဲ့ထားရေ အသင်းအဖွဲ့
    ကြည်းတပ်၊ လေတပ်၊ ရေတပ် စသည် အပေါင်းတို့ကို ခြုံ၍ ခေါ်ဝေါ်သော အမည်။ ၂။ ယင်းတို့ကို ပေါင်း၍ ဖွဲ့ထားသော အသင်းအဖွဲ့
    servicewoman
    နာမ်

    တပ်ပျက်

    [taʔprɛʔ]
    စစ်တပ်များ တကွဲတပြား ပြိုကွဲ လားရေ
    စစ်တပ်များ တကွဲတပြား ပြိုကွဲ သွားသည်
    disintegrate
    ကြိယာ

    တပ်ပြန်

    [taʔpɹàɴ]
    စစ်တိုက်ရာမှ ပြန်လာသူ
    စစ်တိုက်ရာမှ ပြန်လာသူ
    demobilize
    နာမ်

    တပ်ပြီး

    [taʔpɹï]
    စစ်မှု ထမ်းဆောင်ရာမှ ထွက်ဗြီး သူ
    စစ်မှု ထမ်းဆောင်ရာမှ ထွက်ပြေး သူ
    deserting
    နာမ်

    တပ်ဖျောက်

    [taʔpʰrɔ́ɛʔ]
    စစ်သားတိ ရပ်ရွာ လူထု အကြားမာ ရောဝင် ရုပ်ဖျောက် နိန်ရေ။ ၂။ တပ်အဖြစ် ပေါ်လွင်စွာ တစု တဝေး မနေပဲ ပြန့်ကြဲ နိန်ရေ
    စစ်သားများ ရပ်ရွာ လူထု အကြားတွင် ရောဝင် ရုပ်ဖျောက် နေသည်။ ၂။ တပ်အဖြစ် ပေါ်လွင်စွာ တစ်စု တစ်ဝေး မနေပဲ ပြန့်ကြဲ နေသည်
    disperse troops
    ကြိယာ

    တပ်ဖြန့်

    [taʔpʰɹàɴ့]
    စစ်ရီး စစ်ရာအတွက် တပ်တိကို အနှံ့ထားပနာ နီရာ ယူရေ
    စစ်ရေး စစ်ရာအတွက် တပ်များကို အနှံ့ထား၍ နေရာ ယူသည်
    station
    ကြိယာ

    တပ်ဖွဲ့

    [taʔpʰwé]
    စစ်သား တိကို စုရုံး တည်ထောင်သည်
    စစ်သား များကို စုရုံး တည်ထောင်သည်
    squadron
    ကြိယာ

    တပ်မက်

    [taʔmɛʔ]
    နှစ်သက်၊ စုံမက်၊ စွဲလမ်းခြင်း ဖြစ်တေ
    နှစ်သက်၊ စုံမက်၊ စွဲလမ်းခြင်း ဖြစ်သည်
    infatuate
    ကြိယာ

    တပ်မတော်

    [taʔmtɔ̀]
    ကြည်း၊ ရေ၊ လီတပ် ရို့ကို ပေါင်းဖွဲ့ ထားရေ နီပြည်တော်၏ ကာကွယ်ရီး တပ်ပေါင်းစု
    ကြည်း၊ ရေ၊ လေတပ် တို့ကို ပေါင်းဖွဲ့ ထားသော နေပြည်တော်၏ ကာကွယ်ရေး တပ်ပေါင်းစု
    the army
    နာမ်

    တပ်မြို့

    [taʔmɹo̰]
    စစ်တပ်များ စုပေါင်းပနာ ခိုင်ခိုင် မာမာ အီးချမ်း သာယာစွာ တည်ဟိနိန်ရေ တပ်နယ်
    စစ်တပ်များ စုပေါင်း၍ ခိုင်ခိုင် မာမာ အေးချမ်း သာယာစွာ တည်ရှိနေသော တပ်နယ်
    cantonment area
    နာမ်

    တပ်မြီ

    [taʔmɹì]
    စစ်တပ်၏ ပိုင်နက် နယ်မြီ
    စစ်တပ်၏ ပိုင်နက် နယ်မြေ
    cantonment area
    နာမ်