Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,201–1,220 of 2,498 words

    တ

    တပြင်ချင်း

    [tpɹɪ̀ɴɕɪ́ɴ]
    အလင်းရောင်၊ မီးရောင်၊ လရောင် (ထွက်သည်)။ ညစာဆိုခကေေ၊ လ ပ တပြင်ချင်းသျှေနန့်၊ ငါရို့ ကစပ်တေ (တေး)
    အလင်းရောင်၊ မီးရောင်၊ လရောင် (ထွက်သည်)။ ညစာဆိုပါကေ၊ လ ပ တပြင်ချင်းသျှေနန့်၊ ငါရို့ ကစပ်တေ (တေး)
    light
    နာမ်

    တပြင်စီး

    [tpɹɪ̀ɴsï]
    ၁၊ တခေါက် ဖွပ်ရုံနန့် အသွီး အရောင် ပျက်သော အဝတ်အထည်။ ၂၊ (ဥပစာ) ခဏ လောင်းာက်ရာတည်သော အရာ
    ၁၊ တစ်ကြိမ် လျှော်ဖွပ်ရုံနှင့် အသွေး အရောင် ပျက်သော အဝတ်အထည်။ ၂၊ (ဥပစာ) ခဏ မျှသာတည်သော အရာ
    iridescent
    နာမ်

    တပြင်တည်း

    [tpɹɪ̀ɴtɛ́]
    တလျောက်တည်း။ တဆက်တည်း။ တစပ်တည်း။ မြောက်ဦး၊ ဝသဲး၊ တပြင်တည်းလည်း၊ ဖြစ်လိမ့်မည် (သိုက်)
    တလျောက်တည်း။ တဆက်တည်း။ တစပ်တည်း။ မြောက်ဦး၊ ဝသဲး၊ တပြင်တည်းလည်း၊ ဖြစ်လိမ့်မည် (သိုက်)
    all one
    ကြိယာဝိသေသန

    တပြင်တည်း၂

    [tpɹɪ̀ɴtɛ́၂]
    မြီမျက်နှာပြင် တပြိုင်တည်း ပြင်နိန်ရေ။ ညီဝါရေ
    မြေမျက်နှာပြင် တစ်ပြေးတည်း ပြန့်ပြူးသည်။ ညီညာသည်
    in chorus
    ကြိယာ

    တပြစ်ပြစ်

    [tpɹɪʔpɹɪʔ]
    ၁၊ နှုတ်က တရုရု ရေရွတ် ပြောဆိုရေ။ မြည်တမ်း ပြောဆိုရေ။ ကြိုင်းရေ။ ၂၊ မြည်တမ်း တောက်တီးရေ။ ၃၊ ကော်ချရေ။ တိုင်းထွာ ပြောဆိုရေ
    ၁၊ နှုတ်မှ တတွတ်တွတ် ရေရွတ် ပြောဆိုသည်။ မြည်တမ်း ပြောဆိုသည်။ ညည်းတွားသည်။ ၂၊ မြည်တမ်း တောက်တီးသည်။ ၃၊ ဆဲဆိုသည်။ တိုင်းထွာ ပြောဆိုသည်
    mutter
    ကြိယာ

    တပြတ်ပြတ်

    [tpɹaʔpɹaʔ]
    ၁၊ မြည်တမ်း ပြောဆိုရေ။ နှုတ်က တရုရု ရေရွတ် ပြောဆိုရေ။ ၂၊ မြည်တွန် တောက်တီးရေ။ ကော်ချရေ
    ၁၊ မြည်တမ်း ပြောဆိုသည်။ နှုတ်မှ တတွတ်တွတ် ရေရွတ် ပြောဆိုသည်။ ၂၊ မြည်တွန် တောက်တီးသည်။ ဆဲဆိုသည်
    revile
    ကြိယာ

    တပြတ်ပြတ်၂

    [tpɹaʔpɹaʔ၂]
    အဆက် မပြတ် (ပြောဆို မြည်တွန်ဗျာယ်)။ နှုတ်က တရုရု ရေရွတ် ပြောဆိုဗျာယ်
    အဆက် မပြတ် (ပြောဆို မြည်တွန်လျက်)။ နှုတ်မှ တတွတ်တွတ် ရေရွတ် ပြောဆိုလျက်
    mutter
    ကြိယာဝိသေသန

    တပြန်စီး

    [tpɹàɴsï]
    ၁၊ တခေါက် ဖွပ်ရုံနန့် အဆင်း အရောင် ပျက်သော အဝတ်အထည်။ ၂၊ (ဥပစာ) ခဏ လောင်းာက်ရာ တည်သော အရာ
    ၁၊ တစ်ကြိမ် လျှော်ဖွပ်ရုံနှင့် အဆင်း အရောင် ပျက်သော အဝတ်အထည်။ ၂၊ (ဥပစာ) ခဏ မျှသာ တည်သော အရာ
    iridescent
    နာမ်

    တပြန်တည်း

    [tpɹàɴtɛ́]
    (အခန်းကျယ်) တပြေးညီစွာ
    (အခန်းကျယ်) တပြေးညီစွာ
    to keep step with
    ကြိယာဝိသေသန

    တပြာ

    [tpɹà]
    မျက်စိ အမြင်အားဖြင့် ရီဝေဝိုးဝါး (ပြာ) ရေထိတောင် (အဝီးကို လှမ်းကြည့် ရရေ)
    မျက်စိ အမြင်အားဖြင့် ရီဝေဝိုးဝါး (ပြာ) သည့်တိုင်အောင် (အဝေးသို့ လှမ်းကြည့် ရသည်)
    scrutinise
    ကြိယာဝိသေသန

    တပြာ၂

    [tpɹà၂]
    ဝန် ဥစ္စာကို ကုန်ခန်း (ဆင်းရဲ) ခြင်းသို့ ရောက်ရေ့ ထိတောင်။ တက်တက်ပြောင်သည် အထိ။ မင်းနန့် ငါနန့် တမွဲတပြာ ဖဲကစပ်ကတ်ဖို့
    ပစ္စည်း ဥစ္စာကို ကုန်ခန်း (ဆင်းရဲ) ခြင်းသို့ ရောက်သည့် တိုင်အောင်။ မွဲပြာကျသည် အထိ။ မင်းနန့် ငါနန့် တမွဲတပြာ ဖဲကစပ်ကတ်ဖို့
    become impoverished
    ကြိယာဝိသေသန

    တပြားသား

    [tpɹáθá]
    အရှက် အကြောက် ကင်းမဲ့စွာကို ပြောဆိုရာမာ သုံးနှုန်းသော စကားလုံး ။ အရှက် အကြောက် တပြားသားလည်း မဟိ
    အရှက် အကြောက် ကင်းမဲ့သည်ကို ပြောဆိုရာ၌ သုံးနှုန်းသော စကားလုံး ။ အရှက် အကြောက် တပြားသားလည်း မဟိ
    shamelessly
    နာမ်

    တပြိုက်ပြိုက်

    [tpɹaɪʔpɹaɪʔ]
    တဒီဒီ ယိုစီး ကျဗျာယ်။ မပြတ်မလပ် မဆည် နှိုင်ယောင် သွန်ကျဗျာယ်။ ချွီး (ချွေး) တပြိုက်ပြိုက် ကျရေ
    တဒီဒီ ယိုစီး ကျလျက်။ မပြတ်မလပ် မဆည် နိုင်အောင် သွန်ကျလျက်။ ချွီး (ချွေး) တပြိုက်ပြိုက် ကျသည်
    sweat
    ကြိယာဝိသေသန

    တပြိုင်တည်း

    [tpɹàɪɴtɛ́]
    တတူတကွ လက်တွဲဗျာယ်။ မရှေး မနှောင်း။ တချက်တည်း။ တချိန် တခါတည်း
    အတူတကွ ယှဉ်တွဲလျက်။ မရှေး မနှောင်း။ တချက်တည်း။ တချိန် တခါတည်း
    contemporaneously
    ကြိယာဝိသေသန

    တပြိုင်နက်

    [tpɹàɪɴnɛʔ]
    တတူတကွ လက်တွဲဗျာယ်။ မရှေး မနှောင်း။ တချက်တည်း။ တချိန် တခါတည်း
    အတူတကွ ယှဉ်တွဲလျက်။ မရှေး မနှောင်း။ တချက်တည်း။ တချိန် တခါတည်း
    contemporaneously
    ကြိယာဝိသေသန

    တပြိုင်းပြိုင်း

    [tpɹáɪɴpɹáɪɴ]
    ၁၊ အစီအရီ။ မကန်မဝှန်။ (ရပ်စောက် ရပ်ဗျာယ်)။ ၂၊ ထင်ရှား ပေါ်လွင်စွာ။ အဝီးကပင် တပြိုင်းပြိုင်း မြင်ရရေ
    ၁၊ အစီအရီ။ အများအပြား။ (မတ်တပ် ရပ်လျက်)။ ၂၊ ထင်ရှား ပေါ်လွင်စွာ။ အဝီးကပင် တပြိုင်းပြိုင်း မြင်ရရေ
    serried
    ကြိယာဝိသေသန

    တပြီး

    [tpɹï]
    ၁၊ အဆုံးသတ်၊ လက်စ သတ်ရေ့ ထိတောင်။ ၂၊ စခန်းသိမ်း ပြီးဆုံးရေ့ ထိတောင်
    ၁၊ အဆုံးသတ်၊ လက်စ သတ်သည့် တိုင်အောင်။ ၂၊ စခန်းသိမ်း ပြီးဆုံးသည့် တိုင်အောင်
    terminate
    ကြိယာဝိသေသန

    တပြုံ

    [tpɹÒʊɴ]
    တစု တရုံးတည်း။ စုရုံး ဝိုင်းအုံဗျာယ်
    တစ်စု တစ်ရုံးတည်း။ စုရုံး ဝိုင်းအုံလျက်
    gather
    ကြိယာဝိသေသန

    တပြုံကြီး

    [tpɹÒʊɴt͡ɕï]
    တစု တရုံးတည်း။ အများပြားအနိန်နန့်။ စုရုံး ပေါင်းစည်းဗျာယ်
    တစ်စု တစ်ရုံးတည်း။ အများပြား အားဖြင့်။ စုရုံး ပေါင်းစည်းလျက်
    together
    ကြိယာဝိသေသန

    တပြုတ်ပြုတ်

    [tpɹoʊʔpɹoʊʔ]
    တဒီးဒီး ယိုစီး ကျဗျာယ်။ ချီးတပြုတ်ပြုတ်၊ ပြည်တပြုတ်ပြုတ် ယိုနီရေ--အစဟိစွာ
    တဒီးဒီး ယိုစီး ကျလျက်။ ချီးတပြုတ်ပြုတ်၊ ပြည်တပြုတ်ပြုတ် ယိုနီရေ--စသည်
    issue from
    ကြိယာဝိသေသန