Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,241–1,260 of 2,498 words

    တ

    တဖိန်းဖိန်း

    [tpʰéɪɴpʰéɪɴ]
    အရောင် ဖြာထွက် ထွန်းပရေ။ အရောင် ပြောင်လက်သည်
    အရောင် ဖြာထွက် ထွန်းပသည်။ အရောင် ပြောင်လက်သည်
    shine
    ကြိယာ

    တဖိဖိ

    [tpʰìpʰì]
    တရွိ့ရွိ့။ တဆတ်ဆတ်
    တရွေ့ရွေ့။ တဖြည်းဖြည်း
    gradually
    ကြိယာဝိသေသန

    တဖိမ့်ဖိမ့်

    [tpʰèɪɴ့pʰèɪɴ့]
    ၁၊ တကိုယ်လုံး ပျံ့နှံ့စွာ လှုပ်ယှားဗျာယ် ထိတွိမှုကို ခံစားရရေ ဖြစ်ပနာ။ ၂၊ တကိုယ်လုံး ချောက်ချားသောအနိန်နန့်
    ၁၊ တစ်ကိုယ်လုံး ပျံ့နှံ့စွာ လှုပ်ရှားလျက် ထိတွေ့မှုကို ခံစားရသည် ဖြစ်၍။ ၂၊ တစ်ကိုယ်လုံး ချောက်ချားသော အားဖြင့်
    terrified
    ကြိယာဝိသေသန

    တဖိရာဖိ

    [tpʰìɹàpʰì]
    ၁၊ ကိုယ်စိတ် ပင်ပန်း ဆင်းရဲစွာ ခံစား ရရေ ဝေဒနာ။ ၂၊ ဝိပါက်၏ အကျိုး တရားကြောင့် ခံစား ရရေ ဖီးဒဏ်။ မသာလေပါသိ၊ တဖရာဖိမာ၊ ရို့သျှင်မတ်မာ၊ ဒဏ်ကြီးဝင်ရေ (စန္ဒြားဖွဲ့)
    ၁၊ ကိုယ်စိတ် ပင်ပန်း ဆင်းရဲစွာ ခံစား ရသော ဝေဒနာ။ ၂၊ ဝိပါက်၏ အကျိုး တရားကြောင့် ခံစား ရသော ဘေးဒဏ်။ မသာလေပါသိ၊ တဖရာဖိတွင်၊ တို့သျှင်မင်းမှာ၊ ဒဏ်ကြီးဝင်ရေ (စန္ဒြားဖွဲ့)
    suffer
    နာမ်

    တဖိုင့်ဖိုင့်

    [tpʰàɪɴ့pʰàɪɴ့]
    ကိုယ်လက် နာကြင် ကိုက်ခဲမှုကို ခံစားရရေ ဝေဒနာ
    ကိုယ်လက် နာကျင် ကိုက်ခဲမှုကို ခံစားရသော ဝေဒနာ
    pain
    နာမ်

    တဖိုင်းဖိုင်း

    [tpʰáɪɴpʰáɪɴ]
    ကိုယ်လက် ထိုင်းမှိုင်းရေ။ ထိုင်းမှိုင်းသည်
    ကိုယ်လက် လေးလံသည်။ ထိုင်းမှိုင်းသည်
    benumb
    ကြိယာ

    တဖီးဖီး

    [tpʰïpʰï]
    ကိုယ်ခန္ဓာ အနှံ့ အာရုံကြောများ ထိုင်းမျှဉ်းခြင်းကို ခံစားရရေ
    ကိုယ်ခန္ဓာ အနှံ့ အာရုံကြောများ ထိုင်းမျှဉ်းခြင်းကို ခံစားရသည်
    gloomy
    ကြိယာ

    တဖုန်းဖုန်း

    [tpʰóʊɴpʰóʊɴ]
    ဖုံမှုန့်များ စင်ကြယ် စီရန် ဒုတ်နှင့် ရိုက်ပနာ (တဖုန်းဖုန်း) မြည်သော အသံ
    ဖုံမှုန့်များ စင်ကြယ် စေရန် ဒုတ်နှင့် ရိုက်၍ (တဖုန်းဖုန်း) မြည်သော အသံ
    dust
    နာမ်

    တဖုံဖုံ

    [tpʰòʊɴpʰòʊɴ]
    လေးစား တန်ဘိုးထားခြင်း မဟိဘဲ။ စောင့်ရှောက် ထိန်းသိမ်းခြင်း မဟိဘဲ။ ပစ်စ လက်ခတ်။ ဂရုတစိုက် မဟုတ်ဘဲ။ နံသားကိုက်ကာ၊ သမားရှာဗျာယ်၊ တပျက်ပျက်နှင့်၊ ပင်ပန်းသောက၊ ကြီးဗျာယနန့် (ထွန်းတိ)။ မစစ်မစာ၊ ပြင်ကတဖုံဖုံ ပစ်ထားရေ
    လေးစား တန်ဘိုးထားခြင်း မရှိပဲ။ စောင့်ရှောက် ထိန်းသိမ်းခြင်း မရှိပဲ။ ပစ်စ လက်ခတ်။ ဂရုတစိုက် မဟုတ်ပဲ။ နံသားကိုက်ကာ၊ သမားရှာလျက်၊ တပျက်ပျက်နှင့်၊ ပင်ပန်းသောက၊ ကြီးဗျာယနှင့် (ထွန်းတိ)။ မစစ်မစာ၊ ပြင်ကတဖုံဖုံ ပစ်ထားရေ
    careless-abjection
    ကြိယာဝိသေသန

    တဖူးဖူး

    [tpʰùးpʰùး]
    မကြာ ခဏ ကိုယ်ဖွ ရောင်သည် ဖြစ်ပနာ
    မကြာ ခဏ ကိုယ်ဖော့ ရောင်သည် ဖြစ်၍
    swollen
    ကြိယာဝိသေသန

    တဖေါင်ဖေါင်

    [tpʰèàɪ̀ɴpʰèàɪ̀ɴ]
    မပြတ်မလပ်၊ တနားတခါ။ ဆက်ကာ ဆက်ကာ (တောင်ပံခတ်ဗျာယ်) ပျံသန်းမြောက်တောင်၊ တဖေါင်ဖေါင်လေ၊ တောင်လက်ခတ်လို့ (ဓမ္မသာ)
    မပြတ်မလပ်၊ မကြာခဏ။ ဆက်ကာ ဆက်ကာ (တောင်ပံခတ်လျက်) ပျံသန်းမြောက်တောင်၊ တဖေါင်ဖေါင်လေ၊ တောင်လက်ခတ်လို့ (ဓမ္မသာ)
    often-repeat
    ကြိယာဝိသေသန

    တဖေါင်းဖေါင်း

    [tpʰèàɪ́ɴpʰèàɪ́ɴ]
    ထင်းခြောက် တိကို (တဖေါင်းဖေါင်း) ချိုးသံ
    ထင်းခြောက် များကို (တဖေါင်းဖေါင်း) ချိုးသံ
    none
    နာမ်

    တဖေါင်ဖေါင်၂

    [tpʰèàɪ̀ɴpʰèàɪ̀ɴ၂]
    အော်သံ ပီးပြီးကေ ကြမ်းတမ်းစွာ လားလာခြင်းကို ပြုရေ။ တဖေါင်ဖေါင်လေ၊ ခေါင်ခေါင်ကြမ်းကို၊ မနင်းလီကေ့
    မြည်သံ ပေး၍ ကြမ်းတမ်းစွာ သွားလာခြင်းကို ပြုသည်။ တဖေါင်ဖေါင်လေ၊ ခေါင်ခေါင်ကြမ်းကို၊ မနင်းလီကေ့
    violent
    ကြိယာ

    တဖေါဆူ

    [tpʰèàsʰù]
    (ဟင်းအိုး၊ ငါးအိုး) မီးထက်မာ ပြွက်ပြွက်ဆူရုံ မျှ
    (ဟင်းအိုး၊ ငါးအိုး) မီးထက်တွင် ဆူပွက်ရုံ မျှ
    boil
    ကြိယာဝိသေသန

    တဖျက်ကတောက်

    [tpʰrɛʔktɔ́ɛʔ]
    တရုရု မပြတ်မလပ် (မြည်တွန်ရေ။ ပြောဆိုရေ။ ကြိုင်းရေ။
    တတွတ်တွတ် မပြတ်မလပ် (မြည်တွန်သည်။ ပြောဆိုသည်။ ညည်းညူသည်။
    mutter
    ကြိယာဝိသေသန

    တဖျင်းတပါး

    [tpʰrɪ́ɴtpàး]
    အရာတပါး
    အခြားတပါး
    other
    နာမ်

    တဖျတ်တလက်

    [tpʰraʔtlɛʔ]
    မညီမညွတ်။ ယွင်းယွင်း ချွတ်ချွတ်
    မညီမညွတ်။ ယွင်းယွင်း ချွတ်ချွတ်
    disunity
    ကြိယာဝိသေသန

    တဖျပ်ဖျပ်

    [tpʰraʔpʰraʔ]
    မပြတ်မလပ် (ကိုက်ခဲ နာကြင်ဗျာယ်)
    မပြတ်မလပ် (ကိုက်ခဲ နာကျင်လျက်)
    pain
    ကြိယာဝိသေသန

    တဖျိုးတည်း

    [tpʰrótɛ́]
    (အရင်းအဖျား) မကြီးမငယ် တညီ တညွတ်တည်း (ဖြစ်တေ)။ အရင်းအဖျား၊ တဖြိုးတည်းကျ၊ လုံးညီလှ၏ (ဗိသုကာ)
    (အရင်းအဖျား) မကြီးမငယ် တညီ တညွတ်တည်း (ဖြစ်သည်)။ အရင်းအဖျား၊ တဖြိုးတည်းကျ၊ လုံးညီလှ၏ (ဗိသုကာ)
    conjunctive
    ကြိယာဝိသေသန

    တဖျူးတည်း

    [tpʰrùးtɛ́]
    ၁၊ (ရှည်သွယ်၍) ဖြောင့်တန်း နိန်ရေ (လမ်း၊ အပင်၊ ဝါးပင် အစဟိစွာ)။ ၂၊ (အလုံး အဖန်) တညီတညွတ်တည်း ဖြစ်ရေ
    ၁၊ (ရှည်သွယ်၍) ဖြောင့်တန်း နေသော (လမ်း၊ သစ်ပင်၊ ဝါးပင် စသည်)။ ၂၊ (အလုံး အဖန်) တညီတညွတ်တည်း ဖြစ်သော
    straight
    နာမဝိသေသန