Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,281–1,300 of 2,498 words

    တ

    တဖြူ

    [tpʰɹù]
    ဖွပ်၍ ဖြူစင်သည့် ထိတောင်
    ဖွပ်၍ ဖြူစင်သည့် တိုင်အောင်
    pure white
    ကြိယာဝိသေသန

    တဖြော

    [tpʰɹɔ́]
    တိုတောင်း လှသော အခိုက်အတန့်။ မကြာသိမ့်သော ကာလ အပိုင်းအရာ
    တိုတောင်း လှသော အခိုက်အတန့်။ မကြာသေးသော ကာလ အပိုင်းအခြား
    provisional
    နာမ်

    တဖြော၂

    [tpʰɹɔ́၂]
    ခဏသာ ကောင်းရေ။ ခဏသာ ကြီးပွားသော
    ခဏသာ ကောင်းသော။ ခဏသာ ကြီးပွားသော
    moment
    နာမဝိသေသန

    တဖြောက်ဖြောက်

    [tpʰɹɔ́ɛʔpʰɹɔ́ɛʔ]
    မပြတ်မလပ်၊ ဆက်ကာ ဆက်ကာ (ဆီးနှင်း) ကျသော အသံ။ နှင်းသံ တဖြောက်ဖြောက်၊ ပပေါက်ဖေါက်သို့ (တေး)
    မပြတ်မလပ်၊ ဆက်ကာ ဆက်ကာ (ဆီးနှင်း) ကျသော အသံ။ နှင်းသံ တဖြောက်ဖြောက်၊ ပပေါက်ဖေါက်သို့ (တေး)
    repeat
    နာမ်

    တဖြောဆူ

    [tpʰɹɔ́sʰù]
    (ဟင်းအိုး၊ ငါးအိုး) မီးထက်မာ ပြွက်ပြွက်ဆူရုံမျှ။ ကိုင်ငင်ချက်ပြုတ်၊ ဖုတ်ခါဖုတ်လို့၊ လက်သုတ်သုတ်ငြား၊ ဗရဲကားကို၊ တဖြောဆူကေ၊ ထုတ်ယူစားပစ်လို့ (ငါး)
    (ဟင်းအိုး၊ ငါးအိုး) မီးထက်တွင် ဆူပွက်ရုံမျှ။ ကိုင်ငင်ချက်ပြုတ်၊ ဖုတ်ခါဖုတ်လို့၊ လက်သုတ်သုတ်ငြား၊ ဗရဲကားကို၊ တဖြောဆူလျှင်၊ ထုတ်ယူစားလို့ (ငါး)
    boil
    ကြိယာဝိသေသန

    တဖွတ်ဖွတ်

    [tpʰwaʔpʰwaʔ]
    ၁၊ မပြတ်မလပ်။ ဆက်ကာ ဆက်ကာ (ရောဂါ ဖြစ်ဗျာယ်)။ အေသူသျှေ တနားတခါ တဖွ့ဖွ့ အော့နာ အန်နာ ဖြစ်နီရေ။ ၂၊ ရက်ပြတ် တွတ်တွတ် ပြောဆိုဗျာယ်။ တနားတခါ၊ တဖွ့ဖွ့လျှင်၊ ပြောလီကျင်သော် (ရှီးထုံး)
    ၁၊ မပြတ်မလပ်။ ဆက်ကာ ဆက်ကာ (ရောဂါ ဖြစ်လျက်)။ အေသူသျှေ မကြာခဏ တဖွ့ဖွ့ အော့နာ အန်နာ ဖြစ်နီရေ။ ၂၊ အဆက်မပြတ် တွတ်တွတ် ပြောဆိုလျက်။ မကြာခဏ၊ တဖွ့ဖွ့လျှင်၊ ပြောလေကျင်သော် (ရှေးထုံး)
    repeat
    ကြိယာဝိသေသန

    တဖွ့ဖွ့

    [tpʰw့pʰw့]

    တဖွီးဖွီး

    [tpʰwïpʰwï]
    တဆတ်ဆတ်။ တရွေ့တရွေ့
    တဖြည်းဖြည်း။ တရွေ့တရွေ့
    gradually
    ကြိယာဝိသေသန

    တဗိုးထွေး

    [tbótʰwé]
    ရခိုင် တဆယ့်နှစ်လမာ တဆယ့် တလ မြောက်သော လအမည်။ အရင်းငွီလျှင်၊ လေးရာငါးဆယ်၊ တဗိုးထွေးဟု၊ လပြည့်ကျော်သော်၊ ပေးလှာဖို့ရာ (ပဋါ)
    ရခိုင် တစ်ဆယ့်နှစ်လတွင် တစ်ဆယ့် တစ်လ မြောက်သော လအမည်။ အရင်းငွေလျှင်၊ လေးရာငါးဆယ်၊ တဗိုးထွေးဟု၊ လပြည့်ကျော်သော်၊ ပေးလှာတော့မည် (ပဋါ)
    twelth and saot months of the year
    နာမ်

    တဗိုဝ်တွဲ

    [tbÒw်twɛ]
    တပို့တွဲလ။ ရခိုင် တဆယ့်နှစ်လမာ တဆယ့် တလမြောက် ဖြစ်ရေ လ၏ အမည်။ သကြဇ် ၉၅၅-ခု၊ တဗိုဝ်တွဲလဆန်း ငါးရက် ၄နိ (နရာ)
    တပို့တွဲလ။ ရခိုင် တစ်ဆယ့်နှစ်လတွင် တစ်ဆယ့် တစ်လမြောက် ဖြစ်သော လ၏ အမည်။ သကြဇ် ၉၅၅-ခု၊ တဗိုဝ်တွဲလဆန်း ငါးရက် ၄နိ (နရာ)
    twelth and saot months of the year
    နာမ်

    တဘုန်းဘုန်း

    [tbʱóʊɴbʱóʊɴ]
    တနားတခါ။ ဆက်ကာ ဆက်ကာ။ မပြတ်မလပ်။ (စာမိန်းပွဲ ကျရေ။) မလှဖြူ ဆယ်တန်း စာမိန်းပွဲမာ တဘုန်းဘုန်းကျရေ
    မကြာခဏ။ ဆက်ကာ ဆက်ကာ။ မပြတ်မလပ်။ (စာမေးပွဲ ကျသည်။) မလှဖြူ ဆယ်တန်း စာမေးပွဲမှာ တဘုန်းဘုန်းကျရေ
    often-repeat
    ကြိယာဝိသေသန

    တဘောင်

    [tbʱàʊɴ]
    ၁၊ သူရူး၊ သူငယ်၊ ဇာတ်သမာ့ရို့ ပြောဆိုရေ နိမိတ်စကား။ သူရူး၊ သူငယ်၊ ဇာတ်သမာ့ရို့၊ ဆိုဖွယ်စကား၊ တဘောင်တိလေ့၊ ဧကန်မလွဲ၊ ဖြစ်စမြဲတည်း (ဒိဌါ)။ ၂၊ ဖြစ်ပေါ် လတ္တံသော ရှေးပြေး နိမိတ် စကား။ သံတွဲမဟောက်၊ အစွယ်ပေါက်၊ လက်ကောက်ဝတ် လောက်ရာ (တောင်)
    ၁၊ သူရူး၊ သူငယ်၊ သဘင်သည်တို့ ပြောဆိုသော နိမိတ်စကား။ သူရူး၊ သူငယ်၊ သဘင်သည်တို့၊ ဆိုဖွယ်စကား၊ တဘောင်များလည်း၊ ဧကန်မလွဲ၊ ဖြစ်စမြဲတည်း (ဒိဌါ)။ ၂၊ ဖြစ်ပေါ် လတ္တံသော ရှေးပြေး နိမိတ် စကား။ သံတွဲမြွေဟောက်၊ အစွယ်ပေါက်၊ လက်ကောက်ဝတ် လောက်ပြီ (တောင်)
    foretell
    နာမ်

    တမင်

    [tmɪ̀ɴ]
    ၁၊ တမင် သတ်သတ်။ အကြောင်းမဲ့။ ၂၊ ထိုးကန်း
    ၁၊ တမင် သက်သက်။ အကြောင်းမဲ့။ ၂၊ တဇွတ်ထိုး
    intentionally
    ကြိယာဝိသေသန

    တမင်တကာ

    [tmɪ̀ɴtkà]
    ၁၊ တမင် သတ်သတ်။ အကြောင်းမဲ့။ ၂၊ ထိုးကန်း
    ၁၊ တမင် သက်သက်။ အကြောင်းမဲ့။ ၂၊ တဇွတ်ထိုး
    intentionally
    ကြိယာဝိသေသန

    တမင်တသီး

    [tmɪ̀ɴtθï]
    ၁၊ တမင် သတ်သတ်။ အကြောင်းမဲ့။ ၂၊ ထိုးကန်း
    ၁၊ တမင် သက်သက်။ အကြောင်းမဲ့။ ၂၊ တဇွတ်ထိုး
    intentionally
    ကြိယာဝိသေသန

    တမင်မခင်

    [tmɪ̀ɴmkʰɪ̀ɴ]
    ဝမ်း စူကြွတက်ပြီးး ပြည့်တင်းလာကာ၊ တံကျင် ထိုးပိုင် ခံစားရရေ ဝေဒနာ။ ဝမ်းရောင်ကာနှင့်၊ ကေမာပြည့်တင်း၊ တံကူသွင်းသို့၊ တမင်မခင်၊ အိပ်ကေမပျော် (ပဉ္စဘုတ်)
    ဝမ်းဗိုက် စူကြွတက်ပြီး ပြည့်တင်းလာကာ၊ တံကျင် ထိုးသကဲ့သို့ ခံစားရသော ဝေဒနာ။ ဝမ်းရောင်ကာနှင့်၊ ရင်မှာပြည့်တင်း၊ တံကူသွင်းသို့၊ တမင်မခင်၊ အိပ်လျှင်မပျော် (ပဉ္စဘုတ်)
    stomach ache
    နာမ်

    တမင်သက်သက်

    [tmɪ̀ɴθɛʔθɛʔ]
    ၁၊ တမင် သတ်သတ်။ အကြောင်းမဲ့။ ၂၊ ထိုးကန်း
    ၁၊ တမင် သက်သက်။ အကြောင်းမဲ့။ ၂၊ တဇွတ်ထိုး
    intentionally
    ကြိယာဝိသေသန

    တမင်သီးသီး

    [tmɪ̀ɴθïθï]
    ၁၊ တမင် သတ်သတ်။ အကြောင်းမဲ့။ ၂၊ ထိုးကန်း
    ၁၊ တမင် သက်သက်။ အကြောင်းမဲ့။ ၂၊ တဇွတ်ထိုး
    intentionally
    ကြိယာဝိသေသန

    တမင်္ဂလာ

    [tmŋ̇galà]
    ၁၊ တမင် သတ်သတ်။ အကြောင်းမဲ့။ ၂၊ ထိုးကန်း
    ၁၊ တမင် သက်သက်။ အကြောင်းမဲ့။ ၂၊ တဇွတ်ထိုး
    intentionally
    ကြိယာဝိသေသန

    တမနိ.က

    [tmnì.k]
    ၁၊ ညက အလျှင်ဖြစ်ရေ နိ။ တမနိ။ (ဒေနိ၊ မနိ၊ တနိ။ ယနိမှ လွန်ခရေ (၃) ရက်မြောက် နိ)။ ၂၊ မကြာသိမ့်ခင် တနိ နိ
    ၁၊ မနေ့က အလျှင်ဖြစ်သော နေ့။ တနေ့က။ (ယနေ့၊ မနေ့၊ တနေ့။ ယနေ့မှ လွန်ခဲ့သော (၃) ရက်မြောက် နေ့)။ ၂၊ မကြာသေးမီ တနေ့ နေ့
    yesterday
    နာမ်