Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,341–1,360 of 2,498 words

    တ

    တမျဉ်း၂

    [tmrɪ́ɴ၂]
    ရှေး ကျင့်ရိုး လမ်းစဉ်။ ရှေးဖျားပွင့်လောင်း၊ လျှာရင်းညောင်းရို့၊ ကျင့်ဟောင်းလမ်းရိုး၊ တမျှိုင်းတည်း (ပါရာ)
    ရှေး ကျင့်ရိုး လမ်းစဉ်။ ရှေးဖျားပွင့်လောင်း၊ လျှာရင်းညောင်းတို့၊ ကျင့်ဟောင်းလမ်းရိုး၊ တမျဉ်းတည်း (ပါရာ)
    inveterate
    နာမ်

    တမျဉ်းသက်သာ

    [tmrɪ́ɴθɛʔθà]
    ဆူပူ နှောင့်ယှက်မှု၊ အန္တရာယ် အစဟိစွာ ကင်းသော။ ငြိမ်းချမ်းသော
    ဆူပူ နှောင့်ယှက်မှု၊ အန္တရာယ် စသည် ကင်းသော။ ငြိမ်းချမ်းသော
    pleasant
    နာမဝိသေသန

    တမျမျ

    [tmrmr]
    စိတ် အနှောင့် အယှက် အပူအပင် ကင်းသော။ စိတ် ငြိမ်းချမ်းသော
    စိတ် အနှောင့် အယှက် အပူအပင် ကင်းသော။ စိတ် ငြိမ်းချမ်းသော
    fulfilling
    နာမဝိသေသန

    တမျမျ၂

    [tmrmr၂]
    ၁၊ (အသံ) သာယာ ငြိမ်းအီးသော။ ၂၊ ဆူပူ နှောင့်ယှက်ခြင်း၊ အန္တရာယ် ပြုခြင်း အစဟိစွာ ကင်းသော။ ငြိမ်းချမ်းသော
    ၁၊ (အသံ) သာယာ ငြိမ်းအေးသော။ ၂၊ ဆူပူ နှောင့်ယှက်ခြင်း၊ အန္တရာယ် ပြုခြင်း စသည် ကင်းသော။ ငြိမ်းချမ်းသော
    pleasant
    နာမဝိသေသန

    တများများ

    [tmrámrá]
    (လျှာ အရည် သွား အရည် ပိုင် အရည်များ) ရက်ပြတ် (ယိုစီး ကျဗျာယ်)။ စကားတများများ၊ တံထွီးတများများ၊ လျှာရည် အာရည် တများများနန့် ပြောနီရေ
    (လျှာ အရည် သွား အရည် ကဲ့သို့ အရည်များ) အဆက်မပြတ် (ယိုစီး ကျလျက်)။ စကားတများများ၊ တံထွီးတများများ၊ လျှာရည် အာရည် တများများနန့် ပြောနီရေ
    continuous
    ကြိယာဝိသေသန

    တမျှ

    [tmr̯]
    တတူအညီ။ ပိုင်။ ပိုင်။ တမျှ။ ကုန်ပုတ်တနှုန်း၊ ရို့တိမာ၊ သီမဆုံးကေ၊ ပြည်လုံးပုပ်မည် (ကော်)
    အတူအညီ။ ကဲ့သို့။ သဖွယ်။ တမျှ။ ကုန်ပုတ်တနှုန်း၊ တို့တတွေမှာ၊ သီမဆုံးကေ၊ ပြည်လုံးပုပ်မည် (ကော်)
    equally
    ပစ္စည်း

    တမျှဉ်မျှဉ်

    [tmr̯ɪ̀ɴmr̯ɪ̀ɴ]
    ၁၊ အိပ်ချင်အား ကြီးပြီးကေ ကိုယ်ခန္ဓာ ယိမ်းယိုင်ဗျာယ်။ ၂၊ ငိုက်မျှဉ်းခြင်း ဖြင့်
    ၁၊ အိပ်ချင်အား ကြီး၍ ကိုယ်ခန္ဓာ ယိမ်းယိုင်လျက်။ ၂၊ ငိုက်မျှဉ်းခြင်း ဖြင့်
    doze
    ကြိယာဝိသေသန

    တမျှဉ်းမျှဉ်း

    [tmr̯ɪ́ɴmr̯ɪ́ɴ]
    ဖြည်းညှင်း သာယာစွာ၊ တရွိ့ရွိ့၊ တဆတ်ဆတ်
    ဖြည်းညှင်း သာယာစွာ၊ တရွေ့ရွေ့၊ တဖြည်းဖြည်း
    gradually
    ကြိယာ

    တမျှဉ်မျှဉ်၂

    [tmr̯ɪ̀ɴmr̯ɪ̀ɴ၂]
    ကိုယ်တိုင် အားထုတ်မှု မဟိဘဲ အခြား တပါးကို မှီတွယ်၍ လိုက်ရေ
    ကိုယ်တိုင် အားထုတ်မှု မရှိပဲ တခြား တပါးကို မှီတွယ်၍ လိုက်သည်
    depend
    ကြိယာ

    တမျှဉ်းမျှဉ်း၂

    [tmr̯ɪ́ɴmr̯ɪ́ɴ၂]
    တဆတ်ဆတ် ညှင်းညှင်း တာရှည် ပြုလုပ်ရေ
    ဖြည်းဖြည်း ညှင်းညှင်း ကြာရှည်စွာ ပြုလုပ်သည်
    take a long time
    ကြိယာ

    တမျှဉ်းသက်သာ

    [tmr̯ɪ́ɴθɛʔθà]
    ဖြည်းညှင်း သက်သာ တာရှည် ပြုလုပ်ရေ
    ဖြည်းညှင်း သက်သာ ကြာရှည်စွာ ပြုလုပ်သည်
    take a long time
    ကြိယာ

    တမျှောတကော

    [tmr̯ɔ́tkɔ́]
    အလျား ရှည်မျှောသော။ အစနှင့် အဆုံး အလွန် ဝီးလံသော
    အလျား ရှည်မျှောသော။ အစနှင့် အဆုံး အလွန် ဝေးလံသော
    far distant
    နာမဝိသေသန

    တမြင်းကြီး

    [tmɹɪ́ɴt͡ɕï]
    ၁၊ အလွန် မြင့်သော။ ၂၊ အင်အား ကြီးမားရေ
    ၁၊ အလွန် မြင့်သော။ ၂၊ အင်အား ကြီးမားသော
    swingeing
    နာမဝိသေသန

    တမြမြ

    [tmɹmɹ]
    (အဝီးမှ လှမ်းကြည့်ရေ်) ပင်လယ် ရီပြင်ကို ကြည်လင်သော အစိမ်းရောင်၊ မြကျောက် ပိုင် မြင်ရရေ။ မှိုင်းရီပျပျ၊ တမြမြကေ၊ ကမ်းစမထင် (ဓမ္မသာ)
    (အဝေးမှ လှမ်းကြည့်သော်) ပင်လယ် ရေပြင်ကို ကြည်လင်သော အစိမ်းရောင်၊ မြကျောက် ကဲ့သို့ မြင်ရသည်။ မှိုင်းရီပျပျ၊ တမြမြကေ၊ ကမ်းစမထင် (ဓမ္မသာ)
    emerald
    ကြိယာ

    တမြမြ၂

    [tmɹmɹ၂]
    (ကိုယ်ခန္ဓာ) မပူမအေး ခပ်နွေးနွေး ဟိရေ။ အဖျားမကုန်သိ၊ ကိုယ်တမြမြ ဟိသိရေ
    (ကိုယ်ခန္ဓာ) မပူမအေး ခပ်နွေးနွေး ရှိသော။ အဖျားမကုန်သိ၊ ကိုယ်တမြမြ ဟိသိရေ
    warming
    နာမဝိသေသန

    တမြိန့်မြိန့်

    [tmɹèɪɴ့mɹèɪɴ့]
    ငြိမ့်ညောင်း ချိုအီးရေ။ သာယာ ချိုအီးရေ
    ငြိမ့်ညောင်း ချိုအေးသည်။ သာယာ ချိုအေးသည်
    serenade
    ကြိယာ

    တမြိန့်မြိန့်၂

    [tmɹèɪɴ့mɹèɪɴ့၂]
    နှစ်ခြိုက်စွာ။ အားရပါးရ
    နှစ်ခြိုက်စွာ။ အားပါးတရ
    relish
    ကြိယာဝိသေသန

    တမြိန့်မြိန့်၃

    [tmɹèɪɴ့mɹèɪɴ့၃]
    နုပ်နုပ် ဖြစ်ယောင် ခုတ်စိုင်း ထားရေ အရာ
    နုပ်နုပ် ဖြစ်အောင် ခုတ်စဉ်း ထားသော အရာ
    hash
    နာမ်

    တမြိုးတမြက်

    [tmɹótmɹɛʔ]
    မြိန်ယှက်ဖွယ် ဟိစွာ။ အရသာ ထူးကဲစွာ
    မြိန်ယှက်ဖွယ် ရှိစွာ။ အရသာ ထူးကဲစွာ
    excellent
    ကြိယာဝိသေသန

    တမြို့မြို့

    [tmɹo̰mɹo̰]
    လေးမြတ် စုံမက်ရေ။ နှစ်သက်သည်
    လေးမြတ် စုံမက်သည်။ နှစ်သက်သည်
    like
    ကြိယာ