Dictionary Entries
Showing 121–140 of 2,498 words
တ
တကျောချင်း၂
[tt͡ɕɔ́ɕɪ́ɴ၂]
Arakanese:
၁၊ ရှုချင်စဖွယ် တင့်ရေသော အဆင်း အသွင် ဟိရေ။ ၂၊ ကောင်းမွန် ချောမောသော။ ၃၊ ထင်ရှား ပေါ်လွင်စွာ တင့်ရေသော
Burmese:
၁၊ ရှုချင်စဖွယ် တင့်တယ်သော အဆင်း အသွင် ရှိသော။ ၂၊ ကောင်းမွန် ချောမောသော။ ၃၊ ထင်ရှား ပေါ်လွင်စွာ တင့်တယ်သော
English:
good looking
Grammar Note:
ကြိယာ
တကျော်
[tt͡ɕɔ̀]
Arakanese:
ခြေဖြင့် ကျော်လှား နိုင်လောက်သော အရာ။ အမြင့်။ ပမာဏ
Burmese:
ခြေဖြင့် ကျော်သွား နိုင်လောက်သော အရာ။ အမြင့်။ ပမာဏ
English:
high - magnitude
Grammar Note:
နာမ်
တကျော်ကျော်
[tt͡ɕɔ̀t͡ɕɔ̀]
Arakanese:
အသံ ရက်ပြတ် (မြည်ဗျာယ်)။ အသံ မပြတ်မလပ်။ ဆက်ကာ ဆက်ကာ။ နားပူ နားဆာ။ ရီးတော်ရီးတော်၊ တကျော်ကျော်လီ၊ ခေါ်ဝေါ်နှုတ်ဆက် (ကော်)
Burmese:
အသံ အဆက်မပြတ် (မြည်လျက်)။ အသံ မပြတ်မလပ်။ ဆက်ကာ ဆက်ကာ။ နားပူ နားဆာ။ ရီးတော်ရီးတော်၊ တကျော်ကျော်လေ၊ ခေါ်ဝေါ်နှုတ်ဆက် (ကော်)
English:
badger - noise
Grammar Note:
ကြိယာဝိသေသန
တကျော်ကျော်၂
[tt͡ɕɔ̀t͡ɕɔ̀၂]
Arakanese:
စူးရှသော အသံ။ ကျယ်လောင်သော အသံ
Burmese:
စူးရှသော အသံ။ ကျယ်လောင်သော အသံ
English:
penetrating
Grammar Note:
နာမ်
တကြက်ကြက်
[tt͡ɕɛʔt͡ɕɛʔ]
Arakanese:
တဦးနှင့် တဦး မသင့်မတင့် ဖြစ်ကတ်၍ တနားတခါ စကားတိ ကတ်တေ။ အကျွန်ယုတ်နှင့်၊ တဖြုတ်ခြက်ခြက်၊ တကြက်ကြက်ကေ၊ တရက်မပြတ် (ပဋါ)
Burmese:
တစ်ဦးနှင့် တစ်ဦး မသင့်မတင့် ဖြစ်ကြ၍ မကြာခဏ စကားများ ကြသည်။ ကျွန်မယုတ်နှင့်၊ တဖြုတ်ခြက်ခြက်၊ တကြက်ကြက်ကေ၊ တရက်မပြတ် (ပဋါ)
English:
fight
Grammar Note:
ကြိယာ
တကြံကြံ
[tt͡ɕံt͡ɕံ]
Arakanese:
အများ တပြိုင်တည်း တက်ကြွစွာ။ လှိုက်လှဲစွာ။ အုတ်အုတ် ကျက်ကျက်။ သောင်းသောင်း ဖြဖြ။ ပြည်သူအပေါင်း၊ သောင်းသောင်းညံညံ၊ တကြံကြံနန့် (ထာနု)
Burmese:
အများ တပြိုင်တည်း တက်ကြွစွာ။ လှိုက်လှဲစွာ။ အုတ်အုတ် ကျက်ကျက်။ သောင်းသောင်း ဖြဖြ။ ပြည်သူအပေါင်း၊ သောင်းသောင်းညံညံ၊ တကြံကြံနှင့် (ထာနု)
English:
noisily
Grammar Note:
ကြိယာဝိသေသန
တကြံကြံ၂
[tt͡ɕံt͡ɕံ၂]
Arakanese:
၁၊ အောက်မိ လွမ်းတ တမ်းတဗျာယ်။ အောက်မိစွာဖြင့်။ မောင့်သက်ဝီကို၊အားတင်းအောက်မိ၊ တစိစိဖြင့်၊ ညည့်အိပ်လို့မဖြောင့်၊ လွမ်းဗျာပါနှင့် (ထာနု)။ ၂၊ စိတ်ကူး ဉာဏ်ထွင်ဗျာယ်။ တနည်း တလမ်း ကြံဆောင်ဗျာယ်
Burmese:
၁၊ အောက်မေ့ လွမ်းဆွတ် တမ်းတလျက်။ သတိရစွာဖြင့်။ မောင့်သက်ဝီကို၊ ကြံကြံအောက်မေ့၊ တစေ့စေ့ဖြင့်၊ ညည့်အိပ်မပျော်၊ လွမ်းဗျာပါနှင့် (ထာနု)။ ၂၊ စိတ်ကူး ဉာဏ်ထွင်လျက်။ တစ်နည်း တစ်လမ်း ကြံဆောင်လျက်
English:
lament
Grammar Note:
ကြိယာဝိသေသန
တကြံကြံ၃
[tt͡ɕံt͡ɕံ၃]
Arakanese:
၁၊ အောက်မိ လွမ်းတရေ။ တမ်းတရေ။ ၂၊ ဆင်ခြင် စဉ်စားရေ။ နှလုံးသွင်းသည်
Burmese:
၁၊ အောက်မေ့ လွမ်းဆွတ်သည်။ တမ်းတသည်။ ၂၊ ဆင်ခြင် စဉ်စားသည်။ နှလုံးသွင်းသည်
English:
ratiocinate - lament
Grammar Note:
ကြိယာ
တကြံကြံ၄
[tt͡ɕံt͡ɕံ၄]
Arakanese:
ရိုသေ ခယရေ။ ကျိုးနွံရေ။ ရိုသေကျိုးနွံ၊ တကြံကြံဖြင့်၊ နှုတ်သံဖော်ထုတ်၊ လက်အုပ်မိုးကာ (ရှီးထုံး)
Burmese:
ရိုသေ ခယသည်။ ကျိုးနွံသည်။ ရိုသေကျိုးနွံ၊ တကြံကြံဖြင့်၊ နှုတ်သံဖော်ထုတ်၊ လက်အုပ်မိုးကာ (ရှေးထုံး)
English:
respect
Grammar Note:
ကြိယာ
တကြင်ကြင်
[tt͡ɕɪ̀ɴt͡ɕɪ̀ɴ]
Arakanese:
ချစ်မှန်း သိပနာ ကိုယ့် အလို ပြည့်စီရန် ချစ်သော သူရို့အား စိတ် အနှောင့်အယှက် ဖြစ်စီရေ။ နွဲ့ဆိုး ဆိုးသည်
Burmese:
ချစ်မှန်း သိ၍ မိမိ အလို ပြည့်စေရန် ချစ်သော သူတို့အား စိတ် အနှောင့်အယှက် ဖြစ်စေသည်။ နွဲ့ဆိုး ဆိုးသည်
English:
fractious
Grammar Note:
ကြိယာဝိသေသန
တကြည့်ကြည့်
[tt͡ɕɛ့̀t͡ɕɛ̰]
Arakanese:
အခဲမကျီ၊ စိတ်ဆာ ကျည်းမှု၊ စိတ် မကျီနပ်မှု၊ မပြေမပျောက် နှိုင်ရေ အနိန်နန့် ကြည့်ဗျာယ်
Burmese:
အခဲမကျေ၊ စိတ်နာ ကျည်းမှု၊ စိတ် မကျေနပ်မှု၊ မပြေမပျောက် နိုင်သည့် အနေဖြင့် ကြည့်လျက်
English:
implacable
Grammar Note:
ကြိယာဝိသေသန
တကြည့်ကြည့်၂
[tt͡ɕɛ့̀t͡ɕɛ̰၂]
Arakanese:
ချစ်စိတ် အာရုံ မကုန်ပဲ ခွဲခွာခါနီး ကြည့်သော အကြည့်မျိုး
Burmese:
ချစ်စိတ် အာရုံ မကုန်ပဲ ခွဲခွာခါနီး ကြည့်သော အကြည့်မျိုး
English:
none
Grammar Note:
နာမ်
တကြမ်းကြမ်း
[tt͡ɕáɴt͡ɕáɴ]
Arakanese:
တဦးနှင့် တဦး မသင့်မတင့် ဖြစ်ကတ်၍ တနားတခါ စကားတိ ကတ်တေ။ အကျွန်ယုတ်နှင့်၊ တဖြုတ်ခြက်ခြက်၊ တကြက်ကြက်ကေ၊ တရက်မပြတ် (ပဋါ)။ ၂၊ နားပူနားဆာ။ နား၌ မခံသာ ဖြစ်တေ
Burmese:
တစ်ဦးနှင့် တစ်ဦး မသင့်မတင့် ဖြစ်ကြ၍ မကြာခဏ စကားများ ကြသည်။ ကျွန်မယုတ်နှင့်၊ တဖြုတ်ခြက်ခြက်၊ တကြက်ကြက်ကေ၊ တရက်မပြတ် (ပဋါ)။ ၂၊ နားပူနားဆာ။ နား၌ မခံသာ ဖြစ်သည်
English:
squabble
Grammar Note:
ကြိယာ
တကြာ
[tt͡ɕà]
Arakanese:
ရှည်လျားစွာသော ကာလထိတောင်။ ကာလ အပိုင်းအရာ ကန့်သတ်ထားခြင်း မဟိဘဲ
Burmese:
ရှည်လျားစွာသော ကာလတိုင်အောင်။ ကာလ အပိုင်းအခြား ကန့်သတ်ထားခြင်း မရှိပဲ
English:
any time
Grammar Note:
ကြိယာဝိသေသန
တကြား
[tt͡ɕá]
Arakanese:
လှမ်းပြီးကေ ခေါ်သော် ကြားနိုင် လောက်သော အကွာအဝီး
Burmese:
လှမ်း၍ ခေါ်သော် ကြားနိုင် လောက်သော အကွာအဝေး
English:
ear reach
Grammar Note:
နာမ်
တကြိကြိ
[tt͡ɕìt͡ɕì]
Arakanese:
ရက်ပြတ်။ အသံ ရက်ပြတ်။ မပြတ်မလပ်။ ဆက်ကာဆက်ကာ
Burmese:
အမြဲမပြတ်။ အသံ အဆက်မပြတ်။ မပြတ်မလပ်။ ဆက်ကာဆက်ကာ
English:
repeat
Grammar Note:
ကြိယာဝိသေသန
တကြိုင်း
[tt͡ɕáɪɴ]
Arakanese:
အခါ၊ အခွင့်၊ အကြိမ်၊ အလှည့်၊ အခေါက်၊ တအောင့်သျှေ
Burmese:
အခါ၊ အခွင့်၊ အကြိမ်၊ အလှည့်၊ အခေါက်၊ ခဏလေး
English:
opportune moment
Grammar Note:
နာမ်
တကြိုင်ကြိုင်
[tt͡ɕàɪɴt͡ɕàɪɴ]
Arakanese:
နှစ်သက် သာယာဖွယ် ရနံ့ ခံစား ရဟိ စီနှိုင်ရေ။ ရနံ့ကောင်း ထွက်သော။ ရနံ့ကောင်း ဆောင်သော။ ရနံ့ကောင်း လွှမ်းပျံ့သော
Burmese:
နှစ်သက် သာယာဖွယ် ရနံ့ ခံစား ရရှိ စေနိုင်သော။ ရနံ့ကောင်း ထွက်သော။ ရနံ့ကောင်း ဆောင်သော။ ရနံ့ကောင်း လွှမ်းပျံ့သော
English:
aromatic
Grammar Note:
နာမဝိသေသန
တကြိုင်းကြိုင်း
[tt͡ɕáɪɴt͡ɕáɪɴ]
Arakanese:
အချေ တိကို လွှဲသိပ်ရေအခါ မြည်သော ပုခွက်သံ။ ဆွဲငင်ယိုင်းယိုင်း၊ တကြိုင်းကြိုင်း၊ ကြိုင်းကြိုင်းမြည်ရေ- ပုခွက်သျှေ (တေး)
Burmese:
ကလေးငယ် များကို လွှဲသိပ်သောအခါ မြည်သော ပုခွက်သံ။ ဆွဲငင်ယိုင်းယိုင်း၊ တကြိုင်းကြိုင်း၊ ကြိုင်းကြိုင်းမြည်ရေ- ပုခွက်သျှေ (တေး)
English:
bassinet
Grammar Note:
နာမ်
တကြိုင်ကြိုင်၂
[tt͡ɕàɪɴt͡ɕàɪɴ၂]
Arakanese:
လွှမ်းပျံ့သော ရနံ့ကောင်း
Burmese:
လွှမ်းပျံ့သော ရနံ့ကောင်း
English:
aromatic
Grammar Note:
နာမ်