Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,381–1,400 of 2,498 words

    တ

    တယမ်းယမ်း

    [tjáɴjáɴ]
    (ခြီလှမ်းကို) ကျယ်စွာ လှမ်းသွားဗျာယ်
    (ခြေလှမ်းကို) ကျယ်စွာ လှမ်းသွားလျက်
    step
    ကြိယာဝိသေသန

    တယမ်းယမ်း၂

    [tjáɴjáɴ၂]
    တခုတရီ ဟိုမှ ကပင် ဝှေ့ယမ်း လှုပ်ရှား၍ လာရေ။ ဆင်နှာမောင်း၊ ကြွက်၊ ကျွတ် တယမ်းယမ်း လှမ်းလာရေ
    တစ်စုံတစ်ရာ ဟိုမှ သည်မှ ဝှေ့ယမ်း လှုပ်ရှား၍ လာသည်။ ဆင်နှာမောင်း၊ မျှော့၊ ကျွတ် တယမ်းယမ်း လှမ်းလာရေ
    move-wave
    ကြိယာ

    တယယ

    [tjj]
    မမာ့နှင့် ယောက်ျား တဦးအပေါ် တဦး မေတ္တာ သက်ဝင်အောင် ကြီစပ်သော အပြုအမူ
    မိန်းမနှင့် ယောက်ျား တစ်ဦးအပေါ် တစ်ဦး မေတ္တာ သက်ဝင်အောင် ကျီစယ်သော အပြုအမူ
    tease affectionately
    နာမ်

    တယယ၂

    [tjj၂]
    အဝီးကို မခွာ ထွက်နှိုင်ပဲ နံဖီးအပါးမာ ဝေ့ဝိုက် လှည့်ပတ်ကာ လူးလာ တုံ့ခေါက် လားလာ နိန်ရေ
    အဝေးသို့ မခွာ ထွက်နိုင်ပဲ အနီးအပါးတွင် ဝေ့ဝိုက် လှည့်ပတ်ကာ လူးလာ တုံ့ခေါက် သွားလာ နေသည်
    back and forth
    ကြိယာ

    တယယ၃

    [tjj၃]
    (ရိုင်းပျခြင်း မဟိဘဲ) ယိုင်ကျေး သိမ်မွေ့သော အမူအရာ။ နွဲ့နှောင်း ပျော့ပျောင်းရေ ကိုယ်နေ ဟန်ထားဖြင့် (လားလာဗျာယ်)
    (ရိုင်းပျခြင်း မရှိပဲ) ယဉ်ကျေး သိမ်မွေ့သော အမူအရာ။ နွဲ့နှောင်း ပျော့ပျောင်းသော ကိုယ်နေ ဟန်ထားဖြင့် (သွားလာလျက်)
    polite
    ကြိယာဝိသေသန

    တယိမ်းတယိုင်

    [tjéɪɴtjàɪɴ]
    စောင်းငဲ့ လှုပ်ရှားသည်
    စောင်းငဲ့ လှုပ်ရှားသည်
    action
    ကြိယာ

    တယိုင်ယိုင်

    [tjàɪɴjàɪɴ]
    ၁၊ လှုပ်ရှားခြင်းနန့် ယိမ်းယိုင် စီရေ။ ၂၊ ကိုယ်ကို မထိန်းနိုင်ပဲ လှုပ်ယိုင်သည်
    ၁၊ လှုပ်ရှားခြင်းဖြင့် ယိမ်းယိုင် စေသည်။ ၂၊ ကိုယ်ကို မထိန်းနိုင်ပဲ လှုပ်ယိုင်သည်
    sway
    ကြိယာ

    တယိုင်းယိုင်း

    [tjáɪɴjáɪɴ]
    မတည်မငြိမ် တိမ်းစောင်း လှုပ်ရှားသည်
    မတည်မငြိမ် တိမ်းစောင်း လှုပ်ရှားသည်
    deviate
    ကြိယာ

    တယုတယ

    [tjoʊtj]
    ကြင်နာ မြတ်နိုးမှုဖြင့် ညင်ညင် သာသာ ပြုမူသည်
    ကြင်နာ မြတ်နိုးမှုဖြင့် ညင်ညင် သာသာ ပြုမူသည်
    affectionately
    ကြိယာ

    တယူသန်

    [tjùθàɴ]
    တမျိုး တည်းသော အယူအဆကို စွဲလမ်း နီသူ
    တစ်မျိုး တည်းသော အယူအဆကို စွဲလမ်း နေသူ
    obsessed by
    နာမ်

    တယောင်တလည်

    [tjàʊɴtlɛ̀]
    ရှင်းလင်း ပြတ်သား ကွဲပြားစွာ မသိ မမြင်ပဲ
    ရှင်းလင်း ပြတ်သား ကွဲပြားစွာ မသိ မမြင်ပဲ
    indecisively
    ကြိယာဝိသေသန

    တယောင်ယောင်

    [tjàʊɴjàʊɴ]
    ပတ်ဝန်းကျင် တခုခုမာ တရစ်ဝဲဝဲ လားလာဗျာယ်။ အရာ တပါးသို့ လားဖို့ ထွက်ပေါက် မသိပဲ ဟိဗျာယ်
    တစ်စုံ တစ်ခုသော ပတ်ဝန်းကျင်၌ တရစ်ဝဲဝဲ သွားလာလျက်။ အခြား တပါးသို့ သွားရန် ထွက်ပေါက် မသိပဲ ရှိလျက်
    loiter
    ကြိယာဝိသေသန

    တယဲ့ယဲ့

    [tjéjé]
    သေလု မျိုးပါး အခြီနီ ဟိဗျာယ်။ အားနည်း နွမ်းဖျော့ဗျာယ်
    သေလု မျောပါး အခြေနေ ရှိလျက်။ အားနည်း နွမ်းဖျော့လျက်
    in a frail state
    ကြိယာဝိသေသန

    တယွေချောင်း

    [tjwèɕáʊɴ]
    လေးမြို့မြစ် (ချောင်း) လက်တက် တခု၏ အမည်
    လေးမြို့မြစ် (ချောင်း) လက်တက် တစ်ခု၏ အမည်
    stream
    ကြိယာဝိသေသန

    တယှူးထိုး

    [tʃùးtʰó]
    ထိုးကန်း။ မစဉ်းမစား။ မဆင်မခြင်
    တဇွတ်ထိုး။ မစဉ်းမစား။ မဆင်မခြင်
    stubbornly
    နာမ်

    တရကူ

    [tɹkù]
    ဝါး ဖယောင်း အစဟိစွာပိုင် အသား ပျောင်းညံ့သော ဝါးတမျိုး
    ဝါး ဖယောင်း စသည်ကဲ့သို့ အသား ပျောင်းညံ့သော ဝါးတစ်မျိုး
    bamboo
    နာမ်

    တရက်ရက်

    [tɹɛʔɹɛʔ]
    (ဥပစာ) ငဲ့ညှာ ထောက်ထားစရာ တခုခုအတွက် စိုးရိမ် ကြောင့်ကတ်တေ။ ပူပင် သောက ရောက်ရေ။ မခွာရက်ရက် မညှာဖမာ အရဲခက် (ပုံ)
    (ဥပစာ) ငဲ့ညှာ ထောက်ထားစရာ တစ်ခုခုအတွက် စိုးရိမ် ကြောင့်ကြသည်။ ပူပင် သောက ရောက်သည်။ မခွာရက်ရက် မညှာဖမှာ အနီခက် (ပုံ)
    apprehension
    ကြိယာ

    တရစ်

    [tɹɪʔ]
    ၁၊ ပြစ်မားရေ။ ၂၊ ထိပါး ပုတ်ခတ် ပြောဆိုရေ။ မလေးမခန့် ပြုမူရေ။ နှပ်ချီးခြူလို့၊ လူမဖြစ်ခင်၊ အညစ်အကြီး၊ အတန်တန်ကို၊ ခံကာမွီးလည်း၊ ကျေးဇုတရစ်၊ ငယ်ကပင်လေ၊ ကြင်အချစ်ကို၊ ---တိမ်ကောကျေးဇု (ပန်း)။ သက်ကြီးတရစ်၊ သက်ငယ်ပြစ်(ပုံ)
    ၁၊ ပြစ်မှားသည်။ ၂၊ ထိပါး ပုတ်ခတ် ပြောဆိုသည်။ မလေးမခန့် ပြုမူသည်။ နှပ်ချီးခြူလို့၊ လူမဖြစ်ခင်၊ အညစ်အကြေး၊ အတန်တန်ကို၊ ခံကာမွေးလည်း၊ ကျေးဇူးတရစ်၊ ငယ်ကပင်လေ၊ ကြင်အချစ်ကို၊ ---တိမ်ကောကျေးဇူး (ပန်း)။ သက်ကြီးတရစ်၊ သက်ငယ်ပြစ်(ပုံ)
    encroach
    ကြိယာ

    တရစ်တပတ်

    [tɹɪʔtpaʔ]
    တစုံ တရာ၏ နံဖီး အပါးမာ ဝေ့ဝိုက် လှည့်ပတ်၍ ဖြစ်စီ။ လူးလာ တုံ့ခေါက်၍ ဖြစ်စီ လားလာရေ။ ရစ်သီသည်
    တစ်စုံ တစ်ရာ၏ အနီး အပါးတွင် ဝေ့ဝိုက် လှည့်ပတ်၍ ဖြစ်စေ။ လူးလာ တုံ့ခေါက်၍ ဖြစ်စေ သွားလာသည်။ ရစ်သီသည်
    loiter
    ကြိယာ

    တရစ်ရစ်

    [tɹɪʔɹɪʔ]
    တစုံ တခုကို လိုချင်ရေ့ အတွက် (မပြော မဆိုဝံ့၍) အဝီးကို ခွာမလားပဲ နံဖီး တဝိုက်မာ လှည့်ပတ်၍ နိန်ရေ။ တခုခုကို ခုံမင် တွယ်စွာရေ
    တစ်စုံ တစ်ခုကို လိုချင်သည့် အတွက် (မပြော မဆိုဝံ့၍) အဝေးသို့ ခွာမသွားပဲ အနီး တဝိုက်တွင် လှည့်ပတ်၍ နေသည်။ တစ်စုံ တစ်ရာကို ခုံမင် တွယ်တာသည်
    attached
    ကြိယာ