Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,481–1,500 of 2,498 words

    တ

    တရွိ.တရွိ.

    [tɹwì.tɹwì.]
    မူလ နီရာမှ တနေ ရာရာသို့ ဦးတည် ရွိသည်
    မူလ နေရာမှ တနေ ရာရာသို့ ဦးတည် ရွေ့လျားသည်
    destination
    ကြိယာ

    တရွိ.ရွိ.

    [tɹwì.ɹwì.]
    မူလ နီရာမှ တနေ ရာရာသို့ ဦးတည် ရွိရေ။ ပြောတုံလီကေ၊ ပြည့်မေလိမ္မာ၊ တရွိ.ရွိ.လှမ်း၊ ဟိစခန်းကို၊ ကြည့်စမ်းပါရေ် (ကော်)။ ၂၊ တဆတ်ဆတ် ဟိကို ရွိရေ။ တရွိ.ရွိ.ကေ၊ ချိချိပါးပါး၊ မြောင်းကန်ပေါင်ကို၊ ယောင်လို့သွားရင် (မိုး)
    မူလ နေရာမှ တနေ ရာရာသို့ ဦးတည် ရွေ့လျားသည်။ ပြောတုံလေကေ၊ ပြည့်မေလိမ္မာ၊ တရွိ.ရွိ.လှမ်း၊ ရှိစခန်းကို၊ ကြည့်စမ်းပါသော် (ကော်)။ ၂၊ တဖြည်းဖြည်း ရှေ့သို့ ရွေ့လျားသည်။ တရွိ.ရွိ.ကေ၊ ချိချိပါးပါး၊ မြောင်းကန်ပေါင်ကို၊ ယောင်လို့လားကေ (မိုး)
    forward-destination
    ကြိယာ

    တရွှင်ပျပျ

    [tɹW̯ɪ̀ɴprpr]
    ကိုယ်စိတ် လန်းဆန်း ကြည်လင်သော
    ကိုယ်စိတ် လန်းဆန်း ကြည်လင်သော
    fresh
    နာမဝိသေသန

    တရွှင်ရွှင်

    [tɹW̯ɪ̀ɴɹW̯ɪ̀ɴ]
    နှစ်သက် ကြည်နူး ဝမ်းသာဖွယ် ဖြစ်တေ
    နှစ်သက် ကြည်နူး ဝမ်းမြောက်ဖွယ် ဖြစ်သည်
    elatedness
    ကြိယာဝိသေသန

    တရွှပ်ရွှပ်

    [tɹW̯aʔɹW̯aʔ]
    အလွန်ပါးလျစွာ။ ချပ်ရပ်စွာ
    အလွန်ပါးလျစွာ။ ချပ်ရပ်စွာ
    skinny
    ကြိယာဝိသေသန

    တရွှပ်ရွှပ်၂

    [tɹW̯aʔɹW̯aʔ၂]
    နူးညံ့ ပါးလွှာသော
    နူးညံ့ ပါးလွှာသော
    gauzy
    နာမဝိသေသန

    တရွှမ်းရွှမ်း

    [tɹW̯áɴɹW̯áɴ]
    အရည် သွက်သွက် ပါ၍ နူးသော။ အရည် ရွှမ်းစိုသော။ အရည်စိုရွှဲ ယိုကျသော
    အရည် သွက်သွက် ပါ၍ ပျော့အိသော။ အရည် ရွှမ်းစိုသော။ အရည်စိုရွှဲ ယိုကျသော
    juiciness
    နာမဝိသေသန

    တံရှင်

    [tံʃɪ̀ɴ]
    မြင့်မား တန်းတင် တောင်၏ ကမ်းထောင်းပြတ်၊ ချောက်၏ နံပါး အရပ်။ ရေတသွင်သွင် စီးဆင်း နိန်ရေချောက် ကမ်းထောင်း
    မြင့်မား မတ်စောက်သော တောင်၏ ကမ်းပါးပြတ်၊ ချောက်၏ နံပါး အရပ်။ ရေတသွင်သွင် စီးဆင်း နေသောချောက် ကမ်းပါး
    precipice
    နာမ်

    တံရှင်စောင်း

    [tံʃɪ̀ɴsáʊɴ]
    အလွန့် အလွန် မြင့်မား တန်းတင် တောင် ကမ်းထောင်းပြတ်
    အလွန့် အလွန် မြင့်မား မတ်စောက်သော တောင် ကမ်းပါးပြတ်
    funicular
    နာမ်

    တံရှင်စွန်း

    [tံʃɪ̀ɴsʊ́ɴ]
    မြင့်မားသော တောင် ကမ်းထောင်းပြတ်မှ အပြင်သို့ အစွန်း ထိုးထွက် နိန်ရေ အရာ
    မြင့်မားသော တောင် ကမ်းပါးပြတ်မှ အပြင်သို့ အစွန်း ထိုးထွက် နေသော အရာ
    scarp
    နာမ်

    တရှုပ်ရှုပ်

    [tʃoʊʔʃoʊʔ]
    ၁၊ အရည် သောက်ရာမာ ခံမားမှ မြည်သော အသံ။ ၂၊ ဟိုက်ပင့် ငိုကျွီးသံ။ မျက်ရည်စက်ကို၊ ရွှီလက်နှင့်သုတ်၊ တရှုပ်ရှုပ်လျှင် (ထာနု)
    ၁၊ အရည် သောက်ရာတွင် ခံတွင်းမှ မြည်သော အသံ။ ၂၊ ရှိုက်ပင့် ငိုကြွေးသံ။ မျက်ရည်စက်ကို၊ ရွှေလက်နှင့်သုတ်၊ တရှုပ်ရှုပ်လျှင် (ထာနု)
    sob
    နာမ်

    တံရှုးဝါး

    [tံʃoʊးwàး]
    လူသီကောင်ကို မီးတိုက် သဂြိုဟ် ရာမာ ပွအောင် ရွအောင် ထိုးပီးရေ ချွန်သော ဝါးလုံး
    လူသေကောင်ကို မီးရှို့ သဂြိုဟ် ရာတွင် ပွအောင် ရွအောင် ထိုးပေးသော ချွန်သော ဝါးလုံး
    bamboo
    နာမ်

    တလက်ကျ

    [tlɛʔt͡ɕ]
    ဝါ လှည့်စားမှု ခံရရေ
    လိမ်လည် လှည့်စားမှု ခံရသည်
    cheat
    ကြိယာ

    တလက်ချ

    [tlɛʔɕ]
    ၁၊ (တစုံ တဦးအား) ဝါ လှည့်ဖျားရေ။ ၂၊ ဉာဏ်တိစွာ
    ၁၊ (တစ်စုံ တစ်ဦးအား) လိမ်လည် လှည့်ဖျားသည်။ ၂၊ ဉာဏ်များသည်
    swindling
    ကြိယာ

    တလက်တလတ်

    [tlɛʔtlaʔ]
    မကြီးလွန်း၊ မငယ်လွန်း၊ မမြင့်လွန်း၊ မနိမ့်လွန်း၊ မယုတ် မလွန် ဖြစ်ရေ အခြီအရဲ
    မကြီးလွန်း၊ မငယ်လွန်း၊ မမြင့်လွန်း၊ မနိမ့်လွန်း၊ မယုတ် မလွန် ဖြစ်သော အခြေအနေ
    moderateness
    နာမ်

    တလက်လက်

    [tlɛʔlɛʔ]
    (အမြဲတစေ) ထွန်းလင်း တောက်ပြောင် နိန်ရေ
    (အမြဲတစေ) ထွန်းလင်း တောက်ပြောင် နေသည်
    shine
    ကြိယာ

    တလကြမ်း

    [tlt͡ɕáɴ]
    အင်ကြီး အားကြီးနှင့်။ အပြင်း အထန်
    အင်ကြီး အားကြီးနှင့်။ အပြင်း အထန်
    dominant
    ကြိယာဝိသေသန

    တလင်း

    [tlɪ́ɴ]
    ၁၊ ညီညာ ပြန့်ကျယ်သော မြီကွက်။ ၂၊ ကောက်စပါး အစဟိစွာ နယ်ရာ မြီပြင်။ ၃၊ (မြေ) ကမ္ဘာ အဝှန်း။ တရာ့တပါး၊ မဟာဗွီလေ၊ မြီတလင်းမာ၊ မင်းအတိထက်၊ မြောက်များခန့်ခိုင်၊ တန်ခိုးလှိုင်ဗျာ
    ၁၊ ညီညာ ပြန့်ကျယ်သော မြေကွက်။ ၂၊ ကောက်စပါး စသည် နယ်ရာ မြေပြင်။ ၃၊ (မြေ) ကမ္ဘာ အဝှန်း။ တရာ့တပါး၊ မဟာဗွီလေ၊ မြီတလင်းမှာ၊ မင်းအများထက်၊ မြောက်များခန့်ခိုင်၊ တန်ခိုးလှိုင်ဗျာ
    Threshing-floor
    နာမ်

    တလင်းကျိုင်

    [tlɪ́ɴt͡ɕàɪɴ]
    နွားချီး၊ မြေညက်ရို့နန့် နယ်၍ (တလင်းကို) ညီညာအောင် လုပ်ရေ။ နှိမ်းသည်
    နွားချေး၊ မြေညက်တို့ဖြင့် နယ်၍ (တလင်းကို) ညီညာအောင် လုပ်သည်။ လိမ်းကျံသည်
    bedaub
    ကြိယာ

    တလင်းခါ

    [tlɪ́ɴkʰà]
    အကြွင်း အကျန် မဟိရေ အဖြစ်။ အားလုံး
    အကြွင်း အကျန် မရှိသော အဖြစ်။ အကုန်
    all
    နာမ်