Dictionary Entries
Showing 1,521–1,540 of 2,498 words
တ
တလား
[tlá]
Arakanese:
၁၊ လူသီကောင် ထည့်သော ခေါင်း။ ၂၊ လူသီကောင်ကို ထည့်ပနာ က သော (ဆင်ယင်ထားရေ) ခေါင်းဆောင်းဒူ။ (ခေါင်းတလား)
Burmese:
၁၊ လူသေကောင် ထည့်သော ခေါင်း။ ၂၊ လူသေကောင်ကို ထည့်၍ က သော (ဆင်ယင်ထားသော) ခေါင်းသေတ္တာ။ (ခေါင်းတလား)
English:
coffin
Grammar Note:
နာမ်
တလိ.
[tlì.]
Arakanese:
(သိပျားကေနှင့်) မဆင် မခြင်ပဲ ဇတ်အားဓမ။ တမင် သတ်သတ် (လုပ်ရေ)
Burmese:
(သိလျက်နှင့်) မဆင် မခြင်ပဲ ဇတ်အတင်း။ တမင် သက်သက် (လုပ်သည်)
English:
intentionally
Grammar Note:
ကြိယာဝိသေသန
တလိန်တွတ်
[tlèɪɴtwaʔ]
Arakanese:
တလိန်တွတ် ဆိုပနာ မြည်တွန် တတ်ရေ လွင်တီးခေါင် ငှက်တမျိုး။ တတီးတူး ငှက်
Burmese:
တလိန်တွတ် ဟူ၍ မြည်တွန် တတ်သော လွင်တီးခေါင် ငှက်တစ်မျိုး။ တစ်တီးတူး ငှက်
English:
peewit
Grammar Note:
နာမ်
တလိန်တွတ်၂
[tlèɪɴtwaʔ၂]
Arakanese:
ဖြားရီချောင်း ကမ်းစများ ထက်မာ နွယ်တက် နိန်ရေ အပင် တမျိုး။ (ယင်း အပင်၏ အသီးမာ ဗာဒံသီးနှင့် ဆင်၍ အသီးအရွက် တိကို ဟင်းချက် စားရရေ။) ခမွန်သီး
Burmese:
ဒီရေချောင်း ကမ်းစပ်များ ပေါ်တွင် နွယ်တက် နေသော အပင် တစ်မျိုး။ (ယင်း အပင်၏ အသီးမှာ ဗာဒံသီးနှင့် ဆင်၍ အသီးအရွက် များကို ဟင်းချက် စားရသည်။) ခမွန်သီး
English:
vine
Grammar Note:
နာမ်
တလိန်းထိုး
[tléɪɴtʰó]
Arakanese:
(ရခိုင်) ငါးညို့၊ လက်ခွာခြောက် အစဟိရေ ငါးရို့ကို မုန့်မုန့် ညက်ညက် ဖြစ်ယောင် ပြုလုပ် ပြီးကေ သတ်သတ် ဖြစ်စီ၊ အားလူးနှင့် ဖြစ်စီ ရောနှော၍ ဆီနန့် ကျော်လောင်းာ် ချက်ပြုတ် ထားရေ (ရခိုင်) အစားအစာ
Burmese:
(ရခိုင်) ငါးညို့၊ လက်ခွာခြောက် စသော ငါးတို့ကို မုန့်မုန့် ညက်ညက် ဖြစ်အောင် ပြုလုပ် ပြီးလျှင် သက်သက် ဖြစ်စေ၊ အားလူးနှင့် ဖြစ်စေ ရောနှော၍ ဆီနှင့် ကြော်လှော် ချက်ပြုတ် ထားသော (ရခိုင်) အစားအစာ
English:
none
Grammar Note:
နာမ်
တလိုက်
[tlaɪʔ]
Arakanese:
တတူတကွ
Burmese:
အတူတကွ
English:
together
Grammar Note:
နာမ်
တလိုက်တည်း
[tlaɪʔtɛ́]
Arakanese:
တပါတည်း။ တချက်တည်း။ တတူတကွ
Burmese:
တပါတည်း။ တချက်တည်း။ အတူတကွ
English:
together
Grammar Note:
ကြိယာဝိသေသန
တလိုင်း
[tláɪɴ]
Arakanese:
တလိုင်း လူမျိုး။ မွန် လူမျိုးကို ခေါ်သော အမည်
Burmese:
တလိုင်း လူမျိုး။ မွန် လူမျိုးကို ခေါ်သော အမည်
English:
Mon. one of the national groups of Myanmar seaking a Mon-Khmer language
Grammar Note:
နာမ်
တလိုင်း၂
[tláɪɴ၂]
Arakanese:
၁၊ တခေါက်။ တခါ။ တခေါက်။ တလော။ ၂၊ (မကြာသိမ့်သော) အချိန်အခါ။ မောင်ဖြူ ဂုတလိုင်းက စျီးကို လားခသိရေ
Burmese:
၁၊ တစ်ကြိမ်။ တစ်ခါ။ တစ်ခေါက်။ တလော။ ၂၊ (မကြာသေးသော) အချိန်အခါ။ မောင်ဖြူ ဂုတလိုင်းက စျီးကို လားခသိရေ
English:
once
Grammar Note:
နာမ်
တလိုင်းမေဇူ
[tláɪɴmèzù]
Arakanese:
ကြိုးကျစ်၍ ကျွဲ၊ နွား ခြည်ရန် အသုံး ပြုရေ နွယ် တမျိုး။ (ယင်းနွယ်ကို သွားပွတ် တိုက်ရန် (တံပူ) လုပ်ပနာလည်း အသုံးပြု ကတ်တေ။
Burmese:
ကြိုးကျစ်၍ ကျွဲ၊ နွား ချည်ရန် အသုံး ပြုသော နွယ် တစ်မျိုး။ (ယင်းနွယ်ကို သွားပွတ် တိုက်ရန် (တံပူ) လုပ်၍လည်း အသုံးပြု ကြသည်။
English:
vine
Grammar Note:
နာမ်
တလုံတလဲ
[tlòʊɴtlɛ]
Arakanese:
အခေါက်ခေါက် အဖန်ဖန်
Burmese:
အကြိမ်ကြိမ် အဖန်ဖန်
English:
again
Grammar Note:
ကြိယာဝိသေသန
တလုံလလ
[tlòʊɴll]
Arakanese:
ကြိုးကြိုး စားစား။ အားအန် ထုတ်ဗျာယ်။ လုံ့လ ကြီးစွာဖြင့်
Burmese:
ကြိုးကြိုး စားစား။ အားအန် ထုတ်လျက်။ လုံ့လ ကြီးစွာဖြင့်
English:
diligently
Grammar Note:
ကြိယာဝိသေသန
တလူးလူး
[tlùးlùး]
Arakanese:
၁၊ အခင်းပြင် တစုံ တရာမာ ကိုယ်ကို အပြန်ပြန် လှိမ့်ရေ။ ၂၊ စွန်းထင်း ညစ်ပေအောင် ပွတ်တိုက်သည်
Burmese:
၁၊ အခင်းပြင် တစ်စုံ တစ်ရာ၌ ကိုယ်ကို အပြန်ပြန် လှိမ့်သည်။ ၂၊ စွန်းထင်း ညစ်ပေအောင် ပွတ်တိုက်သည်
English:
scrape
Grammar Note:
ကြိယာ
တလေ
[tlè]
Arakanese:
တကြိမ်။ တခါ။ တခေါက်။ (မကြာသိမ့်သော) အချိန်အခါ
Burmese:
တကြိမ်။ တခါ။ တခေါက်။ (မကြာသေးသော) အချိန်အခါ
English:
once
Grammar Note:
နာမ်
တံလောင်
[tံlàʊɴ]
Arakanese:
ရီပြင်၌ အလယ်မာ ခွက်ပနာပျင်ဗျာယ် ရစ်လည် နိန်ရေ ရေဝဲ တမျိုး
Burmese:
ရေပြင်၌ အလယ်တွင် ချိုင့်၍ ရစ်လည် နေသော ရေဝဲ တစ်မျိုး
English:
whirlpool
Grammar Note:
နာမ်
တလဲ
[tlɛ]
Arakanese:
အစိများတွက်နန့် အသား နည်းသော အသီး ဟိရေ့ ပင်စောက် ပင်ငယ် တမျိုး။ လဲပင် လို့လေ့ ခေါ်ရေ
Burmese:
အစေ့များ၍ အသား နည်းသော အသီး ရှိသည့် ပင်စောက် ပင်ငယ် တစ်မျိုး။ သလဲပင် ဟုလည်း ခေါ်သည်
English:
pomegranate tree
Grammar Note:
နာမ်
တလဲလဲ
[tlɛlɛ]
Arakanese:
မကွဲမပြား။ တမျိုး တစားတည်း
Burmese:
မကွဲမပြား။ တမျိုး တစ်စားတည်း
English:
same
Grammar Note:
ကြိယာဝိသေသန
တလဲ့လဲ့
[tlélé]
Arakanese:
အရောင် အသွီး ကြည်လင် ရွှမ်းသစ်စွာ
Burmese:
အရောင် အသွေး ကြည်လင် ရွှမ်းသစ်စွာ
English:
wearily
Grammar Note:
ကြိယာဝိသေသန
တလဲလဲ၂
[tlɛlɛ၂]
Arakanese:
အခေါက်ခေါက် အဖန်ဖန်။ ထပ် တလဲလဲ
Burmese:
အကြိမ်ကြိမ် အဖန်ဖန်။ ထပ် တလဲလဲ
English:
repeatedly
Grammar Note:
ကြိယာဝိသေသန
တလွတ်
[tlwaʔ]
Arakanese:
လွတ် လောက်သော နီရာ အရပ်
Burmese:
လွတ် လောက်သော နေရာ အရပ်
English:
space
Grammar Note:
နာမ်