Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,561–1,580 of 2,498 words

    တ

    တဝဲလည်လည်

    [twɛlɛ̀lɛ̀]
    ရပ်နားခြင်း မဟိဘဲ၊ ချာချာ လည်ဗျာယ်။ ချာလည် ပတ်လည်သောအနိန်နန့်။ ၂၊ (တဘဝမှ တဘဝ) သံသရာ လည်သောအနိန်နန့်
    ရပ်နားခြင်း မရှိပဲ၊ ချာချာ လည်လျက်။ ချာလည် ပတ်လည်သော အားဖြင့်။ ၂၊ (တစ်ဘဝမှ တစ်ဘဝ) သံသရာ လည်သော အားဖြင့်
    non stop-spin round
    ကြိယာဝိသေသန

    တဝါချင်း

    [twàɕɪ́ɴ]
    ဝါသော အဆင်း အရောင်။ အဝါရောင်ခြည်း သတ်သတ်
    ဝါသော အဆင်း အရောင်။ အဝါရောင်ချည်း သက်သက်
    yellowish
    နာမ်

    တဝါဝါ

    [twàwà]
    တဝါဝါ မြည်သော အသံ။ (အိပ်ချင်အား ကြီးပြီးကေ တဝါဝါ မြည်ပနာ သမ်းရေ။) မျှော်ကာတမ်းယမ်း၊ တဝါဝါလေ၊ ခါခါသမ်းလို့ (ထာနု)
    တဝါဝါ မြည်သော အသံ။ (အိပ်ချင်အား ကြီး၍ တဝါဝါ မြည်၍ သမ်းသည်။) မျှော်ကာတမ်းယမ်း၊ တဝါဝါလေ၊ ခါခါသမ်းလို့ (ထာနု)
    yawn
    နာမ်

    တဝါးဝါး

    [twàးwàး]
    ရယ် မောဖွယ်ရာ အနိန်နန့် ပြင်းစွာ ရယ်မော စီမှုဖြင့် ရောနှော ဖုံးလွှမ်းဗျာယ်
    ရယ် မောဖွယ်ရာ အနေဖြင့် ပြင်းစွာ ရယ်မော စေမှုဖြင့် ရောနှော ဖုံးလွှမ်းလျက်
    laugh
    ကြိယာဝိသေသန

    တဝါဝါ၂

    [twàwà၂]
    ပင်ပန်း နွမ်းရိခြင်း၊ အိပ်ချင်ခြင်း ရို့ကြောင့် အလို အလျောက် ပစ ဟ ကာ (တဝါဝါ) ပြင်းစွာ လေဟိုက်သည်
    ပင်ပန်း နွမ်းနယ်ခြင်း၊ အိပ်ချင်ခြင်း တို့ကြောင့် အလို အလျောက် ပါးစပ် ဟ ကာ (တဝါဝါ) ပြင်းစွာ လေရှိုက်သည်
    yawn
    ကြိယာ

    တဝှိန်းဝှိန်း

    [tʍéɪɴʍéɪɴ]
    အရီးတကြီး။ အယင့်ယင်။ အမြမြန်ဆဆန်။ သုတ်သီးသုတ်ပျာ
    အရေးတကြီး။ လျင်မြန်စွာ။ အဆောတလျင်။ သုတ်သီးသုတ်ပျာ
    quickly
    ကြိယာဝိသေသန

    တဝှိန်းဝှိန်း၂

    [tʍéɪɴʍéɪɴ၂]
    သုတ်ပြာသုတ်နင်း အယင့်ယင် လားလာရေ။ ပြေး ပိုင် လျှောက်ရေ။ မောင်ကြီးသျှင် အရီးတကြီး တဝှိန်းဝှိန်း ရုံးကို လားခရေ
    သုတ်ခြေတင် လျင်မြန်စွာ သွားလာသည်။ ပြေး သကဲ့သို့ လျှောက်သည်။ မောင်ကြီး အရေးတကြီး တဝှိန်းဝှိန်း ရုံးကို လားခရေ
    quickly
    ကြိယာ

    တသက်သက်

    [tθɛʔθɛʔ]
    မပြတ်မလပ် အောက်မိ တ သဗျာယ်။ အပါးနီကေ-တခြက်ခြက်၊ အဝီးနီကေ-တသတ်သတ် (ပုံ)။ လင်သက်နှံကြောင့်၊ လွမ်းဟန်စိတ်ပျက်၊ တသတ်သတ်နန့် (ထွန်းတိ)
    မပြတ်မလပ် အောက်မေ့ တ သလျက်။ အပါးနီကေ-တခြက်ခြက်၊ အဝီးနီကေ-တသက်သက် (ပုံ)။ လင်သက်နှံကြောင့်၊ လွမ်းဟန်စိတ်ပျက်၊ တသက်သက်နှင့် (ထွန်းတိ)
    miss
    ကြိယာဝိသေသန

    တသက်သက်၂

    [tθɛʔθɛʔ၂]
    ချီတုန် ချတုန် ဆင်ခြင် စိုင်းစားရေ။ တွေးခေါ်ရေ။ မနီသာယောင်၊ မြီမာလူးပျာ၊ ရူးကာဖြတ်လို့၊ ငိုလတ်ပြီးခါ၊ တသတ်သတ်နှင့်၊ တွက်ခြင်းရာက (ရာမ)
    သို့လော သို့လော ဆင်ခြင် စဉ်းစားသည်။ တွေးတောသည်။ မနေသာအောင်၊ မြေမှာလူးပျာ၊ ရူးကာဖြတ်လို့၊ ငိုလတ်ပြီးခါ၊ တသက်သက်နှင့်၊ တွက်ခြင်းရာက (ရာမ)
    think
    ကြိယာ

    တသင်းချင်း

    [tθɪ́ɴɕɪ́ɴ]
    မွှီးကြိုင်သော အနံဟိရေ။ ရနံ့ကောင်း လွှမ်းပျံ့သော
    မွှေးကြိုင်သော အနံရှိသော။ ရနံ့ကောင်း လွှမ်းပျံ့သော
    smell sweet
    နာမဝိသေသန

    တသန့်ချင်း

    [tθàɴ့ɕɪ́ɴ]
    အညစ်အကြီး ကင်းစင်သော။ စင်ကြယ် သန့်ရှင်းသော
    အညစ်အကြေး ကင်းစင်သော။ စင်ကြယ် သန့်ရှင်းသော
    clean
    နာမဝိသေသန

    တသန့်တပြန့်

    [tθàɴ့tpɹàɴ့]
    သပ်ရပ် စင်ကြယ်သော
    သပ်ရပ် စင်ကြယ်သော
    shipshape
    နာမဝိသေသန

    တသန်းသန်း

    [tθáɴθáɴ]
    အာရုံ သိခြင်းက ကင်းကွာရေ။ အမှတ်မရ ဖြစ်တေ။ သတိ မိရေ။ မှတ်ဉာဏ် လျော့ပါးရေ။ အိပ်ပျော်ခိုက် အာရုံရောက်ရာ လှုပ်ရှား အသံထွက်ပြီးကေ ပြုမူ ပြောဆိုရေ။ ဟစ်အော်ယောင်ယမ်း၊ တသန်းသန်းနန့်၊ အမှန်းမသိ၊ မချိကိုယ်မာ၊ ချွီးကြီးဖြာ၍ (ပဉ္စဘုတ်)
    အာရုံ သိခြင်းမှ ကင်းကွာသည်။ အမှတ်မရ ဖြစ်သည်။ သတိ မေ့သည်။ မှတ်ဉာဏ် လျော့ပါးသည်။ အိပ်ပျော်ခိုက် အာရုံရောက်ရာ လှုပ်ရှား အသံထွက်၍ ပြုမူ ပြောဆိုသည်။ ဟစ်အော်ယောင်ယမ်း၊ တစ်သန်းသန်းနှင့်၊ အမှန်းမသိ၊ မချိကိုယ်မှာ၊ ချွီးကြီးဖြာ၍ (ပဉ္စဘုတ်)
    forget
    ကြိယာ

    တသမတ်တည်း

    [tθmaʔtɛ́]
    အမြဲ တစေ။ မပြတ် မလပ်။ ဆက်ကာ ဆက်ကာ။ အစိုင်တစိုက်။ တဖြောင့်တည်း။ တဆက်တည်း
    အမြဲ တစေ။ မပြတ် မလပ်။ ဆက်ကာ ဆက်ကာ။ အစဉ်တစိုက်။ တဖြောင့်တည်း။ တဆက်တည်း
    continuous-repeat
    ကြိယာဝိသေသန

    တသဝေမတိမ်း

    [tθwèmtéɪɴ]
    စိကေချေလောင်းာက် လွဲချော် တိမ်းပါးခြင်း မဟိဘဲ
    အနည်းငယ်မျှ လွဲချော် တိမ်းပါးခြင်း မရှိဘဲ
    exact
    ကြိယာဝိသေသန

    တသာ

    [tθà]
    ဆဲဆဲ၊ နီးနီး၊ လုနီးပါး အစဟိရေ တစုံ တခုသော ဖြစ်ပျက်မှု သဘောသို့ သက်ရောက် နှိုင်ရေ အခြီအရဲကို ပြဖို့ ကြိယာ နောက်မာ စပ်၍ သုံးသော စကားလုံး။ သီဖို့ တသာလိုရေ၊ လူးကျဖို့ တသာလိုရေ၊ ရောက်ဖို့ တသာလိုရေ အစဟိစွာအနိန်နန့် သုံးရေ
    ဆဲဆဲ၊ နီးနီး၊ လုနီးပါး စသော တစ်စုံ တစ်ခုသော ဖြစ်ပျက်မှု သဘောသို့ သက်ရောက် နိုင်သော အခြေအနေကို ပြရန် ကြိယာ နောက်၌ စပ်၍ သုံးသော စကားလုံး။ သီဖို့ တသာလိုရေ၊ လူးကျဖို့ တသာလိုရေ၊ ရောက်ဖို့ တသာလိုရေ စသည်ဖြင့် သုံးသည်
    nearly
    ပစ္စည်း

    တသာ၂

    [tθà၂]
    သာယာ ဖြည်းညင်းစွာ
    သာယာ ဖြည်းညင်းစွာ
    softly
    ကြိယာဝိသေသန

    တသားတည်း

    [tθátɛ́]
    တစပ်တည်း။ တညီ တညွတ်တည်း။ (မကွဲမပြား) ချိတ်ချွတ်
    တစပ်တည်း။ တညီ တညွတ်တည်း။ (မကွဲမပြား) တစ်ထပ်တည်း
    uniformly
    ကြိယာဝိသေသန

    တသာတား

    [tθàtá]
    တစုံ တခု ဖြစ်ပျက်ရန် အလွန်နီးကပ်ကြောင်းကို ဖော်ပြ လိုရာမာ သုံးသော စကားလုံး။ သီဖို့ တသာတားရေ၊ လူးကျဖို့ တသာတားရေ၊ ရောက်ဖို့ တသာတားရေ အစဟိစွာနန့် သုံးရေ
    တစ်စုံ တစ်ခု ဖြစ်ပျက်ရန် အလွန်နီးကပ်ကြောင်းကို ဖော်ပြ လိုရာ၌ သုံးသော စကားလုံး။ သီဖို့ တသာတားရေ၊ လူးကျဖို့ တသာတားရေ၊ ရောက်ဖို့ တသာတားရေ စသည်ဖြင့် သုံးသည်
    by inches
    ကြိယာဝိသေသန

    တသိန်ကြီး

    [tθèɪɴt͡ɕï]
    ဆက်ကာ ဆက်ကာ စီတန်းဗျာယ်။ တဗျင်း။ လူတိ တသိန်တတန်းကြီး ရပ်နီကတ်တေ
    ဆက်ကာ ဆက်ကာ စီတန်းလျက်။ အများကြီး။ လူတိ တသိန်တတန်းကြီး ရပ်နီကတ်တေ
    continuous
    ကြိယာဝိသေသန