Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 141–160 of 2,498 words

    တ

    တကြိုင်းကြိုင်း၂

    [tt͡ɕáɪɴt͡ɕáɪɴ၂]
    ၁၊ ကိုယ်စိတ် ဆင်းရဲသနန့် ဆင်းရဲကြောင်း ဖော်ထုတ် ဆိုမြည်ရေ။ ၂၊ ဝေဒနာ ခံစားရမှုကြောင့် အသံတိန်းနိန်နှင့် အသံရှည် ဆွဲပနာ အော်မြည်ရေ။ ကြိုင်းသည်
    ၁၊ ကိုယ်စိတ် ဆင်းရဲသဖြင့် ဆင်းရဲကြောင်း ထုတ်ဖော် ဆိုမြည်သည်။ ၂၊ ဝေဒနာ ခံစားရမှုကြောင့် အသံတိုးတိုးနှင့် အသံရှည် ဆွဲ၍ အော်မြည်သည်။ ညည်းတွားသည်
    yammer
    ကြိယာ

    တကြိုင်ကြိုင်၃

    [tt͡ɕàɪɴt͡ɕàɪɴ၃]
    သံပြိုင် ထွက်ပေါ်သော အသံ
    သံပြိုင် ထွက်ပေါ်သော အသံ
    chorus
    နာမ်

    တကြိုင်းစီ

    [tt͡ɕáɪɴsí]
    တနားတခါ ထိုင်ချေ၊ ထချေ၊ သွားချေ ပြုမူဗျာယ်။ (တကြိုင်းစီထ၊ တကြိုင်းစီထိုင်၊ တကြိုင်းစီလား၊ အစဟိစွာ့ဖြင့်)
    မကြာခဏ ထိုင်ချေ၊ ထချေ၊ သွားချေ ပြုမူလျက်။ (တကြိုင်းစီထ၊ တကြိုင်းစီထိုင်၊ တကြိုင်းစီလား၊ စသည့်ဖြင့်)
    none
    ကြိယာဝိသေသန

    တကြိုးတကြံ

    [tt͡ɕótt͡ɕံ]
    ကြိုးစား ပမ်းစား။ လုံ့လ ကြီးစွာဖြင့်
    ကြိုးစား ပမ်းစား။ လုံ့လ ကြီးစွာဖြင့်
    effort
    ကြိယာဝိသေသန

    တကြီ

    [tt͡ɕí]
    ကြီမွပျက်စီးရေ့ ထိတောင်
    ကြေမွ ပျက်စီးသည့် တိုင်အောင်
    crumble
    ကြိယာဝိသေသန

    တကြီး

    [tt͡ɕï]
    ကြီးပြင်းသည့် ထိတောင်
    ကြီးပြင်းသည့် တိုင်အောင်
    grow
    ကြိယာဝိသေသန

    တကြူကြူ

    [tt͡ɕùt͡ɕù]
    ဂြိုးငှက် မြည်တွန်သော အသံ။ တကူကူ၊ ခြိုးကူလတ်တေ၊ ကတုတ်ချောင်း၊ မဲတောင်မိကို၊ လွမ်းလတ်တေလေ (တေး)။ တကြူကြူ၊ ခြိုးကြူလတ်တေ၊ မောင်ရို့နီလေ၊ ဌာနီရပ်ကို၊ လွမ်းလတ်တေလေ (ရခိုင်ကာ)
    ချိုးငှက် မြည်တွန်သော အသံ။ တကူကူ၊ ခြိုးကူလတ်တေ၊ ကတုတ်ချောင်း၊ မဲတောင်မိကို၊ လွမ်းလတ်တေလေ (တေး)။ တကြူကြူ၊ ခြိုးကြူလတ်တေ၊ မောင်တို့နေလေ၊ ဌာနေရပ်ကို၊ လွမ်းလတ်တေလေ (ရခိုင်ကာ)
    crow
    နာမ်

    တကြူကြူ၂

    [tt͡ɕùt͡ɕù၂]
    ကွဲကွာနီသူ တစုံ တဦးကို တမ်းတ၍ ကြီကွဲ ဝမ်းနည်းရေ။ အောက်မိ တသရေ။ တကြူကြူ လွမ်းရှုတမ်း၊ မောင်ကြောင့်ပူဆာ၊ မခံသာကေ၊ ကြီးစွာဝဋ်ဒုက္ခကြောင့် (မေတ္တာ)
    ကွဲကွာနေသူ တစ်စုံ တစ်ဦးကို တမ်းတ၍ ကြေကွဲ ဝမ်းနည်းသည်။ အောက်မေ့ တသသည်။ တကြူကြူ လွမ်းရှုတမ်း၊ မောင်ကြောင့်ပူဆာ၊ မခံသာကေ၊ ကြီးစွာဝဋ်ဒုက္ခကြောင့် (မေတ္တာ)
    heartbreaking
    ကြိယာ

    တကြော

    [tt͡ɕɔ́]
    ရှည်လျားသော အလျားလိုက် တတန်း။ အလျားလိုက် အတန်း
    ရှည်လျားသော အလျားလိုက် တစ်တန်း။ အလျားလိုက် အတန်း
    mall
    နာမ်

    တကြောချင်း

    [tt͡ɕɔ́ɕɪ́ɴ]
    ကြော့ လှပ တင့်ရေသော။ ယိုင်ကျေး ဖွယ်ရာသော
    ကြွကြွရွရွ လှပ တင့်တယ်သော။ ယဉ်ကျေး ဖွယ်ရာသော
    polite
    နာမဝိသေသန

    တကြောင့်ကြကြ

    [tt͡ɕa̰ʊɴt͡ɕt͡ɕ]
    ၁၊ စိုးရိမ်ရေ။ပူပင်ရေ။ ၂၊ လွမ်းတသည်
    ၁၊ စိုးရိမ်သည်။ ပူပန်သည်။ ၂၊ လွမ်းဆွတ်သည်
    anxious
    ကြိယာ

    တကြောင့်ကြကြ၂

    [tt͡ɕa̰ʊɴt͡ɕt͡ɕ၂]
    စိုးရိမ်ခြင်း။ပူပင်ခြင်း။ သောက
    စိုးရိမ်ခြင်း။ ပူပန်ခြင်း။ သောက
    fret
    နာမ်

    တကြော်ကြော်

    [tt͡ɕɔ̀t͡ɕɔ̀]
    ၁၊ အသံ ရက်ပြတ် မြည်ဗျာယ်။ ၂၊ ကျီရောင်ဘာရောင်သော အသံဖြင့်။ ရက်ပြတ်ရက်ပြတ် တကြော် ကြော် ရန်ဖြစ်နီကတ်တေ
    ၁၊ အသံ အဆက်မပြတ် မြည်လျက်။ ၂၊ ဆူညံစွာသော အသံဖြင့်။ ရက်ပြတ်ရက်ပြတ် တကြော် ကြော် ရန်ဖြစ်နီကတ်တေ
    repeat
    ကြိယာဝိသေသန

    တကြော်ကြော်၂

    [tt͡ɕɔ̀t͡ɕɔ̀၂]
    ကျယ်လောင် စူးရှသော အသံ။ မြည်တွန် တောက်တီးသံ
    ကျယ်လောင် စူးရှသော အသံ။ မြည်တွန် တောက်တီးသံ
    penetrating
    နာမ်

    တကြဲကြဲ

    [tt͡ɕɛt͡ɕɛ]
    တိုင်းစွာ မရပ်တည်နိုင်ပဲ ထလှားလိုစိတ် လှုပ်ယှားဗျာယ်။ ထ ဖို့တကဲကဲ ဖင်ရွနီရေ။ ၂၊ နားပူနားဆာ
    တည်ငြိမ်စွာ မရပ်တည်နိုင်ပဲ ထသွားလိုစိတ် လှုပ်ရှားလျက်။ ထ ဖို့တကဲကဲ ဖင်ရွနီရေ။ ၂၊ နားပူနားဆာ
    unsteady
    ကြိယာဝိသေသန

    တကြွချင်း

    [tt͡ɕwɕɪ́ɴ]
    တင့်ရေ လှပရေ။ ကြည့်၍ ကောင်းရေ။ အသရေ ဟိရေ
    တင့်တယ် လှပသော။ ကြည့်၍ ကောင်းသော။ အသရေ ရှိသော
    graceful
    နာမဝိသေသန

    တကြွပ်ချင်း

    [tt͡ɕwaʔɕɪ́ɴ]
    ကျိုးလွယ် ပျက်လွယ်သော
    ကျိုးလွယ် ပျက်လွယ်သော
    fragile
    နာမဝိသေသန

    တကြွပ်ချင်း၂

    [tt͡ɕwaʔɕɪ́ɴ၂]
    ကျိုးလွယ် ပျက်လွယ်သော အရာဝတ္တု
    ကျိုးလွယ် ပျက်လွယ်သော အရာဝတ္တု
    fragile
    နာမ်

    တကြွိကြွိ

    [tt͡ɕwìt͡ɕwì]
    များပြားစွာ။ မကန်မဝှန်။ သားတကြွိကြွိ သမီးတကြွိကြွိနန့်
    များပြားစွာ။ အများအပြား။ သားတကြွိကြွိ သမီးတကြွိကြွိနန့်
    many
    ကြိယာဝိသေသန

    တကွ

    [tkw]
    မကွဲမကွာ။ တတူ။ ကွဲပြား ခြားနားခြင်း မဟိဘဲ
    မကွဲမကွာ။ အတူ။ ကွဲပြား ခြားနားခြင်း မရှိပဲ
    together
    ကြိယာဝိသေသန