Dictionary Entries
Showing 1,641–1,660 of 2,498 words
တ
တအုတ်အုတ်
[tʔoʊʔʔoʊʔ]
Arakanese:
ဆူဆူ ညံညံ၊ ကျကျယ် လောင်လောင်
Burmese:
ဆူဆူ ညံညံ၊ ကျယ်ကျယ် လောင်လောင်
English:
noisy
Grammar Note:
ကြိယာဝိသေသန
တအုန်းအုန်း
[tʔóʊɴʔóʊɴ]
Arakanese:
ဆူဆူညံညံ။ ကျကျယ် လောင်လောင်။ အုတ်အုတ် ကျက်ကျက်။ မကန်မဝှန်။ မိဓိလာလေ၊ မြို့တော်လှမာ၊ နိ.တအုန်းအုန်း၊ လမ်းတခွင်မာ၊ လူသျှင်သွားရင်၊ လားမဆုံးလေ (နာရဒ)
Burmese:
ဆူဆူညံညံ။ ကျယ်ကျယ် လောင်လောင်။ အုတ်အုတ် ကျက်ကျက်။ အများအပြား။ မိဓိလာလေ၊ မြို့တော်လှမှာ၊ နိ.တအုန်းအုန်း၊ လမ်းတခွင်မှာ၊ လူသျှင်သွားကေ၊ လားမဆုံးလေ (နာရဒ)
English:
noisy
Grammar Note:
ကြိယာဝိသေသန
တအုံ့အုံ့
[tʔo̰ʊɴʔo̰ʊɴ]
Arakanese:
ကိုယ့် အပြုအမူ၊ အကြံအစည်၊ အလိုဆန္ဒ စစွာကို ပွင့်ပွင့် လင်းလင်း ပြောဆိုခြင်း မဟိဘဲ အထဲ ကြိတ်နီတတ်သူ။ ကိုယ့်အလို မပြည့်ကေ၊ တအုံ့အုံ့ လုပ်နီရေ
Burmese:
မိမိ၏ အပြုအမူ၊ အကြံအစည်၊ အလိုဆန္ဒ စသည်ကို ပွင့်ပွင့် လင်းလင်း ပြောဆိုခြင်း မရှိပဲ အတွင်း ကြိတ်နေတတ်သူ။ ကိုယ့်အလို မပြည့်ကေ၊ တအုံ့အုံ့ လုပ်နီရေ
English:
without complaint
Grammar Note:
နာမ်
တအုံ့အုံ့၂
[tʔo̰ʊɴʔo̰ʊɴ၂]
Arakanese:
ယင်းပိုင် ပြုမူ တတ်သည်
Burmese:
ယင်းသို့ ပြုမူ တတ်သည်
English:
behaves
Grammar Note:
ကြိယာ
တအုံ့အုံ့၃
[tʔo̰ʊɴʔo̰ʊɴ၃]
Arakanese:
ချစ်ခင် နှစ်သက် မြတ်နိုး ဖွယ်သော အမူ အရာကို ဆောင်သော (မျက်ကြော)။ ရယ်တပြုံ့ပြုံ့၊ တအုံ့အုံ့ကေ၊ ပုံ့ပုံ့မျက်နှာ (ကော်)
Burmese:
ချစ်ခင် နှစ်သက် မြတ်နိုး ဖွယ်သော အမူ အရာကို ဆောင်သော (မျက်နှာထား)။ ရယ်တပြုံ့ပြုံ့၊ တအုံ့အုံ့ကေ၊ ပုံ့ပုံ့မျက်နှာ (ကော်)
English:
behaves
Grammar Note:
နာမဝိသေသန
တအောက်မိ.မိ.
[tʔɔ́ɛʔmì.mì.]
Arakanese:
လွမ်းတရေ။ တမ်းတရေ။ ဗျာပါလှိုင်ဝေါ၊ မြင်ချင်သေးဗျာယ်၊ တအောက်ကိုယ့်၊ တခွိခွိနန့်၊ သတတွေဝေ၊ စိတ်မပြေပဲ (ထွန်းတိ)
Burmese:
လွမ်းဆွတ်သည်။ တမ်းတသည်။ ဗျာပါလှိုင်ဝေါ၊ မြင်ချင်သေးလျက်၊ တအောက်မိမိ၊ တခွိခွိနှင့်၊ သတတွေဝေ၊ စိတ်မပြေပဲ (ထွန်းတိ)
English:
miss
Grammar Note:
ကြိယာ
တအောင့်အောင့်
[tʔɔ́ɪ̰ɴʔɔ́ɪ̰ɴ]
Arakanese:
ကိုယ့် အလို ဆန္ဒ မပြည့်ဝရေ့ အတွက် ကျီနပ်မှု မဟိရေ ဖြစ်ပနာ။ (တအောင့်အောင့် လုပ်နိန်ရေ)
Burmese:
မိမိ၏ အလို ဆန္ဒ မပြည့်ဝသည့် အတွက် ကျေနပ်မှု မရှိသည် ဖြစ်၍။ (တအောင့်အောင့် လုပ်နေသည်)
English:
dissatisfied
Grammar Note:
ကြိယာဝိသေသန
တာ
[tà]
Arakanese:
အလျား၊ အနံ၊ အတို၊ အရှည် စစွာကို တိုင်းရေ
Burmese:
အလျား၊ အနံ၊ အတို၊ အရှည် စသည်ကို တိုင်းသည်
English:
measure
Grammar Note:
ကြိယာ
တား
[tá]
Arakanese:
ကာဆီးရေ။ မြစ်ရေ။ ထီးရေ။ ဟန့်သည်
Burmese:
ကာဆီးသည်။ မြစ်သည်။ ပိတ်ဆို့သည်။ ဟန့်သည်
English:
obstruct-block-prevent
Grammar Note:
ကြိယာ
တာ၂
[tà၂]
Arakanese:
အကွာအဝီး။ တောင်၊ တာ၊ ထွာ၊ မိုက်၊ လက်သစ် အစဟိရေ အတိုင်းအရှည်။ ၂၊ ဆည်ဖို့၍ မို့မောက် နိန်ရေ မြေတန်း။ ၃၊ တဦး တယောက် အတွက် ပိုင်းခြား သတ်မှတ် ထားရေ လုပ်ဆောင်ချက်။ ၄၊ အတိတ် ကာလကို ဖော်ညွှန်းသော စကား။ ၅၊ ပိုင်နက် နယ်မြီ။ အပိုင်းအရာ။ ၆၊ အကြောင်းကိစ္စ။ ၇၊ ခရီ
Burmese:
အကွာအဝေး။ တောင်၊ တာ၊ ထွာ၊ မိုက်၊ လက်သစ် စသော အတိုင်းအရှည်။ ၂၊ ဆည်ဖို့၍ မို့မောက် နေသော မြေတန်း။ ၃၊ တစ်ဦး တစ်ယောက် အတွက် ပိုင်းခြား သတ်မှတ် ထားသော လုပ်ဆောင်ချက်။ ၄၊ အတိတ် ကာလကို ဖော်ညွှန်းသော စကား။ ၅၊ ပိုင်နက် နယ်မြေ။ အပိုင်းအခြား။ ၆၊ အကြောင်းကိစ္စ။ ၇၊ ခရီ
English:
distance
Grammar Note:
နာမ်
တာ၃
[tà၃]
Arakanese:
ကြိယာ၏ ဆောင်ရွက်မှု။ အမူအရာကို ပြသော စကားလုံး။ ငါ့ကြမ္မာလျှင်၊ သီစွာကောင်း၏ (ဆဒ္ဒန်)
Burmese:
ကြိယာ၏ ဆောင်ရွက်မှု။ အမူအရာကို ပြသော စကားလုံး။ ငါ့ကြမ္မာလျှင်၊ သေတာကောင်း၏ (ဆဒ္ဒန်)
English:
none
Grammar Note:
ပစ္စည်း
တာကပ်
[tàkaʔ]
Arakanese:
တနားချေတဗွေချေ ခဏ (အရီးပိုင်) တာဝန်ကို ထမ်းဆောင် နိန်ရသူ။ တနားချေတဗွေချေ လွှဲအပ်ရေ တာဝန်ကို ထမ်းဆောင် နိန်ရသူ
Burmese:
ခေတ္တ ခဏ (အရေးပိုင်) တာဝန်ကို ထမ်းဆောင် နေရသူ။ ခေတ္တ လွှဲအပ်သော တာဝန်ကို ထမ်းဆောင် နေရသူ
English:
moment
Grammar Note:
နာမ်
တာကြောင်း
[tàt͡ɕáʊɴ]
Arakanese:
မြီတူးဖို့ ဆည်ထားရေ လမ်း။ ရေ မဝင်အောင် ပိတ်ဆည် ထားရေ မြေတန်း
Burmese:
မြေတူးဖို့ ဆည်ထားသော လမ်း။ ရေ မဝင်အောင် ပိတ်ဆည် ထားသော မြေတန်း
English:
weir
Grammar Note:
နာမ်
တာငင်
[tàŋɪ̀ɴ]
Arakanese:
ကျွဲနှစ်ကောင် ဝှေ့ခတ်ရန် စောင့်နီကတ်ရာ တကောင်က ကိုယ့်ဂွက် (ပိုင်နက်) မဟုတ်ရေ အတွက်ကြောင့် ဝှေ့မခတ်ဘဲနန့် ကိုယ့် ဂွက် နီရာသို့ ရောက်ယောင် မသိမသာ (နောက်ကို ဆုတ်ပနာ) သိမ်းသွင်း ငင်လာရေ
Burmese:
ကျွဲနှစ်ကောင် ဝှေ့ခတ်ရန် စောင့်နေကြရာ တစ်ကောင်က မိမိစားကျက် (ပိုင်နက်) မဟုတ်သည့် အတွက်ကြောင့် ဝှေ့မခတ်တော့ပဲ မိမိ စားကျက် နေရာသို့ ရောက်အောင် မသိမသာ (နောက်သို့ ဆုတ်၍) ဆွဲဆောင် ငင်လာသည်
English:
fascinates
Grammar Note:
ကြိယာ
တာငန်း
[tàŋáɴ]
Arakanese:
ဝိသကြုံနတ်၊ လေးရပ်ပြိတ္တာ၊ ညီညာဖဖျ၊ တာငန်းချပနာ (ရှီးထုံး)
Burmese:
ဝိသကြုံနတ်၊ လေးရပ်ပြိတ္တာ၊ ညီညာဖြဖြ၊ တာငန်းချ၍ (ရှေးထုံး)
English:
none
Grammar Note:
နာမ်
တာတမံ
[tàtmံ]
Arakanese:
ရေ ထွက်ဝင် မရယောင် ပိတ်ဆီး ဆည်ဖို့ ပြုလုပ် ထားရေ မြေတန်းရှည်
Burmese:
ရေ ထွက်ဝင် မရအောင် ပိတ်ဆီး ဆည်ဖို့ ပြုလုပ် ထားသော မြေတန်းရှည်
English:
weir
Grammar Note:
နာမ်
တားတရီ
[tátɹí]
Arakanese:
တခုတရီ ဖြစ်ပျက်ရန် အလွန် နီးကပ်ကြောင်းကို ဖော်ပြ လိုရာမာ သုံးသော စကားလုံး။ ကြိုးပြတ်ဖို့ တားတရီသျှေရာ ကျန်ရေ
Burmese:
တစ်စုံတစ်ခု ဖြစ်ပျက်ရန် အလွန် နီးကပ်ကြောင်းကို ဖော်ပြ လိုရာ၌ သုံးသော စကားလုံး။ ကြိုးပြတ်ဖို့ တားတရီသျှေရာ ကျန်ရေ
English:
nearly
Grammar Note:
ပစ္စည်း
တားတရီသျှေ
[tátɹíʃè]
Arakanese:
တခုတရီ ဖြစ်ပျက်ရန် အလွန် နီးကပ်ကြောင်းကို ဖော်ပြ လိုရာမာ သုံးသော စကားလုံး။ ကြိုးပြတ်ဖို့ တားတရီသျှေရာ ကျန်ရေ
Burmese:
တစ်စုံတစ်ခု ဖြစ်ပျက်ရန် အလွန် နီးကပ်ကြောင်းကို ဖော်ပြ လိုရာ၌ သုံးသော စကားလုံး။ ကြိုးပြတ်ဖို့ တားတရီသျှေရာ ကျန်ရေ
English:
nearly
Grammar Note:
ပစ္စည်း
တာတာ
[tàtà]
Arakanese:
သနား ဖွယ်ရာ၊ ချစ်ခင် ဖွယ်ရာ၊ ချွဲ့နွဲ့၍ ပြောဆို ပြုမူသည်
Burmese:
သနား ဖွယ်ရာ၊ ချစ်ခင် ဖွယ်ရာ၊ ချွဲ့နွဲ့၍ ပြောဆို ပြုမူသည်
English:
speak endearingly
Grammar Note:
ကြိယာ
တားတား
[tátá]
Arakanese:
အလွန် နီးကပ်ရေ အဖြစ်ကို ပြသော စကားလုံး။ ဈီးကို လာခါနီး တားတားသျှေ အချိန် လောက်က။ တစုံ တခုသော ဖြစ်ပျက်မှု သဘောကို ရောက်နှိုင်ရေ အခြီအရဲကို ပြဖို့ ကြိယာ နောက်မာ စပ်၍ သုံးသော စကားလုံး။ လူးကျဖို့ တားတားသျှေ။ သီဖို့ တားတားသျှေရာ လိုရေ။ သီသီအချေ လိုသည်
Burmese:
အလွန် နီးကပ်သည့် အဖြစ်ကို ပြသော စကားလုံး။ ဈီးကို လာခါနီး တားတားသျှေ အချိန် လောက်က။ တစ်စုံ တစ်ခုသော ဖြစ်ပျက်မှု သဘောကို ရောက်နိုင်သော အခြေအနေကို ပြရန် ကြိယာ နောက်၌ စပ်၍ သုံးသော စကားလုံး။ လူးကျဖို့ တားတားသျှေ။ သီဖို့ တားတားသျှေရာ လိုရေ။ သီသီကလေး လိုသည်
English:
close-near-quarters
Grammar Note:
ပစ္စည်း