Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,661–1,680 of 2,498 words

    တ

    တာတာ၂

    [tàtà၂]
    ပျော့ပျောင်းစွာ တီတီ တာတာ ပြောဆို ပြုမူသည်
    ပျော့ပျောင်းစွာ တီတီ တာတာ ပြောဆို ပြုမူသည်
    chatter-prattle charmingly
    ကြိယာ

    တာတာတီတီ

    [tàtàtítí]
    သနား ချစ်ခင်ဖွယ် ဖြစ်ယောင် ချွဲကာ နွဲ့ကာ ပြောဆို ပြုမူဗျာယ်
    သနား ချစ်ခင်ဖွယ် ဖြစ်အောင် ချွဲကာ နွဲ့ကာ ပြောဆို ပြုမူလျက်
    chatter-prattle charmingly
    ကြိယာဝိသေသန

    တားတားသျှေ

    [tátáʃè]
    အလွန် နီးကပ်ရေ အဖြစ်ကို ပြသော စကားလုံး။ ဈီးကို လာခါနီး တားတားသျှေ အချိန်လောက်က။ တစုံ တခုသော ဖြစ်ပျက်မှု သဘောကို ရောက်နှိုင်ရေ အခြီအရဲကို ပြဖို့ ကြိယာ နောက်မာ စပ်၍ သုံးသော စကားလုံး။ လူးကျဖို့ တားတားသျှေ။ သီဖို့ တားတားသျှေရာ လိုရေ။ သီသီအချေ လိုသည်
    အလွန် နီးကပ်သည့် အဖြစ်ကို ပြသော စကားလုံး။ ဈီးကို လာခါနီး တားတားသျှေ အချိန်လောက်က။ တစ်စုံ တစ်ခုသော ဖြစ်ပျက်မှု သဘောကို ရောက်နိုင်သော အခြေအနေကို ပြရန် ကြိယာ နောက်၌ စပ်၍ သုံးသော စကားလုံး။ လူးကျဖို့ တားတားသျှေ။ သီဖို့ တားတားသျှေရာ လိုရေ။ သီသီကလေး လိုသည်
    close-near-quarters
    ပစ္စည်း

    တာတိုး

    [tàtó]
    လူများ ပိုင်နက် နယ်မြီကို ကျူးကျော် ဝင်ရောက်ရေ
    သူတစ်ပါး ပိုင်နက် နယ်မြေကို ကျူးကျော် ဝင်ရောက်သည်
    invade
    ကြိယာ

    တာတူးလန်

    [tàtùးlàɴ]
    အလွန် အကျွံ့အနိန်နန့် (ဆိုးရေ။ ယုတ်ရေ။ မိုက်ရေ။) လွန်ကဲစွာ။ တာတူးလန်အောင် ခါးရေ
    အလွန် အကျွံ့ အားဖြင့် (ဆိုးသည်။ ယုတ်သည်။ မိုက်သည်။) လွန်ကဲစွာ။ တာတူးလန်အောင် ခါးရေ
    exceed
    ကြိယာဝိသေသန

    တာထိုး

    [tàtʰó]
    တခုခုကို ကြိုး၊ ဝါး အစဟိစွာအနိန်နန့် တိုင်းစွာရေ
    တစ်စုံ တစ်ရာကို ကြိုး၊ ဝါး စသည်ဖြင့် တိုင်းတာသည်
    measure
    ကြိယာ

    တာထောက်

    [tàtʰɔ́ɛʔ]
    တခုခုကို ကြိုး၊ ဝါး အစဟိစွာအနိန်နန့် တိုင်းစွာရေ
    တစ်စုံ တစ်ရာကို ကြိုး၊ ဝါး စသည်ဖြင့် တိုင်းတာသည်
    measure
    ကြိယာ

    တာထွက်

    [tàtʰwɛʔ]
    တစုံ တခုသော လုပ်ငန်းကို စတင် လုပ်ဆောင်ရေ
    တစ်စုံ တစ်ခုသော လုပ်ငန်းကို စတင် လုပ်ဆောင်သည်
    start
    ကြိယာ

    တာပတာပိုး

    [tàptàpó]
    ချောညက် သိမ်မွေ့ နူးညံ့သော။ ချောမွတ် ညက်ညောသော ပိုးခြည် တမျိုး၏ အမည်
    ချောညက် သိမ်မွေ့ နူးညံ့သော။ ချောမွတ် ညက်ညောသော ပိုးချည် တစ်မျိုး၏ အမည်
    silkworm
    နာမ်

    တာပတာပုဆိုးပိုင်း

    [tàptàpoʊsʰópáɪɴ]
    ယင်း ပိုးခြည်ဖြင့် ယက် လုပ်သော အဝတ် အထည်။ မမာ့ရို့၏ အပေါ် လွှမ်းခြုံထည်
    ယင်း ပိုးချည်ဖြင့် ယက် လုပ်သော အဝတ် အထည်။ မိန်းမတို့၏ အပေါ် လွှမ်းခြုံထည်
    cotton fabric
    နာမ်

    တာပိုင်သျှင်

    [tàpàɪɴʃɪ̀ɴ]
    လယ်ယာ ခြံမြီ အစဟိစွာ တစုံ တခုခုကို ပိုင်ဆိုင် ထားသူ
    လယ်ယာ ခြံမြေ စသည် တစ်စုံ တစ်ခုခုကို ပိုင်ဆိုင် ထားသူ
    owner
    နာမ်

    တာမျှဉ်း

    [tàmr̯ɪ́ɴ]
    နယ်မြီ အပိုင်းအရာ အရပ် နယ်နမိတ်။ အမှတ် အသား
    နယ်မြေ အပိုင်းအခြား အရပ် နယ်နမိတ်။ အမှတ် အသား
    mark
    နာမ်

    တားမြစ်

    [támɹɪʔ]
    ကာဆီးရေ။ တားမြစ်ရေ။ ထီးရေ။ ဟန့်သည်
    ကာဆီးသည်။ တားမြစ်သည်။ ပိတ်ဆို့သည်။ ဟန့်သည်
    prohibit
    ကြိယာ

    တာယက်

    [tàjɛʔ]
    (ကျွဲ၊ နွား အစဟိစွာရို့စွာ တကောင်နန့် တကောင် ဝှေ့ခတ်ရန် ပြုရေအခါ ဂြိုသွီး၍ မြည်တွန်ကာ နောက် မဆုတ်ဖို့ရာ ဟိဆိုင် ခံမည် ဆိုရေ အနိန်နန့်) နွားသည် မြီကို ခြေနန့် ယက်သည်
    (ကျွဲ၊ နွား စသည်တို့သည် တစ်ကောင်နှင့် တစ်ကောင် ဝှေ့ခတ်ရန် ပြုသည့်အခါ ဦးချို သွေး၍ မြည်တွန်ကာ နောက် မဆုတ်တော့ပြီ ရင်ဆိုင် ခံမည် ဆိုသည့် အနေဖြင့်) နွားသည် မြေကို ခြေနှင့် ယက်သည်
    paddle
    ကြိယာ

    တာယူ

    [tàjù]
    အဗြီး ပြိုင်ရန် အတွက် စည်းတန်း၌ အသင့် ဖြစ်နီသည်
    အပြေး ပြိုင်ရန် အတွက် စည်းတန်း၌ အသင့် ဖြစ်နေသည်
    ready
    ကြိယာ

    တာရာ

    [tàɹà]
    အာကာဟိ ကြယ်။(ပါ
    ကောင်းကင်ရှိ ကြယ်။(ပါ
    constellation
    နာမ်

    တာရိုး

    [tàɹó]
    ရေ ထွက်ဝင် မရယောင် မို့မောက်စွာ ပိတ်ဆီး ပြုလုပ် ထားရေ မြေတန်း
    ရေ ထွက်ဝင် မရအောင် မို့မောက်စွာ ပိတ်ဆီး ပြုလုပ် ထားသော မြေတန်း
    embankment
    နာမ်

    တာရှည်

    [tàʃɛ̀]
    အချိန် ကာလ ရှည်လျားရေ။ အချိန် ကာလ ရှည်မြင့်ရေ။ တာရှည်ကေ၊ ဗောင်းစောက်တေ (ပုံ)
    အချိန် ကာလ ရှည်လျားသည်။ အချိန် ကာလ ရှည်မြင့်သည်။ တာရှည်ကေ၊ ဗောင်းစောက်တေ (ပုံ)
    prolong
    ကြိယာ

    တာလမ်း

    [tàláɴ]
    မြီတူးဖို့ ဆည်ထားရေ လမ်း။ ရေ မဝင်အောင် ပိတ်ဆည် ထားရေ မြေတန်း
    မြေတူးဖို့ ဆည်ထားသော လမ်း။ ရေ မဝင်အောင် ပိတ်ဆည် ထားသော မြေတန်း
    weir
    နာမ်

    တာလား

    [tàlá]
    အလုပ် ကိစ္စ များများ အယင် ပြည့်စုံ အရာမာ အောင်မြင်ရေ။ မာကျယ်ရေ။ ခရီးရောက်ရေ။ ကျေးဇုတိစွာ
    အလုပ် ကိစ္စ များများ မြန်မြန် ပြည့်စုံ ပြီးမြောက် အောင်မြင်သည်။ တွင်ကျယ်သည်။ ခရီးရောက်သည်။ ကျေးဇူးများသည်
    popularize
    ကြိယာ