Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,681–1,700 of 2,498 words

    တ

    တာလု

    [tàloʊ]
    လူများ ပိုင်ဆိုင်ရေ ပိုင်နက် တခုခုကို အနိုင်အထက် ပြုကာ ရယူရေ
    သူတစ်ပါး ပိုင်ဆိုင်သည့် ပိုင်နက် တစ်စုံ တစ်ရာကို အနိုင်အထက် ပြုကာ ရယူသည်
    booty
    ကြိယာ

    တာလောင်

    [tàlàʊɴ]
    မြစ်ချောင်း အစဟိစွာရို့မာ နိမ့်ဝှမ်း နက်ဟိုင်း၍ ရေ ရစ်လည် နိန်ရေ အရပ်။ မြေနှစ်ခု အကြားဟိ နက်ဟိုင်းသော အရပ်
    မြစ်ချောင်း စသည်တို့တွင် နိမ့်ဝှမ်း နက်ရှိုင်း၍ ရေ ရစ်လည် နေသော အရပ်။ မြေနှစ်ခု အကြားရှိ နက်ရှိုင်းသော အရပ်
    sunken
    နာမ်

    တာလွှတ်

    [tàlW̯aʔ]
    ခုန်ပေါက် ပြေးလွှား နိူင်းပြိုင် ကတ်ရာမာ စတင်ပနာ နိူင်းပြိုင် ကတ်ရန် အခွင့် ပီးရေ
    ခုန်ပေါက် ပြေးလွှား ယှဉ်ပြိုင် ကြရာတွင် စတင်၍ ယှဉ်ပြိုင် ကြရန် အခွင့် ပေးသည်
    start a race
    ကြိယာ

    တာဝတိံသာပွဲ

    [tàwtìံθàpwɛ]
    ဝါကျွတ် လမာ မြင့်သော ဘုံပြာသာဒ် ဆောက်လုပ်ပနာ (ယင်းမာ) မီးကိုက်ဇော်သော ပွဲ
    သီတင်းကျွတ် လတွင် မြင့်သော ဘုံပြာသာဒ် ဆောက်လုပ်၍ (ယင်းတွင်) မီးပူဇော်သော ပွဲ
    dedication
    နာမ်

    တာဝန်

    [tàwàɴ]
    ပြုလုပ် ဆောင်ရန် ကျရောက်သော အမှုကိစ္စ
    ပြုလုပ် ဆောင်ရန် ကျရောက်သော အမှုကိစ္စ
    duty
    နာမ်

    တာဝန်ကင်း

    [tàwàɴkɪ́ɴ]
    ကိုယ့်နန့် သက်ဆိုင်မှု၊ ပတ်သက်မှု၊ ပါဝင်မှု လုံးဝ မဟိ ဖြစ်တေ
    မိမိနှင့် သက်ဆိုင်မှု၊ ပတ်သက်မှု၊ ပါဝင်မှု လုံးဝ မရှိ ဖြစ်သည်
    exonerate
    ကြိယာ

    တာဝန်ခံ

    [tàwàɴkʰံ]
    ဆိုက် ရောက်သော တာဝန်ကို ရယူရေ
    ဆိုက် ရောက်သော တာဝန်ကို ရယူသည်
    take responsibility
    ကြိယာ

    တာဝန်ခံ၂

    [tàwàɴkʰံ၂]
    ဆိုက် ရောက်သော တာဝန်ကို ရယူသော သူ
    ဆိုက် ရောက်သော တာဝန်ကို ရယူသော သူ
    responsible person
    နာမ်

    တာဝန်မဟိ

    [tàwàɴmhì]
    ကိုယ့်နန့် သက်ဆိုင်မှု၊ ပတ်သက်မှု၊ ပါဝင်မှု လုံးဝ မဟိ ဖြစ်တေ
    မိမိနှင့် သက်ဆိုင်မှု၊ ပတ်သက်မှု၊ ပါဝင်မှု လုံးဝ မရှိ ဖြစ်သည်
    undutifully
    ကြိယာဝိသေသန

    တာဝီ

    [tàwí]
    လုပ်ငန်း နယ်ပယ် ပိုင်းခြား ကန့်သတ်ရေ
    လုပ်ငန်း နယ်ပယ် ပိုင်းခြား ကန့်သတ်သည်
    dividing line
    ကြိယာ

    တာဝီ၂

    [tàwí၂]
    ပြုလုပ် ဆောင်ရန် ကျရောက်သော အမှုကိစ္စ
    ပြုလုပ် ဆောင်ရန် ကျရောက်သော အမှုကိစ္စ
    duty
    နာမ်

    တိ

    [tì]
    တခုထက် အရွီအတွက် ပိုလွန်ရေ။ ပမာဏ လွန်ကဲရေ။ လူတိ။ နွားတိ။ ကျွဲတိ။ ဆင်တိ အစဟိစွာ
    တစ်ခုထက် အရေအတွက် ပိုလွန်သည်။ ပမာဏ လွန်ကဲသည်။ လူတိ။ နွားတိ။ ကျွဲတိ။ ဆင်တိ စသည်
    exceed
    ကြိယာ

    တိ၂

    [tì၂]
    ဗဟုဝုစ် ကိန်းပြ စကားလုံး။ တစုံ တခုသော ကတ္တားကို လီးနက်စီရန် ခွဲခြား ပြောဆိုရာမာ သုံးသော စကားလုံး။ ကြိယာကို လီးနက်အောင် (ဝိစ္ဆာ ပျံ့နှံ့ ထပ်ပွားရာမာ သုံးသော စကားလုံး။
    ဗဟုဝုစ် ကိန်းပြ စကားလုံး။ တစ်စုံ တစ်ခုသော ကတ္တားကို လေးနက်စေရန် ခွဲခြား ပြောဆိုရာ၌ သုံးသော စကားလုံး။ ကြိယာကို လေးနက်အောင် (ဝိစ္ဆာ ပျံ့နှံ့ ထပ်ပွားရာ၌ သုံးသော စကားလုံး။
    none
    ကြိယာ

    တိ၃

    [tì၃]
    မပို မလို ဖြစ်တေ။ ညီယောင်၊ တုံးအောင်၊ တိုအောင် ဖြတ်တောက်ရေ။ အဖျားကို တိအောင် ပိုင်းပစ်ခီ
    မပို မလို ဖြစ်သည်။ ညီအောင်၊ တုံးအောင်၊ တိုအောင် ဖြတ်တောက်သည်။ အဖျားကို တိအောင် ဖြတ်ပစ်လိုက်
    pare
    ကြိယာ

    တိကျ

    [tìt͡ɕ]
    မှန်ကျောက်ရေ။ မပိုမလို ဖြစ်တေ
    မှန်ကန်သည်။ မပိုမလို ဖြစ်သည်
    exact
    ကြိယာ

    တိတိ

    [tìtì]
    တသီးအခြား အရောအနှော၊ အစွက်အဖက် မဟိဘဲ။ (ထမင်းအတိ၊ ဟင်းအတိ၊ ငါးအတိ စရေ။ ထမင်းသတ်သတ်၊ ဟင်းသတ်သတ်၊ ငါးသတ်သတ် စရေ။
    တသီးတခြား အရောအနှော၊ အစွက်အဖက် မရှိပဲ။ (ထမင်းတိတိ၊ ဟင်းတိတိ၊ ငါးတိတိ စသည်။ ထမင်းသက်သက်၊ ဟင်းသက်သက်၊ ငါးသက်သက် စသည်။
    exactly
    နာမဝိသေသန

    တိတိ၂

    [tìtì၂]
    မပိုမလို။ မတိုမရှည်။ လက်မအတိ ဟိမူ၊ ချမ်းသာရအံ့ (လက်ကြန်)
    မပိုမလို။ မတိုမရှည်။ လက်မတိတိ ဟိမူ၊ ချမ်းသာရအံ့ (လက်ကြန်)
    exact
    ကြိယာဝိသေသန

    တိတိကိုက်

    [tìtìkaɪʔ]
    အပိုအလို မဟိ၊ တိုက်ဆိုင် ညီညွတ်စွာ။ တသားတည်း။ တထပ်တည်း။ အံဝင်ခွင်ကျ
    အပိုအလို မရှိ၊ တိုက်ဆိုင် ညီညွတ်စွာ။ တသားတည်း။ တထပ်တည်း။ အံဝင်ခွင်ကျ
    explicit
    ကြိယာဝိသေသန

    တိတိကျကျ

    [tìtìt͡ɕt͡ɕ]
    ပြတ်ပြတ် သားသား။ မှန်မှန် ကန်ကန်
    ပြတ်ပြတ် သားသား။ မှန်မှန် ကန်ကန်
    explicit
    ကြိယာဝိသေသန

    တိတိတုံး

    [tìtìtóʊɴ]
    အမြော်အမြင် အစွန်းအစ မဟိရေအနိန်နန့်။ ပညာ အစွမ်းအစ မဟိပဲ လူပင်လေ အတိတုံးကာ။ အညွန့် အတက် မဟိ ရယောင်။ အညွန့်ကို အတိတုံး ပစ်ခီ။ (စကားကို) တိုတောင်းစွာ (ပြောရေ)။ စကားပြောရေ အတိတုံး၊ ဟိကို ဆက်လို့ ပြောစရာ မဟိပျာ
    အမြော်အမြင် အစွန်းအစ မရှိသော အားဖြင့်။ ပညာ အစွမ်းအစ မဟိပဲ လူပင်လေ တိတိတုံးကာ။ အညွန့် အတက် မရှိ ရအောင်။ အညွန့်ကို တိတိတုံး ပစ်လိုက်။ (စကားကို) တိုတောင်းစွာ (ပြောသည်)။ စကားပြောရေ တိတိတုံး၊ ရှိကို ဆက်လို့ ပြောစရာ မဟိပျာ
    bluntly
    ကြိယာဝိသေသန