Dictionary Entries
Showing 1,701–1,720 of 2,498 words
တ
တိတိရှိရှိ
[tìtìʃḭʃḭ]
Arakanese:
မပိုမလို။ မတိုမရှည်။ ညီညီညာညာ။ ထက်လှစွာသော သံဗျာယ်ဓားနန့် ခုတ်ဖြတ် လိုက်ရေအခါ အတိဟိဟိ နှစ်ပိုင်းပြတ် လေ၏ (စကားပြေ)
Burmese:
မပိုမလို။ မတိုမရှည်။ ညီညီညာညာ။ ထက်လှစွာသော သံလျက်ဓားနှင့် ခုတ်ဖြတ် လိုက်သောအခါ တိတိရှိရှိ နှစ်ပိုင်းပြတ် လေ၏ (စကားပြေ)
English:
evenly
Grammar Note:
ကြိယာဝိသေသန
တိတုံး
[tìtóʊɴ]
Arakanese:
အစွမ်းအစ မဟိဘဲ။ ဉာဏ် အမြော် အမြင် မဟိရေအနိန်နန့်။ အညွန့် အတက် မဟိဘဲ။ (အပို) ဟိကို စွန်ထွက် မနိန်ဘဲ
Burmese:
အစွမ်းအစ မရှိပဲ။ ဉာဏ် အမြော် အမြင် မရှိသော အားဖြင့်။ အညွန့် အတက် မရှိဘဲ။ (အပို) ရှေ့သို့ စွန်ထွက် မနေဘဲ
English:
curt
Grammar Note:
ကြိယာဝိသေသန
တိတ္ထိ
[tìt̪a̰t̪ʰa̰ì]
Arakanese:
ဗုဒ္ဓ မြတ်စွာ၏ အယူမှ တပါးသော အယူ ဟိသူ။ အယူ မားသော သူ
Burmese:
ဗုဒ္ဓ မြတ်စွာ၏ အယူမှ တစ်ပါးသော အယူ ရှိသူ။ အယူ မှားသော သူ
English:
infidel
Grammar Note:
နာမ်
တိတ္ထုံ
[tìt̪a̰t̪ʰa̰òʊɴ]
Arakanese:
အတိတ် နိမိတ်၊ အိပ်မက် အစဟိစွာရို့၏ အကောင်းအဆိုး၊ ပေါင်းနှစ်မျိုးရို့၏ အကျိုးအပြစ်ကို ဟောသော ကျမ်း
Burmese:
အတိတ် နိမိတ်၊ အိပ်မက် စသည်တို့၏ အကောင်းအဆိုး၊ ပေါင်းနှစ်မျိုးတို့၏ အကျိုးအပြစ်ကို ဟောသော ကျမ်း
English:
foretell
Grammar Note:
နာမ်
တိတ်
[teɪʔ]
Arakanese:
အသံ မမြည်။ အသံ မဟိ။ ငြိမ်ဆိတ်သည်
Burmese:
အသံ မမြည်။ အသံ မရှိ။ ငြိမ်ဆိတ်သည်
English:
quiet
Grammar Note:
ကြိယာ
တိတ်၂
[teɪʔ၂]
Arakanese:
နောင်အခါမှ ဇာပိုင် ဖြစ်လှာမည့် အကြောင်းကို ကြိုတင်ပနာ သိစီနှိုင်ရေ နိမိတ်
Burmese:
နောင်အခါတွင် မည်သို့ ဖြစ်လာမည့် အကြောင်းကို ကြိုတင်၍ သိစေနိုင်သော နိမိတ်
English:
omen
Grammar Note:
နာမ်
တိတ်ဆိတ်
[teɪʔsʰeɪʔ]
Arakanese:
ငြိမ်သက်ရေ။ အော်သံ၊ အော်သံ၊ ဆူညံသံ မဟိ ဖြစ်တေ။ ၂၊ သုဉ်ဖျင်းရေ။ မစည်မကား ဖြစ်တေ
Burmese:
ငြိမ်သက်သည်။ အော်သံ၊ မြည်သံ၊ ဆူညံသံ မရှိ ဖြစ်သည်။ ၂၊ သုဉ်ဖျင်းသည်။ မစည်မကား ဖြစ်သည်
English:
quiet
Grammar Note:
ကြိယာ
တိတ်တက်ခတ်
[teɪʔtɛʔkʰaʔ]
Arakanese:
မျက်စိကို မှေး၍ မျက်တောင်ကို ဆက်ကာ ဆက်ကာ ခတ်ဗျာယ်။ ပေကလက် ပေကလက် ပြုဗျာယ်
Burmese:
မျက်စိကို မှေး၍ မျက်တောင်ကို ဆက်ကာ ဆက်ကာ ခတ်လျက်။ ပေကလက် ပေကလက် ပြုလျက်
English:
(move one’s eyelashes) in a fluttering manner
Grammar Note:
ကြိယာဝိသေသန
တိတ်တဆိတ်
[teɪʔtsʰeɪʔ]
Arakanese:
တစုံ တခုသော စကားကိုမျှ မပြောမဆိုကား။ အသံ မကြားစီပဲ။ ၂။ လူများ မသိစီပဲ။ လျှို့ဝှက်စွာ
Burmese:
တစ်စုံ တစ်ခုသော စကားကိုမျှ မပြောမဆိုပဲ။ အသံ မကြားစေပဲ။ ၂။ သူတစ်ပါး မသိစေပဲ။ လျှို့ဝှက်စွာ
English:
secretly
Grammar Note:
ကြိယာဝိသေသန
တိတ်တိတ်
[teɪʔteɪʔ]
Arakanese:
တစုံ တခုသော စကားကိုမျှ မပြော မဆိုကား။ အသံ မပြုပဲ
Burmese:
တစ်စုံ တစ်ခုသော စကားကိုမျှ မပြော မဆိုပဲ။ အသံ မပြုပဲ
English:
silent
Grammar Note:
ကြိယာဝိသေသန
တိတ်တိတ်ခိုး
[teɪʔteɪʔkʰó]
Arakanese:
အရာ လူများ မသိ မမြင်ရရောင် သိုသိပ်စွာ။ လူများ မတွိ မမြင်စီပဲ
Burmese:
အခြား သူတစ်ပါး မသိ မမြင်ရအောင် သိုသိပ်စွာ။ သူတစ်ပါး မတွေ့ မမြင်စေပဲ
English:
unseen
Grammar Note:
ကြိယာဝိသေသန
တိတ်တိတ်ပုန်း
[teɪʔteɪʔpóʊɴ]
Arakanese:
လူများ မကြား သိယောင်။ တိန်းနိန် တိတ်တိတ်
Burmese:
သူတစ်ပါး မကြား သိအောင်။ တိုးတိုး တိတ်တိတ်
English:
quietly
Grammar Note:
ကြိယာဝိသေသန
တိတ်တိတ်မိုက်
[teɪʔteɪʔmaɪʔ]
Arakanese:
အလွန် မိုက်မိုက်ဗျာယ်
Burmese:
အလွန် မိုက်မှောင်လျက်
English:
dark
Grammar Note:
ကြိယာဝိသေသန
တိထီ
[tìtʰí]
Arakanese:
လပြည့်၊ လကွယ် တဆယ့် ငါးရက် မြောက်ရေနိ
Burmese:
လပြည့်၊ လကွယ် တစ်ဆယ့် ငါးရက် မြောက်သောနေ့
English:
full moon
Grammar Note:
နာမ်
တိန်
[tèɪɴ]
Arakanese:
မမြင် ကွယ်ပျောက်ရေ။ ပုန်းဝှက်ရေ။ ငါ့ညီသျှေ တိန်ယောင်ပုန်း
Burmese:
မမြင် ကွယ်ပျောက်သည်။ ပုန်းဝှက်သည်။ ငါ့ညီသျှေ တိန်ယောင်ပုန်း
English:
hide
Grammar Note:
ကြိယာ
တိန်း
[téɪɴ]
Arakanese:
အသံမမြည်။ အသံမဟိ။ ငြိမ်ရေ။ ဆိတ်ရေ။ လူသံ ရှင်သံပင် မကြား ကကောင်း တိန်းရေကာ
Burmese:
အသံမမြည်။ အသံမရှိ။ ငြိမ်သည်။ ဆိတ်သည်။ လူသံ ရှင်သံပင် မကြား ကောင်းကောင်း တိန်းရေကာ
English:
quiet
Grammar Note:
ကြိယာ
တိန်းဆိတ်
[téɪɴsʰeɪʔ]
Arakanese:
အသံမမြည်။ အသံမဟိ။ ငြိမ်ရေ။ ဆိတ်ရေ။ လူသံ ရှင်သံပင် မကြား ကကောင်း တိန်းရေကာ။ ကပ်သုံးဖြာရို့၊ ဆိုက်ကာရောက်သို့၊ တယောက်မကျန်၊ တိုင်းပြည်သူလေ၊ လူတိန်းဆိတ်ဖို့၊ နိမိတ်မြင်ရေ (ဒွေး)
Burmese:
အသံမမြည်။ အသံမရှိ။ ငြိမ်သည်။ ဆိတ်သည်။ လူသံ ရှင်သံပင် မကြား ကောင်းကောင်း တိန်းရေကာ။ ကပ်သုံးဖြာတို့၊ ဆိုက်ကာရောက်သို့၊ တစ်ယောက်မကျန်၊ တိုင်းပြည်သူလေ၊ လူတိန်းဆိတ်ဖို့၊ နိမိတ်မြင်ရေ (ဒွေး)
English:
quiet
Grammar Note:
ကြိယာ
တိန်းတိန်း
[téɪɴtéɪɴ]
Arakanese:
စကား မပြောပဲ။ အသံ မပြုပဲ။ မဆက်ပဲ တိန်းတိန်းလား
Burmese:
စကား မပြောပဲ။ အသံ မပြုပဲ။ စကားမပြောပဲ တိန်းတိန်းလား
English:
silent
Grammar Note:
ကြိယာဝိသေသန
တိန်းတိန်းဆိတ်ဆိတ်
[téɪɴtéɪɴsʰeɪʔsʰeɪʔ]
Arakanese:
စကား မပြောပဲ။ အသံ မပြုပဲ။ မဆက်ပဲ တိန်းတိန်းလား။ အသိမပီးဘဲ ပုန်းလျှိုးကွယ်လျှိုး။ တိန်းစွာ
Burmese:
စကား မပြောပဲ။ အသံ မပြုပဲ။ စကားမပြောပဲ တိန်းတိန်းလား။ အသိမပေးပဲ ပုန်းလျှိုးကွယ်လျှိုး။ တိတ်ဆိတ်စွာ
English:
silent
Grammar Note:
ကြိယာဝိသေသန
တိန်းတိန်းဆိတ်ဆိတ်၂
[téɪɴtéɪɴsʰeɪʔsʰeɪʔ၂]
Arakanese:
အော်သံ အော်သံ မဟိ။ ငြိမ်သက် တိန်း။ တယောက်သမီး၊ သူမပါကေ၊ ဂူစွာကြီးမာ၊ တိန်းတိန်းဆိတ်ဆိတ် (ပန်း)
Burmese:
အော်သံ မြည်သံ မရှိ။ ငြိမ်သက် တိတ်ဆိတ်သည်။ တစ်ယောက်သမီး၊ သူမပါကေ၊ ဂူတာကြီးမာ၊ တိန်းတိန်းဆိတ်ဆိတ် (ပန်း)
English:
quietness
Grammar Note:
ကြိယာ