Dictionary Entries
Showing 1,721–1,740 of 2,498 words
တ
တိန်းတိန်းသျှေ
[téɪɴtéɪɴʃè]
Arakanese:
ပုန်းလျှိုး ကွယ်လျှိုး။ တတိန်းချေ ပုန်းဝှက်။ လျှို့လျှို့ ဝှက်ဝှက်
Burmese:
ပုန်းလျှိုး ကွယ်လျှိုး။ တိတ်တိတ်ပုန်း။ လျှို့လျှို့ ဝှက်ဝှက်
English:
secretly
Grammar Note:
ကြိယာဝိသေသန
တိန်းတိန်းသျှေ၂
[téɪɴtéɪɴʃè၂]
Arakanese:
တိန်း။ သာယာ ဖြည်းညင်းစွာ။ အသံ မပြုပဲဗျာယ်။ အသံမကြားစီကေ့ တိန်းတိန်းသျှေနီ
Burmese:
တိတ်ဆိတ်။ သာယာ ဖြည်းညင်းစွာ။ အသံ မပြုပဲလျက်။ အသံမကြားစီကေ့ တိန်းတိန်းသျှေနီ
English:
silence
Grammar Note:
ကြိယာဝိသေသန
တိပြင်
[tìpɹɪ̀ɴ]
Arakanese:
မျက်နှာပြင် တပြိုင်တည်း ပြန့်ပြူးသော မြေ အပြင်
Burmese:
မျက်နှာပြင် တစ်ပြေးတည်း ပြန့်ပြူးသော မြေ အပြင်
English:
ground
Grammar Note:
နာမ်
တိမ်
[tèɪɴ]
Arakanese:
အစောက် မိုးသောက်ဖက် ဖြစ်တေ။ တောင်ဦးတောင်ထိပ်၊ ကွဲစိတ်တကြောင်း၊ နက်ချောင်းတိမ်ဟန်၊ ဖြားရေပြန်နန့် (ပါရာ)
Burmese:
အစောက် မနက် ဖြစ်သည်။ တောင်ဦးတောင်ထိပ်၊ ကွဲစိတ်တကြောင်း၊ နက်ချောင်းတိမ်ဟန်၊ ဖြားရေပြန်နှင့် (ပါရာ)
English:
shallow
Grammar Note:
ကြိယာ
တိမ်း
[téɪɴ]
Arakanese:
စောင်းငဲ့ရေ။ တည့်မတ်ခြင်း မဟိ စောင်းရေ။ တဖက်ကို ယိုင်ရေ။ မဖြောင့် မမတ် ဖြစ်တေ။ ရွှီပြည်ရခိုင်၊ တိမ်းယိုင်ယိုင်လေ၊ နီထိုင်မတည်၊ ဟိကတ်တေမာ (ကော်)
Burmese:
စောင်းငဲ့သည်။ တည့်မတ်ခြင်း မရှိ စောင်းသည်။ တစ်ဘက်သို့ ယိုင်သည်။ မဖြောင့် မမတ် ဖြစ်သည်။ ရွှေပြည်ရခိုင်၊ တိမ်းယိုင်ယိုင်လေ၊ နေထိုင်မတည်၊ ဟိကြသည်တွင် (ကော်)
English:
sway
Grammar Note:
ကြိယာ
တိမ်၂
[tèɪɴ၂]
Arakanese:
မျက်စိ အကြည်ကို ဖုံးအုပ်နိန်ရေ အဖြူရောင်၊ အရဲရောင် စရေ။ မိုးအာကာမာ အပူဟိန်ကြောင့် ရေမှ ဖြစ်ရေ အခိုးအငွီ့ အစု
Burmese:
မျက်စိ အကြည်ကို ဖုံးအုပ်နေသော အဖြူရောင်၊ အနီရောင် စသည်။ မိုးကောင်းကင်တွင် အပူရှိန်ကြောင့် ရေမှ ဖြစ်သော အခိုးအငွေ့ အစု
English:
cloud
Grammar Note:
ကြိယာ
တိမ်ကပ်
[tèɪɴkaʔ]
Arakanese:
မျက်စိမာ တိမ်ရောဂါ ဖြစ်တေ
Burmese:
မျက်စိတွင် တိမ်ရောဂါ ဖြစ်သည်
English:
cataract
Grammar Note:
ကြိယာ
တိမ်ကော
[tèɪɴkɔ́]
Arakanese:
ကျေးဇု ကန်းရေ။ လူတိ၏ ကျေးဇုကို မသိမမြင် သတိမရ ဖြစ်တေ။ ပြုဖူးသော ကျေးဇုကို မထောက် မထားပဲ ပြောဆို ပြုမူရေ။ ကျေးဇုမဲ့ကို ပြုရေ။ ကျေးဇုတရစ်၊ ငယ်ကပင်လေ၊ ကြင်အချစ်ကို၊ ရေမြစ်လယ်ကြော၊ ဂုခါလေ၊ နင်လျှက်မျိုးလို့၊ တိမ်ကောကျေးဇု (ပန်း)
Burmese:
ကျေးဇူး ကန်းသည်။ သူတစ်ပါး၏ ကျေးဇူးကို မသိမမြင် သတိမရ ဖြစ်သည်။ ပြုဖူးသော ကျေးဇူးကို မထောက် မထားပဲ ပြောဆို ပြုမူသည်။ ကျေးဇူးမဲ့ကို ပြုသည်။ ကျေးဇူးတရစ်၊ ငယ်ကပင်လေ၊ ကြင်အချစ်ကို၊ ရေမြစ်လယ်ကြော၊ ယခုတွင်လေ၊ နင်လျှက်မျောလို့၊ တိမ်ကောကျေးဇူး (ပန်း)
English:
ungrateful
Grammar Note:
ကြိယာ
တိမ်ကော၂
[tèɪɴkɔ́၂]
Arakanese:
အစောက်နက်ရေ အရာ တဆတ်ဆတ် ပြည့်လို့ လာရေ
Burmese:
အစောက်နက်သော အရာ တဖြည်းဖြည်း ပြည့်လို့ လာသည်
English:
dormant
Grammar Note:
ကြိယာ
တိမ်ခွပ်
[tèɪɴkʰwaʔ]
Arakanese:
တိမ်စိုင် တိမ်ခဲရို့ အချင်းချင်း ထိခိုက်၍ ဝင်းလက်ရောင် ထွက်သည်
Burmese:
တိမ်စိုင် တိမ်ခဲတို့ အချင်းချင်း ထိခိုက်၍ ဝင်းလက်ရောင် ထွက်သည်
English:
glint
Grammar Note:
ကြိယာ
တိမ်စူး
[tèɪɴsùး]
Arakanese:
အလွန် မြင့်မားရေ။ မိုးထိတောင် မြင့်ရေ။ ကန်းကျင်ပင် တိမ်စူးရောင်မြင့်ရေ
Burmese:
အလွန် မြင့်မားသည်။ မိုးထိအောင် မြင့်သည်။ ကန်းကျင်ပင် တိမ်စူးရောင်မြင့်ရေ
English:
Sky-high
Grammar Note:
ကြိယာ
တိမ်စောင်း
[tèɪɴsáʊɴ]
Arakanese:
ဖြောင့်မတ်စွာ မရပ်တည်ဘဲ တဖက်ကို ယိမ်းစောင်းရေ။ ပထဝီလေ၊ ဤမြီကြီးလျှင်၊ ညွှတ်တိမ်းစောင်းမျှ (ကော်)။ မမှန် လွဲမားရေ။ ယွင်းဖေါက်ရေ။ ယွင်းရွေ့ ပြောင်းလဲရေ။ ယွင်းမားရေ
Burmese:
ဖြောင့်မတ်စွာ မရပ်တည်ဘဲ တစ်ဘက်သို့ ယိမ်းစောင်းသည်။ ပထဝီလေ၊ ဤမြေကြီးလျှင်၊ ညွှတ်တိမ်းစောင်းမျှ (ကော်)။ မမှန် လွဲမှားသည်။ ယွင်းဖေါက်သည်။ ယွင်းရွေ့ ပြောင်းလဲသည်။ ယွင်းမှားသည်
English:
bend
Grammar Note:
ကြိယာ
တိမ်ဆီ
[tèɪɴsʰí]
Arakanese:
မိုးအာကာမှ မိုးသားတိ မဟိဘဲ တခါ တလေ ယိုစီး ကျရောက် တတ်ရေ မိုးသေး မိုးဖွဲ ပိုင်ယှောင် အရာ။ (ယင်းတိမ်ဆီများ ကျရောက် လေလျှင် မြေဩဇာ တက်ပနာ အသီးအနှံများ ကောင်းမွန် အောင်မြင်ရေ။
Burmese:
မိုးကောင်းကင်မှ မိုးသားများ မရှိပဲ တစ်ခါ တစ်လေ ယိုစီး ကျရောက် တတ်သော မိုးသေး မိုးဖွဲ ကဲ့သို့သော အရာ။ (ယင်းတိမ်ဆီများ ကျရောက် လေလျှင် မြေဩဇာ တက်၍ အသီးအနှံများ ကောင်းမွန် အောင်မြင်သည်။
English:
cloud
Grammar Note:
နာမ်
တိမ်းညွတ်
[téɪɴɲwaʔ]
Arakanese:
ဆွဲငင်ရာသို့ ပါရေ။ ယိမ်းယိုင်ရေ။ တိမ်းညွတ် ယိမ်းယိုင်၊ ဆွဲကိုင်ငင်ပြု၊ ယူမှုသောအား၊ သို့ဖြစ်ငြားကြောင့် (မြို့တည်)
Burmese:
ဆွဲငင်ရာသို့ ပါသည်။ ယိမ်းယိုင်သည်။ တိမ်းညွတ် ယိမ်းယိုင်၊ ဆွဲကိုင်ငင်ပြု၊ ယူမှုသောအား၊ သို့ဖြစ်ငြားကြောင့် (မြို့တည်)
English:
incline
Grammar Note:
ကြိယာ
တိမ်ညွန့်
[tèɪɴɲʊ̀ɴ့]
Arakanese:
အာကာသ အာကာ ပြင်၏ မြင့်မားသော လီထုထဲမာ အီးမြပြီး၊ ထူးကဲစွာ ဩဇာ အဟာရကို ဖြစ်စီ၍ ဝဖြိုး စီနှိုင်ရေ လေ (တမျိုး)။ (ယင်းလီကို ပစဟပြီး ခံမားထဲကို ထည့်သွင်း၍ စားသော ဆင်မျိုး၊ မြင်းမျိုး။
Burmese:
အာကာသ ကောင်းကင် ပြင်၏ မြင့်မားသော လေထုထဲတွင် အေးမြပြီး၊ ထူးကဲစွာ ဩဇာ အဟာရကို ဖြစ်စေ၍ ဝဖြိုး စေနိုင်သော လေ (တစ်မျိုး)။ (ယင်းလေကို ပါးစပ်ဟပြီး ခံတွင်းထဲသို့ ထည့်သွင်း၍ စားသော ဆင်မျိုး၊ မြင်းမျိုး။
English:
gentle tone
Grammar Note:
နာမ်
တိမ်ညွန့်စား
[tèɪɴɲʊ̀ɴ့sá]
Arakanese:
ယင်း တိမ်ညွန့်ခေါ် လီကို စားသောက်ဖို့ ပျံသန်း လားလာ နှိုင်ရေ သိနီ္ဓာမျိုး အာဇာနည် မြင်းပျံ။ ဆင် အာဇာနည်မျိုး။ အာဇာနည်ဆင်၊ မြင်း မှန်သမျှ ရို့စွာ တိမ်ညွန့်ကိုရာ စားလေ့ဟိ၏ (ပါရာ)။ ညီငယ်မြင်းလှ၊ မချေကလေ့၊ တိမ်ညွန့်စားထွေ၊ ပြန်လာလေလျှင်၊ လားမေအတွေး၊ ကြန့်
Burmese:
ယင်း တိမ်ညွန့်ခေါ် လေကို စားသောက်ရန် ပျံသန်း သွားလာ နိုင်သော သိနေ္ဓာမျိုး အာဇာနည် မြင်းပျံ။ ဆင် အာဇာနည်မျိုး။ အာဇာနည်ဆင်၊ မြင်း မှန်သမျှ တို့သည် တိမ်ညွန့်ကိုသာ စားလေ့ရှိ၏ (ပါရာ)။ ညီငယ်မြင်းလှ၊ မလေးကလည်း၊ တိမ်ညွန့်စားထွေ၊ ပြန်လာလေလျှင်၊ သွားမည်အတွေး၊ ကြန့်
English:
none
Grammar Note:
နာမ်
တိမ်တလတ်
[tèɪɴtlaʔ]
Arakanese:
အာကာ၏ အလယ်အလတ်။ အာကာ၏ ထက်ဝက်။ စိမ်းညိုပြောင်ကေ၊ တောင်ငါးလုံးမာ၊ တလုံးအဝင်၊ မြင့်ဖျူးထိပ်ကေ၊ တိမ်တလတ်ကို၊ တောင်ထွက်ဝင်လို့ (ဓမ္မသာ)
Burmese:
ကောင်းကင်၏ အလယ်အလတ်။ ကောင်းကင်၏ ထက်ဝက်။ စိမ်းညိုပြောင်ကေ၊ တောင်ငါးလုံးတွင်၊ တစ်လုံးအဝင်၊ မြင့်ဖျူးထိပ်ကေ၊ တိမ်တလတ်ကို၊ တောင်ထွက်ဝင်လို့ (ဓမ္မသာ)
English:
cumulus
Grammar Note:
နာမ်
တိမ်တိုက်
[tèɪɴtaɪʔ]
Arakanese:
အထု အထည် ကြီးရေ မိုးရိပ်။ တိမ်တိုက်မိုးယံ၊ သိနီ္ဓာမြင်းကို၊ စီးနင်းပျံရေ (ထာနု)
Burmese:
အထု အထည် ကြီးသော မိုးတိမ်။ တိမ်တိုက်မိုးယံ၊ သိနေ္ဓာမြင်းကို၊ စီးနင်းပျံရေ (ထာနု)
English:
cloud bank
Grammar Note:
နာမ်
တိမ်တောက်
[tèɪɴtɔ́ɛʔ]
Arakanese:
တိမ်စိုင် တိမ်ခဲရို့ အချင်းချင်း ထိခိုက်၍ ဝင်းလက်ရောင် ထွက်သည်
Burmese:
တိမ်စိုင် တိမ်ခဲတို့ အချင်းချင်း ထိခိုက်၍ ဝင်းလက်ရောင် ထွက်သည်
English:
glint
Grammar Note:
ကြိယာ
တိမ်တောင်
[tèɪɴtàʊɴ]
Arakanese:
ရှည်သွယ်၍ တောင်တန်းပုံ ဖြစ်နီသော မိုးရိပ်။ ဖြုတ်စိကေနံပြောင်-လနားမျှောင်၊ တိမ်တောင်နဂါး၊ ထက်အာကာမာ၊ ကြယ်သင်္ဘောလေ (တေး)
Burmese:
ရှည်သွယ်၍ တောင်တန်းပုံ ဖြစ်နေသော မိုးတိမ်။ ဖြုတ်စိကေနံပြောင်-လနားမျှောင်၊ တိမ်တောင်နဂါး၊ ထက်အာကာမှာ၊ ကြယ်သင်္ဘောလေ (တေး)
English:
cumulus
Grammar Note:
နာမ်