Dictionary Entries
Showing 1,741–1,760 of 2,498 words
တ
တိမ်းတောင်း
[téɪɴtáʊɴ]
Arakanese:
ကြောက်ပိုင်၊ လန့်ပိုင်၊ မလှုပ်မရှား၊ ကြောင်တက်တက် ငေးမောဗျာယ်။ မျက်နှာတိမ်းတောင်းနန့် ဇာကိုကြည့်နီရေလဲ
Burmese:
ကြောက်သလို၊ လန့်သလို၊ မလှုပ်မရှား၊ ကြောင်တက်တက် ငေးမောလျက်။ မျက်နှာတိမ်းတောင်းနန့် ဇာကိုကြည့်နီရေလဲ
English:
blankness
Grammar Note:
ကြိယာဝိသေသန
တိမ်ထိုး
[tèɪɴtʰó]
Arakanese:
အလွန်တရာ မြင့်မားသော။ မိုးထိတောင် မြင့်သော
Burmese:
အလွန့်အလွန် မြင့်မားသော။ မိုးထိအောင် မြင့်သော
English:
Sky-high
Grammar Note:
နာမဝိသေသန
တိမ်နက်
[tèɪɴnɛʔ]
Arakanese:
နက်ကြုတ်သော အရောင် ဟိရေ မိုးရိပ်
Burmese:
နက်ကြုတ်သော အရောင် ရှိသော မိုးတိမ်
English:
nimbus
Grammar Note:
နာမ်
တိမ်နီ
[tèɪɴní]
Arakanese:
အရဲရောင် ဟိရေ မိုးရိပ်
Burmese:
အနီရောင် ရှိသော မိုးတိမ်
English:
sky red
Grammar Note:
နာမ်
တိမ်းပါး
[téɪɴpàး]
Arakanese:
မမှန် ချွတ်လွဲရေ။ မှောက်မားရေ။ ဖေါက်ပြားရေ။ ပျက်စီးရေ။ သူ့သားမယား၊ သမီးသားနန့်၊ တိမ်းပါးမားယွင်း၊ ဟိခခြင်းကြောင့် (ရခိုင်ကာ)
Burmese:
မမှန် ချွတ်လွဲသည်။ မှောက်မှားသည်။ ဖေါက်ပြားသည်။ ပျက်စီးသည်။ သူ့သားမယား၊ သမီးသားနှင့်၊ တိမ်းပါးမှားယွင်း၊ ရှိခဲ့ခြင်းကြောင့် (ရခိုင်ကာ)
English:
deviate
Grammar Note:
ကြိယာ
တိမ်ပြာ
[tèɪɴpɹà]
Arakanese:
အပြာရောင် ဟိရေ မိုးရိပ်
Burmese:
အပြာရောင် ရှိသော မိုးတိမ်
English:
sky blue
Grammar Note:
နာမ်
တိမ်မြုပ်
[tèɪɴmɹoʊʔ]
Arakanese:
ထင်ရှား ပေါ်လွင်ခြင်း မဟိ ဖြစ်တေ။ မှေးမှိန် ကွယ်ပျောက် နိန်ရေ
Burmese:
ထင်ရှား ပေါ်လွင်ခြင်း မရှိ ဖြစ်သည်။ မှေးမှိန် ပျောက်ကွယ် နေသည်
English:
fade
Grammar Note:
ကြိယာ
တိမ်းမှောက်
[téɪɴm̥ɔ́ɛʔ]
Arakanese:
ခြီလှမ်း ယွင်းချွတ်ပနာ လဲပြိုရေ။ ဟိနီာက် တိမ်းညွတ်ပနာ လဲပြိုသည်
Burmese:
ခြေလှမ်း ယွင်းချွတ်၍ ပြိုလဲသည်။ ရှေ့နောက် တိမ်းညွတ်၍ လဲပြိုသည်
English:
derail
Grammar Note:
ကြိယာ
တိမ်းယိမ်း
[téɪɴjéɪɴ]
Arakanese:
မမှန် ယွင်းချွတ်ရေ။ လွဲမားရေ။ ဖေါက်ပြန်ရေ။ တိမ်းယိမ်းချွတ်ချော်၊ လွဲမားကာဖြင့်၊ ခြင်းရာတစိ၊ ဇာသို့ဟိဟု (ရှီးထုံး)
Burmese:
မမှန် ယွင်းချွတ်သည်။ လွဲမှားသည်။ ဖေါက်ပြန်သည်။ တိမ်းယိမ်းချွတ်ချော်၊ လွဲမှားကာဖြင့်၊ ခြင်းရာတစိ၊ ဘယ်သို့ဟိဟု (ရှေးထုံး)
English:
deviate
Grammar Note:
ကြိယာ
တိမ်းယိုင်
[téɪɴjàɪɴ]
Arakanese:
ယိမ်းယိုင်သည်
Burmese:
ယိမ်းယိုင်သည်
English:
lurch
Grammar Note:
ကြိယာ
တိမ်းယှောင်
[téɪɴʃàʊɴ]
Arakanese:
ရွတ်မြောက်ရာ အဝီး တနီရာရာသို့ ရှောင်လွဲ ထွက်လှားရေ။ မင်းကျော်ထွေးလည်း၊ ယှောင်ဗြီးထွက်ဗြီး၊ နီရေဆဲမာ (ရခိုင်ကာ)
Burmese:
လွတ်ကင်းရာ အဝေး တစ်နေရာရာသို့ ရှောင်လွဲ ထွက်သွားသည်။ မင်းကျော်ထွေးလည်း၊ တိမ်းယှောင်ထွက်ပြေး၊ နေသည့်ဆဲတွင် (ရခိုင်ကာ)
English:
avoid
Grammar Note:
ကြိယာ
တိမ်လိုက်
[tèɪɴlaɪʔ]
Arakanese:
မျက်စိ အထဲမာ တိမ်ကို ဆွဲငင် ထုတ်ယူ နှိုင်ရေ ကိရိယာ
Burmese:
မျက်စိ အတွင်းတွင် တိမ်ကို ဆွဲငင် ထုတ်ယူ နိုင်သော ကိရိယာ
English:
cataract
Grammar Note:
နာမ်
တိမ်ဝါ
[tèɪɴwà]
Arakanese:
အဝါရောင် ဟိရေ မိုးရိပ်
Burmese:
အဝါရောင် ရှိသော မိုးတိမ်
English:
sky yellow
Grammar Note:
နာမ်
တိမ်သလာ
[tèɪɴθlà]
Arakanese:
မျက်စိ အကြည်ကို အဖြူရောင် လုံးလုံး ဖုံးအုပ် လားရေ
Burmese:
မျက်စိ အကြည်ကို အဖြူရောင် လုံးလုံး ဖုံးအုပ် သွားသည်
English:
eye cataract
Grammar Note:
ကြိယာ
တိမ်သလာကပ်
[tèɪɴθlàkaʔ]
Arakanese:
မျက်စိ အကြည်ကို ဖုံးအုပ် နိန်ရေ အရာ
Burmese:
မျက်စိ အကြည်ကို ဖုံးအုပ် နေသော အရာ
English:
eye cataract
Grammar Note:
နာမ်
တို
[tÒ]
Arakanese:
သည်းခံမှု မဟိရေ။ ၂။ (အချိန်ကာလ) မကြာညောင်းသော။ ၃။ (အလျား၊ အနံ အတိုင်းအတာ) မရှည်သော။ ၄။ အပင်တိုရေ
Burmese:
သည်းခံမှု မရှိသော။ ၂။ (အချိန်ကာလ) မကြာညောင်းသော။ ၃။ (အလျား၊ အနံ အတိုင်းအတာ) မရှည်သော။ ၄။ အရပ်ပုသော
English:
intolerable
Grammar Note:
နာမဝိသေသန
တို့
[to̰]
Arakanese:
၁၊ (ခြီဖျား၊ လက်ဖျား၊ တုတ်ဖျား အစဟိစွာ ရို့နန့်) နူးညံ့ သိမ်မွေ့စွာ ထိရေ။ ထိုသည်ပုံပျက်၊ ရုပ်မတူကေ၊ လူသံဖက်ကို၊ လက်ရို့ခေါ်ထွေ (ဆဒ္ဒန်)။ တောင်မွိန့်ဖျားနန့်၊ လျင်လျင်းမကြာ၊ ရို့လေပါရေ် (ကော်)။ ၂၊ ကြီစပ်ရေ။ မမာ့နန့် ယောက်ျား ချစ်တင်း စကား ပြောဆိုရေ။
Burmese:
၁၊ (ခြေဖျား၊ လက်ဖျား၊ တုတ်ဖျား စသည် တို့ဖြင့်) နူးညံ့ သိမ်မွေ့စွာ ထိသည်။ ထိုသည်ပုံပျက်၊ ရုပ်မတူကေ၊ လူသံဖက်ကို၊ လက်တို့ခေါ်ထွေ (ဆဒ္ဒန်)။ တောင်မွိန့်ဖျားနှင့်၊ လျင်လျင်းမကြာ၊ တို့လေပါသော် (ကော်)။ ၂၊ ကျီစယ်သည်။ မိန်းမနှင့် ယောက်ျား ချစ်တင်း စကား ပြောဆိုသည်။
English:
woo
Grammar Note:
ကြိယာ
တိုး
[tó]
Arakanese:
၁၊ လူချင်း ခန္ဓာကိုယ်ကို ထိပွတ်ဗျာယ် အထဲကို ဆိုက်ရောက်ရေ။ ထပ်ထပ်ထူပျာ၊ လူချင်းတိုးကေ၊ မြို့ကျိုးဆင်းမျှ (ပဒ)။ ၂၊ အမြင့်မှ အနိမ့်သို့ တိုးချ လိုက်ရေ။ နက်စွာချောက်ကို၊ စောက်ထိုးကျယောင်၊ တိုးချလုံးလုံး (ကော်)။ အစောက်နက်စွာ၊ ရီမားထူးကို၊ တူးထားပါ၍၊ တိ
Burmese:
၁၊ လူချင်း ခန္ဓာကိုယ်ကို ထိပွတ်လျက် အတွင်းသို့ ဆိုက်ရောက်သည်။ ထပ်ထပ်ထူပျာ၊ လူချင်းတိုးကေ၊ မြို့ကျိုးဆင်းမျှ (ပဒ)။ ၂၊ အမြင့်မှ အနိမ့်သို့ တွန်းချ လိုက်သည်။ နက်စွာချောက်ကို၊ စောက်ထိုးကျယောင်၊ တိုးချလုံးလုံး (ကော်)။ အစောက်နက်စွာ၊ ရီတွင်းထူးကို၊ တူးထားပါ၍၊ တိ
English:
meet
Grammar Note:
ကြိယာ
တို့၂
[to̰၂]
Arakanese:
တခုထက် ပိုပြီးကေ အတိကို တစုတည်း ပေါင်းထားရေ ရို့ကို ပြသော စကားလုံး၊ ငါရို့ သုံးယောက်၊ ပြည်ကိုပေါက်အောင်၊ အရောက်လှား ကတ်မေ (ဓမ္မက)
Burmese:
တစ်ခုထက် ပို၍ အများကို တစ်စုတည်း ပေါင်းထားသည် တို့ကို ပြသော စကားလုံး၊ ငါတို့ သုံးယောက်၊ ပြည်ကိုပေါက်အောင်၊ အရောက်လား ကတ်မေ (ဓမ္မက)
English:
we
Grammar Note:
ပစ္စည်း
တိုး၂
[tó၂]
Arakanese:
ကျယ်လောင်ရေ အသံ မဟုတ်ရေ။ အသံ မကျယ်သော။ အသံကို တိုးလို့ မပြောကေ့
Burmese:
ကျယ်လောင်သည့် အသံ မဟုတ်သော။ အသံ မကျယ်သော။ အသံကို တိုးလို့ မပြောကေ့
English:
quietly
Grammar Note:
နာမဝိသေသန