Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,761–1,780 of 2,498 words

    တ

    တို့၃

    [to̰၃]
    (ဇာကို၊ ဇာသို့) ဇာမျိုး ဇာပုံ လုပ်နေစွာကို မသိပနာ မီးမြန်းရာမာ ပင်ဖြစ်ဖြစ်၊ တားမြစ်ရာမာ ပင်ဖြစ်ဖြစ် သုံးကာ နာမ်စားပုဒ်။ မောင်ဖြူ ဇာရို့လားခရေ၊ နပျိုးသီးကို မစားကေ့ ဆိုလို့ပင် ဇာဖြစ်ရို့စားသည် စရေ။ ငါမာညီချစ်၊ ကတိုးနှစ်၊ ဇာရို့လားခရောင် (ဓမ္မသာ)
    (ဘယ်ကို၊ ဘယ်သို့) မည်သို့ မည်ပုံ လုပ်နေသည်ကို မသိ၍ မေးမြန်းရာ၌ လည်းကောင်း၊ တားမြစ်ရာ၌ လည်းကောင်း သုံးကာ နာမ်စားပုဒ်။ မောင်ဖြူ ဇာတို့လားခရေ၊ နပျိုးသီးကို မစားကေ့ ဆိုလို့ပင် ဇာဖြစ်တို့စားရေ စသည်။ ငါမှာညီချစ်၊ ကတိုးနှစ်၊ ဇာတို့လားခရောင် (ဓမ္မသာ)
    how
    နာမ်စား

    တို့၄

    [to̰၄]
    ငါရို့ အစား သုံးရရေ နာမ်စား။ ရို့တိလေ၊ သေမဆုံးကေ၊ ပြည်လုံးပုပ်မည် (ရာမ)
    ငါတို့ အစား သုံးရသော နာမ်စား။ တို့တတွေလေ၊ သေမဆုံးကေ၊ ပြည်လုံးပုပ်မည် (ရာမ)
    we
    နာမ်စား

    တို့၅

    [to̰၅]
    (ဧနီရာသို့) လာပါ ဟုခေါ်သော စကားလုံး။ (မောင်ဖြူရို့ ဆိုစွာနန့် တပြိုင်တည်း လာပါ ဆိုရေ စကားကို နောက်ထပ် ထည့်စရာ မလိုဖို့ရာ။ ရို့ ဆိုခါ ခါကပင် ခေါ်ရေ နီရာသို့ ဦးတည် လားရဖို့ကို သိနန့်ပြီး ဖြစ်တေ။
    (ဒီနေရာသို့) လာပါ ဟုခေါ်သော စကားလုံး။ (မောင်ဖြူတို့ ဆိုသည်နှင့် တစ်ပြိုင်နက် လာပါ ဟူသော စကားကို နောက်ထပ် ထည့်စရာ မလိုတော့ပြီ။ တို့ ဆိုခါ ကတည်းကပင် ခေါ်သည့် နေရာသို့ ဦးတည် သွားရမည်ကို သိနှင့်ပြီး ဖြစ်သည်။
    come
    နာမ်

    တို့၆

    [to̰၆]
    ဒီ။ ဤ။ သည်
    ဒီ။ ဤ။ သည်
    this
    နာမ်

    တိုးကတ်တေ

    [tókaʔtè]
    တိုးဝှေ့ရေ။ ထိုးကြိတ်ရေ။ တွန်းကန် ဖိတိုက်ရေ။ တွန်းဖိ တိုက်ခိုက်သည်
    တိုးဝှေ့သည်။ ထိုးကြိတ်သည်။ တွန်းကန် ဖိတိုက်သည်။ တွန်းဖိ တိုက်ခိုက်သည်
    jostle
    ကြိယာ

    တို့ကလောင်

    [to̰klàʊɴ]
    မင် ရို့၍ ရီးရရေ စာရီး ကိရိယာ မင်တံ တမျိုး
    မင် တို့၍ ရေးရသော စာရေး ကိရိယာ မင်တံ တစ်မျိုး
    highlighter
    နာမ်

    တိုးကာကြိတ်ကာ

    [tókàt͡ɕeɪʔkà]
    တိုးဝှေ့ရေ။ ထိုးကြိတ်ရေ။ တွန်းကန် ဖိတိုက်ရေ။ တွန်းဖိ တိုက်ခိုက်သည်
    တိုးဝှေ့သည်။ ထိုးကြိတ်သည်။ တွန်းကန် ဖိတိုက်သည်။ တွန်းဖိ တိုက်ခိုက်သည်
    jostle
    ကြိယာ

    တို့ကာဆိတ်ကာ

    [to̰kàsʰeɪʔkà]
    ၁၊ လင်မယား နှစ်ယောက် တနည်း သမီး ရည်စား ပရောပရီ ချစ်ခင် ယုသစွာ။ ပပြုံ့သသွင် မျက်ကြောနန့် (ရို့ပိုင်က် ဆိတ်လိုက်) ကြီစပ်ကာဖြင့်။ ၂၊ ကိုယ့် အလိုသို့ ပါအောင် ချော့မြူဗျာယ်။ ရို့ကာဆိတ်ကာ လင်မယာပိုင်ကာ (ပုံ)
    ၁၊ လင်မယား နှစ်ယောက် သို့မဟုတ် သမီး ရည်စား ပလူးပလဲ ချစ်ခင် ယုသစွာ။ ခပ်ပြုံးပြုံး မျက်နှာထားနှင့် (တို့လိုက် ဆိတ်လိုက်) ကျီစယ်ကာဖြင့်။ ၂၊ မိမိ အလိုသို့ ပါအောင် ချော့မြူလျက်။ တို့ကာဆိတ်ကာ လင်မယာပိုင်ကာ (ပုံ)
    chaff
    ကြိယာဝိသေသန

    တို့ကာထိကာ

    [to̰kàtʰìkà]
    ထိရုံရို့ရုံ။ အနည်းအကျိုင်း။ အသင့်အတင့်
    ထိရုံတို့ရုံ။ အနည်းအကျဉ်း။ အသင့်အတင့်
    bunt
    ကြိယာဝိသေသန

    တို့ကာပင့်ကာ

    [to̰kàpɪ̰ɴkà]
    အရာသူ တယောက်အား ဖလိဖလာ ပြိုင်စီရန်၊ မြှောက်ပင့် ပေးဗျာယ်။ ယုတ်ညံ့သော စေတနာဖြင့် မြှောက်ပင့် ပီးရေအနိန်နန့်
    အခြားသူ တစ်ယောက်အား ဆန့်ကျင်ဖက် ပြိုင်စေရန်၊ မြှောက်ပင့် ပေးလျက်။ ယုတ်ညံ့သော စေတနာဖြင့် မြှောက်ပင့် ပေးသော အားဖြင့်
    flattery
    ကြိယာဝိသေသန

    တို့ကာပင့်ကာ၂

    [to̰kàpɪ̰ɴkà၂]
    ၁၊ တစုံ တယောက်အား သွီးကြွ စိတ်ကြီး ဝင်အောင် ပြုမှု ပြောဆိုရေ။ သွီးမြောက်အောင် ပြုရေ။ ၂၊ ရန်တိုက် လိုရေ စိတ်ဖြင့် မြှောက်ပင့် ပီးရေ။ ၃၊ တခုခုကို ပြုလုပ်ဖို့ အားပီး တိုက်တိုးရေ
    ၁၊ တစ်စုံ တစ်ယောက်အား သွေးကြွ စိတ်ကြီး ဝင်အောင် ပြုမှု ပြောဆိုသည်။ သွေးမြောက်အောင် ပြုသည်။ ၂၊ ရန်တိုက် လိုသော စိတ်ဖြင့် မြှောက်ပင့် ပေးသည်။ ၃၊ တစ်စုံ တစ်ရာကို ပြုလုပ်ရန် အားပေး တိုက်တွန်းသည်
    flattery
    ကြိယာ

    တို့ကာရုံထိကာရုံ

    [to̰kàɹòʊɴtʰìkàɹòʊɴ]
    ရို့ရုံထိရုံမျှ၊ မယုတ်မလွန် သင့်အိသင့်အောင်မျှ။ အနည်းအကျိုင်း
    တို့ရုံထိရုံမျှ၊ မယုတ်မလွန် သင့်တော်ရုံမျှ။ အနည်းအကျဉ်း
    bunt
    ကြိယာဝိသေသန

    တိုက်

    [taɪʔ]
    မီးတိုက်ရေ။ ၂။ ပြင်းပြသော အဟိန်အဟုန်ဖြင့် ထိခတ်ရေ။ ၃။ (စစ်ရီး စစ်ရာအရ ) ထိုးခုတ် ပစ်ခတ်ရေ။ ၄။ (သင်္ဘော၊ လောင်းရွက် စစွာကို) လေမာ ဖြန့်ရွှင့် ထူရေ။ ၅။ တယောက်နန့် တယောက် မသင့် မတင့်အောင် လုပ်ရေ။ ၆။ (လေ) တိုးဝှေ့ ရွိရေ။ ၇။ (ဒမြ) လက်နက် အားဖ
    မီးရှို့သည်။ ၂။ ပြင်းပြသော အရှိန်အဟုန်ဖြင့် ထိခတ်သည်။ ၃။ (စစ်ရေး စစ်ရာအရ ) ထိုးခုတ် ပစ်ခတ်သည်။ ၄။ (သင်္ဘော၊ လှေရွက် စသည်ကို) လေတွင် ဖြန့်လွှင့် ထူသည်။ ၅။ တစ်ယောက်နှင့် တစ်ယောက် မသင့် မတင့်အောင် လုပ်သည်။ ၆။ (လေ) တိုးဝှေ့ ရွေ့လျားသည်။ ၇။ (ဒမြ) လက်နက် အားဖ
    ignite
    ကြိယာ

    တိုက်၂

    [taɪʔ၂]
    (နို့ရည်ကို) စို့ယူ စီရေ။ နို့ကလေ့ရင်၊ အီးကာကြင်ကာ၊ နို့လျှင်တိုက်ကျွေး (ပန်း)။ (ဆီး၊ ရေ၊ အဖျော် ယမကာ စစွာကို) သောက်စီရေ။ အခြားသလိပ်၊ ခုသျှိသျှူနာ၊ စွဲပြန်လှာသော်၊ အမြဂျဝါကိုသင်း၊ ချင်းအရည်နန့် တိုက်လီသင့်၏ (ပဉ္စဘုတ်)။ တဖက်သား ဖီးထိတောင် တောင့်တ ပြ
    (နို့ရည်ကို) စို့ယူ စေသည်။ နို့ကလည်းရင်၊ အီးကာကြင်ကာ၊ နို့လျှင်တိုက်ကျွေး (ပန်း)။ (ဆေး၊ ရေ၊ အဖျော် ယမကာ စသည်ကို) သောက်စေသည်။ တခြားသလိပ်၊ ခုသျှိသျှူနာ၊ စွဲပြန်လှာသော်၊ ဒုတ္တာကိုသင်း၊ ချင်းအရည်နှင့် တိုက်လေသင့်၏ (ပဉ္စဘုတ်)။ တစ်ဖက်သား ဘေးထိအောင် တောင့်တ ပြ
    suckle
    ကြိယာ

    တိုက်၃

    [taɪʔ၃]
    (ကား အစဟိစွာအနိန်နန့်) ဝန် တိကို သယ်ယူ ဆောင်ရေ
    (ကား စသည်ဖြင့်) ပစ္စည်း များကို သယ်ယူ ဆောင်သည်
    transport
    ကြိယာ

    တိုက်၄

    [taɪʔ၄]
    (အမိ၏) ဝမ်း။အမိ ဝမ်း၊ ကြာတိုက်ထဲမာ၊ စွဲမြဲသန္ဓေ၊ နီလေသော်မူ (ရခိုင်ဟောင်း)
    (အမိ၏) ဝမ်းဗိုက်။အမိ ဝမ်းဗိုက်၊ ကြာတိုက်ထဲ၌၊ စွဲမြဲသန္ဓေ၊ နေလေသော်မူ (ရခိုင်ဟောင်း)
    abdomen
    နာမ်

    တိုက်၅

    [taɪʔ၅]
    ကျောင်း၊ အိမ် အစဟိစွာ ရို့၏ အခန်း။ သတ်မှတ် ထားရေ မြို့နယ် အပိုင်း အရာ တမျိုး။ အုပ်ချုပ်ရီး တခု အောက်မာ ဟိရေ ကျောင်းပေါင်း အစု။ ပရက္ကမတိုက်၊ တေဇာရာမတိုက် စရေ။ ပိုင်နက် နယ်ပယ်ငါးစင်းရိုး ချောင်းတိုက်၊ ကျိန်းတိုက်၊ ကန်ဖေတိုက် စရေ။ အုတ်၊ ဇမ်းပွတ် တို
    ကျောင်း၊ အိမ် စသည် တို့၏ အခန်း။ သတ်မှတ် ထားသော မြို့နယ် အပိုင်း အခြား တစ်မျိုး။ အုပ်ချုပ်ရေး တစ်ခု အောက်တွင် ရှိသော ကျောင်းပေါင်း အစု။ ပရက္ကမတိုက်၊ တေဇာရာမတိုက် စသည်။ ပိုင်နက် နယ်ပယ်ငါးစင်းရိုး ချောင်းတိုက်၊ ကျိန်းတိုက်၊ ကန်ဖေတိုက် စသည်။ အုတ်၊ အင်္ဂတေ တို
    flat
    နာမ်

    တိုက်ကင်း

    [taɪʔkɪ́ɴ]
    ရန်သူ သူပုန်ရို့ကို တိုက်ခိုက်ရန် ထောက်လှမ်း လှည့်လည် နိန်ရေ ကင်းအဖွဲ့
    ရန်သူ သူပုန်တို့ကို တိုက်ခိုက်ရန် ထောက်လှမ်း လှည့်လည် နေသော ကင်းအဖွဲ့
    fighting patrol
    နာမ်

    တိုက်ကရိုက်

    [taɪʔkɹaɪʔ]
    အလွန်အကျွံ စုပြွမ်းဗျာယ်။ ပြွတ်သိတ်ဗျာယ်။ သခွားငကြောင်၊ တညှာတည်းမာ၊ ကိုးလုံးပြောင်၊ တတောင်တဆစ်၊ တိုက်ကရိုက် (တေး)
    အလွန်အမင်း စုပြွမ်းလျက်။ ပြွတ်သိတ်လျက်။ သခွားငကြောင်၊ တညှာတည်းမှာ၊ ကိုးလုံးပြောင်၊ တစ်တောင်တစ်ဆစ်၊ တိုက်ကရိုက် (တေး)
    be teeming
    ကြိယာဝိသေသန

    တိုက်ကရီတိုက်ကရိုက်

    [taɪʔkɹítaɪʔkɹaɪʔ]
    အခန်းလိုက် အခန်းလိုက် တခန်းစီ။ တိုက်သျှေ တိုက်သျှေ၊၊ တိုက်ကရိုက်၊ သခိုးလှာကေ၊ လှံနန့်လိုက် (ပန်းဝှက်)
    အခန်းလိုက် အခန်းလိုက် တစ်ခန်းစီ။ တိုက်သျှေ တိုက်သျှေ၊၊ တိုက်ကရိုက်၊ ခိုးသူလှာကေ၊ လှံနန့်လိုက် (ပန်းဝှက်)
    class by class
    နာမ်