Dictionary Entries
Showing 1,781–1,800 of 2,498 words
တ
တိုက်ကျပ်
[taɪʔt͡ɕaʔ]
Arakanese:
ဘုန်းတော်ကြီး ကျောင်းတိုက်မာ အုပ်ချုပ် နိန်ရေ ဆရာတော်ကြီးကို ပံ့ပိုး ဆောင်ရွက် ပေးနိန်ရေ ပုဂ္ဂိုလ်
Burmese:
ဘုန်းတော်ကြီး ကျောင်းတိုက်တွင် အုပ်ချုပ် နေသော ဆရာတော်ကြီးကို ပံ့ပိုး ဆောင်ရွက် ပေးနေသော ပုဂ္ဂိုလ်
English:
monk
Grammar Note:
နာမ်
တိုက်ကွက်
[taɪʔkwɛʔ]
Arakanese:
စစ်ထိုးရန် လမ်းစ အခြီအရဲ
Burmese:
စစ်ထိုးရန် လမ်းစ အခြေအနေ
English:
plan
Grammar Note:
နာမ်
တိုက်ခတ်
[taɪʔkʰaʔ]
Arakanese:
(လေ) လျင်သော အဟုန်ဖြင့် တိုးဝှေ့ လားရေ။ လေအဟုန်လေ၊ ပြင်းစွာတိုက်ခတ်၊ မြစ်ကျွတ်တမျှ (နာရဒ)
Burmese:
(လေ) လျင်သော အဟုန်ဖြင့် တိုးဝှေ့ သွားသည်။ လေအဟုန်လေ၊ ပြင်းစွာတိုက်ခတ်၊ မြစ်ကျွတ်တမျှ (နာရဒ)
English:
blow
Grammar Note:
ကြိယာ
တိုက်ခန်း
[taɪʔkʰáɴ]
Arakanese:
ဖီး အန္တရယ် ကင်းရှင်း၍ အကာ အကွယ် ခိုင်ခံ့သော အခန်း
Burmese:
ဘေး အန္တရယ် ကင်းရှင်း၍ အကာ အကွယ် ခိုင်ခံ့သော အခန်း
English:
flat
Grammar Note:
နာမ်
တိုက်ခိုက်
[taɪʔkʰaɪʔ]
Arakanese:
စစ်ရီး အရ ရန်ပြု ပုတ်ခတ်သည်
Burmese:
စစ်ရေး အရ ရန်ပြု ပုတ်ခတ်သည်
English:
attack
Grammar Note:
ကြိယာဝိသေသန
တိုက်စစ်
[taɪʔsɪʔ]
Arakanese:
တဖက် ရန်သူတိကို ကိုယ့် အယင် စော၍ တိုက်ခိုက် ရရေ စစ်ရီး ပြုလုပ်ချက် ကိစ္စ
Burmese:
တစ်ဘက် ရန်သူများကို မိမိ အယင် စော၍ တိုက်ခိုက် ရသော စစ်ရေး ပြုလုပ်ချက် ကိစ္စ
English:
offensive
Grammar Note:
ကြိယာ
တိုက်စား
[taɪʔsá]
Arakanese:
ဒမြ လုယက် (တိုက်စား) သည်
Burmese:
ဒါးပြ လုယက် (တိုက်စား) သည်
English:
robs
Grammar Note:
ကြိယာ
တိုက်စား၂
[taɪʔsá၂]
Arakanese:
မြီကြီး စစွာကို ရေ အဟုန်ဖြင့် တိုးဝှေ့ ပွတ်တိုက် စီရေ။ မိုးရီ တိုက်စားပစ်လို့ မင်းပြား ကမ်းဒေါင့် မနည်းကို ပြိုကျ လားရေ
Burmese:
မြေကြီး စသည်ကို ရေ အဟုန်ဖြင့် တိုးဝှေ့ ပွတ်တိုက် စေသည်။ မိုးရီ တိုက်စားလို့ မင်းပြား ကမ်းထောင့် မနည်းကို ပြိုကျ လားရေ
English:
erode
Grammar Note:
ကြိယာ
တိုက်စောင်
[taɪʔsàʊɴ]
Arakanese:
တိုက်ဆိုင်ကြီး တိက ထုတ်ရောင်းသော ခြုံစရာ စောင်
Burmese:
တိုက်ဆိုင်ကြီး များမှ ထုတ်ရောင်းသော ခြုံစရာ စောင်
English:
blanket
Grammar Note:
နာမ်
တိုက်ဆိုင်
[taɪʔsʰàɪɴ]
Arakanese:
တွိဆုံ ကြုံတွိရေ။ လက်တွဲ နှိုင်းညှိရေ။ ရာဇဝင် ဟောင်းရို့နန့် တိုက်ဆိုင် ကြည့်ရေအခါ။ တူညီနီရေ။ သင်္ကြန် ရက်နန့် ပြိုင်လောင်းပွဲ တိုက်ဆိုင်နီရေ
Burmese:
တွေ့ဆုံ ကြုံကြိုက်သည်။ ယှဉ်တွဲ နှိုင်းညှိသည်။ ရာဇဝင် ဟောင်းတို့နှင့် တိုက်ဆိုင် ကြည့်သောအခါ။ တူညီနေသည်။ သင်္ကြန် ရက်နှင့် ပြိုင်လောင်းပွဲ တိုက်ဆိုင်နီရေ
English:
meet
Grammar Note:
ကြိယာ
တိုက်ဆိုင်၂
[taɪʔsʰàɪɴ၂]
Arakanese:
ပင်ရင်း ထုတ်လုပ်ရာ ဌာန။ ပင်ရင်း စက်ရုံ
Burmese:
ပင်ရင်း ထုတ်လုပ်ရာ ဌာန။ ပင်ရင်း စက်ရုံ
English:
original
Grammar Note:
နာမ်
တိုက်ဆုံ
[taɪʔsʰòʊɴ]
Arakanese:
တွိဆုံ ကြုံတွိရေ
Burmese:
တွေ့ဆုံ ကြုံကြိုက်သည်
English:
meet
Grammar Note:
ကြိယာ
တိုက်ဆွီး
[taɪʔsʰwï]
Arakanese:
ကာလ မြင့်ပနာ ယိုယွင်း ပျက်စီး နိန်ရေ တိုက်
Burmese:
ကာလ မြင့်၍ ယိုယွင်း ပျက်စီး နေသော တိုက်
English:
shop soiled stoke
Grammar Note:
နာမ်
တိုက်တာ
[taɪʔtà]
Arakanese:
သစ်သား၊ သတ္တု အစဟိစွာအနိန်နန့် ပြုလုပ် ထားရေ ဝန်ထည့် သိုသိမ်း ဆည်းစရာ ပရိဘောဂ တမျိုး။ ဆောင်းဒူ
Burmese:
သစ်သား၊ သတ္တု စသည်ဖြင့် ပြုလုပ် ထားသော ပစ္စည်းထည့် သိုသိမ်း ဆည်းစရာ ပရိဘောဂ တစ်မျိုး။ သေတ္တာ
English:
box
Grammar Note:
နာမ်
တိုက်တာ၂
[taɪʔtà၂]
Arakanese:
ဘုန်းကြီးကျောင်း တိုက်။ တိုက် နီအိမ် အဆောက်အအုံ
Burmese:
ဘုန်းကြီးကျောင်း တိုက်။ တိုက် နေအိမ် အဆောက်အအုံ
English:
monastery
Grammar Note:
နာမ်
တိုက်တာမှုန့်
[taɪʔtàm̥òʊɴ့]
Arakanese:
မျက်နှာကို ချောညက် တင့်ရေအောင် လူးသပ် ရရေ မျက်နှာချေ တမျိုး
Burmese:
မျက်နှာကို ချောညက် တင့်တယ်အောင် လိမ်းသပ် ရသော မျက်နှာချေ တစ်မျိုး
English:
make up
Grammar Note:
နာမ်
တိုက်တွန်း
[taɪʔtʊ́ɴ]
Arakanese:
လှုံဆော် ခိုင်းစီ စီရေ။ လှုပ်ရှား ထအောင် စိဆော်ရေ။ အားပီးရေ
Burmese:
လှုံဆော် စေခိုင်း စေသည်။ လှုပ်ရှား ထကြွအောင် စေ့ဆော်သည်။ အားပေးသည်
English:
motivate
Grammar Note:
ကြိယာ
တိုက်ထွက်
[taɪʔtʰwɛʔ]
Arakanese:
တိုက် ဆိုင်ကြီးတိက ထုတ်လုပ် ရောင်းချသော အဝတ် အထည် စစွာတိ
Burmese:
တိုက် ဆိုင်ကြီးများမှ ထုတ်လုပ် ရောင်းချသော အဝတ် အထည် စသည်များ
English:
clothes
Grammar Note:
နာမ်
တိုက်နယ်
[taɪʔnɛ̀]
Arakanese:
ကျေးရွာ အုပ်စု ဖြစ်ရေ နယ်မြီ အပိုင်းအရာ။ ပိုင်းခြား ကန့်သတ် ထားရေ နယ်မြီ အထဲဟိ ကျေးရွာ အုပ်စုများ
Burmese:
ကျေးရွာ အုပ်စု ဖြစ်သော နယ်မြေ အပိုင်းအခြား။ ပိုင်းခြား ကန့်သတ် ထားသော နယ်မြေ အတွင်းရှိ ကျေးရွာ အုပ်စုများ
English:
campus-estate
Grammar Note:
နာမ်
တိုက်ပုံအင်္ကျီ
[taɪʔpòʊɴʔŋ̇karí]
Arakanese:
ဟိပိုင်း အလယ်မာ နှစ်ဖက် စပ်၍ ရယောင် ခြုပ်ထားရေ ယောက်ျားရို့ ဝတ်သော ရင်စိ အင်္ကျီ
Burmese:
ရှေ့ပိုင်း အလယ်တွင် နှစ်ဖက် စပ်၍ ရအောင် ချုပ်ထားသော ယောက်ျားတို့ ဝတ်သော ရင်စေ့ အင်္ကျီ
English:
Arakan jacket for men
Grammar Note:
နာမ်