Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,801–1,820 of 2,498 words

    တ

    တိုက်ပြော

    [taɪʔpɹɔ́]
    မဟုတ်စွာကို ဟုတ်လေ ဟန်ဖြင့် ကုန်းချောရေ။ မဟုတ်ရာကို၊ လုပ်ကာပြောလို့ ၊ တိုက်ပြောပြမည် (ပဋာ)။ ဇာမျိုး ဇာပုံ လုပ်ရေဟု တိုင် ပြောဆိုရေ။ အမိသတ်ကေ - ငါငိုရေ၊ ဘားဘာရောက်ကေ - တိုက်ပြောမေ (တေး)။ ပုလွှဲရှီသွင်၊ နုသဇင်က၊ ရှုမြင်မနော၊ သူ့လင်ကိုလေ၊ ငိုယိုဟို
    မဟုတ်သည်ကို ဟုတ်လေ ဟန်ဖြင့် ကုန်းချောသည်။ မဟုတ်ရာကို၊ လုပ်ကာပြောလို့ ၊ တိုက်ပြောပြမည် (ပဋာ)။ မည်သို့ မည်ပုံ လုပ်သည်ဟု တိုင်ကြား ပြောဆိုသည်။ အမိသတ်ကေ - ငါငိုရေ၊ ဘားဘာရောက်ကေ - တိုက်ပြောမေ (တေး)။ ပုလွှဲရှီသွင်၊ နုသဇင်က၊ ရှုမြင်မနော၊ သူ့လင်ကိုလေ၊ ငိုယိုရှို
    make mischief
    ကြိယာ

    တိုက်ပွဲ

    [taɪʔpwɛ]
    ကျွဲ၊ နွား၊ ကြက်၊ ငှက် အစဟိရေ တိရိစ္ဆာန် ရို့ကို ဝှေ့အောင် ခွပ်အောင် တိုက်ပီးရေ ပွဲ။ စစ်ရီး စစ်ရာ အရ တဖက်နန့် တဖက် အင်အား ပြိုင်၍ ရန်ပြုခြင်း။ လူများ အင်အား စုဖြင့် အင်အားစု တခုခုကို ဆန့်ကျင် ပြုခြင်း
    ကျွဲ၊ နွား၊ ကြက်၊ ငှက် စသော တိရိစ္ဆာန် တို့ကို ဝှေ့အောင် ခွပ်အောင် တိုက်ပေးသော ပွဲ။ စစ်ရေး စစ်ရာ အရ တစ်ဖက်နှင့် တစ်ဖက် အင်အား ပြိုင်၍ ရန်ပြုခြင်း။ လူများ အင်အား စုဖြင့် အင်အားစု တစ်ခုခုကို ဆန့်ကျင် ပြုခြင်း
    battle-combat
    နာမ်

    တိုက်ဖျက်

    [taɪʔpʰrɛʔ]
    အင်အားဖြင့် ဖိနှိပ်၍ ပကတိ အခြီအရဲမှ ယွင့်ရွေ့ ဖောက်ပြန်အောင် လုပ်ရေ
    အင်အားဖြင့် ဖိနှိပ်၍ ပကတိ အခြေအနေမှ ယွင့်ရွေ့ ဖောက်ပြန်အောင် လုပ်သည်
    destroy
    ကြိယာဝိသေသန

    တိုက်မိ

    [taɪʔmì]
    (မတော်တဆ) ခိုက်တိုက် မိရေ။ ထိရေ။ လူကြီးတိပါးမာ တိုက်မိ ခိုက်မိမေ
    (မတော်တဆ) ခိုက်တိုက် မိသည်။ ထိသည်။ လူကြီးတိပါးမှာ တိုက်မိ ခိုက်မိမေ
    collide
    ကြိယာ

    တိုက်ရည်တိုက်စွမ်း

    [taɪʔɹɛ̀taɪʔsʊ̀ɴ]
    ပြုလုပ် ဆောင်ရွက် နှိုင်ရေ အရည်အခြင်း
    ပြုလုပ် ဆောင်ရွက် နိုင်သော အရည်အချင်း
    ability-qualification
    နာမ်

    တိုက်ရိုက်

    [taɪʔɹaɪʔ]
    တတည့်။ တဆင့်ခံ မဟိဘဲ။ အရိပ်ချခြင်း မဟိဘဲ သားသမီးမိုက်၊ လွန်ဆိုးညစ်လည်း၊ တိုက်ရိုက်မျက်မြင်၊ မိဖခင်ရို့၊ စီရင်ကွပ်ညှပ် - မသတ်အပ် (ကော်)
    တည့်တည့်။ တစ်ဆင့်ခံ မရှိပဲ။ သွယ်ဝိုက်ခြင်း မရှိပဲ သားသမီးမိုက်၊ လွန်ဆိုးညစ်လည်း၊ တိုက်ရိုက်မျက်မြင်၊ မိဖခင်တို့၊ စီရင်ကွပ်ညှပ် - မသတ်အပ် (ကော်)
    directly
    ကြိယာဝိသေသန

    တိုက်ဝင်

    [taɪʔwɪ̀ɴ]
    ဧကန် အမှန်။ မလွဲ မသွေ။ မုချ။ ကိန်းသီ
    ဧကန် အမှန်။ မလွဲ မသွေ။ မုချ။ ကိန်းသေ
    certainly
    နာမ်

    တိုက်သာခြင်း

    [taɪʔθàkʰɹɪ́ɴ]
    ယောက်ျားနန့် မမာ့ အတိုက်အဆိုင် အချီအချ နှုတ်တက် စပ်၍ သီဆိုရေ တေးခြင်း တမျိုး။ (အကြောင်းအရာ တခုခုကို အနိုင် အထ သီဆိုရရေ တေးခြင်းကို တိုက်သာခြင်း ဟုခေါ်ရေ။ ယောက်ျား တလှည့် မမာ့ တလှည့်စီ သီဆို ရရေ။) ကျီးဖြူဖွဲ့ကေ၊ ဆယ့်နှစ်ရာဟု၊ ချဲ့ကားကုံးစီ၊
    ယောက်ျားနှင့် မိန်းမ အတိုက်အဆိုင် အချီအချ နှုတ်တက် စပ်၍ သီဆိုသော သီချင်း တစ်မျိုး။ (အကြောင်းအရာ တစ်ခုခုကို အနိုင် အထ သီဆိုရသော သီချင်းကို တိုက်သာခြင်း ဟုခေါ်သည်။ ယောက်ျား တစ်လှည့် မိန်းမ တစ်လှည့်စီ သီဆို ရသည်။) ကျီးဖြူဖွဲ့ကေ၊ ဆယ့်နှစ်ရာဟု၊ ချဲ့ကားကုံးစီ၊
    debate
    နာမ်

    တိုက်သွင်း

    [taɪʔθwɪ́ɴ]
    အချုပ်ခန်း။ ထောင်ခန်းထဲ သွင်းရေ။ အချုပ်။ ထောင် အစဟိစွာ၌ ကျစီရေ။ အချုပ် အနှောင် ခံရရေ။ နှောင်ဖွဲ့ ခံရရေ
    အချုပ်ခန်း။ ထောင်ခန်းထဲ သွင်းသည်။ အချုပ်။ ထောင် စသည်၌ ကျစေသည်။ အချုပ် အနှောင် ခံရသည်။ နှောင်ဖွဲ့ ခံရသည်
    knot
    ကြိယာ

    တိုက်အိမ်

    [taɪʔʔèɪɴ]
    အုတ် ဇမ်းပွတ် ရို့နန့် ပြုလုပ် ထားရေ အဆောက် အအုံ
    အုတ် အင်္ဂတေ တို့ဖြင့် ပြုလုပ် ထားသော အဆောက် အအုံ
    brick knocking house
    နာမ်

    တိုက်အို

    [taɪʔʔÒ]
    ကာလ ကြာမြင့်ပနာ ဟောင်းနွမ်း နိန်ရေ တိုက်
    ကာလ ကြာမြင့်၍ ဟောင်းနွမ်း နေသော တိုက်
    old building
    နာမ်

    တိုက်အုပ်

    [taɪʔʔoʊʔ]
    ဘုန်းတော်ကြီး ကျောင်းတိုက်မာ ဆရာတော်ကြီးအောက် တာဝန်ယူ ဆောင်ရွက် ပေးနိန်ရေ ပုဂိ္ဂုလ်
    ဘုန်းတော်ကြီး ကျောင်းတိုက်တွင် ဆရာတော်ကြီးအောက် တာဝန်ယူ ဆောင်ရွက် ပေးနေသော ပုဂိ္ဂုလ်
    monk
    နာမ်

    တိုးချ

    [tóɕ]
    ကျယ်လောင်ရေ အသံ မဟုတ်ရေ။ အသံ မကျယ်သော။ အသံကို တိုးလို့ မပြောကေ့
    ကျယ်လောင်သည့် အသံ မဟုတ်သော။ အသံ မကျယ်သော။ အသံကို တိုးလို့ မပြောကေ့
    quietly
    ကြိယာ

    တိုးချီတိုးချို

    [tóɕítóɕÒ]
    ၁၊ ကြောက်ပိုင် ရှက်ပိုင်။ ဝံ့ဝံ့ကားကား မဟုတ်။ မရဲမဝံ့။ တွန့်ဆုတ်ဗျာယ်။ ၂၊ တစုံ တရာ အတိုင်း အတာသို့ ပေါက်ရောက် အောင်မြင်စွာ စွမ်းဆောင် နိုင်ခြင်း မဟိဘဲ။ လူတိက အားလုံး တိုးချီ တိုးချိုတိရာ၊ ပေါက်ပေါက် မြောက်မြောက် စွမ်းဆောင်နိုင်ရေ လူပင်က တယောက် မပါ
    ၁၊ ကြောက်သလို ရှက်သလို။ ဝံ့ဝံ့ကားကား မဟုတ်။ မရဲမဝံ့။ တွန့်ဆုတ်လျက်။ ၂၊ တစ်စုံ တစ်ရာ အတိုင်း အတာသို့ ပေါက်ရောက် အောင်မြင်စွာ စွမ်းဆောင် နိုင်ခြင်း မရှိဘဲ။ လူတိက အားလုံး တိုးချီ တိုးချိုတိရာ၊ ပေါက်ပေါက် မြောက်မြောက် စွမ်းဆောင်နိုင်ရေ လူပင်က တစ်ယောက် မပါ
    timidly
    ကြိယာဝိသေသန

    တိုးချဲ့

    [tóɕé]
    ပိုပြီးကေ များပြား ကျယ်ဝန်း စီရေ
    ပိုမို များပြား ကျယ်ဝန်း စေသည်
    expand
    ကြိယာ

    တိုင်

    [tàɪɴ]
    တခြား သူရို့ကို နောက်က လိုက်ပြီးကေ ဆိုဖို့ အစချီ ဆိုပီးရေ
    တစ်ခြား သူတို့ကို နောက်က လိုက်၍ ဆိုရန် အစချီ ဆိုပေးသည်
    begin
    ကြိယာ

    တိုင်း

    [táɪɴ]
    ဘုရင် မင်းတပါး၏ ပိုင်ဆိုင် အုပ်ချုပ်ရေ နိုင်ငံ။ မဟိသက၊ မည်ရသမိုင်း၊ ရခိုင်တိုင်းသို့၊ စီခိုင်းကြလာ (ပညာ)။ အုပ်ချုပ်မှု ဆိုင်ရာ အရပ် အပိုင်း အရာ။ ဩဇာ အာဏာ လွှမ်းမိုးရာ အရပ် ဒေသ
    ဘုရင် မင်းတစ်ပါး၏ ပိုင်ဆိုင် အုပ်ချုပ်သော နိုင်ငံ။ မဟိသက၊ မည်ရသမိုင်း၊ ရခိုင်တိုင်းသို့၊ စီခိုင်းကြလာ (ပညာ)။ အုပ်ချုပ်မှု ဆိုင်ရာ အရပ် အပိုင်း အခြား။ ဩဇာ အာဏာ လွှမ်းမိုးရာ အရပ် ဒေသ
    country
    နာမ်

    တိုင်၂

    [tàɪɴ၂]
    ကျီနပ်မှု မဟိ၍ လူကြီး မိဖရို့အား သိသင့်ရေ အကြောင်းအရာ တိကို ပြောကြားရေ။ အကြောင်းကြား အခွင့် တောင်းသည်
    ကျေနပ်မှု မရှိ၍ လူကြီး မိဘတို့အား သိသင့်သော အကြောင်းအရာ များကို ပြောကြားသည်။ အကြောင်းကြား အခွင့် တောင်းသည်
    pillar
    ကြိယာ

    တိုင်း၂

    [táɪɴ၂]
    ကြမ်းတမ်း ယုတ်မာသော စကားရို့နန့် ခိုင်းနှိုင်း ပုတ်ခတ် ပြောဆိုရေ။ နှိုင်းနိူင်းရေ။ ပတ္တမြားခြည်၊ ဒေချင့်စွာလက်စွပ်၊ ဖိုးခပ်ပြည်နှိုင်း၊ တိုင်း၍ကန်သူ၊ မင်းမြှောက်မူဟု (မှောက်)
    ကြမ်းတမ်း ယုတ်မာသော စကားတို့ဖြင့် ခိုင်းနှိုင်း ပုတ်ခတ် ပြောဆိုသည်။ နှိုင်းယှဉ်သည်။ ပတ္တမြားခြည်၊ ဤသည်လက်စွပ်၊ ဖိုးခပ်ပြည်နှိုင်း၊ တိုင်း၍ကန်သူ၊ မင်းမြှောက်မူဟု (မှောက်)
    compare
    ကြိယာ

    တိုင်၃

    [tàɪɴ၃]
    အိမ်၊ ကျောင်း အစဟိစွာရို့ကို တည်ဆောက် ရာမာ ရပ်စောက် ်စိုက်ထူရရေ သစ်၊ ဝါး၊ အုတ်၊ ကျောက်၊ သံ အစဟိစွာအနိန်နန့် လုပ်ဆောင် ရရေ အချောင်း အတံ
    အိမ်၊ ကျောင်း စသည်တို့ကို တည်ဆောက် ရာတွင် မတ်တပ် ်စိုက်ထူရသော သစ်၊ ဝါး၊ အုတ်၊ ကျောက်၊ သံ စသည်ဖြင့် လုပ်ဆောင် ရသည့် အချောင်း အတံ
    colonnade
    ကြိယာ