Dictionary Entries
Showing 1,821–1,840 of 2,498 words
တ
တိုင်း၃
[táɪɴ၃]
Arakanese:
မယိမ်း မယိုင် တတည့် မတ်မတ် ဖြစ်တေ။ ဖြောင့်မတ်ရေ။ မလှုပ်မရှား၊ မရွေ့မလျား၊ ငြိမ်သက်စွာ ရပ်တည် နိန်ရေ
Burmese:
မယိမ်း မယိုင် တည့်တည့် မတ်မတ် ဖြစ်သည်။ ဖြောင့်မတ်သည်။ မလှုပ်မရှား၊ မရွေ့မလျား၊ ငြိမ်သက်စွာ ရပ်တည် နေသည်
English:
rightful
Grammar Note:
ကြိယာ
တိုင်၄
[tàɪɴ၄]
Arakanese:
ရောက်ရေ။ ခြောက်လ ရာသီတိုင်ခယာ (ရာသီ)
Burmese:
ရောက်သည်။ ခြောက်လ ရာသီတိုင်ခဲ့ပြီ (ရာသီ)
English:
arrive
Grammar Note:
ကြိယာ
တိုင်း၄
[táɪɴ၄]
Arakanese:
ထပ်တူထပ်မျှ။ ဟိရင်းစွဲ။ ပကတိအတိုင်း။ ဖျင်မည်းအလှိုင်း၊ နည်းတူခိုင်းမာ၊ ဟိတိုင်းနှစ်ဆယ်၊ ပုံရာဝယ်၌ (ပဝေသဏီ)
Burmese:
ထပ်တူထပ်မျှ။ ရှိရင်းစွဲ။ ပကတိအတိုင်း။ ဖျင်မည်းအလှိုင်း၊ နည်းတူခိုင်းမှာ၊ ရှိတိုင်းနှစ်ဆယ်၊ ပုံရာဝယ်၌ (ပဝေသဏီ)
English:
in the same way
Grammar Note:
ကြိယာဝိသေသန
တိုင်း၅
[táɪɴ၅]
Arakanese:
တယောက် မကြွင်း၊ အားလုံး အကြွင်း မဟိရေ။ ကိုယ်မာ ဥပါဒ်၊ မချွတ် ထင်ရှား၊ ဖြစ်တိုင်းငြားသည်၊ ပြီးသားဥပါဒ်၊ ထင်ရှားတည်း (ပါရာ)။ လူတိုင်း လူတိုင်းမာ အသိဉာဏ် တခုကျ ဟိကတ်ပါရေ
Burmese:
တစ်ယောက် မကြွင်း၊ အားလုံး အကြွင်း မရှိသော။ ကိုယ်တွင် ဥပါဒ်၊ မချွတ် ထင်ရှား၊ ဖြစ်တိုင်းငြားသည်၊ ပြီးသားဥပါဒ်၊ ထင်ရှားတည်း (ပါရာ)။ လူတိုင်း လူတိုင်းမှာ အသိဉာဏ် တစ်ခုစီ ဟိကတ်ပါရေ
English:
all round
Grammar Note:
နာမဝိသေသန
တိုင်းကျပ်ပြည်ကျပ်
[táɪɴt͡ɕaʔpɹɛt͡ɕaʔ]
Arakanese:
တိုင်းကြီး ပြည်ကြီး ရို့၏ အကြားထဲမာ တည်ဟိ နိန်ရေ ပြည်ငယ်
Burmese:
တိုင်းကြီး ပြည်ကြီး တို့၏ အကြားထဲတွင် တည်ရှိ နေသော ပြည်ငယ်
English:
state
Grammar Note:
နာမ်
တိုင်ကြား
[tàɪɴt͡ɕá]
Arakanese:
အခွင့် တောင်းရေ။ ဖြစ်ပျက် အပ်ရေ အခြီအရဲ ရို့ကို ရိုသေ လေးစား အပ်ရေ သူရို့အား တင်ပြရေ
Burmese:
အခွင့် တောင်းသည်။ ဖြစ်ပျက် အပ်သော အခြေအနေ တို့ကို ရိုသေ လေးစား အပ်သော သူတို့အား တင်ပြသည်
English:
report
Grammar Note:
ကြိယာ
တိုင်ကြီး
[tàɪɴt͡ɕï]
Arakanese:
အင်အား ကြီးရေ အစုအစည်း၊ အသင်းအပင်း၊ အသိုင်းအဝိုင်း
Burmese:
အင်အား ကြီးသော အစုအစည်း၊ အသင်းအပင်း၊ အသိုင်းအဝိုင်း
English:
embellishment
Grammar Note:
နာမ်
တိုင်းခန်းလှည့်
[táɪɴkʰáɴɬɛ̰]
Arakanese:
ရှေး ရခိုင် ဘုရင် မင်းမြတ် ရို့စွာ ဆင်၊ မြင်း၊ ဗိုလ်ပါ၊ သင်းပင်း များစွာ ရို့နန့်တကွ ကိုယ်ရို့၏ ပိုင်နက် နယ်ပယ် အထဲဟိ မြို့၊ ရွာ၊ ဒေသ အစဟိစွာရို့သို့ လားရောက် ပြီးကေ အီးချမ်း သာယာမှု၊ ဆူပူ သောင်းကျန်းမှု ဟိမဟိ အစဟိစွာတိကို ကြည့်ရှု စစ်ဆီးပနာ လိုအပ်ချက
Burmese:
ရှေး ရခိုင် ဘုရင် မင်းမြတ် တို့သည် ဆင်၊ မြင်း၊ ဗိုလ်ပါ၊ သင်းပင်း များစွာ တို့နှင့်တကွ မိမိတို့၏ ပိုင်နက် နယ်ပယ် အတွင်းရှိ မြို့၊ ရွာ၊ ဒေသ စသည်တို့သို့ သွားရောက် ပြီးလျှင် အေးချမ်း သာယာမှု၊ ဆူပူ သောင်းကျန်းမှု ရှိမရှိ စသည်များကို ကြည့်ရှု စစ်ဆေး၍ လိုအပ်ချက
English:
tour the land
Grammar Note:
ကြိယာ
တိုင်ချက်
[tàɪɴɕɛʔ]
Arakanese:
အမှု အခင်း ဖြစ်ပွားစွာကို အမိန့် အာဏာ ဟိရေ သူရို့ပါး အကြောင်းကြား တင်ပြချက်
Burmese:
အမှု အခင်း ဖြစ်ပွားသည်ကို အမိန့် အာဏာ ရှိသော သူတို့ထံ အကြောင်းကြား တင်ပြချက်
English:
file a complaint
Grammar Note:
နာမ်
တိုင်ချိုင်ကြိုး
[tàɪɴɕàɪɴt͡ɕó]
Arakanese:
အလံတိုင်၊ ရွက်လှီတိုင် အစဟိစွာရို့ကို ဖို့လဲရယောင် ဟိနီာက် ဆိုင်း၍ လံထားရေ ကြိုး
Burmese:
အလံတိုင်၊ ရွက်လှေတိုင် စသည်တို့ကို မလဲရအောင် ရှေ့နောက် ဆိုင်း၍ ချည်ထားသော ကြိုး
English:
hempcord
Grammar Note:
နာမ်
တိုင်ခွင်
[tàɪɴkʰwɪ̀ɴ]
Arakanese:
ဩဇာ အာဏာ ပျံ့နှံ့ရာ နီရာ၊ နယ်ပယ်။ ကောလိယမင်း တိုင်ခွင်ကား အနောက် သူရတန်မင်း ပြည်နယ် အားလုံးကို ပိုင်တော် မူ၏ (ရခိုင်ဟောင်း)
Burmese:
ဩဇာ အာဏာ ပျံ့နှံ့ရာ နေရာ၊ နယ်ပယ်။ ကောလိယမင်း တိုင်ခွင်ကား အနောက် သူရတန်မင်း ပြည်နယ် အားလုံးကို ပိုင်တော် မူ၏ (ရခိုင်ဟောင်း)
English:
field
Grammar Note:
နာမ်
တိုင်စာ
[tàɪɴsà]
Arakanese:
တရားရုံးမာ ဥပဒေ အရ ဖြီယှင်း ဘူးသော အမှုကိစ္စ အတွက် အကြောင်း ကြားစာ
Burmese:
တရားရုံးတွင် ဥပဒေ အရ ဖြေရှင်း ဘူးသော အမှုကိစ္စ အတွက် အကြောင်း ကြားစာ
English:
complaint letter
Grammar Note:
နာမ်
တိုင်းဆ
[táɪɴsʰ]
Arakanese:
စိတ်ဖြင့် ချင့်ချိန်ရေ။ စိုင်းစားရေ။ သုံးသပ်သည်
Burmese:
စိတ်ဖြင့် ချင့်ချိန်သည်။ စဉ်းစားသည်။ သုံးသပ်သည်
English:
estimate
Grammar Note:
ကြိယာ
တိုင်တင်
[tàɪɴtɪ̀ɴ]
Arakanese:
တိုင်တန်းရေ။ ပြောကြားရေ
Burmese:
တိုင်တန်းသည်။ ပြောကြားသည်
English:
complain
Grammar Note:
ကြိယာ
တိုင်တည်
[tàɪɴtɛ̀]
Arakanese:
သက်သီ အဖြစ် ထားပနာ ပြောကြားရေ
Burmese:
သက်သေ အဖြစ် ထား၍ ပြောကြားသည်
English:
make a vow
Grammar Note:
ကြိယာ
တိုင်တန်း
[tàɪɴtáɴ]
Arakanese:
သက်သီ အဖြစ် ထားပနာ တိုင်တည်ရေ။ ကျီနပ်ချက် မဟိစွာကို လူကြီး မိဖရို့အား ကြားသိ စီရေ။ ဖြစ်ပျက်မှု အခြီအရဲကို ရိုသေ လေးစား အပ်ရေ သူရို့အား တင်ပြရေ
Burmese:
သက်သေ အဖြစ် ထား၍ တိုင်တည်သည်။ ကျေနပ်ချက် မရှိသည်ကို လူကြီး မိဘတို့အား ကြားသိ စေသည်။ ဖြစ်ပျက်မှု အခြေအနေကို ရိုသေ လေးစား အပ်သော သူတို့အား တင်ပြသည်
English:
make a vow
Grammar Note:
ကြိယာ
တိုင်းတာ
[táɪɴtà]
Arakanese:
ကြမ်းတမ်း ယုတ်မာသော စကားရို့နန့် ခိုင်းနှိုင်း ပုတ်ခတ် ပြောဆိုရေ။ နှိုင်းနိူင်းရေ။ ပတ္တမြား ခြည်၊ ဒေချင့်စွာလက်စွပ်၊ ဖိုးခပ် ပြည်နှိုင်း၊ တိုင်း၍ကန်သူ၊ မင်းမြှောက်မူဟု (မှောက်)
Burmese:
ကြမ်းတမ်း ယုတ်မာသော စကားတို့ဖြင့် ခိုင်းနှိုင်း ပုတ်ခတ် ပြောဆိုသည်။ နှိုင်းယှဉ်သည်။ ပတ္တမြား ခြည်၊ ဤသည်လက်စွပ်၊ ဖိုးခပ် ပြည်နှိုင်း၊ တိုင်း၍ကန်သူ၊ မင်းမြှောက်မူဟု (မှောက်)
English:
measure
Grammar Note:
ကြိယာ
တိုင်တိုင်
[tàɪɴtàɪɴ]
Arakanese:
ခရီး အကွာအဝီး။ အချိန်ကာလ ရှည်လျားသော အစိုင်အတန်းကို ပြဆိုရေ စကားလုံး။ အဂု ကျင်းပဖို့ စာမိန်းပွဲမာ သုံးရက် လုံးလုံး ကျင်းပ ပြုလုပ်မည် ဖြစ်ပါရေ (မဟာဒွါ)။ ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယာကို ကျင့်တော် မူ၏ (ရခိုင်ဟောင်း)
Burmese:
ခရီး အကွာအဝေး။ အချိန်ကာလ ရှည်လျားသော အစဉ်အတန်းကို ပြဆိုသော စကားလုံး။ ယခု ကျင်းပမည့် စာမေးပွဲမှာ သုံးရက် တိုင်တိုင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည် (မဟာဒွါ)။ ခြောက်နှစ်တိုင်တိုင် ဒုက္ကရစရိယာကို ကျင့်တော် မူ၏ (ရခိုင်ဟောင်း)
English:
distance
Grammar Note:
ပစ္စည်း
တိုင်းတိုင်း
[táɪɴtáɪɴ]
Arakanese:
မလှုပ်မရှား၊ မရွေ့မလျော၊ ငြိမ်သက်စွာ ရပ်တည် နိန်ရေ။ ရိုးရိုး သားသား နိန်ရေ
Burmese:
မလှုပ်မရှား၊ မရွေ့မလျော၊ ငြိမ်သက်စွာ ရပ်တည် နေသည်။ ရိုးရိုး သားသား နေသည်
English:
honestly
Grammar Note:
ကြိယာ
တိုင်းတိုင်း၂
[táɪɴtáɪɴ၂]
Arakanese:
ရိုးဖြောင့်သော သဖောဟိရေ။ စိတ်ထား ဖြူစင် သန့်ရှင်းသော
Burmese:
ရိုးဖြောင့်သော သဘော ရှိသော။ စိတ်ထား ဖြူစင် သန့်ရှင်းသော
English:
rectitude
Grammar Note:
နာမဝိသေသန