Dictionary Entries
Showing 1,841–1,860 of 2,498 words
တ
တိုင်းတိုင်းခြုံ
[táɪɴtáɪɴkʰɹÒʊɴ]
Arakanese:
အဝတ်ဖြင့် အဂေါင်းကို ရစ်လွှမ်း ဖုံးအုပ်ရေ။ ခေါင်းမြီး ခြုံထားရေ
Burmese:
အဝတ်ဖြင့် ဦးခေါင်းကို ရစ်လွှမ်း ဖုံးအုပ်သည်။ ခေါင်းမြီး ခြုံထားသည်
English:
cloak
Grammar Note:
ကြိယာဝိသေသန
တိုင်းတိုင်းမြိုင်းမြိုင်း
[táɪɴtáɪɴmɹáɪɴmɹáɪɴ]
Arakanese:
ကောင်းမွန် သင့်လျော် လျောက်ပတ်သော။ ရိုးဖြောင့်သော သဖောဟိရေ။ စိတ်ထား ဖြူစင် ရှင်းသန့်သော။ မောင်ဖြူ မသောက် မစား တိုင်းတိုင်း မြိုင်းမြိုင်းရာ
Burmese:
ကောင်းမွန် သင့်လျော် လျောက်ပတ်သော။ ရိုးဖြောင့်သော သဘော ရှိသော။ စိတ်ထား ဖြူစင် သန့်ရှင်းသော။ မောင်ဖြူ မသောက် မစား တိုင်းတိုင်း မြိုင်းမြိုင်းရာ
English:
rectitude
Grammar Note:
နာမဝိသေသန
တိုင်းထွာ
[táɪɴtʰwà]
Arakanese:
ခိုင်းနှိုင်း ဆဲရဲရေ။ ဆဲရဲတိုင်းထွာ - မပြုရာ။ တစုံ တခုသော ပမာဏ စံတခုခု နှိုင်းနိူင်း ကြည့်ရေ
Burmese:
ခိုင်းနှိုင်း ဆဲရဲသည်။ ဆဲရဲတိုင်းထွာ - မပြုရာ။ တစ်စုံ တစ်ခုသော ပမာဏ စံတစ်ခုခု နှိုင်းယှဉ် ကြည့်သည်
English:
curse
Grammar Note:
ကြိယာ
တိုင်ပင်
[tàɪɴpɪ̀ɴ]
Arakanese:
တွေးခေါ် ဆင်ခြင်မှု အကြံ အဖန် တောင်းရေ။ ဆင်ခြင် တွေးခေါ်မှု ထင်မြင်ချက် သဖောထား ရို့ကို ညှိနှိုင်း ဆွေးနွေးသည်
Burmese:
တွေးတော ဆင်ခြင်မှု အကြံ အဖန် တောင်းသည်။ ဆင်ခြင် တွေးတောမှု ထင်မြင်ချက် သဘောထား တို့ကို ညှိနှိုင်း ဆွေးနွေးသည်
English:
consult
Grammar Note:
ကြိယာ
တိုင်ဖက်ကမ်း
[tàɪɴpʰɛʔkáɴ]
Arakanese:
ကချေတိက တတိုင်မှ တတိုင်သို့ အလျင် ကူးလားရာမာ အချေ တဦးက ကြားဖြတ် ဖမ်းဆီး ရရေ ကစပ်နည်း တမျိုး
Burmese:
ကလေးများက တစ်တိုင်မှ တစ်တိုင်သို့ အလျင် ကူးသွားရာတွင် ကလေး တစ်ဦးက ကြားဖြတ် ဖမ်းဆီး ရသော ကစားနည်း တစ်မျိုး
English:
game
Grammar Note:
နာမ်
တိုင်ယောင်
[tàɪɴjàʊɴ]
Arakanese:
ထိတောင်၊ အထိ ဆိုရေ အနက်ကို ပြသော စကားလုံး။ အမြင့်ကို လူတရပ် တိုင်သို့ ထားပနာ (ဗိသုကာ)
Burmese:
တိုင်အောင်၊ အထိ ဟူသော အနက်ကို ပြသော စကားလုံး။ အမြင့်ကို လူတစ်ရပ် တိုင်သို့ ထား၍ (ဗိသုကာ)
English:
until
Grammar Note:
ပစ္စည်း
တိုင်းရင်းသား
[táɪɴɹɪ́ɴθá]
Arakanese:
ကိုယ်ရို့ တိုင်းပြည် နိုင်ငံ အထဲမာ မွီးဖွားသူ။ မှီတင်း နီထိုင်သူ
Burmese:
မိမိတို့ တိုင်းပြည် နိုင်ငံ အတွင်းတွင် မွေးဖွားသူ။ မှီတင်း နေထိုင်သူ
English:
native of a country
Grammar Note:
နာမ်
တိုင်းရီးပြည်ရီး
[táɪɴɹïpɹɛɹï]
Arakanese:
တိုင်း ပြည် နိုင်ငံနန့် သက်ဆိုင်ရေ အမှုကိစ္စ အ၀၀
Burmese:
တိုင်း ပြည် နိုင်ငံနှင့် သက်ဆိုင်သည့် အမှုကိစ္စ အ၀၀
English:
administration of public
Grammar Note:
နာမ်
တိုင်ရောက်
[tàɪɴɹɔ́ɛʔ]
Arakanese:
ကိုယ့်လိုရာ အရပ်သို့ လာပြီးကေ ရပ်တည်သည်
Burmese:
မိမိလိုရာ အရပ်သို့ လာ၍ ရပ်တည်သည်
English:
exist
Grammar Note:
ကြိယာ
တိုင်ဝန်ဖောက်ဝန်
[tàɪɴwàɴpʰɔ́ɛʔwàɴ]
Arakanese:
အနား လေးဖက် ညီသော အဝတ်အထည်
Burmese:
အနား လေးဖက် ညီသော အဝတ်အထည်
English:
equilateral
Grammar Note:
နာမ်
တိုင်သား
[tàɪɴθá]
Arakanese:
အသင်း။ အဖွဲ့။ အုပ်စု။ မိသားတစု။ အတိကို ရည်၍ ပြောသော စကားလုံး။ မောင်လှရို့ တိုင်သား ဇာလားခရေ၊ မဟိလား
Burmese:
အသင်း။ အဖွဲ့။ အုပ်စု။ မိသားတစ်စု။ အများကို ရည်၍ ပြောသော စကားလုံး။ မောင်လှရို့ တိုင်သား ဇာလားခရေ၊ မဟိလား
English:
group
Grammar Note:
နာမ်
တိုင်းသားပြည်သူ
[táɪɴθápɹɛθù]
Arakanese:
ကိုယ်ရို့ တိုင်းပြည် နိုင်ငံ အထဲမာ မှီတင်း နီထိုင်သော သူ
Burmese:
မိမိတို့ တိုင်းပြည် နိုင်ငံ အတွင်းတွင် မှီတင်း နေထိုင်သော သူ
English:
people of a country
Grammar Note:
နာမ်
တိုင်းသိပြည်သိ
[táɪɴθìpɹɛθì]
Arakanese:
မကြွင်း အလပ် မဟိအောင် ဂုဏ် သတင်း ပျံ့နှံ့ ထွက်သည်
Burmese:
မကြွင်း အလပ် မရှိအောင် ဂုဏ် သတင်း ပျံ့နှံ့ ထွက်သည်
English:
Widely-known
Grammar Note:
နာမ်
တိုင်သို့
[tàɪɴθo̰]
Arakanese:
ထိတောင်၊ အထိ ဆိုရေ အနက်ကို ပြသော စကားလုံး။ အမြင့်ကို လူတရပ် တိုင်သို့ ထားပနာ (ဗိသုကာ)
Burmese:
တိုင်အောင်၊ အထိ ဟူသော အနက်ကို ပြသော စကားလုံး။ အမြင့်ကို လူတစ်ရပ် တိုင်သို့ ထား၍ (ဗိသုကာ)
English:
until
Grammar Note:
ပစ္စည်း
တိုင်သျှင်
[tàɪɴʃɪ̀ɴ]
Arakanese:
တဦး။ တယောက်။ တဦး တယောက်ကို ရည်၍ ပြောသော စကားလုံး။ မောင်ဖြူမဟိလား၊ အေတိုင်သျှင် ဇာလားခရေ
Burmese:
တစ်ဦး။ တစ်ယောက်။ တစ်ဦး တစ်ယောက်ကို ရည်၍ ပြောသော စကားလုံး။ မောင်ဖြူမဟိလား၊ အေတိုင်သျှင် ဇာလားခရေ
English:
one
Grammar Note:
နာမ်
တိုင်အောင်
[tàɪɴʔàʊɴ]
Arakanese:
ထိတောင်၊ အထိ ဆိုရေ အနက်ကို ပြသော စကားလုံး။ အမြင့်ကို လူတရပ် တိုင်သို့ ထားပနာ (ဗိသုကာ)။ ဘုရား ဖြစ်တော် မူပြီးကေ သက်တော် ၈၀၊ ဝါတော် ၄၅ဝါ ကာလ ထိတောင် (ရခိုင်ဟောင်း)
Burmese:
တိုင်အောင်၊ အထိ ဟူသော အနက်ကို ပြသော စကားလုံး။ အမြင့်ကို လူတစ်ရပ် တိုင်သို့ ထား၍ (ဗိသုကာ)။ ဘုရား ဖြစ်တော် မူပြီးနောက် သက်တော် ၈၀၊ ဝါတော် ၄၅ဝါ ကာလ တိုင်အောင် (ရခိုင်ဟောင်း)
English:
until
Grammar Note:
ပစ္စည်း
တိုစမိုစ
[tÒsmÒs]
Arakanese:
များများ မဟုတ်။ စိုးစဉ်း။ တဖဲ့ချေ ပါးပါး။ တော်သင့်ရုံ။ အနည်းအကျိုင်း
Burmese:
များများ မဟုတ်။ စိုးစဉ်း။ နည်းနည်း ပါးပါး။ တော်သင့်ရုံ။ အနည်းအကျဉ်း
English:
soupcon
Grammar Note:
ကြိယာဝိသေသန
တို့စရာ
[to̰sɹà]
Arakanese:
ဟင်းသီး၊ ဟင်းရွက်၊ အပြုတ်၊ အဖုတ်၊ အကင် ချိုင်ဖတ် အစဟိစွာ
Burmese:
ဟင်းသီး၊ ဟင်းရွက်၊ အပြုတ်၊ အဖုတ်၊ အကင် ချဉ်ဖတ် စသည်
English:
vegetable
Grammar Note:
နာမ်
တို့စား
[to̰sá]
Arakanese:
ငါရို့ အစား သုံးရရေ နာမ်စား။ ရို့တိလေ၊ သေမဆုံးကေ၊ ပြည်လုံးပုပ်မည် (ရာမ)။ ဟင်းသီး ဟင်းရွက်၊ အဖုတ်ရို့စား (ဂုတ္ထိလ)
Burmese:
ငါတို့ အစား သုံးရသော နာမ်စား။ တို့တတွေလေ၊ သေမဆုံးကေ၊ ပြည်လုံးပုပ်မည် (ရာမ)။ ဟင်းသီး ဟင်းရွက်၊ အဖုတ်တို့စား (ဂုတ္ထိလ)
English:
we
Grammar Note:
နာမ်
တို့စာဖတ်
[to̰sàpʰaʔ]
Arakanese:
နံရာမှုန့်၊ ပေါင်ယပိုင်မှုန့် အစဟိစွာရို့ကို ထည့်၍ မျက်နှာမာ ခြယ်လူးရို့ ရိုက်ရရေ အဝတ် အစဟိစွာ
Burmese:
နံသာမှုန့်၊ ပေါင်ဒါမှုန့် စသည်တို့ကို ထည့်၍ မျက်နှာတွင် ခြယ်လိမ်းတို့ ရိုက်ရသော အဝတ် စသည်
English:
powder puff
Grammar Note:
နာမ်