Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,861–1,880 of 2,498 words

    တ

    တို့စားသျှေ

    [to̰sáʃè]
    (ဥပစာ) အခက်အခဲ မဟိ လွယ်ကူသည်
    (ဥပစာ) အခက်အခဲ မရှိ လွယ်ကူသည်
    easy
    နာမ်

    တိုစိ.တိုစိ.

    [tÒsì.tÒsì.]
    နှောင့်နှေးရေ။ ရက်ကြာအောင် ဆွဲထားရေ။ အချိန် ကာလ ကြာမြင့်အောင် လုပ်ရေ။ တိုစိတိုစိနန့် အချိန်ကြာအောင် ဆွဲထားလိုမဖြစ်နှိုင်
    နှောင့်နှေးသည်။ ရက်ကြာအောင် ဆွဲထားသည်။ အချိန် ကာလ ကြာမြင့်အောင် လုပ်သည်။ တိုစိတိုစိနန့် အချိန်ကြာအောင် ဆွဲထားလိုမဖြစ်နိုင်
    delay
    ကြိယာဝိသေသန

    တိုစိတိုစ

    [tÒsìtÒs]
    ၁၊ အတိုအစ။ အတိုအထွာ။ ၂၊ ပါးပါးချေ။ ငယ်ရေ အစိတ် အပိုင်း
    ၁၊ အတိုအစ။ အတိုအထွာ။ ၂၊ အသေးအဖွဲ။ သေးငယ်သည့် အစိတ် အပိုင်း
    snippet
    နာမ်

    တို့စိတို့နာ

    [to̰sìto̰nà]
    ပါးပါးချေ့။ ငယ်ရေ အရီး မပါရေ အရာ။ အတိုအစ၊ အတိုအထွာ။ စူလီကရာ
    အသေးအဖွဲ့။ သေးငယ်သော အရေး မပါသော အရာ။ အတိုအစ၊ အတိုအထွာ။ တိုလီမုတ်စ
    snippet
    နာမ်

    တို့စိသျှေတို့နာသျှေ

    [to̰sìʃèto̰nàʃè]
    ၁၊ ထွိမိထွိရာ။ အတိအကျ အမည် မဖော်သော အရာများ။ ၂၊ ငယ်ရေ အရီး မပါရေ အရာ။ အရီး မပါရေ ဂရုမပြု လောက်သော အကြောင်းအရာ အဖြစ်အပျက်
    ၁၊ ထွေထွေရာရာ။ အတိအကျ အမည် မဖော်သော အရာများ။ ၂၊ သေးငယ်သော အရေး မပါသော အရာ။ အရေး မပါသော ဂရုမပြု လောက်သော အကြောင်းအရာ အဖြစ်အပျက်
    variety
    နာမ်

    တို့စိသျှေတို့နာသျှေ၂

    [to̰sìʃèto̰nàʃè၂]
    အစိအစုံ၊ ကြွင်းလင်းခြင်း မဟိ ပြည့်စုံစွာ။ စုံလင်စွာ
    အစေ့အစုံ၊ ကြွင်းလင်းခြင်း မရှိ ပြည့်စုံစွာ။ စုံလင်စွာ
    complete
    ကြိယာဝိသေသန

    တိုဆွီးကျ

    [tÒsʰwït͡ɕ]
    အလွန်ဆိုးညစ် ယုတ်မာသောသူ ဟု နှိမ့်ချပနာ ပြောဆိုရေ စကား
    အလွန်ဆိုးသွမ်း ယုတ်မာသောသူ ဟု နှိမ့်ချ၍ ပြောဆိုသော စကား
    depreciate
    နာမ်

    တိုဆွီးကျ၂

    [tÒsʰwït͡ɕ၂]
    အဆွီး ပျော်ကျ နိန်ရေ အနားဆွေး တမျိုး
    ဆွေးမြေ့ ပျော်ကျ နေသော အနားဆွေး တစ်မျိုး
    injury
    နာမ်

    တိုးတက်

    [tótɛʔ]
    ၁၊ အဆင့်အဆင့် ဆက်ကာဆက်ကာ တိုးလာရေ။ တိုးကြွယ် များပြား လာရေ။ တခြားပြည်ရွာ၊ နိုင်ငံတော်ထက်၊ တိုးတက် ပြန့်ပွား၊ စည်ပင် သာယာသော အား (ရှီးထုံး)။ ၂၊ ဟိကို တက်ရေ။ ၃၊ ပြန်ပွား ကြီးကျယ် များပြားသည်
    ၁၊ အဆင့်အဆင့် ဆက်ကာဆက်ကာ တိုးလာသည်။ တိုးကြွယ် များပြား လာသည်။ တစ်ခြားပြည်ရွာ၊ နိုင်ငံတော်ထက်၊ တိုးတက် ပြန့်ပွား၊ စည်ပင် သာယာသော အား (ရှေးထုံး)။ ၂၊ ရှေ့သို့ တက်သည်။ ၃၊ ပြန်ပွား ကြီးကျယ် များပြားသည်
    improve
    ကြိယာ

    တိုးတိုးကြိတ်ကြိတ်

    [tótót͡ɕeɪʔt͡ɕeɪʔ]
    လူများရို့ မကြား မသိရယောင်။ တိန်းနိန် ဆိတ်ဆိတ်
    သူတစ်ပါးတို့ မကြား မသိရအောင်။ တိုးတိုး ဆိတ်ဆိတ်
    quietly
    ကြိယာဝိသေသန

    တိုးတိုးဆိတ်ဆိတ်

    [tótósʰeɪʔsʰeɪʔ]
    လူများရို့ မကြား မသိရယောင် ပရိ ကျစ်လစ်စွာ
    သူတစ်ပါးတို့ မကြား မသိရအောင် ပရိ ကျစ်လစ်စွာ
    quietly
    ကြိယာဝိသေသန

    တိုးတိုးတိတ်တိတ်

    [tótóteɪʔteɪʔ]
    လူများရို့ မကြား မသိရယောင်။ တိန်းနိန်ဆိတ်ဆိတ်
    သူတစ်ပါးတို့ မကြား မသိရအောင်။ တိုးတိုးဆိတ်ဆိတ်
    quietly
    ကြိယာဝိသေသန

    တိုတိုတုတ်တုတ်

    [tÒtÒtoʊʔtoʊʔ]
    အခြီခံ ကျကျ။ မူလ လိုရင်းချုပ်။ ပြွတ်တိပြွတ်တောက်၊ လိုရင်းချုပ်ဗျာယ်၊ အဂေါင့်စကား၊ ပြောရွီတွက်နန့်၊ သင့်သည်တမှု (ရှီးထုံး)
    အခြေခံ ကျကျ။ မူလ လိုရင်းချုပ်။ တိုတိုတုတ်တုတ်၊ လိုရင်းချုပ်လျက်၊ အဟုတ်စကား၊ ပြောသောအားဖြင့်၊ သင့်သည်တမှု (ရှေးထုံး)
    summary
    ကြိယာဝိသေသန

    တိုးတိုးတွန့်တွန့်

    [tótótʊ̰ɴtʊ̀ɴ့]
    ၁၊ မရဲသနန့် နောက်ကို ရွေ့ကာရွေ့ကာ။ ၂၊ ရှက်စိတ်ဖြင့် တွန့်ဆုတ် ထိတ်လန့်သည် ဖြစ်ပနာ
    ၁၊ မရဲသဖြင့် နောက်သို့ ရွေ့ကာရွေ့ကာ။ ၂၊ ရှက်စိတ်ဖြင့် တွန့်ဆုတ် ထိတ်လန့်သည် ဖြစ်၍
    shamefaced
    ကြိယာဝိသေသန

    တိုးတိုးသျှေ

    [tótóʃè]
    လူများ မကြား သိရယောင်။ နားရပ် ကပ်ပြီးကေ။ တတိတ်ချေ
    သူတစ်ပါး မကြား သိရအောင်။ နားရပ် ကပ်လျက်။ တိုးတိုးတိတ်တိတ်
    quietly
    ကြိယာဝိသေသန

    တိုတီတိုတွ

    [tÒtítÒtw]
    ဖြည်းညင်း သက်သာစွာ။ မြတ်နိုးမှုဖြင့် ညင်သာစွာ။ သာယာ ပျော့ပျောင်းစွာ။ ကြင်နာ မြတ်နိုး ဖွယ်ရာ အသရေကို ဆောင်ဗျာယ်။ တင့်ရေသော အသွင်ကို ဆောင်ရေ ဖြစ်ပနာ ပန်းခံယူငင်၊ လှပိုးဝါမာ၊ ခေါင်းထက်ထင်၍၊ တိုတီတိုတွ၊ ယုယစံပယ်၊ လှပိုးဝါမာ၊ ကြောင်းဇင်းခါကို၊ လားခရေလေ (ပိုး
    ဖြည်းညင်း သက်သာစွာ။ မြတ်နိုးမှုဖြင့် ညင်သာစွာ။ သာယာ ပျော့ပျောင်းစွာ။ ကြင်နာ မြတ်နိုး ဖွယ်ရာ အသရေကို ဆောင်လျက်။ တင့်တယ်သော အသွင်ကို ဆောင်သည် ဖြစ်၍ ပန်းခံယူငင်၊ လှပိုးဝါမှာ၊ ခေါင်းထက်ထင်၍၊ တိုတီတိုတွ၊ ယုယစံပယ်၊ လှပိုးဝါမှာ၊ ကြောင်းဇင်းခါကို၊ လားခရေလေ (ပိုး
    gradual
    ကြိယာဝိသေသန

    တိုတောင်း

    [tÒtáʊɴ]
    ၁၊ တခုတရီ အတိုင်းအတာ၊ မရှည်ရေ ဖြစ်ပနာ။ ၂၊ စိတ် မရှည်သောအနိန်နန့်။ ၃၊ (အချိန်ကို) ကြာကြာမဆွဲပဲ။ ၄၊ မာန်ပါမြန်သနန့်
    ၁၊ တစ်စုံတစ်ခု အတိုင်းအတာ၊ မရှည်သည် ဖြစ်၍။ ၂၊ စိတ် မရှည်သော အားဖြင့်။ ၃၊ (အချိန်ကို) ကြာကြာမဆွဲပဲ။ ၄၊ စိတ်ဆိုးမြန်သဖြင့်
    impatience
    ကြိယာဝိသေသန

    တို့တောင်းတန်းလန်း

    [to̰táʊɴtáɴláɴ]
    လက်စ မသတ် ပြီးပြတ်သည် မဟုတ်ဘဲ။ တိုးလို့တန်းလန်း
    လက်စ မသတ် ပြီးပြတ်သည် မဟုတ်ပဲ။ မပြီးမပြတ်
    undone
    ကြိယာဝိသေသန

    တို့တောင်းတန်းလန်း၂

    [to̰táʊɴtáɴláɴ၂]
    တပိုင်း တစ၊ တဝက် တပျက်
    တစ်ပိုင်း တစ်စ၊ တစ်ဝက် တစ်ပျက်
    half
    နာမ်

    တိုးတွန့်

    [tótʊ̀ɴ့]
    မရဲဝံ့ သနန့် နောက်ကို ရွေ့ကာ ရွေ့ကာ။ ကြောက်လန့်သည် ဖြစ်ပနာ။ ဖွားဖက်ကျွန်ရို့။ ငိုမျက်နှာနန့်၊ ခြင်းရာတိုးတွန့်၊ မလျောက်ဝံ့ပါ (ကော်)။ နောက်ကို တွန့်ဆုတ်ဗျာယ်။ ရှက်စိတ်ဖြင့် တွန့်ဆုတ် ထိတ်လန့်သည် ဖြစ်ပနာ
    မရဲဝံ့ သဖြင့် နောက်သို့ ရွေ့ကာ ရွေ့ကာ။ ကြောက်လန့်သည် ဖြစ်၍။ ဖွားဖက်ကျွန်တို့။ ငိုမျက်နှာနှင့်၊ ခြင်းရာတိုးတွန့်၊ မလျောက်ဝံ့ပါ (ကော်)။ နောက်သို့ တွန့်ဆုတ်လျက်။ ရှက်စိတ်ဖြင့် တွန့်ဆုတ် ထိတ်လန့်သည် ဖြစ်၍
    terrify
    ကြိယာဝိသေသန