Dictionary Entries
Showing 1,921–1,940 of 2,498 words
တ
တီတီမွန်း
[títímʊ́ɴ]
Arakanese:
အမျိုးအမည်၊ အရွီအတွက် အစဟိစွာ များပြားစွာ။ မကန်မဝှန်
Burmese:
အမျိုးအမည်၊ အရေအတွက် စသည် များပြားစွာ။ အများအပြား
English:
various-many
Grammar Note:
ကြိယာဝိသေသန
တီတီမွန်း၂
[títímʊ́ɴ၂]
Arakanese:
လူ အလွန် များပြား ဗလဗွီသတ်ရေ အတွက်ကြောင့် အသက်ရှု ဆို့ပိတ်ပနာ မသက်မသာ ခံစားရရေ
Burmese:
လူ အလွန် များပြား ရှုပ်ထွေးသည့် အတွက်ကြောင့် အသက်ရှု ဆို့ပိတ်၍ မသက်မသာ ခံစားရသည်
English:
uneasily
Grammar Note:
ကြိယာ
တီတီမွှမ်းမွှမ်း
[títímW̯áɴmW̯áɴ]
Arakanese:
လူ အလွန်(များပြား) စည်ကားသည်
Burmese:
လူ အလွန်(များပြား) စည်ကားသည်
English:
prosperous
Grammar Note:
ကြိယာ
တီထိုး
[títʰó]
Arakanese:
တီကောင်များ မြီကြီး အစဟိစွာရို့သို့ ဖောက်သည်
Burmese:
တီကောင်များ မြေကြီး စသည်တို့သို့ ဖောက်သည်
English:
perforate
Grammar Note:
ကြိယာ
တီထိုး၂
[títʰó၂]
Arakanese:
သား၊ မြေး၊ မြစ် သုံးဆက်မြောက် မြစ်မှ မွီးဖွားသော သားသမီး။ တီ။ တီထိုးသော အဖိုး အဘောင်သျှင်မ
Burmese:
သား၊ မြေး၊ မြစ် သုံးဆက်မြောက် မြစ်မှ မွေးဖွားသော သားသမီး။ တီ။ တီထိုးသော အဖိုး အဖွား
English:
great great grandchild
Grammar Note:
နာမ်
တီထိုးတမ်း
[títʰótáɴ]
Arakanese:
နှစ်သင်း ခွဲပြီးကေ ကိုယ့်တာနန့် ကိုယ် နိန်ပြီးကေကေ စပြီးကေ ထိုးသူ၏ နှုတ်က တီဟု အဆက် မပြတ် ဆိုကာ တဖက်သား လူကို လိုက်ပုတ် ရရေ(တီထိုး) ကစပ်နည်း တမျိုး
Burmese:
နှစ်သင်း ခွဲ၍ ကိုယ့်တာနှင့် ကိုယ် နေပြီးလျှင် စ၍ ထိုးသူ၏ နှုတ်က တီဟု အဆက် မပြတ် ဆိုကာ တစ်ဖက်သား လူကို လိုက်ပုတ် ရသော(တီထိုး) ကစားနည်း တစ်မျိုး
English:
game
Grammar Note:
နာမ်
တီးလုံး
[tïlóʊɴ]
Arakanese:
တေးခြင်း သံစဉ် အလိုက် တီးမှုတ် ရရေ တီးကွက်
Burmese:
သီချင်း သံစဉ် အလိုက် တီးမှုတ် ရသော တီးကွက်
English:
tunes
Grammar Note:
နာမ်
တီးဝိုင်း
[tïwáɪɴ]
Arakanese:
တူရိယာ တီးမှုတ်သော အဖွဲ့
Burmese:
တူရိယာ တီးမှုတ်သော အဖွဲ့
English:
orchestra
Grammar Note:
နာမ်
တု
[toʊ]
Arakanese:
နိူင်းဖက် ပြိုင်ဆိုင်ရေ။ ဖားကိုတုလို့ ခရုခုန်၊ လောင်းနံမာသတ် စအိုကျွတ် (ပုံ)။ အသွင် သဏ္ဍာန် မကွဲ မပြားအောင် ပြုလုပ်ရေ
Burmese:
ယှဉ်ဖက် ပြိုင်ဆိုင်သည်။ ဖားကိုတုလို့ ခရုခုန်၊ လောင်းနံမှာသတ် စအိုကျွတ် (ပုံ)။ အသွင် သဏ္ဍာန် မကွဲ မပြားအောင် ပြုလုပ်သည်
English:
compete
Grammar Note:
ကြိယာ
တုံ
[tòʊɴ]
Arakanese:
(ခွက်အားဖြင့်) ၃ခွက်ဝင် ပမာဏဟိရေ တောင်း။ (သိုက်ဝင်တောင်း။ တောင်း၊ တုံ၊ သိုက်၊ ဗူး၊ ဖာစရေ။
Burmese:
(ခွက်အားဖြင့်) ၃ခွက်ဝင် ပမာဏရှိသော တောင်း။ (သိုက်ဝင်တောင်း။ တောင်း၊ တုံ၊ သိုက်၊ ဗူး၊ ဖာစသည်။
English:
basket
Grammar Note:
နာမ်
တုံ့
[to̰ʊɴ]
Arakanese:
ပြန်လှည့်ရေ။ ခေါက်ပြန်ရေ။ ခေါက်တုံ့ခေါက်ပြန်၊ အဖန်ဖန်လျှင်၊ လားပြန်မစဲ၊ တသဲသဲဖြင့် (ရခိုင်ကာ)။ အပြန်အလှန် ပီးရေ။ ပဏ္ဏာလက်ဆောင်၊ များမြောင်ဥစ္စာ၊ တုံ့ပြန်ကေလည်း (ရှီးထုံး)။ အပြန်အလှန် ပြုလုပ်ရေ
Burmese:
ပြန်လှည့်သည်။ ခေါက်ပြန်သည်။ ခေါက်တုံ့ခေါက်ပြန်၊ အဖန်ဖန်လျှင်၊ သွားပြန်မစဲ၊ တသဲသဲဖြင့် (ရခိုင်ကာ)။ အပြန်အလှန် ပေးသည်။ ပဏ္ဏာလက်ဆောင်၊ များမြောင်ဥစ္စာ၊ တုံ့ပြန်ပါလျက် (ရှေးထုံး)။ အပြန်အလှန် ပြုလုပ်သည်
English:
back
Grammar Note:
ကြိယာ
တုံး
[tóʊɴ]
Arakanese:
အတိုအစ အထစ် ဖြစ်ယောင် အပိုင်းပိုင်း ဖြတ်ရေ။ အချိန် ရာသီ လွန်မြောက်ရေ။ ကုန်ဆုံးရေ။ အဂေါင်း ဆံရိတ်ရေ။ ဂေါင်း (ခေါင်း) တုံး။ သီဆုံးရေ။ မြစ်မဂင်္ဂါ၊ ရီသီတာမာ၊ စည်းစိမ်လည်းဆုံး၊ အသက်တုံးအံ့ (ထွန်းတိ)။ သက်မြက်ဇီဝေ၊ မရဏလေ၊ ခန္ဓာဆုံးကေ၊ တုံးရမေလေ (ရာမ)
Burmese:
အတိုအစ အထစ် ဖြစ်အောင် အပိုင်းပိုင်း ဖြတ်သည်။ အချိန် ရာသီ လွန်မြောက်သည်။ ကုန်ဆုံးသည်။ ဦးခေါင်း ဆံရိတ်သည်။ ဂေါင်း (ခေါင်း) တုံး။ သေဆုံးသည်။ မြစ်မဂင်္ဂါ၊ ရီသီတာမှာ၊ စည်းစိမ်လည်းဆုံး၊ အသက်တုံးအံ့ (ထွန်းတိ)။ သက်မြက်ဇီဝေ၊ မရဏလေ၊ ခန္ဓာဆုံးကေ၊ တုံးရမေလေ (ရာမ)
English:
die
Grammar Note:
ကြိယာ
တုံ၂
[tòʊɴ၂]
Arakanese:
နာမ်၊ နာမ်စား၊ ကြိယာ၊ ကြိယာ ဝိသေသနရို့ကို ပြေပြစ် ချောမော စီရေ စကားလုံး။ ဧကန်ထင်ရှား၊ ငါ့ကိုတုံလေ၊ မယုံငြားက၊ မင်းဖျားဘုရင်၊ ကိုယ်ပြုအင်ကို၊ အခါကြည့် (နာဒရ)။ စံနေတုံမြောက်။ လှိုင်ဂူသာကို၊ ပြန်ကာရောက်က (ပန်း)။ ရီလစွာကို၊ ဖေါက်ကာလာတုံ၊ နှမပါးကာ၊ ဇာသိ
Burmese:
နာမ်၊ နာမ်စား၊ ကြိယာ၊ ကြိယာ ဝိသေသနတို့ကို ပြေပြစ် ချောမော စေသော စကားလုံး။ ဧကန်ထင်ရှား၊ ငါ့ကိုတုံလေ၊ မယုံငြားက၊ မင်းဖျားဘုရင်၊ ကိုယ်ပြုအင်ကို၊ စိတ်တွင်မှတ်ထား (နာဒရ)။ စံနေတုံမြောက်။ လှိုင်ဂူသာကို၊ ပြန်ကာရောက်က (ပန်း)။ ရီလဟာကို၊ ဖေါက်ကာလာတုံ၊ နှမထံမှာ၊ ဇာသိ
English:
none
Grammar Note:
ပစ္စည်း
တုံး၂
[tóʊɴ၂]
Arakanese:
သတ်သတ်သီာ (အဆီတုံး၊ အဖြူတုံး၊ အရဲတုံး၊ အဝါတုံး၊ အမည်းတုံး အစဟိစွာ)
Burmese:
သက်သက်သော (အဆီတုံး၊ အဖြူတုံး၊ အနီတုံး၊ အဝါတုံး၊ အမည်းတုံး စသည်)
English:
purely
Grammar Note:
နာမဝိသေသန
တုံ၃
[tòʊɴ၃]
Arakanese:
အကြိမ်အဖန်၊ အလှည့်အလည် ပြုခြင်းရို့ကို ပြသော စကားလုံး။ အကျွန်ရို့မာကား၊ ကြက်ချေနင်းတုံ၊ ကျွန်နင်းတုံ၊ သူကောင်းဝတ်တုံ၊ ကျွန်ဝတ်တုံ (ဇမ်း)။ အခေါက်ခေါက်လားခြင်း၊ လာခြင်းကို ပြသော စကားလုံး။ သွားတုံလာတုံ ပဿိတုံ (စကားရိုး)
Burmese:
အကြိမ်အဖန်၊ အလှည့်အလည် ပြုခြင်းတို့ကို ပြသော စကားလုံး။ အကျွန်ရို့မှာကား၊ ကြက်ချေနင်းတုံ၊ ကျွန်နင်းတုံ၊ သူကောင်းဝတ်တုံ၊ ကျွန်ဝတ်တုံ (ဇမ်း)။ အကြိမ်ကြိမ်သွားခြင်း၊ လာခြင်းကို ပြသော စကားလုံး။ သွားတုံလာတုံ ပဿိတုံ (စကားရိုး)
English:
carryout
Grammar Note:
ပစ္စည်း
တုံး၃
[tóʊɴ၃]
Arakanese:
ပညာ အစွမ်းအစ မဟိရေ။ (ပညာတုံး။ ဉာဏ်တုံး အစဟိစွာ)။ ကကောင်း ဉာဏ်တုံးရေကာ။ ချွန်ထက်သော။ ဓါးက တိတုံးရာ၊ တစိကမပြတ်
Burmese:
ပညာ အစွမ်းအစ မရှိသော။ (ပညာတုံး။ ဉာဏ်တုံး စသည်)။ ကောင်းကောင်း ဉာဏ်တုံးရေကာ။ ချွန်ထက်သော။ ဓါးက တိတုံးရာ၊ တစိကမပြတ်
English:
dolt
Grammar Note:
နာမ်
တုံး၄
[tóʊɴ၄]
Arakanese:
သစ်သား၊ အပင်၊ သစ်ကိုင်း အစဟိစွာရို့ကို အတို ဖြတ်တောက် ထားရေ အပိုင်းအစ။ အတက်အလက်၊ အညွန့်မဟိရေ အပင်၊ ဝါးပင်။ အညွှန့်တုံးသော သစ်ဝါးရို့ကို အိမ်ရာ ဆောက်လုပ် ရာမာ အသုံး မပြုအပ် (ဗိသုကာ)
Burmese:
သစ်သား၊ သစ်ပင်၊ သစ်ကိုင်း စသည်တို့ကို အတို ဖြတ်တောက် ထားသော အပိုင်းအစ။ အတက်အလက်၊ အညွန့်မရှိသော သစ်ပင်၊ ဝါးပင်။ အညွှန့်တုံးသော သစ်ဝါးတို့ကို အိမ်ရာ ဆောက်လုပ် ရာတွင် အသုံး မပြုအပ် (ဗိသုကာ)
English:
chunk
Grammar Note:
နာမဝိသေသန
တုံးကရာ
[tóʊɴkɹà]
Arakanese:
ဉာဏ်ထိုင်းသော။ ထုံထိုင်းသော
Burmese:
ဉာဏ်ထိုင်းသော။ ထုံထိုင်းသော
English:
dolt
Grammar Note:
နာမဝိသေသန
တုံးကရုံး၂
[tóʊɴkɹóʊɴ၂]
Arakanese:
သစ်သီး သစ်နှံ အဝှမ်း ပြန့်ကြဲဗျာယ်
Burmese:
သစ်သီး သစ်နှံ အနှံ့အပြား ပြန့်ကြဲလျက်
English:
flung
Grammar Note:
ကြိယာဝိသေသန
တုံးကရုံးပင်ကရင်
[tóʊɴkɹóʊɴpɪ̀ɴkɹɪ̀ɴ]
Arakanese:
အဝတ်လစ်၊ အစားလစ်၊ မတော်စွာတိ ပေါ်နိန်ပနာ မြင်မကောင်းယောင် ဖြစ်ဗျာယ်
Burmese:
အဝတ်လစ်၊ အစားလစ်၊ မတော်တာတွေ ပေါ်နေ၍ မြင်မကောင်းအောင် ဖြစ်လျက်
English:
unseemliness
Grammar Note:
ကြိယာဝိသေသန