Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,961–1,980 of 2,498 words

    တ

    တုံးတုံးလဲ

    [tóʊɴtóʊɴlɛ]
    တုံးတုံး လဲပနာ ဖျားနာ ဖြစ်တေ။ အလျားလိုက် လျောင်းသည်
    တုံးတုံး လဲ၍ နာမကျန်း ဖြစ်သည်။ အလျားလိုက် လျောင်းသည်
    sick
    ကြိယာ

    တုံးတုံးလဲ၂

    [tóʊɴtóʊɴlɛ၂]
    ရပ်တည်ရာမှ တုံးလုံး လဲကျရေ။ မွီးမိခင်လေ၊ မြီပြင်ကုန်းမှ၊ တုံးတုံးလဲလို့ (နာဒရ)။ အလျားလိုက် လဲရေ
    ရပ်တည်ရာမှ တုံးလုံး လဲကျသည်။ မွေးမိခင်လေ၊ မြေပြင်ကုန်းမှ၊ တုံးတုံးလဲလို့ (နာဒရ)။ အလျားလိုက် လဲသည်
    recumbent
    ကြိယာ

    တုံတုံသံ

    [tòʊɴtòʊɴθံ]
    အော်သံ အော်သံ မဟိ။ ငြိမ်သက်သည်
    အော်သံ မြည်သံ မရှိ။ ငြိမ်သက်သည်
    quiet
    ကြိယာ

    တုတ်

    [toʊʔ]
    (ဆည်ရိုး၊ ဆည်ပေါင်) တူးဖို့ ထားရေ
    (ဆည်ရိုး၊ ဆည်ပေါင်) တူးဖို့ ထားသည်
    excavation
    ကြိယာ

    တုတ်၂

    [toʊʔ၂]
    (ထမင်း) စားရေ။ ၂။ သောက်ရီ။ ၃။ လားရေ။ ၄။ ဗြီးရေ။ ၅။ (ကခရာဝ) ဆဲရေ။ ၆။ ကိုယ့်ဖက်သို့ ပါအောင် နင်လားငါလား ဆောင့်ဆွဲရေ
    (ထမင်း) စားသည်။ ၂။ သောက်သည်။ ၃။ သွားသည်။ ၄။ ပြေးသည်။ ၅။ (ကလော်) ဆဲသည်။ ၆။ မိမိဖက်သို့ ပါအောင် တအား ဆောင့်ဆွဲသည်
    eat-drink-go-run-revile-tug
    ကြိယာ

    တုတ်၃

    [toʊʔ၃]
    ဖွံ့ထွား ဝဖြိုးသော။ ဝသော
    ဖွံ့ထွား ဆူဖြိုးသော။ ဝသော
    fat
    နာမဝိသေသန

    တုတ်၄

    [toʊʔ၄]
    (လက်နက် အဖြစ် ကိုင်ဆောင်သော) သစ်သားချောင်း၊ ဝါးလုံး၊ လှင်ကန်၊ ကြိမ်လုံး စရေ။ တောင်မွိန့်
    (လက်နက် အဖြစ် ကိုင်ဆောင်သော) သစ်သားချောင်း၊ ဝါးလုံး၊ လှင်ကန်၊ ကြိမ်လုံး စသည်။ တောင်ဝှေး
    staves
    နာမ်

    တုတ်ကမာရှည်

    [toʊʔkmàʃɛ̀]
    ရှာလပတ်ရည် တမျိုး
    အဖျော်ရည် တစ်မျိုး
    beverage
    နာမ်

    တုတ်ဆွဲ

    [toʊʔsʰwɛ]
    ဆောင့်၍ ဆွဲငင်သည်
    ဆောင့်၍ ဆွဲငင်သည်
    haul
    ကြိယာ

    တုတ်တစ်ချက်ဓါးတစ်ချက်

    [toʊʔtɪʔɕɛʔdʱàးtɪʔɕɛʔ]
    ဒေါသ တကြီး အကြမ်း ပတမ်း ပြုလုပ်ဗျာယ်
    ဒေါသ တကြီး အကြမ်း ပတမ်း ပြုလုပ်လျက်
    violently
    ကြိယာဝိသေသန

    တုတ်တုတ်

    [toʊʔtoʊʔ]
    အလွန်တရာ၊ အလွန်အကျွံ။ အထူး ပိုပြီးကေ လွန်ကဲစွာ
    အလွန့်အလွန်၊ အလွန်အမင်း။ အထူး ပိုမို လွန်ကဲစွာ
    excessively
    ကြိယာဝိသေသန

    တုတ်တုတ်၂

    [toʊʔtoʊʔ၂]
    လုံးဝ။ လုံးလုံး
    လုံးဝ။ လုံးလုံး
    diametrically
    ကြိယာဝိသေသန

    တုတ်တုတ်တက်တက်

    [toʊʔtoʊʔtɛʔtɛʔ]
    ဝဖြိုး တောင့်တင်းသော
    ဝဖြိုး တောင့်တင်းသော
    stout
    နာမဝိသေသန

    တုတ်တုတ်ပင်း

    [toʊʔtoʊʔpɪ́ɴ]
    လုံးဝ နားကြားရေ မဟုတ်ရေ
    လုံးဝ နားကြားသည် မဟုတ်သော
    deaf
    နာမဝိသေသန

    တုတ်တုတ်မည်း

    [toʊʔtoʊʔmɛ́]
    အလွန် မဲနက်ရေ အသား အရောင် ဟိရေ
    အလွန် မည်းနက်သော အသား အရောင် ရှိသော
    Pitch-black
    နာမဝိသေသန

    တုတ်တုတ်မွဲ

    [toʊʔtoʊʔmwɛ]
    ဇာလေ့ မဟိ လောက်ယောင် ပြာမွဲရေ။ ချွတ်ခြုံ ကျရေ
    ဘာမျှ မရှိ လောက်အောင် မွဲပြာသည်။ ချွတ်ချုံ ကျသည်
    impoverish
    ကြိယာ

    တုတ်တုတ်ဝဝ

    [toʊʔtoʊʔww]
    ဝဖြိုး တောင့်တင်းသော ကိုယ်ဟိရေ
    ဝဖြိုး တောင့်တင်းသော ကိုယ်ရှိသော
    stout
    နာမဝိသေသန

    တုတ်တုတ်သီ

    [toʊʔtoʊʔθí]
    ကြံရာမရ လက်မှိုင် ချဗျာယ်
    ကြံရာမရ လက်မှိုင် ချလျက်
    despair
    ကြိယာဝိသေသန

    တုတ်နာ

    [toʊʔnà]
    နွားရို့၏ နောက်ဖက် ခြီထောက် တချက် တချက် ဒရွတ်ဆွဲ တိုက်သော ရောဂါ
    နွားတို့၏ နောက်ဖက် ခြေထောက် တစ်ချက် တစ်ချက် ဒရွတ်ဆွဲ တိုက်သော ရောဂါ
    disease
    နာမ်

    တုတ်ပင်

    [toʊʔpɪ̀ɴ]
    ဖြားရီ ချောင်း ဆားငန်ရေ မှီရာမာ ပေါက်တတ်ရေ အပင် တမျိုး
    ဒီရေ ချောင်း ဆားငန်ရေ မှီရာတွင် ပေါက်တတ်သော အပင် တစ်မျိုး
    plant
    နာမ်