Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 781 words

    ထ

    ထရှုး

    [tʰʃoʊး]
    ၁၊ ဒေါသ ကြီးတတ်သူ။ တောက်ဆတ်သူ။ ၂၊ မဆိုင်းမတွ ဒိုးကနဲ ဒက်ကနဲဖြတ်ဖြတ် လတ်လတ် ပြောဆို တတ်သူ
    ၁၊ ဒေါသ ကြီးတတ်သူ။ စိတ်တိုတတ်သူ။ ၂၊ မဆိုင်းမတွ ဒိုးကနဲ ဒက်ကနဲ ဖျတ်ဖျတ် လတ်လတ် ပြောဆို တတ်သူ
    angry
    နာမ်

    ထလန်းကား

    [tʰláɴká]
    မျက်နှာ၊ ရင်၊ ဝမ်းကို အပေါ်ဖက်သို့ မျက်နှာ မူဗျာယ်။ ကျောခင်းဗျာယ်
    မျက်နှာ၊ ရင်၊ ဝမ်းကို အပေါ်ဖက်သို့ မျက်နှာ မူလျက်။ ကျောခင်းလျက်
    lie on back
    ကြိယာဝိသေသန

    ထလန်းကားပက်လန်

    [tʰláɴkápɛʔlàɴ]
    နောက်ကို ကျော်ခင်းဗျာယ် လဲကျရေ
    နောက်သို့ ကျော်ခင်းလျက် လဲကျသည်
    lie on back
    ကြိယာ

    ထလန်းကားပက်လပ်

    [tʰláɴkápɛʔlaʔ]
    မျက်နှာ၊ ရင်၊ ဝမ်းကို အပေါ် ဖက်သို့ မျက်နှာ မူဗျာယ်။ ကျောခင်းဗျာယ်။ ထလန်းကားထလန်းဂါး၊ ကုန်ပုတ်ထက်ဝယ်၊ လဲဗျာယ်ဟန်ပျင်၍ (ကုသတု)။ ထလန်းကားထလန်းဂါး၊ လေးတိုင်စင်သို့၊ ကဋင်ထက်မာ၊ အိပ်စက်နေပျော် (ထာနု)
    မျက်နှာ၊ ရင်၊ ဝမ်းကို အပေါ် ဖက်သို့ မျက်နှာ မူလျက်။ ကျောခင်းလျက်။ ထလန်းကားပက်လက်၊ ကုန်ပုတ်ထက်ဝယ်၊ လဲလျက်ဟန်ပျင်၍ (ကုသတု)။ ထလန်းကားပက်လက်၊ လေးတိုင်စင်သို့၊ ကဋင်ထက်မှာ၊ အိပ်စက်နေပျော် (ထာနု)
    lie on back
    ကြိယာဝိသေသန

    ထဝမ်းစိ

    [tʰwáɴsì]
    ထ အက္ခရာ အမည်
    ထ အက္ခရာ အမည်
    th of Arakanese consonant
    နာမ်

    ထာ

    [tʰà]
    အဝှမ်း ပေကျိုင်ရေ။ အဝှမ်း စွန်းထင်းရေ။ ချီးယိုလို့ ဒယောမာ ချီးတိထာနီရေ
    အနှံ့အပြား ပေကျံသည်။ အနှံ့အပြား စွန်းထင်းသည်။ ချီးယိုလို့ ဒယောမှာ ချီးတိထာနီရေ
    stain
    ကြိယာ

    ထား

    [tʰá]
    ၁၊ တခုခုသော နီရာမာ တခုခုသော ဝန်ကို တည်ဟိ နီစီရေ။ ရဟန်း ပုဏ္ဏားရို့အား အာဒိအစ မဂိုဏ်းပြုပနာ အဖျား မူလဏ်းထားလေ (ပါရာ)။ ၂၊ ခြွင်းချန်ရေ။ ခြွင်းချန်ထားရေ အကျွနို်ပအဝီကို နှမအား ပီးပါဟု ဆိုလေ၏ (ရခိုင်ဟောင်း)။ ၃၊ (စကားကို) ရပ်တန့် စီရေ။ ထားနောက်ထ
    ၁၊ တစ်ခုခုသော နေရာတွင် တစ်ခုခုသော ပစ္စည်းကို တည်ရှိ နေစေသည်။ ရဟန်း ပုဏ္ဏားတို့အား အာဒိအစ မဂိုဏ်းပြု၍ အဖျား နဂိုဏ်းထားလေ (ပါရာ)။ ၂၊ ခြွင်းချန်သည်။ ခြွင်းချန်ထားသော အကျွနို်ပဝေစုကို နှမအား ပေးပါဟု ဆိုလေ၏ (ရခိုင်ဟောင်း)။ ၃၊ (စကားကို) ရပ်တန့် စေသည်။ ထားနောက်ထ
    stop
    ကြိယာ

    ထား၂

    [tʰá၂]
    ကြိယာ၏ လုပ်စွာ တည်ဆဲ ဖြစ်တေကို ပြသော စကားလုံး။ ထိန်းခြင်း ကျွဲ၊ နွား၊ အပ်ထားသူမာ၊ မနှံရာရေ၊ မှန်စွာ အဂေါင့်၊ ကိန္နရုပ် (ပါရာ)
    ကြိယာ၏ လုပ်ရပ် တည်ဆဲ ဖြစ်သည်ကို ပြသော စကားလုံး။ ထိန်းခြင်း ကျွဲ၊ နွား၊ အပ်ထားသူမှာ၊ မနှံရာသည်၊ မှန်စွာ အဟုတ်၊ ကိန္နရုပ် (ပါရာ)
    none
    ပစ္စည်း

    ထား၃

    [tʰá၃]
    ၁၊ အဆင်သင့် စီမံ ပြုပျင် ထားဟိရေ။ ဆရာသူမွန်၊ ကျမ်းဂန်နံ့ပြား၊ တွက်၍ထားရေ၊ အများ ရှောင်ကုန်ရာ သတည်း (ပါရာ)။ ၂၊ နီရာ တခုမာ အမြဲတည်ဟိ စီရေ။ ဘုရားဆင်းတု၊ စာတီတည်ထားခြင်း၊ ထီးတင်းခွန် တင်ခြင်း (ပါရာ)
    ၁၊ အဆင်သင့် စီမံ ပြုပြင် ထားရှိသည်။ ဆရာသူမွန်၊ ကျမ်းဂန်နံ့ပြား၊ တွက်၍ထားသည်၊ အများ ရှောင်ကုန်ရာ သတည်း (ပါရာ)။ ၂၊ နေရာ တစ်ခုတွင် အမြဲတည်ရှိ စေသည်။ ဘုရားဆင်းတု၊ စေတီတည်ထားခြင်း၊ ထီးတံခွန် တင်ခြင်း (ပါရာ)
    put place keep
    ပစ္စည်း

    ထား၄

    [tʰá၄]
    စစွဲမမြဲ မှတ်ရေ။ နဂါးဟိရာ၊ မှန်စွာနီကျ၊ မှတ်ထားကတ်ပနာ (ပါရာ)
    စွဲစွဲမြဲမြဲ မှတ်သည်။ နဂါးရှိရာ၊ မှန်စွာနေကျ၊ မှတ်ထားကြလျက် (ပါရာ)
    bear in mind
    ကြိယာ

    ထား၅

    [tʰá၅]
    (ရှေးကို မဆက်ပနာ စီရန်) တော်စမ်းပါ ဟု တားမြစ် စီရေ စကား
    (ရှေးကို မဆက်လက် စေရန်) တော်စမ်းပါ ဟု တားမြစ် စေသည့် စကား
    forbid-prohibit
    နာမ်

    ထားခတိုင်း

    [tʰákʰtáɪɴ]
    ပကတိ ပင်ကိုယ် မူလ ဖြစ်ရေ သဘောကို ပြရာမာ သုံးသော စကားလုံး။ ကြင်နာထူးကေ၊ ဘီလူးမမာ၊ ထားခတိုင်းစွာ၊ ကိုယ့်နီရာသို့၊ ရောက်ကာအသင့် (ပဒ)
    ပကတိ ပင်ကိုယ် မူလ ဖြစ်သည့် သဘောကို ပြရာ၌ သုံးသော စကားလုံး။ ကြင်နာထူးကေ၊ ဘီလူးမမှာ၊ ထားခတိုင်းစွာ၊ ကိုယ့်နေရာသို့၊ ရောက်ကာအသင့် (ပဒ)
    natural
    ဝိသေသန

    ထားထား

    [tʰátʰá]
    (ပြောဆိုနီတုန်း) စကားကို ရပ်တန့် စီရေ။ ထားထား နောက်ထပ် စကား မပြောကေ့ဖိ
    (ပြောဆိုနေဆဲ) စကားကို ရပ်တန့် စေသည်။ ထားထား နောက်ထပ် စကား မပြောကေ့ဖိ
    halt
    ကြိယာ

    ထားထား၂

    [tʰátʰá၂]
    ကိုယ့် ထင်မြင်ချက်၊ ယူဆချက်ကို အတိအကျ ပြောဆိုရာမာ ဝါကျဟိ့မာ ထည့်၍ သုံးသော စကား။ ထားထား ယင်းတိုင်သျှင် ငါရို့ကို လိမ်နီစွာဗျာယ်
    မိမိ၏ ထင်မြင်ချက်၊ ယူဆချက်ကို အတိအကျ ပြောဆိုရာတွင် ဝါကျရှေ့မှာ ထည့်၍ သုံးသော စကား။ ထားထား ယင်းသူ ငါရို့ကို လိမ်နီစွာဗျာယ်
    in my point of view
    ပစ္စည်း

    ထားပါ

    [tʰápà]
    ကိုယ့် ထင်မြင်ချက်၊ ယူဆချက်ကို အတိအကျ ပြောဆိုရာမာ ဝါကျဟိ့မာ ထည့်၍ သုံးသော စကား။ ထားထား ယင်းတိုင်သျှင် ငါရို့ကို လိမ်နီစွာဗျာယ်
    မိမိ၏ ထင်မြင်ချက်၊ ယူဆချက်ကို အတိအကျ ပြောဆိုရာတွင် ဝါကျရှေ့မှာ ထည့်၍ သုံးသော စကား။ ထားထား ယင်းသူ ငါရို့ကို လိမ်နီစွာဗျာယ်
    in my point of view
    ပစ္စည်း

    ထားဖိ.

    [tʰápʰì.]
    (ပြောဆိုနီတုန်း) စကားကို ရပ်တန့် စီရေ။ ထားထား နောက်ထပ် စကား မပြောကေ့ဖိ။ ထားဖိ နောက်ထပ် ပြောစရာ မလိုပါဗျာယ်
    (ပြောဆိုနေဆဲ) စကားကို ရပ်တန့် စေသည်။ ထားထား နောက်ထပ် စကား မပြောကေ့ဖိ။ ထားဖိ နောက်ထပ် ပြောစရာ မလိုပါဗျာယ်
    halt
    ကြိယာ

    ထာယောင်းသီး

    [tʰàjáʊɴθï]
    မှည့်ရေအခါ နီ၍ လားတတ်ရေ ခရမ်း တမျိုး။ ခရမ်း ချိုင်သီး
    မှည့်သောအခါ နီ၍ သွားတတ်သော ခရမ်း တစ်မျိုး။ ခရမ်း ချဉ်သီး
    tomato
    နာမ်

    ထာဝစဉ်

    [tʰàwsɪ̀ɴ]
    ထာဝရ။ အစိုင်အမြဲ။ ရက်ပြတ်
    ထာဝရ။ အစဉ်အမြဲ။ အမြဲမပြတ်
    always
    ကြိယာဝိသေသန

    ထာဝရ

    [tʰàwɹ]
    ၁၊ အစိုင်။ မပြတ်။ အမြဲ။ ၂၊ မရွေ့မလျား။ (ပါ
    ၁၊ အစဉ်။ မပြတ်။ အမြဲ။ ၂၊ မရွေ့မလျား။ (ပါ
    always
    ကြိယာဝိသေသန

    ထာဝရဥစ္စာ

    [tʰàwɹʔṵsɪ́səà]
    မရွေ့ မပြောင်း နှိုင်ရေ လယ်ယာမြီ
    မရွေ့ မပြောင်း နိုင်သော လယ်ယာမြေ
    land of cultivation
    နာမ်