Dictionary Entries
Showing 221–240 of 781 words
ထ
ထိ
[tʰì]
Arakanese:
၁၊ အချက် ပိုင်ရေ။ ယင်းတိုင်သျှင် ပြောစွာ လူကို ထိရေ စကားလုံး။ ၂၊ (တစုံ တခုသော ဖီးဒဏ်) ကျရောက်ရေ။ သူတော် ကောင်းကို၊ မကောင်းကြံမိ၊ ဖီးရန်ထိ ဆိုရေပိုင်။ ၃၊ ခိုက်တိုက် မိရေ။ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုရေပိုင်။ ပေါင်းနှစ်ဖက်ကြား ထိ
Burmese:
၁၊ အချက် ပိုင်သည်။ ယင်းသူ ပြောစွာ လူကို ထိရေ စကားလုံး။ ၂၊ (တစ်စုံ တစ်ခုသော ဘေးဒဏ်) ကျရောက်သည်။ သူတော် ကောင်းကို၊ မကောင်းကြံမိ၊ ဘေးရန်ထိ ဆိုရေပိုင်။ ၃၊ ခိုက်တိုက် မိသည်။ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုရေပိုင်။ ပေါင်းနှစ်ဖက်ကြား ထိ
English:
touch
Grammar Note:
ကြိယာ
ထိခိုက်
[tʰìkʰaɪʔ]
Arakanese:
၁၊ ဆုံးယှုံးရေ။ နစ်နာရေ။ မောင်မဲရို့ မတရား လုပ်တေအတွက် မောင်လှရို့မာ စီးပွားရီး ထိခိုက်တေ။ ၂၊ ပုတ်ခတ် (ပြောဆို) ရေ။ လှကြာဖြူမာ သူတိကို ထိခိုက်လို့ စကား မပြောရကေ နီလို့မရ
Burmese:
၁၊ ဆုံးရှုံးသည်။ နစ်နာသည်။ မောင်မဲရို့ မတရား လုပ်တေအတွက် မောင်လှရို့မှာ စီးပွားရေး ထိခိုက်တေ။ ၂၊ ပုတ်ခတ် (ပြောဆို) သည်။ လှကြာဖြူမှာ သူများကို ထိခိုက်လို့ စကား မပြောရကေ နီလို့မရ
English:
lose
Grammar Note:
ကြိယာ
ထိခြင်းငါးပါး
[tʰìkʰɹɪ́ɴŋàးpàး]
Arakanese:
ဟိခိုးရာမာ ဒူးနှစ်ဖက်၊ လက်နှစ်ဖက်၊ နဖူးရို့ ကြမ်းပြင်နန့် ထိခြင်း
Burmese:
ရှိခိုးရာတွင် ဒူးနှစ်ဖက်၊ လက်နှစ်ဖက်၊ နဖူးတို့ ကြမ်းပြင်နှင့် ထိခြင်း
English:
none
Grammar Note:
နာမ်
ထိတ်
[tʰeɪʔ]
Arakanese:
လက်ခြေနန့် ဖွဲ့နှောင် ထားရရေ လက်ထိတ်၊ ခြေထိတ် စရေ။ ထူး
Burmese:
လက်ခြေဖြင့် ဖွဲ့နှောင် ထားရသော လက်ထိတ်၊ ခြေထိတ် စသည်။ ထူး
English:
gyve
Grammar Note:
ကြိယာ
ထိတ်၂
[tʰeɪʔ၂]
Arakanese:
ရွံ့ကြောက်ရေ။ လန့်ရေ။ ၂။ (စိတ်) တုန်လှုပ်ရေ။ မငြိမ်မသက် ဖြစ်တေ။ လှုပ်လှုပ်ရွရွ ဖြစ်တေ
Burmese:
ရွံ့ကြောက်သည်။ လန့်သည်။ ၂။ (စိတ်) တုန်လှုပ်သည်။ မငြိမ်မသက် ဖြစ်သည်။ လှုပ်လှုပ်ရွရွ ဖြစ်သည်
English:
scare
Grammar Note:
ကြိယာ
ထိတ်၃
[tʰeɪʔ၃]
Arakanese:
လူသိ ရှင်ကြား ဖြစ်ဗျာယ်။ ထင်ရှားစွာ။ ဟိုးလေး ကျော်ကျော်
Burmese:
လူသိ ရှင်ကြား ဖြစ်လျက်။ ထင်ရှားစွာ။ ဟိုးလေး ကျော်ကျော်
English:
famous
Grammar Note:
ကြိယာဝိသေသန
ထိတ်ကနဲ
[tʰeɪʔknɛ]
Arakanese:
ဖြုတ်ခြည်း လန့်ထိတ် သွားခြင်း အနိန်နန့်
Burmese:
ဖြုတ်ချည်း လန့်ထိတ် သွားခြင်း အားဖြင့်
English:
suddenly
Grammar Note:
ကြိယာဝိသေသန
ထိတ်ကပ်နာ
[tʰeɪʔkaʔnà]
Arakanese:
နခေါင်း ပိတ်သော ရောဂါ
Burmese:
နှာခေါင်း ပိတ်သော ရောဂါ
English:
sinusitis
Grammar Note:
နာမ်
ထိတ်ကျင်းကျင်း
[tʰeɪʔt͡ɕɪ́ɴt͡ɕɪ́ɴ]
Arakanese:
အဂေါင်း၌ ဆံပင် မပေါက်သူ။ ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားသူ
Burmese:
ဦးခေါင်း၌ ဆံပင် မပေါက်သူ။ ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားသူ
English:
clean shaven head
Grammar Note:
နာမ်
ထိတ်ကျင်းဗါစီ
[tʰeɪʔt͡ɕɪ́ɴbàsí]
Arakanese:
ရှည်သော နှုတ်သီး၊ ဝါသော လိုင်တံ၊ ရှည်သော ခြေတံ၊ နတ်ကျားသော အတောင်ပံ ဟိပြီးကေ ရေစပ်နားမာ ကျက်စားလေ့ ဟိရေ ငှက် တမျိုး။ ခြည်ခင်စွပ်
Burmese:
ရှည်သော နှုတ်သီး၊ ဝါသော လည်တံ၊ ရှည်သော ခြေတံ၊ နတ်ကျားသော အတောင်ပံ ရှိ၍ ရေစပ်နားတွင် ကျက်စားလေ့ ရှိသော ငှက် တစ်မျိုး။ ငှက်ကျား
English:
stork
Grammar Note:
နာမ်
ထိတ်ကွက်
[tʰeɪʔkwɛʔ]
Arakanese:
အစွန်း မဟိရေ တိုင်
Burmese:
အစွန်း မရှိသော တိုင်
English:
pole
Grammar Note:
နာမ်
ထိတ်ခတ်
[tʰeɪʔkʰaʔ]
Arakanese:
ထိတ်တုံးမာ ခြေကို ထည့်သွင်း၍ အကျိုင်း ထားရေ
Burmese:
ထိတ်တုံးတွင် ခြေကို ထည့်သွင်း၍ အကျဉ်း ထားသည်
English:
gyve
Grammar Note:
ကြိယာ
ထိတ်စ
[tʰeɪʔs]
Arakanese:
မယား၏ အမိအဖ။ ယောက္ခမ
Burmese:
မယား၏ အမိအဖ။ ယောက္ခမ
English:
Mother-in-law
Grammar Note:
နာမ်
ထိတ်ဆို
[tʰeɪʔsʰÒ]
Arakanese:
ရုတ်ခြည်း။ ၂။ ထိတ်လန့်ဗျာယ်
Burmese:
ရုတ်ချည်း။ ၂။ ထိတ်လန့်လျက်
English:
suddenly
Grammar Note:
ကြိယာဝိသေသန
ထိတ်တိုးတိုးသျှပ်သျှပ်
[tʰeɪʔtótóʃaʔʃaʔ]
Arakanese:
လူများ မကြား မသိရယောင်။ သိုသိပ်ကျစ်လစ်စွာ။ နားဝ နားကပ်ပြီးကေ။ တိန်းနိန်သျှပ်သျှပ်၊ အချင်းချင်းကေ၊ နားဝ ဟပ်လို့ (ထာနု)။ မလွတ်သိရဖို့လို့၊ (ဒေးဝန်း)။ နို့မပျက်သာ၊ တိန်းနိန်သျှပ်သျှပ် ဆိုဗျာယ် (ဗမာချီ)
Burmese:
သူတစ်ပါး မကြား မသိရအောင်။ သိုသိပ်ကျစ်လစ်စွာ။ နားရင်း နားကပ်လျက်။ တိုးတိုးသျှပ်သျှပ်၊ အချင်းချင်းကေ၊ နားရင်း ဟပ်လို့ (ထာနု)။ မလွတ်သိရမည်ဟု၊ (ဒေးဝန်း)။ နို့မပျက်သာ၊ တိုးတိုးသျှပ်သျှပ် ဆိုလျက် (ဗမာချီ)
English:
suppress
Grammar Note:
ကြိယာဝိသေသန
ထိတ်တုံး
[tʰeɪʔtóʊɴ]
Arakanese:
ပျိုင်ချပ်ထထူ နှစ်ချပ်မာ ခြေထည့် သွင်းနှိုင်ယောင် အပေါက် ဖေါက်၍ ခြေကို သွင်းပြီး အကျိုင်းချ ထားရန် ပြုလုပ် ထားရေ အရာ
Burmese:
ပျဉ်ချပ်ထူထူ နှစ်ချပ်တွင် ခြေထည့် သွင်းနိုင်အောင် အပေါက် ဖေါက်၍ ခြေကို သွင်းပြီး အကျဉ်းချ ထားရန် ပြုလုပ် ထားသော အရာ
English:
gyve
Grammar Note:
နာမ်
ထိတ်ထိတ်
[tʰeɪʔtʰeɪʔ]
Arakanese:
ကြောက်ရွံ့ လန့်ထိတ်ဗျာယ်။ မရဲမဝံ့ နောက်ဆုတ်သည်
Burmese:
ကြောက်ရွံ့ လန့်ထိတ်လျက်။ မရဲမဝံ့ နောက်ဆုတ်သည်
English:
scare
Grammar Note:
ကြိယာဝိသေသန
ထိတ်ထိတ်ချာချာ
[tʰeɪʔtʰeɪʔɕàɕà]
Arakanese:
ဣန္ဒြေ မရယောင် ထိတ်လန့် တုန်လှုပ်သော အနိန်နန့်
Burmese:
ဣန္ဒြေ မရအောင် ထိတ်လန့် တုန်လှုပ်သော အားဖြင့်
English:
scare
Grammar Note:
ကြိယာဝိသေသန
ထိတ်ထိတ်တီမွန်း
[tʰeɪʔtʰeɪʔtímʊ́ɴ]
Arakanese:
အလွန် များပြား စည်းကား သည်၏ အဖြစ်
Burmese:
အလွန် များပြား စည်းကား သည်၏ အဖြစ်
English:
be alive with teeming crowd
Grammar Note:
နာမ်
ထိတ်လန့်
[tʰeɪʔlàɴ့]
Arakanese:
(စိတ်) တုန်လှုပ်ရေ။ လှုပ်ရှားရေ။ မငြိမ်မသက် ဖြစ်တေ
Burmese:
(စိတ်) တုန်လှုပ်သည်။ လှုပ်ရှားသည်။ မငြိမ်မသက် ဖြစ်သည်
English:
horrify
Grammar Note:
ကြိယာ