Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 281–300 of 781 words

    ထ

    ထိပ်ပြင်

    [tʰìaʔpɹɪ̀ɴ]
    နဖူး၏ အပြင်။ မျက်ခုံး ရို့အထက် ဆံအမွီး မပေါက်သော နီရာ
    နဖူး၏ အပြင်။ မျက်ခုံး တို့အထက် ဆံအမွေး မပေါက်သော နေရာ
    fore head
    နာမ်

    ထိပ်ပြောင်

    [tʰìaʔpɹàʊɴ]
    အဂေါင်း၌ ဆံပင် မပေါက်သူ။ ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားသူ
    ဦးခေါင်း၌ ဆံပင် မပေါက်သူ။ ဆံပင်ကို ပြောင်စင်အောင် ရိတ်ထားသူ
    bald head
    နာမ်

    ထိပ်ဖုံး

    [tʰìaʔpʰóʊɴ]
    တစုံ တခု ဝန် ထည့်သော အိပ်ရေ မျက်နှာ အပေါင်ကို ဖုံးဖို့အတွက် စပ်၍ ပြုလုပ် ထားရေ နီရာ
    တစ်စုံ တစ်ခု ပစ္စည်း ထည့်သော အိပ်၏ မျက်နှာ အဖုံးကို ဖုံးရန်အတွက် စပ်၍ ပြုလုပ် ထားသော နေရာ
    lid-cover
    နာမ်

    ထိပ်ဖူး

    [tʰìaʔpʰùး]
    အထွတ်အမြတ်။ ၂။ ထူးကဲ မြင့်မြတ်သော ပုဂ္ဂိုလ်။ ၃။ စာတီ၊ ပုထိုး၊ ပြဿဒ် အစဟိစွာရို့၏ အဖျားပိုင်း
    အထွတ်အမြတ်။ ၂။ ထူးကဲ မြင့်မြတ်သော ပုဂ္ဂိုလ်။ ၃။ စေတီ၊ ပုထိုး၊ ပြဿဒ် စသည်တို့၏ အဖျားပိုင်း
    peak
    နာမ်

    ထိပ်ဖျား

    [tʰìaʔpʰrá]
    အမြင့်ဆုံး၊ အဖျားဆုံး၊ အစွန်ဆုံး၊ အထက်ဆုံး ဖြစ်ရေ နီရာ
    အမြင့်ဆုံး၊ အဖျားဆုံး၊ အစွန်ဆုံး၊ အပေါ်ဆုံး ဖြစ်သော နေရာ
    top-peak
    နာမ်

    ထိပ်ဝ

    [tʰìaʔw]
    ရွာလမ်းဈီး အစဟိစွာရို့၏ အဝင်ဝ။ သစ်လုံး၊ ကြိမ်လုံး၊ ပိုက်လုံး အစဟိစွာရို့၏ ထိပ်မျက်နှာပြင်
    ရွာလမ်းဈေး စသည်တို့၏ အဝင်ဝ။ သစ်လုံး၊ ကြိမ်လုံး၊ ပိုက်လုံး စသည်တို့၏ ထိပ်မျက်နှာပြင်
    entrance-surface
    နာမ်

    ထိပ်သီး

    [tʰìaʔθï]
    ထိပ်၌ ပေါက်တတ်ရေ အဖု၊ အသီး၊ အလုံးလေး၊ ၂။ (ဥပစာ) အကြီးဆုံး၊ ကောင်းဘီယက်၊ အတော်ဆုံး၊ အလှဆုံး
    ထိပ်၌ ပေါက်တတ်သော အဖု၊ အသီး၊ အလုံးလေး၊ ၂။ (ဥပစာ) အကြီးဆုံး၊ အကောင်းဆုံး၊ အတော်ဆုံး၊ အလှဆုံး
    top liner
    နာမ်

    ထိပ်အုပ်

    [tʰìaʔʔoʊʔ]
    ထီး အစဟိစွာရို့၏ အထက်က ဖုံးအုပ်ထားရေ အရာ
    ထီး စသည်တို့၏ အပေါ်က ဖုံးအုပ်ထားသော အရာ
    cowl
    နာမ်

    ထိမ်

    [tʰèɪɴ]
    (အပေါက်ကို) ဆို့ပိတ်ရေ။ (မြေမားကျင်းကို) ဖို့သည်
    (အပေါက်ကို) ဆို့ပိတ်သည်။ (မြေတွင်းကျင်းကို) ဖို့သည်
    block
    ကြိယာ

    ထိမ်၂

    [tʰèɪɴ၂]
    မမာ့ရို့၏ ဓမ္မတာသွီးမလာပဲ နိန်ရေ။ ၂။ လျှို့ဝှက်ရေ။ မသိ မမြင်ယောင် သိုသိပ်ထားရေ
    မိန်းမတို့၏ ဓမ္မတာ သွေးမလာပဲ နေသည်။ ၂။ လျှို့ဝှက်သည်။ မသိ မမြင်အောင် သိုသိပ်ထားသည်
    suffer from amenorrhoea
    ကြိယာ

    ထိမ်၃

    [tʰèɪɴ၃]
    မာသော အပင်ကြီး တမျိုး
    မာသော သစ်ပင်ကြီး တစ်မျိုး
    nauclea tree
    နာမ်

    ထိမ်ချန်

    [tʰèɪɴɕàɴ]
    ဖုံးကွယ်ရေ။ ကွယ်ဝှက်သည်
    ဖုံးကွယ်သည်။ ကွယ်ဝှက်သည်
    keep back
    ကြိယာ

    ထိမ်းမြား

    [tʰéɪɴmɹá]
    မင်္ဂလာ ဆောင်ရေ။ ထိမ်းမြားသည်
    မင်္ဂလာ ဆောင်သည်။ လက်ထပ်သည်
    marry
    ကြိယာ

    ထိမ်ဝှက်

    [tʰèɪɴʍɛʔ]
    လျှို့ဝှက်ရေ။ မသိ မမြင်ယောင် သိုသိပ် ထားရေ
    လျှို့ဝှက်သည်။ မသိ မမြင်အောင် သိုသိပ် ထားသည်
    conceal
    ကြိယာ

    ထိရုပ်ထိချင်

    [tʰìɹoʊʔtʰìɕɪ̀ɴ]
    (တခုနန့်တခု) ထိလု နီးပါး ဟိရေ
    (တစ်ခုနှင့်တစ်ခု) ထိလု နီးပါး ရှိသည်
    crouch
    ကြိယာ

    ထိရုပ်ထိရေ

    [tʰìɹoʊʔtʰìɹè]
    (တခုနန့်တခု) ထိလု နီးပါး ဟိရေ
    (တစ်ခုနှင့်တစ်ခု) ထိလု နီးပါး ရှိသည်
    crouch
    ကြိယာ

    ထိရောက်

    [tʰìɹɔ́ɛʔ]
    ၁၊ အကျိုး သက်ရောက်ရေ။ ၂၊ လိုရင်း ရောက်ရေ။ ပေါက်ရောက် အောင်မြင်သည်
    ၁၊ အကျိုး သက်ရောက်သည်။ ၂၊ လိုရင်း ရောက်သည်။ ပေါက်ရောက် အောင်မြင်သည်
    yield result
    ကြိယာ

    ထိလုထိချင်

    [tʰìloʊtʰìɕɪ̀ɴ]
    (တခုနန့်တခု) ထိလု နီးပါး ဟိရေ
    (တစ်ခုနှင့်တစ်ခု) ထိလု နီးပါး ရှိသည်
    crouch
    ကြိယာ

    ထို

    [tʰÒ]
    ညွန်ပြရေ့ မလှမ်းမကမ်း နီရာမာ ဟိရေ။ ဟို
    ညွန်ပြသည့် မလှမ်းမကမ်း နေရာ၌ ရှိသော။ ဟို
    that
    နာမဝိသေသန

    ထိုး

    [tʰó]
    တစုံ တခုသော အလင်းရောင် ရယောင် လုပ်ပီးရေ။ (ဓါတ်တောက် - ဓါတ်မီးထိုး၊ နီရောင်ထိုး အစဟိစွာ)။ ၂။ ဆောက်လုပ် ရေ။ (တန်းထားထိုး၊ ငြမ်းထိုး၊ တဲထိုး အစဟိစွာ)။ ၃။ စိတ်ဖြာရေ။ (နှီးထိုး)။ ၄။ ကိုက်ရေ။ (ပျားထိုး၊ ကြမ်းပိုးထိုး၊ ပိုးထိုး စရေ။) ၅။ တစုံ တခုကို အဟိန် အ
    တစ်စုံ တစ်ခုသော အလင်းရောင် ရအောင် လုပ်ပေးသည်။ (ဓါတ်တောက် - ဓါတ်မီးထိုး၊ နေရောင်ထိုး စသည်)။ ၂။ ဆောက်လုပ် သည်။ (တံတားထိုး၊ ငြမ်းထိုး၊ တဲထိုး စသည်)။ ၃။ စိတ်ဖြာသည်။ (နှီးထိုး)။ ၄။ ကိုက်သည်။ (ပျားထိုး၊ ကြမ်းပိုးထိုး၊ ပိုးထိုး စသည်။) ၅။ တစ်စုံ တစ်ခုကို အရှိန် အ
    dig
    ကြိယာ