Dictionary Entries
Showing 301–320 of 781 words
ထ
ထို၂
[tʰÒ၂]
Arakanese:
နီရာ၊ အရပ်၊ အချိန်အခါ၊ အခိုက်အတန့် အစဟိစွာအားဖြင့် ကွာလှမ်းသည့် အရာဝတ္တုကို ညွန်ပြရေ စကားလုံး
Burmese:
နေရာ၊ အရပ်၊ အချိန်အခါ၊ အခိုက်အတန့် စသည်အားဖြင့် ကွာလှမ်းသည့် အရာဝတ္တုကို ညွန်ပြသော စကားလုံး
English:
that
Grammar Note:
နာမ်စား
ထို၃
[tʰÒ၃]
Arakanese:
အသက် ဟိရေ အရာဝတ္တု၊ အသက် မဟိရေ အရာဝတ္တုရို့ကို ညွန်ပြရေ စကားလုံး
Burmese:
အသက် ရှိသော အရာဝတ္တု၊ အသက် မရှိသော အရာဝတ္တုတို့ကို ညွန်ပြသော စကားလုံး
English:
that
Grammar Note:
နာမ်
ထိုးကန်း
[tʰókáɴ]
Arakanese:
ထော်ခရာဝ ကန့်လန့်၊ ဖီလာ ဆန့်ကျင်ဗျာယ်။၂။ တဇူးကန်း။ မစဉ်းမစား။ မဆင်မခြင်။ မထိန်းမသိမ်။ ၃။ ကိုယ့်ထင်ရာကို စွတ်လုပ်ဗျာယ်
Burmese:
ထော်လော် ကန့်လန့်၊ ဖီလာ ဆန့်ကျင်လျက်။၂။ တဇောက်ကန်း။ မစဉ်းမစား။ မဆင်မခြင်။ မထိန်းမသိမ်။ ၃။ မိမိထင်ရာကို စွတ်လုပ်လျက်
English:
contrarily
Grammar Note:
ကြိယာဝိသေသန
ထိုးကန်း၂
[tʰókáɴ၂]
Arakanese:
ယင်းပိုင် ပြုလုပ်တတ်သူ
Burmese:
ယင်းသို့ ပြုလုပ်တတ်သူ
English:
none
Grammar Note:
နာမ်
ထိုးကန်းသျှေ
[tʰókáɴʃè]
Arakanese:
ထော်ခရာဝ ကန့်လန့်၊ ဖီလာ ဆန့်ကျင်ဗျာယ်။၂။ တဇူးကန်း။ မစဉ်းမစား။ မဆင်မခြင်။ မထိန်းမသိမ်။ ၃။ ကိုယ့် ထင်ရာကို စွတ်လုပ်ဗျာယ်
Burmese:
ထော်လော် ကန့်လန့်၊ ဖီလာ ဆန့်ကျင်လျက်။၂။ တဇောက်ကန်း။ မစဉ်းမစား။ မဆင်မခြင်။ မထိန်းမသိမ်။ ၃။ မိမိ ထင်ရာကို စွတ်လုပ်လျက်
English:
contrarily
Grammar Note:
နာမ်
ထိုးကီထိုးကန့်
[tʰókítʰókàɴ့]
Arakanese:
ထော်ခရာဝ ကန့်လန့်၊ ဖီလာ ဆန့်ကျင်ဗျာယ်။ ၂။ ကန့်လန့် ဆန့်ကျင်သော အနိန်နန့်။ ၃။ သူတိ တိုင်းနှင့် ဆန့်ကျင်သော အပြုအမူ၊ အပြောအဆို အစဟိစွာရို့ကို ပြုမူ ပြောဆိုဗျာယ်
Burmese:
ထော်လော် ကန့်လန့်၊ ဖီလာ ဆန့်ကျင်လျက်။ ၂။ ကန့်လန့် ဆန့်ကျင်သော အားဖြင့်။ ၃။ သူများ တကာနှင့် ဆန့်ကျင်သော အပြုအမူ၊ အပြောအဆို စသည်တို့ကို ပြုမူ ပြောဆိုလျက်
English:
contrarily
Grammar Note:
ကြိယာဝိသေသန
ထိုးကီနာကန်း
[tʰókínàkáɴ]
Arakanese:
ထော်ခရာဝ ကန့်လန့်၊ ဖီလာ ဆန့်ကျင်ဗျာယ်။ ၂။ ကန့်လန့် ဆန့်ကျင်သော အနိန်နန့်။ ၃။ သူတိ တိုင်းနှင့် ဆန့်ကျင်သော အပြုအမူ၊ အပြောအဆို အစဟိစွာရို့ကို ပြုမူ ပြောဆိုဗျာယ်
Burmese:
ထော်လော် ကန့်လန့်၊ ဖီလာ ဆန့်ကျင်လျက်။ ၂။ ကန့်လန့် ဆန့်ကျင်သော အားဖြင့်။ ၃။ သူများ တကာနှင့် ဆန့်ကျင်သော အပြုအမူ၊ အပြောအဆို စသည်တို့ကို ပြုမူ ပြောဆိုလျက်
English:
contrarily
Grammar Note:
ကြိယာဝိသေသန
ထိုက်
[tʰaɪʔ]
Arakanese:
၁၊ (အပြစ်ဒဏ် အစဟိစွာ) သင့်ရောက်ရေ။ ၂၊ သင့်တော်ရေ။ ၃၊ သင့်တင့် လျောက်ပတ်ရေ။ ၄၊ အဖိုးတန်ရေ။ အဖိုး တသိန်းမက ထိုက်တန်သော ရတနာမျိုး ဖြစ်၏။ (ဒိဋာ
Burmese:
၁၊ (အပြစ်ဒဏ် စသည်) သင့်ရောက်သည်။ ၂၊ သင့်တော်သည်။ ၃၊ သင့်တင့် လျောက်ပတ်သည်။ ၄၊ အဖိုးတန်သည်။ အဖိုး တစ်သိန်းမက ထိုက်တန်သော ရတနာမျိုး ဖြစ်၏။ (ဒိဋာ
English:
suited
Grammar Note:
ကြိယာ
ထိုက်တန်
[tʰaɪʔtàɴ]
Arakanese:
သင့်လျော် လျောက်ပတ်ရေ။ ဤပတ္တမြား လက်စွပ်ကား အသျှင်မင်းကြီးနန့် ရာကေ ထိုက်တန်ပါရေလို့ လျှောက်လေ၏ (ရခိုင်ဟောင်း)
Burmese:
သင့်လျော် လျောက်ပတ်သည်။ ဤပတ္တမြား လက်စွပ်ကား အရှင်မင်းကြီးနှင့် သာလျှင် ထိုက်တန်ပါသည်ဟု လျှောက်လေ၏ (ရခိုင်ဟောင်း)
English:
suited
Grammar Note:
ကြိယာ
ထိုက်ထိုက်တန်တန်
[tʰaɪʔtʰaɪʔtàɴtàɴ]
Arakanese:
ခဲခဲခက်ခက်။ လွယ်ကူသည် မဟုတ်ဘဲ။ ခဲယဉ်းစွာ
Burmese:
ခဲခဲခက်ခက်။ လွယ်ကူသည် မဟုတ်ပဲ။ ခဲယဉ်းစွာ
English:
hard
Grammar Note:
ကြိယာဝိသေသန
ထိုက်ရာ
[tʰaɪʔɹà]
Arakanese:
သင့်လျော် လျောက်ပတ် ပတ်သော နီရာ။ ထိုက်ရာမာနား၊ ကြိုက်ရာနန့်ငြား (ပုံ)
Burmese:
သင့်လျော် လျောက်ပတ် ပတ်သော နေရာ။ ထိုက်ရာမှာနား၊ ကြိုက်ရာနန့်ငြား (ပုံ)
English:
suitable
Grammar Note:
နာမ်
ထိုက်ရာထိုက်ရာ
[tʰaɪʔɹàtʰaɪʔɹà]
Arakanese:
သင့်လျော် လျောက်ပတ်ပိုင်
Burmese:
သင့်လျော် လျောက်ပတ်သလို
English:
suitable
Grammar Note:
ကြိယာဝိသေသန
ထိုက်သင့်
[tʰaɪʔθɪ̰ɴ]
Arakanese:
လျော်ကန် သင့်မြတ်ရေ။ သင့်လျော် လျောက်ပတ်သည်
Burmese:
လျော်ကန် သင့်မြတ်သည်။ သင့်လျော် လျောက်ပတ်သည်
English:
suited
Grammar Note:
ကြိယာ
ထိုက်သင့်ထိုက်ရာ
[tʰaɪʔθɪ̰ɴtʰaɪʔɹà]
Arakanese:
ထိုက်ရေ အနိန်နန့်။ သင့်တော်ပိုင်။ သင့်ပိုင်
Burmese:
ထိုက်သည့် အားလျော်စွာ။ သင့်တော်သလို။ သင့်သလို
English:
suitable
Grammar Note:
ကြိယာဝိသေသန
ထိုးကျ
[tʰót͡ɕ]
Arakanese:
အဟိန်အဟုန်နန့် အောက်ကို စောက်ထိုး ကျရေ
Burmese:
အရှိန်အဟုန်ဖြင့် အောက်သို့ စောက်ထိုး ကျသည်
English:
fall
Grammar Note:
ကြိယာ
ထိုးကြိတ်
[tʰót͡ɕeɪʔ]
Arakanese:
လက်သီးနန့် တွန်းဖိ ထိုးနှက်သည်
Burmese:
လက်သီးဖြင့် တွန်းဖိ ထိုးနှက်သည်
English:
beat
Grammar Note:
ကြိယာ
ထိုးချ
[tʰóɕ]
Arakanese:
ကိုယ့် အပြစ်ကို လူတိအား လွှဲချရေ
Burmese:
မိမိ အပြစ်ကို သူတစ်ပါးအား လွှဲချသည်
English:
knock out
Grammar Note:
ကြိယာ
ထိုးချ၂
[tʰóɕ၂]
Arakanese:
အောက်ကို ထိုးကျအောင် လုပ်ရေ
Burmese:
အောက်သို့ ထိုးကျအောင် လုပ်သည်
English:
knock out
Grammar Note:
ကြိယာ
ထိုချင့်
[tʰÒɕɪ̀ɴ့]
Arakanese:
မလှမ်း မကမ်းဟိ အရာဝတ္တုရို့ကို ဖော်ပြသော စကားလုံး။ ၂။ အမည် မမှတ်မိ ဖော်မပြနှိုင်ရေ အရာဝတ္တုကို ပြောဆိုရေ စကားလုံး။ ဟိုဒင်း
Burmese:
မလှမ်း မကမ်းရှိ အရာဝတ္တုတို့ကို ဖော်ပြသော စကားလုံး။ ၂။ အမည် မမှတ်မိ ဖော်မပြနိုင်သော အရာဝတ္တုကို ပြောဆိုသော စကားလုံး။ ဟိုဒင်း
English:
that
Grammar Note:
နာမ်စား
ထိုးချင်
[tʰóɕɪ̀ɴ]
Arakanese:
အတားအဆီး မဟိဘဲ။ ထွက်လိုထွက် ဝင်လိုဝင်
Burmese:
အတားအဆီး မရှိပဲ။ ထွက်လိုထွက် ဝင်လိုဝင်
English:
permit
Grammar Note:
ကြိယာဝိသေသန