Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 341–360 of 781 words

    ထ

    ထိုစွာ

    [tʰÒswà]
    မလှမ်း မကမ်းဟိ အရာဝတ္တုရို့ကို ဖော်ပြသော စကားလုံး။ ၂။ အမည် မမှတ်မိ ဖော်မပြ နှိုင်ရေ အရာဝတ္တုကို ပြောဆိုရေ စကားလုံး။ ဟိုဒင်း
    မလှမ်း မကမ်းရှိ အရာဝတ္တုတို့ကို ဖော်ပြသော စကားလုံး။ ၂။ အမည် မမှတ်မိ ဖော်မပြ နိုင်သော အရာဝတ္တုကို ပြောဆိုသော စကားလုံး။ ဟိုဒင်း
    that
    နာမ်စား

    ထိုစွာ၂

    [tʰÒswà၂]
    အမည် မဖော်ပြ နှိုင်ရေ အရာဝတ္တု
    အမည် မဖော်ပြ နိုင်သော အရာဝတ္တု
    that
    နာမ်

    ထိုစွာသျှေ

    [tʰÒswàʃè]
    အမည် မမှတ်မိ သနန့် (ထိုယောက်ကျားလေးဟု) ခေါ်ဆို ပြောဆိုရေ စကားလုံး
    အမည် မမှတ်မိ သဖြင့် (ဟိုကောင်လေးဟု) ခေါ်ဆို ပြောဆိုသော စကားလုံး
    that
    နာမ်စား

    ထိုစွာသျှေ၂

    [tʰÒswàʃè၂]
    ယောက်ကျားလေး။ လူလေး။ သူငယ်။ ကလွေသျှေ အစဟိစွာ
    ကောင်လေး။ လူလေး။ သူငယ်။ ယောက်ျားလေး စသည်
    boy
    နာမ်

    ထိုးဆင်း

    [tʰósʰɪ́ɴ]
    အမြင့်မှ အနိမ့်သို့ ပင်ဖြစ်ဖြစ်၊ အထက်မှ အောက်ကို ပင်ဖြစ်ဖြစ်၊ အဟိန်အဟုန်နန့် ရွေ့ဆင်းရေ
    အမြင့်မှ အနိမ့်သို့ လည်းကောင်း၊ အထက်မှ အောက်သို့ လည်းကောင်း၊ အရှိန်အဟုန်ဖြင့် ရွေ့ဆင်းသည်
    acceleration
    ကြိယာ

    ထိုးဆင်း၂

    [tʰósʰɪ́ɴ၂]
    တဟုန်တည်း (စျီးကွက်) တနည်း အထက်မှ အောက်ကို ကျဆင်းရေ
    တစ်ဟုန်တည်း (ဈေးကွက်) သို့မဟုတ် အထက်မှ အောက်သို့ ကျဆင်းသည်
    decrease
    ကြိယာ

    ထိုးဆွ

    [tʰósʰw]
    အပ်ဖျား အစဟိစွာရို့နန့် အခေါက်ခေါက် ထိုးသည်
    အပ်ဖျား စသည်တို့ဖြင့် အကြိမ်ကြိမ် ထိုးသည်
    pierce-provoke
    ကြိယာ

    ထိုးဆွ၂

    [tʰósʰw၂]
    (ဥပစာ) စိတ် မခံချိ မခံသာယောင် ပြောဆို ပြုမူရေ။၂။ မငြိမ်မသက် ဖြစ်ယောင် လှုပ်ရှားပီးရေ
    (ဥပစာ) စိတ် မခံချိ မခံသာအောင် ပြောဆို ပြုမူသည်။၂။ မငြိမ်မသက် ဖြစ်အောင် လှုပ်ရှားပေးသည်
    pierce-provoke
    ကြိယာ

    ထိုဇောင်းလည်းခက်အေဇောင်းလည်းခက်

    [tʰÒzáʊɴlɛ́kʰɛʔʔèzáʊɴlɛ́kʰɛʔ]
    အခက်အခဲ အမျိုးမျိုးနန့် ကြုံတွိ နိန်ရေ အနိန်နန့်။ ဇာပိုင် လုပ်ဆောင်ရဖို့ကို အဖြီရှာ မရပြီးကေ အကြံအိုက်ဗျာယ်
    အခက်အခဲ အမျိုးမျိုးဖြင့် ကြုံကြိုက် နေသော အားဖြင့်။ မည်သို့ လုပ်ဆောင်ရမည်ကို အဖြေရှာ မရ၍ အကြံအိုက်လျက်
    in trouble
    ကြိယာဝိသေသန

    ထိုးတက်

    [tʰótɛʔ]
    တဟုန်တည်းနန့် အထက်ကို တက်လားသည်
    တဟုန်တည်းဖြင့် အပေါ်သို့ တက်သွားသည်
    increase
    ကြိယာ

    ထိုးတက်၂

    [tʰótɛʔ၂]
    (ဥပစာ) တနားချေနန့် ကြီးပွား ချမ်းသာရေ
    (ဥပစာ) ခဏချင်း ကြီးပွား ချမ်းသာသည်
    rich
    ကြိယာ

    ထို့တူ

    [tʰo̰tù]
    ပြဆိုခပြီးကေသော အကြောင်းအရာ အတိုင်း
    ပြဆိုခဲ့ပြီးသော အကြောင်းအရာ အတိုင်း
    in the same way
    သမ္ဗန္တ

    ထိုးထား

    [tʰótʰá]
    ဂရု မစိုက်ပဲ ပစ်ပယ် ထားရေ။ လျစ်လျူ ရှုထားရေ
    ဂရု မစိုက်ပဲ ပစ်ပယ် ထားသည်။ လျစ်လျူ ရှုထားသည်
    negelet-ignore
    ကြိယာ

    ထိုထို

    [tʰÒtʰÒ]
    ညွန်ပြ အပ်ရေ သက်ဟိ သက်မဲ့ရို့၏ များရေ အဖြစ်နှင့် အထွီထွီ အမျိုးမျိုး ရို့ကို ပြသော စကားလုံး
    ညွန်ပြ အပ်သော သက်ရှိ သက်မဲ့တို့၏ များသော အဖြစ်နှင့် အထွေထွေ အမျိုးမျိုး တို့ကို ပြသော စကားလုံး
    that
    နာမ်စား

    ထိုထိုရာရာ

    [tʰÒtʰÒɹàɹà]
    အမျိုးမျိုး၊ အဖုံဖုံ။ အထွီထွီ အမျိုးမျိုး။ အဖက်ဖက်။ အရာရာ။ ထိုထိုဒေဒေ
    အမျိုးမျိုး၊ အဖုံဖုံ။ အထွေထွေ အမျိုးမျိုး။ အဖက်ဖက်။ အရာခပ်သိမ်း။ ထိုထိုဤဤ
    everything
    နာမ်

    ထိုးထောင်

    [tʰótʰàʊɴ]
    တည့်တည့် မတ်မတ် ရပ်တည်ဗျာယ်
    တည့်တည့် မတ်မတ် ရပ်တည်လျက်
    stand
    ကြိယာဝိသေသန

    ထိုးထွင်း

    [tʰótʰwɪ́ɴ]
    သိနှိုင်ခဲဗျာယ်။ အလွန် နက်နဲ ခက်ခဲသော အနိန်နန့်
    သိနိုင်ခဲလျက်။ အလွန် နက်နဲ ခက်ခဲသော အားဖြင့်
    deep in thought
    ကြိယာဝိသေသန

    ထိုးထွင်း၂

    [tʰótʰwɪ́ɴ၂]
    ကိုယ့် ကိုယ်ပိုင် ဉာဏ်နန့် ထီထွင်သည်
    မိမိ ကိုယ်ပိုင် ဉာဏ်ဖြင့် ထီထွင်သည်
    invent
    ကြိယာ

    ထိုးထွင်ဉာဏ်

    [tʰótʰwɪ̀ɴɲàn်]
    နက်နဲစွာ သိမြင်နှိုင်ရေ ဉာဏ်
    နက်နဲစွာ သိမြင်နိုင်သော ဉာဏ်
    acuity
    နာမ်

    ထိုးထွန့်

    [tʰótʰʊ̀ɴ့]
    ဆတ်ကနဲ ဆတ်ကနဲ စိကေချေ လှုပ်ရွဗျာယ်
    ဆတ်ကနဲ ဆတ်ကနဲ အနည်းငယ် လှုပ်ရွလျက်
    in a state of turmoil or bustle
    ကြိယာဝိသေသန