Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 361–380 of 781 words

    ထ

    ထိုနည်း

    [tʰÒnɛ́]
    ပြဆိုခဲ့ ပြီးရေ အဖြစ်အပျက် ခြင်းရာ အတိုင်းပင်
    ပြဆိုခဲ့ ပြီးသော အဖြစ်အပျက် ခြင်းရာ အတိုင်းပင်
    in the same way
    သမ္ဗန္တ

    ထိုနည်းတူစွာ

    [tʰÒnɛ́tùswà]
    ထိုနည်းတတူ။ ထိုနည်းအတိုင်း။ ထိုနည်းရာကေ
    ထိုနည်းအတူ။ ထိုနည်းအတိုင်း။ ထိုနည်းသာလျှင်
    in the same way
    ကြိယာဝိသေသန

    ထိုနောင်

    [tʰÒnàʊɴ]
    ဆိုခပြီးရေမှ အရာတပါး။ ထိုကလွဲကေ။ ယင်းအပြင်
    ဆိုခဲ့ပြီးသည်မှ အခြားတစ်ပါး။ ထိုမှတစ်ပါး။ ထို့ပြင်
    besides that
    သမ္ဗန္တ

    ထိုးနှက်

    [tʰón̥ɛʔ]
    လက်သီးနန့် ထိုးကြိတ်သည်
    လက်သီးဖြင့် ထိုးကြိတ်သည်
    attack with force
    ကြိယာ

    ထိုနှုတ်ကြီး

    [tʰÒn̥oʊʔt͡ɕï]
    မစဉ်းမစား။ မဆင်မခြင်ပဲ။ တဇူးကန်း။ အဆုတ် အဆိုင်း မဟိဘဲ
    မစဉ်းမစား။ မဆင်မခြင်ပဲ။ တဇောက်ကန်း။ အဆုတ် အဆိုင်း မရှိပဲ
    reckless person
    ကြိယာဝိသေသန

    ထိုပိုင်

    [tʰÒpàɪɴ]
    ရှေး၌ ပြဆိုခပြီးရေ့ အတိုင်း။ ယင်းပိုင်
    ရှေး၌ ပြဆိုခဲ့ပြီးသည့် အတိုင်း။ ထိုကဲ့သို့
    in the same way
    သမ္ဗန္တ

    ထိုပိုင်ဒေပိုင်

    [tʰÒpàɪɴdèpàɪɴ]
    ဇာဟင့်တခုကိုလေ့ တိကျ စွဲမြဲစွာ ရည်ရွယ် ထားခြင်း မဟိ အလဲအလှယ် အနိန်နန့်။ ထိုဟင့် ဒေဟင့်။ ဟိုပိုင် ရေပိုင်အနိန်နန့်
    မည်သည့် အရာကိုမျှ တိကျ စွဲမြဲစွာ ရည်ရွယ် ထားခြင်း မရှိ အလဲအလှယ် အားဖြင့်။ ဟိုနှယ် သည်နှယ်။ ဟိုလို သည်လိုအားဖြင့်
    about
    ကြိယာဝိသေသန

    ထိုပိုင်သျှောင်

    [tʰÒpàɪɴʃàʊɴ]
    ရှေး၌ ပြဆိုခပြီးရေ့ အတိုင်း။ ယင်းပိုင်
    ရှေး၌ ပြဆိုခဲ့ပြီးသည့် အတိုင်း။ ထိုကဲ့သို့
    in the same way
    သမ္ဗန္တ

    ထိုးပေါင်

    [tʰópèàɪ̀ɴ]
    တစုံ တဦးအား သွီးကြီး စိတ်ကြီး ဝင်အောင် ထိုးမြှောက် ပင့်ကော် ပေးဗျာယ်။ ၂။ သွီးမြောက် တက်ကြွအောင် မြှောက်ပင့်ပေးဗျာယ်
    တစ်စုံ တစ်ဦးအား သွေးကြီး စိတ်ကြီး ဝင်အောင် ထိုးမြှောက် ပင့်ကော် ပေးလျက်။ ၂။ သွေးမြောက် တက်ကြွအောင် မြှောက်ပင့်ပေးလျက်
    incite
    ကြိယာ

    ထိုးပေါင်၂

    [tʰópèàɪ̀ɴ၂]
    တစုံ တဦးအား သွီးကြီး စိတ်ကြီး ဝင်အောင် ထိုးမြှောက် ပင့်ကော်သော။ ၂။ သွီးမြောက် တက်ကြွအောင် မြှောက်ပင့် ပီးရေ
    တစ်စုံ တစ်ဦးအား သွေးကြီး စိတ်ကြီး ဝင်အောင် ထိုးမြှောက် ပင့်ကော်သော။ ၂။ သွေးမြောက် တက်ကြွအောင် မြှောက်ပင့် ပေးသော
    incite
    နာမဝိသေသန

    ထိုးပြ

    [tʰópɹ]
    တစုံ တဦးအား (တခုတရီကို) လက်ညှိုး ညွှန်ပြရေ
    တစ်စုံ တစ်ဦးအား (တစ်စုံတစ်ရာကို) လက်ညှိုး ညွှန်ပြသည်
    point
    ကြိယာ

    ထို့ပြင်

    [tʰo̰pɹɪ̀ɴ]
    ဆိုခဲ့ ပြောခသော အရာမှ တပါး
    ဆိုခဲ့ ပြောခဲ့သော အရာမှ တစ်ပါး
    besides that
    သမ္ဗန္တ

    ထိုးဖေါက်

    [tʰópʰaʊʔ]
    ချင်းနင်း ဝင်ရောက်ရေ။ ၂။ အချွန် တခုခုနန့် ထိုးပနာ ပေါက်စီရေ
    ချင်းနင်း ဝင်ရောက်သည်။ ၂။ အချွန် တစ်ခုခုဖြင့် ထိုး၍ ပေါက်စေသည်
    penetrate
    ကြိယာ

    ထိုးဖြုန်း

    [tʰópʰɹóʊɴ]
    ကြိတ်ထိုးပနာ ဆန်နှင့် စပါးကို ခွဲရားကေ (ဆန်နှင့်စပါး) ရောနှော၍ ကျန်နီရစ်သော အရာ
    ကြိတ်ထိုး၍ ဆန်နှင့် စပါးကို ခွဲပြီးနောက် (ဆန်နှင့်စပါး) ရောနှော၍ ကျန်နေရစ်သော အရာ
    none
    နာမ်

    ထိုမှ

    [tʰÒm̥]
    ယင်းအပြင်။ ဆိုခပြီးကေသော အရာမှ အရာတပါး
    ထို့ပြင်။ ဆိုခဲ့ပြီးသော အရာမှ အခြားတစ်ပါး
    besides that
    သမ္ဗန္တ

    ထိုမှာ

    [tʰÒm̥à]
    မလှမ်းမကမ်း နံဖီးအနား၌ ဟိရေ အရာဝတ္တုကို (လက်ညှိုး) ညွန်ပြရေ စကားလုံး
    မလှမ်းမကမ်း အနီးအနား၌ ရှိသော အရာဝတ္တုကို (လက်ညှိုး) ညွန်ပြသော စကားလုံး
    that
    နာမ်စား

    ထိုမှာထော

    [tʰÒm̥àtʰɔ́]
    မလှမ်းမကမ်း နံဖီးအနား၌ ဟိရေ အရာဝတ္တုကို (လက်ညှိုး) ညွန်ပြရေ စကားလုံး
    မလှမ်းမကမ်း အနီးအနား၌ ရှိသော အရာဝတ္တုကို (လက်ညှိုး) ညွန်ပြသော စကားလုံး
    that
    နာမ်စား

    ထိုမှာဒေမှာ

    [tʰÒm̥àdèm̥à]
    ခေါက်တုံ ခေါက်ပြန်။ လူးလာဆန်ခတ်
    ခေါက်တုံ ခေါက်ပြန်။ လူးလာဆန်ခတ်
    back and forth
    ကြိယာဝိသေသန

    ထိုရေခါ

    [tʰÒɹèkʰà]
    ထိုရောအခါ။ ယင်းခါ၌။ ထိုကာလမာ
    ထိုရောအခါ။ ထိုအခါ၌။ ထိုကာလ၌
    then
    သမ္ဗန္တ

    ထိုးဝင်

    [tʰówɪ̀ɴ]
    အထဲထဲကို ချင်းနင်း ဖေါက်ဝင်ရေ
    အတွင်းထဲသို့ ချင်းနင်း ဖေါက်ဝင်သည်
    penetrate
    ကြိယာ