Dictionary Entries
Showing 21–40 of 781 words
ထ
ထက်ပိုင်းကျိုး
[tʰɛʔpáɪɴt͡ɕó]
Arakanese:
နှစ်ပိုင်းကျိုးသည်
Burmese:
နှစ်ပိုင်းကျိုးသည်
English:
half
Grammar Note:
ကြိယာ
ထက်ပိုင်းကျိုး၂
[tʰɛʔpáɪɴt͡ɕó၂]
Arakanese:
နှစ်ပိုင်း ကျိုးကပင် တပိုင်း ကျိုးသော အရာ
Burmese:
နှစ်ပိုင်း ကျိုးသည်မှ တစ်ပိုင်း ကျိုးသော အရာ
English:
half
Grammar Note:
နာမ်
ထက်ပိုင်းပြတ်
[tʰɛʔpáɪɴpɹaʔ]
Arakanese:
အမင်ာင်နှမျှ။ မျှမျှတတ၊ နှစ်ပိုင်း ပြတ်သည်
Burmese:
အညီအမျှ။ မျှမျှတတ၊ နှစ်ပိုင်း ပြတ်သည်
English:
half
Grammar Note:
ကြိယာ
ထက်ပိုင်းပြတ်၂
[tʰɛʔpáɪɴpɹaʔ၂]
Arakanese:
အမင်ာင်နှမျှ။ မျှမျှတတ။ နှစ်ပိုင်း ပြတ်ကပင် တပိုင်း ပြတ်သော အရာ
Burmese:
အညီအမျှ။ မျှမျှတတ။ နှစ်ပိုင်း ပြတ်သည်မှ တစ်ပိုင်း ပြတ်သော အရာ
English:
half
Grammar Note:
နာမ်
ထက်ပေါ်ရီ
[tʰɛʔpɔ̀ɹí]
Arakanese:
၁၊ ပြင်မျက်နှာ ပြင်နီရာ။ ရပေါ်ဆီ။ ၂၊ လေးလေး နက်နက် မဟိခြင်း။ သာမန်မျှ ဖြစ်ခြင်း။ ၃၊ ပြင်ပုံပန်း သဏ္ဍာန်။ အပြင်ပန်း
Burmese:
၁၊ ပြင်မျက်နှာ ပြင်နေရာ။ အပေါ်ယံ။ ၂၊ လေးလေး နက်နက် မရှိခြင်း။ သာမန်မျှ ဖြစ်ခြင်း။ ၃၊ ပြင်ပုံပန်း သဏ္ဍာန်။ အပြင်ပန်း
English:
outer surface
Grammar Note:
နာမ်
ထက်ပြတ်
[tʰɛʔpɹaʔ]
Arakanese:
လင်ငင်း ဟိဆိုင်။ မျက်မြင် တပ်အပ်
Burmese:
လင်ငင်း ရင်ဆိုင်။ မျက်မြင် တပ်အပ်
English:
as personally witnessed
Grammar Note:
ကြိယာဝိသေသန
ထက်ပြဲ
[tʰɛʔpɹɛ]
Arakanese:
သိပ်သည်း စုစည်းခြင်း၊ သပ်ရပ်ခြင်း မဟိ ပြန့်ထွက် နီရေ အရာ
Burmese:
သိပ်သည်း စုစည်းခြင်း၊ သပ်ရပ်ခြင်း မရှိ ပြန့်ထွက် နေသည့် အရာ
English:
scatter
Grammar Note:
နာမ်
ထက်မြက်
[tʰɛʔmɹɛʔ]
Arakanese:
၂၊ (မတုံးသော ဓါး)။ မြသော သွား ဟိရေ။ ၃၊ (ဆီး) အစွမ်း ဟိရေ စူးရှသော။ ဆီးမီးတောက် ဥရေ။ ထက်မြက်ရေ အစွမ်း သတ္တိကောင်း၏
Burmese:
၂၊ (မတုံးသော ဓါး)။ မြသော သွား ရှိသော။ ၃၊ (ဆေး) အစွမ်း ရှိသော စူးရှသော။ ဆီးမီးတောက် ဥသည်။ ထက်မြက်သော အစွမ်း သတ္တိရှိ၏
English:
sharp
Grammar Note:
နာမဝိသေသန
ထက်ဝက်
[tʰɛʔwɛʔ]
Arakanese:
တစုံ တခုသော အရာဝတ္တုကို အမင်ာင်နှမျှ နှစ်ခု ခွဲထားရေမှ တခု
Burmese:
တစ်စုံ တစ်ခုသော အရာဝတ္တုကို အညီအမျှ နှစ်ခု ခွဲထားသည်မှ တစ်ခု
English:
half
Grammar Note:
နာမ်
ထက်ဝက်စား
[tʰɛʔwɛʔsá]
Arakanese:
ထက်ဝက် ခံစားခွင့် ပီးရေ
Burmese:
ထက်ဝက် ခံစားခွင့် ပေးသည်
English:
half
Grammar Note:
ကြိယာ
ထက်ဝန်းကျင်
[tʰɛʔwáɴt͡ɕɪ̀ɴ]
Arakanese:
အားလုံးသော အရပ် မျက်နှာ
Burmese:
အားလုံးသော အရပ် မျက်နှာ
English:
all surrounding
Grammar Note:
နာမ်
ထက်ဝယ်ခြုံ
[tʰɛʔwɛ̀kʰɹÒʊɴ]
Arakanese:
ထက်ဝန်း ကျင်ခြုံရုံရေ။ အားလုံး ပြည့်စုံသည်
Burmese:
ထက်ဝန်း ကျင်ခြုံရုံသည်။ အားလုံး ပြည့်စုံသည်
English:
complete
Grammar Note:
ကြိယာ
ထက်ဝယ်ဖွဲ့ခြွီ
[tʰɛʔwɛ̀pʰwékʰWɹí]
Arakanese:
တင်ပျိုင်ခွေ ထိုင်ဗျာယ်
Burmese:
တင်ပျဉ်ခွေ ထိုင်လျက်
English:
Cross-legged
Grammar Note:
ကြိယာဝိသေသန
ထက်သန်
[tʰɛʔθàɴ]
Arakanese:
အားကြီးရေ။ စွမ်းရည်သတ္တိ၊ အဟိန်ဟုန် အစဟိစွာ ကြီးမားသည်
Burmese:
အားကြီးသည်။ စွမ်းရည်သတ္တိ၊ အရှိန်ဟုန် စသည် ကြီးမားသည်
English:
be eager
Grammar Note:
ကြိယာ
ထက်အောင်ပြောင်းပြန်
[tʰɛʔʔàʊɴpɹáʊɴpɹàɴ]
Arakanese:
အထက်သည်အောက် အောက်သည်အထက် ပြန်နိန်ရေ
Burmese:
အထက်သည်အောက် အောက်သည်အထက် ပြန်နေသည်
English:
rotate
Grammar Note:
ကြိယာ
ထကြွ
[tʰt͡ɕw]
Arakanese:
၁၊ ဆူပူ သောင်းကျန်းရေ။ ‘ပါးတော်မာ ကြောင်ဖို၊ ကြပ်စင်မာ ရဲဘော် အစဟိစွာရို့ ထ သောင်းကျန်း ကတ်တေ’
Burmese:
၁၊ ဆူပူ သောင်းကျန်းသည်။ ‘ပါးတော်တွင် ကြောင်ဖို၊ ကြပ်စင်တွင် ရဲဘော် စသည်တို့ ထကြွ သောင်းကျန်း ကြသည်’
English:
become active
Grammar Note:
ကြိယာ
ထင်
[tʰɪ̀ɴ]
Arakanese:
သီနတ်၏ အရပ်ပိုင်း။ နောက်ကုန်းကို သီနတ်ထင်နန့် ရိုက်သတ် ပစ်ခီတေ
Burmese:
သေနတ်၏ အရပ်ပိုင်း။ နောက်ကုန်းကို သေနတ်ထင်နန့် ရိုက်သတ် ပစ်လိုက်တေ
English:
butt
Grammar Note:
နာမ်
ထင့်
[tʰɪ̰ɴ]
Arakanese:
ရှေ့မတိုးသော နောက်မဆုတ်သာ ဖြစ်တေ။ ပုံမြာထုတ်၊ နောက်ကိုဆုတ်သော်၊ ဂါရီပုတ်မာထင့်၊ ဟိကိုတိုးသော်၊ ထမ်းပိုးနန့်ဟု (မျိုးက်)
Burmese:
ရှေ့မတိုးသော နောက်မဆုတ်သာ ဖြစ်သည်။ ပုံမြာထုတ်၊ နောက်ကိုဆုတ်သော်၊ လှည်းပုတ်မှာထင့်၊ ရှေ့ကိုတိုးသော်၊ ထမ်းပိုးနှင့်ဟု (မျောက်)
English:
none
Grammar Note:
ကြိယာ
ထင်း
[tʰɪ́ɴ]
Arakanese:
မီးဖိုထည့်ရန် လောင်စာ သစ်သား။ အရင်းလဲ အဖျား ထင်းဖြစ် (ပုံ)
Burmese:
မီးဖိုထည့်ရန် လောင်စာ သစ်သား။ အရင်းလဲ အဖျား ထင်းဖြစ် (ပုံ)
English:
fire wood
Grammar Note:
နာမ်
ထင်၂
[tʰɪ̀ɴ၂]
Arakanese:
၁၊ ထင်ရှားရေ။ သိသာ မြင်သာရေ။ ပေါ်လွင်ရေ။ အရာဝတ္တု၏ ပုံစံ ဖြစ်ပေါ်ရေ။ ငရနန့်ပင်၊ သုံးစွဲကျင်၏ ကျော်ထင် ဖော်ပြ၊ သူရဇ္ဇမွန်၊ နှိုင်းနိူင်းတပ်ကာ၊ (ပါရာ)။ ၂။ (စိတ်ဖြင့်) တွေ့ခေါ် မြော်မြင်ရေ။ အသိဉာဏ်၌ စွဲယူရေ။ စိတ်မာ မှတ်သွင်း သဖောထားရေ
Burmese:
၁၊ ထင်ရှားသည်။ သိသာ မြင်သာသည်။ ပေါ်လွင်သည်။ အရာဝတ္တု၏ ပုံစံ ဖြစ်ပေါ်သည်။ ငရနဲ့ပင်၊ သုံးစွဲကျင်၏ ကျော်ထင် ဖော်ပြ၊ သူရဇ္ဇမွန်၊ နှိုင်းယှဉ်တပ်ကာ၊ (ပါရာ)။ ၂။ (စိတ်ဖြင့်) တွေ့ခေါ် မြော်မြင်သည်။ အသိဉာဏ်၌ စွဲယူသည်။ စိတ်တွင် မှတ်သွင်း သဘော ထားသည်
English:
think
Grammar Note:
ကြိယာ