Dictionary Entries
Showing 381–400 of 781 words
ထ
ထိုးဝါး
[tʰówàး]
Arakanese:
လောင်းရွေ့လားယောင် မြီကြီးကို ထိုးပနာ တွန်းကျောက်ရေ
Burmese:
လှေရွေ့သွားအောင် မြေကြီးကို ထိုး၍ တွန်းကန်သည်
English:
barge pole
Grammar Note:
နာမ်
ထိုးဝါးတိုင်
[tʰówàးtàɪɴ]
Arakanese:
လောင်းရွေ့ လားယောင် မြီကြီးကို ထိုးပနာ တွန်းကျောက်ရေ
Burmese:
လှေရွေ့ သွားအောင် မြေကြီးကို ထိုး၍ တွန်းကန်သည်
English:
barge pole
Grammar Note:
နာမ်
ထိုသည်
[tʰÒθɛ̀]
Arakanese:
ရှေး၌ ပြဆိုခပြီးရေ့ အတိုင်း။ ယင်းပိုင်
Burmese:
ရှေး၌ ပြဆိုခဲ့ပြီးသည့် အတိုင်း။ ထိုကဲ့သို့
English:
in the same way
Grammar Note:
သမ္ဗန္တ
ထိုသို့
[tʰÒθo̰]
Arakanese:
ရှေး၌ ပြဆိုခပြီးရေ့ အတိုင်း။ ယင်းပိုင်
Burmese:
ရှေး၌ ပြဆိုခဲ့ပြီးသည့် အတိုင်း။ ထိုကဲ့သို့
English:
in the same way
Grammar Note:
သမ္ဗန္တ
ထိုသျှောင်
[tʰÒʃàʊɴ]
Arakanese:
ရှေး၌ ပြဆိုခပြီးရေ့ အတိုင်း။ ယင်းပိုင်
Burmese:
ရှေး၌ ပြဆိုခဲ့ပြီးသည့် အတိုင်း။ ထိုကဲ့သို့
English:
in the same way
Grammar Note:
သမ္ဗန္တ
ထိုးသွင်း
[tʰóθwɪ́ɴ]
Arakanese:
တစုံ တခုသော အရာကို အထဲထဲကို အားဓမ ပို့ဆောင်ရေ
Burmese:
တစ်စုံ တစ်ခုသော အရာကို အတွင်းထဲသို့ အတင်း ပို့ဆောင်သည်
English:
jab
Grammar Note:
ကြိယာ
ထီ
[tʰí]
Arakanese:
လေးစားရေ။ ကြောက်ရွံ့ ရေ။ ရိုသီရေ
Burmese:
လေးစားသည်။ ကြောက်ရွံ့ သည်။ ရိုသေသည်
English:
respect
Grammar Note:
ကြိယာ
ထီး
[tʰï]
Arakanese:
အဖို၊ အထီး။ ကြွက်လျှင်ကျား ထီး၊ တသီးဥစ္စာ (ပါရာ)
Burmese:
အဖို၊ အထီး။ ကြွက်လျှင်ကျား ထီး၊ တသီးဥစ္စာ (ပါရာ)
English:
male
Grammar Note:
နာမ်
ထီး၂
[tʰï၂]
Arakanese:
တသီးတည်း။ လုံးချင်းတည်း။ မဖွပ်ပျက်စီး၊ ကိုယ်ထီးတောင်းလောင်း၊ ဖြစ်တုံသျှောင်း၏ (ပါရာ)။ မဆမကေ၊ ဖြစ်ထအကယ်၊ ကုန်သွယ်ကိုယ်ထီး၊ ပျက်စီးကုန်မှတ် (ပါရာ)
Burmese:
တစ်သီးတည်း။ တစ်ယောက်တည်း။ မလျှော်ပျက်စီး၊ ကိုယ်ထီးတောင်းလောင်း၊ ဖြစ်တုံသျှောင်း၏ (ပါရာ)။ မုဆိုးမလျှင်၊ ဖြစ်ထအကယ်၊ ကုန်သွယ်ကိုယ်ထီး၊ ပျက်စီးကုန်မှတ် (ပါရာ)
English:
lonely
Grammar Note:
ကြိယာဝိသေသန
ထီး၃
[tʰï၃]
Arakanese:
၁၊ အထွက် အဝင် ခက်ယောင် ကပ်ပိတ်ရေ။ ၂၊ မဝင် မထွက် သာယောင် အတားအဆီး အဖြစ် ပြုရေ။ ယင်းပိုင် ဖြစ်တေ။ ထွက်ဖို့ ဝင်ဖို့မရ အပေါက်ဝမာ ထီးနီရေ
Burmese:
၁၊ အထွက် အဝင် ခက်အောင် ကပ်ပိတ်သည်။ ၂၊ မဝင် မထွက် သာအောင် အတားအဆီး အဖြစ် ပြုသည်။ ယင်းသို့ ဖြစ်သည်။ ထွက်ဖို့ ဝင်ဖို့မရ အပေါက်ဝမှာ ထီးနီရေ
English:
block
Grammar Note:
ကြိယာ
ထီး၄
[tʰï၄]
Arakanese:
စာတီ၊ ပြဿဒ်၊ အထက်ရို့မာ ကြီး၊ သံ စစွာကို အခွီ ပြုပနာ အကြီး အချေ လိုက်ပြီးကေ အဆင့်အဆင့် ပြုလုပ် ထားရေ အဆင် တန်ဆာ တမျိုး။ ကျောက်ဖြင့် ထီးပုံစံ အတိုင်း ပြုလုပ် ထားရေ အဆင် တန်ဆာ။ ဘုရား၊ ဆင်းတု၊ စာတီ တည်ထားခြင်း။ (ပါရာ)။ ၂၊ ဘုရား၌ လှူဒါန်းရန် စက္ကူဖြင့် ထီးပုံစ
Burmese:
စေတီ၊ ပြဿဒ်၊ အထက်တို့တွင် ကြေး၊ သံ စသည်ကို အခွေ ပြု၍ အကြီး အငယ် လိုက်၍ အဆင့်အဆင့် ပြုလုပ် ထားသော အဆင် တန်ဆာ တစ်မျိုး။ ကျောက်ဖြင့် ထီးပုံစံ အတိုင်း ပြုလုပ် ထားသော အဆင် တန်ဆာ။ ဘုရား၊ ဆင်းတု၊ စေတီ တည်ထားခြင်း။ (ပါရာ)။ ၂၊ ဘုရား၌ လှူဒါန်းရန် စက္ကူဖြင့် ထီးပုံစ
English:
umbrella
Grammar Note:
နာမ်
ထီး၅
[tʰï၅]
Arakanese:
လောင်း၊ သမ္ပာန်ရို့၏ စပ်ကြောင်း စစွာကို ပွဲ့ဗျာယ်၊ အုန်းဆံကြိုး စစွာတိနန့် ထီးသည်
Burmese:
လှေ၊ သမ္ပာန်တို့၏ စပ်ကြောင်း စသည်ကို ပွဲ့လျက်၊ အုန်းဆံကြိုး စသည်တို့ဖြင့် ပိတ်ဆို့သည်
English:
block
Grammar Note:
ကြိယာ
ထီး၆
[tʰï၆]
Arakanese:
ဆုံးယှုံးမှုကို မြတ်စွန်းမှုနှင့် အစားထိုးရေ။ အယှုံးကို အမြတ်နန့်ထီးရေ
Burmese:
ဆုံးရှုံးမှုကို မြတ်စွန်းမှုနှင့် အစားထိုးသည်။ အရှုံးကို အမြတ်နန့်ထီးရေ
English:
vsubstitute
Grammar Note:
ကြိယာ
ထီးကျိုးစည်ပေါက်
[tʰït͡ɕósɛ̀paʊʔ]
Arakanese:
ရန်သူရို့ မတရား တိုက်ခိုက်၍ ထီးနန်း စည်းစဉ်ကို လုယူသနန့် ပျက်စီး သွားခြင်း။ ယင်းပိုင် ပျက်စီး နိန်ရေ မင်းမဲ့ကာလ။ မတော်မရာ၊ သစ္စာယွင်းဖေါက်၊ စည်ပေါက်ထီးကျိုး၊ ဖြစ်ခနိုင်း၍ (ရခိုင်ကာ)
Burmese:
ရန်သူတို့ မတရား တိုက်ခိုက်၍ ထီးနန်း စည်းစဉ်ကို လုယူသဖြင့် ပျက်စီး သွားခြင်း။ ယင်းသို့ ပျက်စီး နေသော မင်းမဲ့ကာလ။ မတော်မရာ၊ သစ္စာယွင်းဖေါက်၊ စည်ပေါက်ထီးကျိုး၊ ဖြစ်ခဲ့နိုင်း၍ (ရခိုင်ကာ)
English:
anarchy
Grammar Note:
နာမ်
ထီးကြိုး
[tʰït͡ɕó]
Arakanese:
လောင်း၊ သမ္ပာန်ရို့၏ ပျိုင်ပြား အစပ်ကြားမာ ဖာထေးရရေ အုန်းဆံကြိုး၊ ဂုံနီကြိုး အစဟိရေ အရာဝန်။ ထေးစံ
Burmese:
လှေ၊ သမ္ပာန်တို့၏ ပျဉ်ပြား အစပ်ကြားတွင် ဖာထေးရသော အုန်းဆံကြိုး၊ ဂုံနီကြိုး စသော အရာပစ္စည်း။ ထေးစံ
English:
oakum
Grammar Note:
နာမ်
ထီးကြောင်း
[tʰït͡ɕáʊɴ]
Arakanese:
ပွဲ့ဗျာယ်ဖြင့် ထေးဖာထားရေ စပ်ကြောင်း၊ အက်ကြောင်း
Burmese:
ပွဲ့လျက်ဖြင့် ထေးဖာထားသော စပ်ကြောင်း၊ အက်ကြောင်း
English:
crack-fissure
Grammar Note:
နာမ်
ထီးချက်စောင့်နတ်သမီး
[tʰïɕɛʔsɔ́ɪ̰ɴnaʔθmï]
Arakanese:
အယင်ဘဝက မိခင် ဖြစ်ခဖူး၍ အဂုဘဝမာ ကိုယ့်ကို အမြဲ စောင့်ယှောက် နိန်ရေ နတ်သမီး
Burmese:
အယင်ဘဝက မိခင် ဖြစ်ခဲ့ဖူး၍ ယခုဘဝတွင် မိမိကို အမြဲ စောင့်ရှောက် နေသော နတ်သမီး
English:
female nat
Grammar Note:
နာမ်
ထီးဆောင်း
[tʰïsʰáʊɴ]
Arakanese:
နီပူ မိုးရွာသော အခါ ထီးကို ဖွင့်ပနာ အဂေါင်း ထက်မာ မိုးကာသည်
Burmese:
နေပူ မိုးရွာသော အခါ ထီးကို ဖွင့်၍ ဦးခေါင်း ထက်တွင် မိုးကာသည်
English:
umbrella
Grammar Note:
ကြိယာ
ထီးဆောင်း၂
[tʰïsʰáʊɴ၂]
Arakanese:
(ဥပစာ) သျှင်ဘုရင် အဖြစ်၊ မင်းအဖြစ်ကို ယူရေ။ မင်း၌ခစားခြင်း၊ ထီးဆောင်းခြင်း၊ တမန်သွားခြင်းပြုရာရေ (ပါရာ)
Burmese:
(ဥပစာ) ရှင်ဘုရင် အဖြစ်၊ မင်းအဖြစ်ကို ယူသည်။ မင်း၌ခစားခြင်း၊ ထီးဆောင်းခြင်း၊ တမန်သွားခြင်းပြုရာသည် (ပါရာ)
English:
king
Grammar Note:
ကြိယာ
ထီးတင်
[tʰïtɪ̀ɴ]
Arakanese:
စာတီပုထိုး အထွက်ဖျားမာ ထီး(အဆင်တန်ဆာ) ကို တပ်ဆင်သည်
Burmese:
စေတီပုထိုး အထွက်ဖျားတွင် ထီး(အဆင်တန်ဆာ) ကို တပ်ဆင်သည်
English:
place the ornamental umbrella on a pagoda
Grammar Note:
ကြိယာ