Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 401–420 of 781 words

    ထ

    ထီးထမ်းလမ်းလယောက်

    [tʰïtʰáɴláɴljɔ́ɛʔ]
    (ဥပစာ) အလုပ်မဲ့ ယနာနာ လည်ပတ်နီသူ။ အလုပ်အကိုင် မေမေရရ မဟိသူ။ ရွင့်ပြာသတ် ပျက်စီး နီသူ
    (ဥပစာ) အလုပ်မဲ့ ယောင်ချာချာ လည်ပတ်နေသူ။ အလုပ်အကိုင် မည်မည်ရရ မရှိသူ။ လေလွင့် ပျက်စီး နေသူ
    jobless
    နာမ်

    ထီးထီး

    [tʰïtʰï]
    တဦးတည်း။ လုံးချင်းတည်း။ အသူရာမှန်ကင်း၊ ဒြပ်လင်းကေ၊ နတ်မင်းသော်မှ၊ ထီးထီးရတနာ၊ သမီးတော်ကို ဆက်ရပါလို့ (ရာမ)။ ဖခင်နှမ၊ ညီလှရီးတော်၊ ထီးထီးပျော်ကေ၊ သီတာလှကို၊ ညီကကြံပါ (ကော်)
    တစ်ဦးတည်း။ တစ်ယောက်တည်း။ အသူရာမှန်ကင်း၊ ဒြပ်လင်းကေ၊ နတ်မင်းသော်မှ၊ ထီးထီးရတနာ၊ သမီးတော်ကို ဆက်ရပါလို့ (ရာမ)။ ဖခင်နှမ၊ ညီလှရီးတော်၊ ထီးထီးပျော်ကေ၊ သီတာလှကို၊ ညီကကြံပါ (ကော်)
    lonely
    ကြိယာဝိသေသန

    ထီးထီး၂

    [tʰïtʰï၂]
    ကမ္ဘာလောက်သော။ ကြီးမားရေ။ ငှက်နှစ်ကောင်ကို၊ လက်ဆောင်ဆက်မည်၊ ဖမ်းလေစွာကား၊ အဂေါင်းထီးထီး၊ ပတုံးကားကား (နတ်သိုက်)။ ချင်းမျိုးမှန်စင်၊ သင်တိုင်းဆင်ပျာ၊ တင်ပျိုင်ထီးထီး၊ ပွဲအလယ်မာ၊ ကြောက်ဖွယ်ပြကေ၊ ချင်းမကြီးနန့် (ဂုတ္ထိလ)
    အလွန်ကြီးသော။ ကြီးမားသော။ ငှက်နှစ်ကောင်ကို၊ လက်ဆောင်ဆက်မည်၊ ဖမ်းလေသည်ကား၊ အဂေါင်းထီးထီး၊ အမြီးကားကား (နတ်သိုက်)။ ချင်းမျိုးမှန်စင်၊ သင်တိုင်းဆင်ပျာ၊ တင်ပျဉ်ထီးထီး၊ ပွဲအလယ်မှာ၊ ကြောက်ဖွယ်ပြကေ၊ ချင်းမကြီးနှင့် (ဂုတ္ထိလ)
    lonely
    နာမဝိသေသန

    ထီးထီကြီး

    [tʰïtʰít͡ɕï]
    တဦးတည်း။ လုံးချင်းတည်း။ အသူရာမှန်ကင်း၊ ဒြပ်လင်းကေ၊ နတ်မင်းသော်မှ၊ ထီးထီးရတနာ၊ သမီးတော်ကို ဆက်ရပါလို့ (ရာမ)။ ဖခင်နှမ၊ ညီလှရီးတော်၊ ထီးထီးပျော်ကေ၊ သီတာလှကို၊ ညီကကြံပါ (ကော်)
    တစ်ဦးတည်း။ တစ်ယောက်တည်း။ အသူရာမှန်ကင်း၊ ဒြပ်လင်းကေ၊ နတ်မင်းသော်မှ၊ ထီးထီးရတနာ၊ သမီးတော်ကို ဆက်ရပါလို့ (ရာမ)။ ဖခင်နှမ၊ ညီလှရီးတော်၊ ထီးထီးပျော်ကေ၊ သီတာလှကို၊ ညီကကြံပါ (ကော်)
    lonely
    ကြိယာဝိသေသန

    ထီးထီးပြ

    [tʰïtʰïpɹ]
    ၁၊ ဝိုင်းစက်သော။ ကြီးပြီးကေ ပြည့်သော။ ပြည့်ဝ လှပရေ (မျက်နှာ)။ ၂၊ ထည်ဝါ ခန့်ညားသော။ ၃၊ ဂုဏ် အသရေ ဟိရေ
    ၁၊ ဝိုင်းစက်သော။ ကြီး၍ ပြည့်သော။ ပြည့်ဝ လှပသော (မျက်နှာ)။ ၂၊ ထည်ဝါ ခန့်ညားသော။ ၃၊ ဂုဏ် အသရေ ရှိသော
    perfectly circular
    နာမဝိသေသန

    ထီးထီးမားမား

    [tʰïtʰïmámá]
    တဦးတည်း၊ တခုတည်း။ ၂၊ ထင်းထင်းကြီး။ ၃၊ မားမားမတ်မတ်။ ထယ်ဝါ ခန့်ညား
    တဦးတည်း၊ တစ်ခုတည်း။ ၂၊ ထင်ထင်ရှားရှား။ ၃၊ မားမားမတ်မတ်။ ထယ်ဝါ ခန့်ညား
    lonely
    ကြိယာဝိသေသန

    ထီးထီးမားမား၂

    [tʰïtʰïmámá၂]
    ၁၊ ဂုဏ် အသရေ ဟိရေ။ ၂၊ ထည်ဝါ ခန့်ညားသော။ ပိုက်ဆရကေ၊ နာယကြီးလျှင်၊ တောင်ထောင်ထောင်၊ ဟိကသွားရင်၊ လက်သားတိစွာ၊ နောက်ကပါကေ (ပဒုမ္မ)
    ၁၊ ဂုဏ် အသရေ ရှိသော။ ၂၊ ထည်ဝါ ခန့်ညားသော။ ပိုက်ဆရကေ၊ နာယကြီးလျှင်၊ ထီးထီးမားမား၊ ရှေ့ကသွားကေ၊ လက်သားများစွာ၊ နောက်ကပါကေ (ပဒုမ္မ)
    grand
    နာမဝိသေသန

    ထီးနန်း

    [tʰïnáɴ]
    မင်းရို့၏ စံပျော် နိန်ရေ ထီးဖြူနန့် နန်းတော်
    မင်းတို့၏ စံပျော် နေသော ထီးဖြူနှင့် နန်းတော်
    kingship-throne
    နာမ်

    ထီးပြိုင်နန်းပြိုင်

    [tʰïpɹàɪɴnáɴpɹàɪɴ]
    ခေတ် တခေတ်တည်းမာ နိုင်ငံတော် တခုကျ၌ မင်းဖြစ်ရေအနိန်နန့်။ သာသနာတော် သက္ကရာဇ် ၂၂၂-ခု (ဘီစီ ၃၀၈) ခုနှစ်မာ ဓညဝတီခေတ် သရိယစက္ကမင်းနန့် ဓမ္မသောကမင်းကြီး ရို့စွာ ထီးပြိုင် နန်းပြိုင် ဖြစ်ကတ်၏
    ခေတ် တစ်ခေတ်တည်းတွင် နိုင်ငံတော် တစ်ခုစီ၌ မင်းဖြစ်သော အားဖြင့်။ သာသနာတော် သက္ကရာဇ် ၂၂၂-ခု (ဘီစီ ၃၀၈) ခုနှစ်တွင် ဓညဝတီခေတ် သရိယစက္ကမင်းနှင့် ဓမ္မသောကမင်းကြီး တို့သည် ထီးပြိုင် နန်းပြိုင် ဖြစ်ကြ၏
    parallel throne
    ကြိယာဝိသေသန

    ထီးပြိုင်နန်းပြိုင်၂

    [tʰïpɹàɪɴnáɴpɹàɪɴ၂]
    ခေတ် တခေတ်တည်းမာ နိုင်ငံတခုကျ၌ မင်းဖြစ်သူ
    ခေတ် တစ်ခေတ်တည်းတွင် နိုင်ငံတစ်ခုစီ၌ မင်းဖြစ်သူ
    parallel throne
    ကြိယာဝိသေသန

    ထီးပြိုင်နန်းပြိုင်၃

    [tʰïpɹàɪɴnáɴpɹàɪɴ၃]
    အုပ်ချုပ် စိုးစံမှု မင်း မဟိရေ ကာလ။ နာမနှစ်ခု သုံးခု ထက်မာ မင်းကိုကား ထီးပြတ် နန်းပြတ်လွတ်စေ (ပါရာ)
    အုပ်ချုပ် စိုးစံမှု မင်း မရှိသော ကာလ။ နာမနှစ်ခု သုံးခု ထက်တွင် မင်းကိုကား ထီးပြတ် နန်းပြတ်လွတ်စေ (ပါရာ)
    none
    နာမ်

    ထီးဖြူ

    [tʰïpʰɹù]
    မင်း၊ မိဖုရား ခေါင်ကြီးရို့ အသုံးအဆောင် ထီး။ ဗလစက္ကဝါသည် အချင်းမတန်၍ ထီးဖြူ၊ မြှောက်စည်နန့်တကွ ရခိုင်ပြည့်ရှင် မင်းပါကြီး ပါးကို နှမတော်ကို လက်ဆောင်ပြုပနာ ဆက်သ ဝင်ရောက်လှာပေသော် (ဓညသစ်)
    မင်း၊ မိဖုရား ခေါင်ကြီးတို့ အသုံးအဆောင် ထီး။ ဗလစက္ကဝါသည် အချင်းမတန်၍ ထီးဖြူ၊ မြှောက်စည်နှင့်တကွ ရခိုင်ပြည့်ရှင် မင်းပါကြီး ထံသို့ နှမတော်ကို လက်ဆောင်ပြု၍ ဆက်သ ဝင်ရောက်လာပေသော် (ဓညသစ်)
    of umbrella
    နာမ်

    ထီးဖြူငါးစင်း

    [tʰïpʰɹùŋàးsɪ́ɴ]
    ၁၊ ကြငှန်းထီး။ ၂၊ ဥရူထီး။ ၃၊ တမွတ်ထီး။ ၄၊ ကနက္ကဒန်ထီး။ ၅၊ သမုတိထီး။ (၁၊ ကြငှန်းထီး မင်းစံနေတော် မူသော သလွန်တော်ထက် ဖွင့်ဗျာယ် ရတနာ ခုနှစ်ပါးဖြင့် စီခြယ်၍ အမြဲ စိုက်ထူထားရေ ထီးမျိုး။ ၂၊ ဥရူထီး နဝရတ် ကိုးပါးဖြင့် စီခြယ်၍ တခေါက် နှစ်ကြိမ် သဘင် ခံရာမာ ဖွင
    ၁၊ ကြငှန်းထီး။ ၂၊ ဥရူထီး။ ၃၊ တမွတ်ထီး။ ၄၊ ကနက္ကဒန်ထီး။ ၅၊ သမုတိထီး။ (၁၊ ကြငှန်းထီး မင်းစံနေတော် မူသော သလွန်တော်ထက် ဖွင့်လျက် ရတနာ ခုနှစ်ပါးဖြင့် စီခြယ်၍ အမြဲ စိုက်ထူထားသော ထီးမျိုး။ ၂၊ ဥရူထီး နဝရတ် ကိုးပါးဖြင့် စီခြယ်၍ တစ်ကြိမ် နှစ်ကြိမ် သဘင် ခံရာတွင် ဖွင
    umbrella
    နာမ်

    ထီးဖြူရှစ်စင်း

    [tʰïpʰɹùʃɪʔsɪ́ɴ]
    ၁၊ ကမ္ဗုထီး။ ၂၊ စန္ဒထီး။ ပဒုထီး၊ ၄၊ သမုဒ္ဒဇာထီး၊ (ဆိုပနာ လက်ျာထီး လေးစင်း) ၅၊ ကနက္ကဒန်ထီး၊ ၆၊ သူရိယထီး။ ၇၊ ဝိသုကမ္မထီး (ဆိုပနာ လက်ဝဲထီး လေးစင်း အနိန်နန့် ပေါင်းသျှစ်စင်းဆိုပနာ ဒိသာဇေယျ စာတမ်းများမာ လာရေ။
    ၁၊ ကမ္ဗုထီး။ ၂၊ စန္ဒထီး။ ပဒုထီး၊ ၄၊ သမုဒ္ဒဇာထီး၊ (ဟူ၍ လက်ျာထီး လေးစင်း) ၅၊ ကနက္ကဒန်ထီး၊ ၆၊ သူရိယထီး။ ၇၊ ဝိသုကမ္မထီး (ဟူ၍ လက်ဝဲထီး လေးစင်း အားဖြင့် ပေါင်းရှစ်စင်းဟူ၍ ဒိသာဇေယျ စာတမ်းများ၌ လာသည်။
    umbrella
    နာမ်

    ထီးဖြူလေးစင်း

    [tʰïpʰɹùlésɪ́ɴ]
    နဝဒဏ္ဍထီး။ ၂။ မနော်ဟရီထီး။ ၃။ အတပတ္တထီး။ ၄။ ဝိဇယတြထီး
    နဝဒဏ္ဍထီး။ ၂။ မနော်ဟရီထီး။ ၃။ အတပတ္တထီး။ ၄။ ဝိဇယတြထီး
    umbrella
    နာမ်

    ထီးဖြူလေးစင်း၂

    [tʰïpʰɹùlésɪ́ɴ၂]
    ကနက္ကဒန်ထီး နှစ်စင်း။ တမွတ်ထီး နှစ်စင်း။ (ယင်းထီး လေးစင်းကိုရာ လောက ဗျုစွာကျမ်း၌ လာရေ။
    ကနက္ကဒန်ထီး နှစ်စင်း။ တမွတ်ထီး နှစ်စင်း။ (ယင်းထီး လေးစင်းကိုသာ လောက ဗျုဟာကျမ်း၌ လာသည်။
    umbrella
    နာမ်

    ထီမထင်

    [tʰímtʰɪ̀ɴ]
    မထီမရွံ့။ အရီးမထား။ ယီးတီးယားတား။ အလီးမမှု။ ရန်သူပေါ်ပေါက််၊ တသောင်း လောင်းာက်ကို၊ တယောက်ကျွန်လျှင်၊ ထီမထင်ကေ၊ မမြင်သိပါ၊ နှုတ်ပျားချိုနန့်။ ဆိုရေခါလျှင် (ကော်)
    မကြောက်မရွံ့။ အရေးမထား။ မလေးမစား။ အလေးမမှု။ ရန်သူပေါ်ပေါက််၊ တစ်သောင်း လှောက်ကို၊ တစ်ယောက်ကျွန်လျှင်၊ ထီမထင်ကေ၊ မမြင်သိပါ၊ နှုတ်ပျားချိုနှင့်။ ဆိုသောခါလျှင် (ကော်)
    disregard
    ကြိယာ

    ထီးမူနန်းမူ

    [tʰïmùnáɴmù]
    နန်းမားသူ နန်းမားသားရို့၏ ဟန်ပန် အမူအရာ
    နန်းတွင်းသူ နန်းတွင်းသားတို့၏ ဟန်ပန် အမူအရာ
    country manners court etiquette
    နာမ်

    ထီးမွီးနန်းမွီး

    [tʰïmwïnáɴmwï]
    သျှင်ဘုရင်၏ အရိုက်အရာကို ဆက်ခံဖို့ သူ
    ရှင်ဘုရင်၏ အရိုက်အရာကို ဆက်ခံမည့် သူ
    crown prince
    နာမ်

    ထီယင့်လား

    [tʰíjɪ̰ɴlá]
    ကြောက်ရွံ့မှု မဟိ မထီးလေးစား ပြုမှုရေ။ မထီလေးစား ပြုမှုသည်
    ကြောက်ရွံ့မှု မရှိ မထီးလေးစား ပြုမှုသည်။ မထီမဲ့မြင် ပြုမှုသည်
    disregard
    ကြိယာ