Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 421–440 of 781 words

    ထ

    ထီးရိုးနန်းဆက်

    [tʰïɹónáɴsʰɛʔ]
    သျှင်ဘုရင်၏ အရိုက်အရာကို ဆက်ခံဖို့ သူ။ မင်းဆုံးမင်းမျိုး၊ ထီးရိုးနန်းဆက်၊ ပျက်လိမ့်ခပင်း (ပါရာ)
    ရှင်ဘုရင်၏ အရိုက်အရာကို ဆက်ခံမည့် သူ။ မင်းဆုံးမင်းမျိုး၊ ထီးရိုးနန်းဆက်၊ ပျက်လိမ့်ခပင်း (ပါရာ)
    crown prince
    နာမ်

    ထီးရိုးနန်းနွယ်

    [tʰïɹónáɴnwɛ̀]
    သျှင်ဘုရင်၏ အရိုက်အရာကို ဆက်ခံမည့်သူ
    ရှင်ဘုရင်၏ အရိုက်အရာကို ဆက်ခံမည့်သူ
    crown prince
    နာမ်

    ထီးရိုးနန်းရံ

    [tʰïɹónáɴɹံ]
    သျှင်ဘုရင် အဖြစ် လျာထားခြင်း ခံရသူ။ အိမ်ဟိမင်းသား
    ရှင်ဘုရင် အဖြစ် လျာထားခြင်း ခံရသူ။ အိမ်ရှေ့မင်းသား
    crown prince
    နာမ်

    ထီးရိုးနန်းရိုး

    [tʰïɹónáɴɹó]
    သျှင်ဘုရင်၏ အရိုက်အရာကို ဆက်ခံဖို့ သူ
    ရှင်ဘုရင်၏ အရိုက်အရာကို ဆက်ခံမည့် သူ
    crown prince
    နာမ်

    ထီးရိုးနန်းလယာ

    [tʰïɹónáɴljà]
    သျှင်ဘုရင်အဖြစ် လျာထားခြင်း ခံရသူ။ အိမ်ဟိ မင်းသား
    ရှင်ဘုရင်အဖြစ် လျာထားခြင်း ခံရသူ။ အိမ်ရှေ့ မင်းသား
    crown prince
    နာမ်

    ထီးသုံးနန်းသုံး

    [tʰïθóʊɴnáɴθóʊɴ]
    ၁၊ နန်းမားသူ နန်းမားသားရို့ သုံးနှုန်းသော အပြုအမှု။ အရာဝတ္တု
    ၁၊ နန်းတွင်းသူ နန်းတွင်းသားတို့ သုံးနှုန်းသော အပြုအမှု။ အရာဝတ္တု
    articles or language used by the members of the royal court
    နာမ်

    ထီးသုန်းနန်းသုဉ်း

    [tʰïθóʊɴnáɴθoʊɪ́ɴ]
    မင်းမဲ့ကာလ
    မင်းမဲ့ကာလ
    loss of a nation’s sovereign and its sovereignty
    နာမ်

    ထု

    [tʰoʊ]
    ၁၊ အထု အစိုင်အခဲ။ အများ၊ အစုအဝီး။ မျက်နှာပြင်မာ ဖြစ်စီ ခန္ဓာကိုယ်မာ ဖြစ်စီ စူထွက် ဖေါင်းနိန်ရေ အရာ။ ခြတိကိုက်စွာ၊ ငါ့ခန္ဓာမာ၊ ကြည့်ရာမရ၊ ထွားထွားကြီးကေ၊ အရီထုပျာ၊ အဖုထလို့ (ဆဒ္ဒန်)
    ၁၊ အထု အစိုင်အခဲ။ အများ၊ အစုအဝေး။ မျက်နှာပြင်တွင် ဖြစ်စေ ခန္ဓာကိုယ်တွင် ဖြစ်စေ စူထွက် ဖေါင်းနေသော အရာ။ ခြများကိုက်စွာ၊ ငါ့ခန္ဓာမှာ၊ ကြည့်ရာမရ၊ ထွားထွားကြီးကေ၊ အရီထုပျာ၊ အဖုထလို့ (ဆဒ္ဒန်)
    thickness
    နာမ်

    ထုံ

    [tʰòʊɴ]
    အကျိုးမဲ့ ကုန်ဆုံးရေ။ ပြုန်းတီး ပျက်စီးရေ။ လေလွင့် ဆုံးပါးရေ။ အလဟဿ ကုန်ဆုံးသည်
    အကျိုးမဲ့ ကုန်ဆုံးသည်။ ပြုန်းတီး ပျက်စီးသည်။ လေလွင့် ဆုံးပါးသည်။ အလဟဿ ကုန်ဆုံးသည်
    die pass away
    ကြိယာ

    ထုံ့

    [tʰo̰ʊɴ]
    ရိုသေ လေးစားမှု မဟိဘဲ။ ပေါ့ပေါ့ တန်တန် သဖောထားဗျာယ်
    ရိုသေ လေးစားမှု မရှိပဲ။ ပေါ့ပေါ့ တန်တန် သဘော ထားလျက်
    flippantly
    ကြိယာဝိသေသန

    ထုံး

    [tʰóʊɴ]
    အစိုင်အလာ။ နည်းလမ်း။ လိုက်နာ ကျင့်သုံး ဆောင်ရွက်ရဖို့့ အချက်
    အစဉ်အလာ။ နည်းလမ်း။ လိုက်နာ ကျင့်သုံး ဆောင်ရွက်ရမည့် အချက်
    rule
    နာမ်

    ထု၂

    [tʰoʊ၂]
    လက်သီး၊ တင်းပုတ် ပိုင်ယှောင် အဖုအလုံး ရို့နန့် ပြင်းပြင်း သတ်ရေ။ နှက်ရေ။ မောင်းကို မြည်းအောင် ထု။ အဂေါင်းကို လက်သီးနန့် ထု။ သံချောင်းကို တူနန့် ထု အစဟိစွာ
    လက်သီး၊ တင်းပုတ် ကဲ့သို့သော အဖုအလုံး တို့ဖြင့် ပြင်းပြင်း ရိုက်သည်။ နှက်သည်။ မောင်းကို မြည်းအောင် ထု။ ဦးခေါင်းကို လက်သီးနန့် ထု။ သံချောင်းကို တူနန့် ထု စသည်
    hit
    ကြိယာ

    ထုံ၂

    [tʰòʊɴ၂]
    အနံ့ စွဲရေ။၂။ မြဲမြံသော အလိအထ ဟိရေ
    အနံ့ စွဲသည်။၂။ မြဲမြံသော အလေ့အထ ရှိသည်
    be stead fast
    ကြိယာ

    ထုံး၂

    [tʰóʊɴ၂]
    ရှပ်ကောင် (ပင်လယ်ခုံးငယ်) အခွံ၊ ခရုခွံ၊ ထုံးကျောက် အစဟိစွာရို့ကို မီးဖုတ်ပနာ ရရေ ဝန်။ (ကွမ်းစား ရာမာ ပင်ဖြစ်ဖြစ်၊ ဇမ်းပွတ် လုပ်ရာမာ ပင်ဖြစ်ဖြစ် အသုံးပြုရေ။
    ရှပ်ကောင် (ပင်လယ်ခုံးငယ်) အခွံ၊ ခရုခွံ၊ ထုံးကျောက် စသည်တို့ကို မီးဖုတ်၍ ရသော ပစ္စည်း။ (ကွမ်းစား ရာတွင် လည်းကောင်း၊ အင်္ဂတေ လုပ်ရာတွင် လည်းကောင်း အသုံးပြုသည်။
    lime
    နာမ်

    ထုံး၃

    [tʰóʊɴ၃]
    ကြိုး၊ ဆံပင် အစဟိစွာရို့ကို အဖုအလုံး ဖြစ်ယောင် ရစ်ပတ်ဖွဲ့ ချိုင်ရေ
    ကြိုး၊ ဆံပင် စသည်တို့ကို အဖုအလုံး ဖြစ်အောင် ရစ်ပတ်ဖွဲ့ ချည်သည်
    dress hair
    ကြိယာ

    ထုံး၄

    [tʰóʊɴ၄]
    အထုံး အစဟိစွာရို့ကို ရွီတွက် ရာမာ သုံးရရေ စကားလုံး
    အထုံး စသည်တို့ကို ရေတွက် ရာတွင် သုံးရသော စကားလုံး
    counting rope
    ကြိယာ

    ထုံကလက်ပေကလက်

    [tʰòʊɴklɛʔpèklɛʔ]
    သွက်လက် ဖြတ်လတ်မှု မဟိဘဲ။ ကြာ ထိုင်းမှိုင်းစွာ
    သွက်လက် ဖျတ်လတ်မှု မရှိပဲ။ နှေးကွေး လေးကန်စွာ
    slow
    ကြိယာဝိသေသန

    ထုံကျဉ်

    [tʰòʊɴt͡ɕɪ̀ɴ]
    ကိုယ်အင်္ဂါ၌ အထိ အတွိ့ကို မသိပိုင် ဖြစ်တေ
    ကိုယ်အင်္ဂါ၌ အထိ အတွေ့ကို မသိသကဲ့သို့ ဖြစ်သည်
    be numbed
    ကြိယာ

    ထုံးကြက်တက်ရည်

    [tʰóʊɴt͡ɕɛʔtɛʔɹɛ̀]
    ထုံးကို အနည် ထိုင်စီပနာ ယူထားရေ အရည်
    ထုံးကို အနည် ထိုင်စေ၍ ယူထားသော အရည်ကြည်
    filter limewater
    နာမ်

    ထုကြီးထည်ကြီး

    [tʰoʊt͡ɕïtʰɛ̀t͡ɕï]
    အစိုင်းအခဲ။ အစိုင်အခဲ အရွယ် ပမာဏ၊ ထုထည် ပမာဏ
    အစိုင်းအခဲ။ အစိုင်အခဲ အရွယ် ပမာဏ၊ ထုထည် ပမာဏ
    thickness
    နာမ်