Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 461–480 of 781 words

    ထ

    ထုတ်ချင်းခတ်

    [tʰoʊʔɕɪ́ɴkʰaʔ]
    တဖက်မှ တဖက်သို့ ဖေါက်ထွင်း ပေါက်ဝင်ဗျယ်ဒေးကေ။ ဟင်းလင်း ပေါက်သော အနိန်နန့်
    တစ်ဖက်မှ တစ်ဖက်သို့ ဖေါက်ထွင်း ပေါက်ဝင်လျက်။ ဟင်းလင်း ပေါက်သော အားဖြင့်
    straight through
    ကြိယာဝိသေသန

    ထုတ်ချင်းပေါက်

    [tʰoʊʔɕɪ́ɴpaʊʔ]
    တဖက်မှ တဖက်သို့ ဖေါက်ထွင်း ပေါက်ဝင်ဗျယ်ဒေးကေ။ ဟင်းလင်း ပေါက်သော အနိန်နန့်
    တစ်ဖက်မှ တစ်ဖက်သို့ ဖေါက်ထွင်း ပေါက်ဝင်လျက်။ ဟင်းလင်း ပေါက်သော အားဖြင့်
    straight through
    ကြိယာဝိသေသန

    ထုတ်ချီး

    [tʰoʊʔɕï]
    ငွီ အသုံးလို သူအား ငွီတိုးနန့် ဖြစ်စီ၊ အတိုးမဲ့ ဖြစ်စီ လောလောဆယ် ထုတ်ပီးသည်
    ငွေ အသုံးလို သူအား ငွေတိုးဖြင့် ဖြစ်စေ၊ အတိုးမဲ့ ဖြစ်စေ လောလောဆယ် ထုတ်ပေးသည်
    advances
    ကြိယာ

    ထုတ်ချောက်

    [tʰoʊʔɕɔ́ɛʔ]
    ကိုယ့်လိုရာ ခရီးသို့ မနှောင့်မယှက် အဆီးအတား မဟိဘဲ
    မိမိလိုရာ ခရီးသို့ မနှောင့်မယှက် အဆီးအတား မရှိပဲ
    straight through
    ကြိယာဝိသေသန

    ထုတ်ဆင့်

    [tʰoʊʔsʰɪ̀ɴ့]
    (အမိန့်၊ အာဏာ အစဟိစွာရို့ကို) လိုက်နာ ဆောင်ရွက်ရန် သတ်မှတ်ပနာ လူအများ ကြားသိ စီရေ
    (အမိန့်၊ အာဏာ စသည်တို့ကို) လိုက်နာ ဆောင်ရွက်ရန် သတ်မှတ်၍ လူအများ ကြားသိ စေသည်
    reveal
    ကြိယာ

    ထုတ်ဆောင်

    [tʰoʊʔsʰàʊɴ]
    (ကျမ်းဂန် ပုရပိုက်စာပီမှ) ရွေးနှုတ် ယူရေ။ အပြင်ပကို ယူခရေ
    (ကျမ်းဂန် ပုရပိုက်စာပေမှ) ရွေးနှုတ် ယူသည်။ အပြင်ဘက်သို့ ယူခဲ့သည်
    take out
    ကြိယာ

    ထုတ်နှုတ်

    [tʰoʊʔn̥oʊʔ]
    အတိထဲက ကိုယ့် လိုရာကို ခွဲခြား ထုတ်ယူရေ
    အများထဲမှ မိမိ လိုရာကို ခွဲခြား ထုတ်ယူသည်
    extract
    ကြိယာ

    ထုတ်ပယ်

    [tʰoʊʔpɛ̀]
    တစုံ တရာ ပြစ်မှုတွက်နန့် (အဖွဲ့အစည်း၊ ရာထူး အစဟိစွာရို့မှ) ထုတ်ပစ်သည်
    တစ်စုံ တစ်ရာ ပြစ်မှုကြောင့် (အဖွဲ့အစည်း၊ ရာထူး စသည်တို့မှ) ထုတ်ပစ်သည်
    remove
    ကြိယာ

    ထုတ်ပြန်

    [tʰoʊʔpɹàɴ]
    (လိုက်နာ ဆောင်ရွက်ရန် အာဏာနန့် ပြောကြားချက် စစွာကို) ကြေငြာသည်
    (လိုက်နာ ဆောင်ရွက်ရန် အာဏာဖြင့် ပြောကြားချက် စသည်ကို) ကြေငြာသည်
    proclaim
    ကြိယာ

    ထုတ်ဖော်

    [tʰoʊʔpʰɔ̀]
    ထင်ရှား သိမြင်ယောင် ပြုသည်
    ထင်ရှား သိမြင်အောင် ပြုသည်
    reveal
    ကြိယာ

    ထုတ်လုပ်

    [tʰoʊʔloʊʔ]
    ကုန်ထုတ် ဝန် တခုခု ဖြစ်ယောင် ကြိုးစား ဆောင်ရွက်သည်
    ကုန်ထုတ် ပစ္စည်း တစ်ခုခု ဖြစ်အောင် ကြိုးစား ဆောင်ရွက်သည်
    produce
    ကြိယာ

    ထုထည်

    [tʰoʊtʰɛ̀]
    အထုအထည်။ အရွယ်အစား။ အစိုင်းအခဲ။ ပမာဏ
    အထုအထည်။ အရွယ်အစား။ အစိုင်းအခဲ။ ပမာဏ
    thickness
    နာမ်

    ထုံ့ထာ

    [tʰo̰ʊɴtʰà]
    မလှုပ်မယှားတည်နီရေ။ ၂။ ယီးတီးယားတား ပြုရေ။ ၃။ ထိုင်းမှိုင်း ချေကျောက်ရေ
    မလှုပ်မရှား တည်နေသည်။ ၂။ မလေးမစား ပြုသည်။ ၃။ ထိုင်းမှိုင်း လေးကန်သည်
    gloomy-dull
    ကြိယာ

    ထုံထိုင်း

    [tʰòʊɴtʰáɪɴ]
    ထိုင်းမှိုင်း ဖင့်နွဲ့ရေ။ ပေါ့ပါး ကကောင်းလျင်ခြင်း မဟိ ဖြစ်တေ။ သွက်လက် တက်ကြွမှု ကင်းသည်
    လေးလံ ဖင့်နွဲ့သည်။ ပေါ့ပါး လျင်မြန်ခြင်း မရှိ ဖြစ်သည်။ သွက်လက် တက်ကြွမှု ကင်းသည်
    be lethargic
    ကြိယာ

    ထုံးနည်း

    [tʰóʊɴnɛ́]
    မှတ်သား လိုက်နာစရာ သတ်မှတ်ချက်။ စည်းကမ်း ဥပဒေ အစဟိစွာမာ ညွန်ကြားရေ့ အတိုင်း လိုက်နာ ဆောင်ရွက်ရဖို့့ အစိုင်အလာ
    မှတ်သား လိုက်နာစရာ သတ်မှတ်ချက်။ စည်းကမ်း ဥပဒေ စသည်တွင် ညွန်ကြားသည့် အတိုင်း နာခံ ဆောင်ရွက်ရမည့် အစဉ်အလာ
    rule
    နာမ်

    ထုံနာ

    [tʰòʊɴnà]
    ကိုယ်လက် ထိုင်းမှိုင်း ကျိုင်သော ရောဂါ။ ၂။ ကိုယ်အင်္ဂါ၌ ထိတွိကေလေ့ မသိပိုင် ဖြစ်ခြင်း
    ကိုယ်လက် ထိုင်းမှိုင်း ထုံကျဉ်သော ရောဂါ။ ၂။ ကိုယ်အင်္ဂါ၌ ထိတွေ့သော်လည်း မသိသကဲ့သို့ ဖြစ်ခြင်း
    palsy
    နာမ်

    ထုံနာကျဉ်နာ

    [tʰòʊɴnàt͡ɕɪ̀ɴnà]
    ကိုယ်လက် ထိုင်းမှိုင်း ကျိုင်သော ရောဂါ။ ၂။ ကိုယ် အင်္ဂါ၌ ထိတွိကေလေ့ မသိပိုင် ဖြစ်ခြင်း
    ကိုယ်လက် ထိုင်းမှိုင်း ထုံကျဉ်သော ရောဂါ။ ၂။ ကိုယ် အင်္ဂါ၌ ထိတွေ့သော်လည်း မသိသကဲ့သို့ ဖြစ်ခြင်း
    palsy
    နာမ်

    ထုံးနိဂုံး

    [tʰóʊɴnìɡóʊɴ]
    အလိအထ။ အလိအလာ။ ဓလိထုံးစံ။ ဓမ္မတာ သဘော
    အလေ့အထ။ အလေ့အလာ။ ဓလေ့ထုံးစံ။ ဓမ္မတာ သဘော
    habit
    နာမ်

    ထုံးပင်လယ်

    [tʰóʊɴpɪ̀ɴlɛ̀]
    အလွန် နက်ဟိုင်းသော ပင်လယ်၊ သမုဒ္ဒရာ
    အလွန် နက်ရှိုင်းသော ပင်လယ်၊ သမုဒ္ဒရာ
    ocean
    နာမ်

    ထုံးပုံ

    [tʰóʊɴpòʊɴ]
    ရှေး အစိုင်အလာ မှတ်သား လိုက်နာဖွယ်
    ရှေး အစဉ်အလာ မှတ်သား လိုက်နာဖွယ်
    tradition
    နာမ်