Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 481–500 of 781 words

    ထ

    ထုံပေတက်

    [tʰòʊɴpètɛʔ]
    ကြာ ထိုင်းမှိုင်းစွာ။ သွက်လက် ဖြတ်လတ်မှု မဟိရေ အနိန်နန့်
    နှေးကွေး လေးကန်စွာ။ သွက်လက် ဖျတ်လတ်မှု မရှိသော အားဖြင့်
    slow
    ကြိယာဝိသေသန

    ထုံးပေါက်

    [tʰóʊɴpaʊʔ]
    ကွမ်းစား ရာမာ ထုံးများ သနန့် ထုံး၏ အပူတွက်နန့် လျှာ၊ နှုတ်ခမ်းမာ အနာ ဖြစ်တေ
    ကွမ်းစား ရာတွင် ထုံးများ သဖြင့် ထုံး၏ အပူကြောင့် လျှာ၊ နှုတ်ခမ်းတွင် အနာ ဖြစ်သည်
    damage through action of lime
    ကြိယာ

    ထုပ်

    [tʰoʊʔ]
    အိမ် အဆောက် အအုံမာ အိမ်ဟိ အိမ်နောက်တန်း နိန်ရေ တိုင်နှစ်လုံး ထိပ်ကို တွယ်ကပ်၍ သံမှိုနန့် ရိုက်ထားရေ သစ်သားတန်း
    အိမ် အဆောက် အအုံတွင် အိမ်ရှေ့ အိမ်နောက်တန်း နေသော တိုင်နှစ်လုံး ထိပ်ကို တွယ်ကပ်၍ သံမှိုဖြင့် ရိုက်ထားသော သစ်သားတန်း
    cross beam-tie beam
    နာမ်

    ထုပ်၂

    [tʰoʊʔ၂]
    ဝန် တခုတရီ ထုပ်ထားရေ အထုပ်။ ၂။ တစုံ တခုသော နည်းနိဿယ။ ဉာဏ်ပညာ အစဟိစွာ
    ပစ္စည်း တစ်စုံတစ်ရာ ထုပ်ထားသော အထုပ်။ ၂။ တစ်စုံ တစ်ခုသော နည်းနိဿယ။ ဉာဏ်ပညာ စသည်
    pack
    နာမ်

    ထုပ်၃

    [tʰoʊʔ၃]
    ဝန် ဝတ္တု တခုခုကို စက္ကူ၊ အဝတ် အထည် အစဟိစွာရို့နန့် ပတ်ရစ်သည်
    ပစ္စည်း ဝတ္တု တစ်ခုခုကို စက္ကူ၊ အဝတ် အထည် စသည်တို့ဖြင့် ပတ်ရစ်သည်
    pack
    ကြိယာ

    ထုပ်ကိုင်တိုင်

    [tʰoʊʔkàɪɴtàɪɴ]
    အိမ်၏ အဆောက် အအုံမာ အိမ်ဟိ အိမ်နောက်တန်း နိန်ရေ တိုင်နှစ်လုံး
    အိမ်၏ အဆောက် အအုံတွင် အိမ်ရှေ့ အိမ်နောက်တန်း နေသော တိုင်နှစ်လုံး
    transom
    နာမ်

    ထုပ်ကိုင်လယောက်ကိုင်

    [tʰoʊʔkàɪɴljɔ́ɛʔkàɪɴ]
    အိမ်၏ လက်ခံတိုင် ထိပ်တိကို လေးဘက်မျက်နှာ သံမှို ရိုက်နှက် ထားရေ ထုပ်လျောက် အစုံ
    အိမ်၏ လက်ခံတိုင် ထိပ်များကို လေးဘက်မျက်နှာ သံမှို ရိုက်နှက် ထားသော ထုပ်လျောက် အစုံ
    cross beam-tie beam
    နာမ်

    ထုပ်ထုပ်ကတ်ကတ်

    [tʰoʊʔtʰoʊʔkaʔkaʔ]
    ကျဉ်းမြောင် ကျပ်တည်းစွာ။ ကတ်သီးကတ်သပ်။ ၂။ ခဲယဉ်းစွာ
    ကျဉ်းမြောင် ကျပ်တည်းစွာ။ ကတ်သီးကတ်သပ်။ ၂။ ခဲယဉ်းစွာ
    narrow
    ကြိယာဝိသေသန

    ထုပ်ထုပ်ခြာခြာ

    [tʰoʊʔtʰoʊʔkʰɹàkʰɹà]
    ခဲယဉ်းစွာ၊ မရအရ အခက်အခဲ ကြိုးပမ်းလျှက်။ ကပ်သီကပ်သပ်
    ခဲယဉ်းစွာ၊ မရအရ အခက်အခဲ ကြိုးပမ်းလျှက်။ ကြံကြံဖန်ဖန်
    abstrusely
    ကြိယာဝိသေသန

    ထုပ်မှာခတ်ယောက်မှာခတ်

    [tʰoʊʔm̥àkʰaʔjɔ́ɛʔm̥àkʰaʔ]
    အကျိုးမဲ့ ကုန်ဆုံးရေ။ ပြုန်းတီး ပျက်စီးရေ။ ရွင့်ပြာသတ် ဆုံးပါးရေ။ အလဟဿ ကုန်ဆုံးသည်
    အကျိုးမဲ့ ကုန်ဆုံးသည်။ ပြုန်းတီး ပျက်စီးသည်။ လေလွင့် ဆုံးပါးသည်။ အလဟဿ ကုန်ဆုံးသည်
    waste
    ကြိယာ

    ထုပ်မှာသတ်ယောက်မှာသတ်

    [tʰoʊʔm̥àθaʔjɔ́ɛʔm̥àθaʔ]
    အကျိုးမဲ့ ကုန်ဆုံးရေ။ ပြုန်းတီး ပျက်စီးရေ။ လေလွင့် ဆုံးပါးရေ။ အလဟဿ ကုန်ဆုံးသည်
    အကျိုးမဲ့ ကုန်ဆုံးသည်။ ပြုန်းတီး ပျက်စီးသည်။ လေလွင့် ဆုံးပါးသည်။ အလဟဿ ကုန်ဆုံးသည်
    waste
    နာမ်

    ထုံးဖေါက်

    [tʰóʊɴpʰaʊʔ]
    မီးဖုတ် ထားရေ ထုံးကို ရေနန့် စိမ်ထားရေ
    မီးဖုတ် ထားသော ထုံးကို ရေဖြင့် စိမ်ထားသည်
    none
    ကြိယာ

    ထုံးဖွဲ့

    [tʰóʊɴpʰwé]
    ကဗျာ၊ လင်္ကာ စစွာကို စီကုံး ရီးသားရေ။ ၂။ ဆံပင်ကို ရစ်ပတ် ဖွဲ့သည်
    ကဗျာ၊ လင်္ကာ စသည်ကို စီကုံး ရေးသားသည်။ ၂။ ဆံပင်ကို ရစ်ပတ် ဖွဲ့သည်
    dress hair
    ကြိယာ

    ထုံသင်း

    [tʰòʊɴθɪ́ɴ]
    မွှီးကြိုင်သော အနံ့များစွာ ပျံ့ထွက်သော။ မွှီးသော ရနံ့ထွက်သော
    မွှေးကြိုင်သော အနံ့များစွာ ပျံ့ထွက်သော။ မွှေးသော ရနံ့ထွက်သော
    smell of sandal wood
    နာမဝိသေသန

    ထုံးသင်္ကန်း

    [tʰóʊɴθŋ̇kaáɴ]
    စာတီ၌ နှိမ်း ထားရေ ထုံး
    စေတီ၌ လိမ်းကျံ ထားသော ထုံး
    coat of white wash over stups
    နာမ်

    ထုံးသုတ်

    [tʰóʊɴθoʊʔ]
    စာတီ၊ ပုထိုး အစဟိစွာ၌ ထုံးလူး ကျံသည်
    စေတီ၊ ပုထိုး စသည်၌ ထုံးလိမ်း ကျံသည်
    paint
    ကြိယာ

    ထုံးသုတ်၂

    [tʰóʊɴθoʊʔ၂]
    (ဥပစာ) တစုံ တခု ရွီတွက် အရာမာ အမှတ်အသား ပြုသည်
    (ဥပစာ) တစ်စုံ တစ်ခု ရေတွက် အရာ၌ အမှတ်အသား ပြုသည်
    mark
    ကြိယာ

    ထုံးဟောင်း

    [tʰóʊɴháʊɴ]
    ရှေး အစိုင်အလာ လိုက်နာ ကျင့်သုံးသော အလိအထ။ ဓလိထုံးစံ။ မှတ်သား လိုက်နာစရာ သတ်မှတ်ချက်
    ရှေး အစဉ်အလာ လိုက်နာ ကျင့်သုံးသော အလေ့အထ။ ဓလေ့ထုံးစံ။ မှတ်သား လိုက်နာစရာ သတ်မှတ်ချက်
    tradition
    နာမ်

    ထူ

    [tʰù]
    ဗေါင်းဇောက် ထောင်အောင် လုပ်ရေ။ ကမ္ပလာစီာင်၊ ဒက်ဆယ်တောင်ကာ၊ ငါးတောင်ကိုဆုတ်၊ ထူအလံလေ၊ တင်းခွန်လုပ်လို့ (ထာနု)။ ၂၊ လှဲရာမှ ထိုင်အောင်၊ ထအောင် လက်ကို ဆွဲချီမရေ။ ၃၊ ကြီးရေ။ လျှာထူမူ၊ ရမ္မက်များအံ့၊ မျက်နှာ ညထူမူ အိပ်ကတ်ူးအံ့။ ဝမ်းထူရေ်၊ မျက်စိဝှက်၍ ရှု
    မတ်စောက် ထောင်အောင် လုပ်သည်။ ကမ္ပလာစောင်၊ ဒက်ဆယ်တောင်မှာ၊ ငါးတောင်ကိုဆုတ်၊ ထူအလံလေ၊ တင်းခွန်လုပ်လို့ (ထာနု)။ ၂၊ လဲလျောင်းရာမှ ထိုင်အောင်၊ ထအောင် လက်ကို ဆွဲချီမသည်။ ၃၊ ကြီးသည်။ လျှာထူမူ၊ ရမ္မက်များအံ့၊ မျက်နှာ ညထူမူ အိပ်ကြူးအံ့။ ဝမ်းထူသော်၊ မျက်စိဝှက်၍ ရှု
    raise-erect
    ကြိယာ

    ထူး

    [tʰùး]
    တဦး တယောက်က ခေါ်ရေအခါ ပြန်ပနာ နုတ်ဖြင့် တုံ့ပြန် ပြောကြားချက် ပြုလိုက်ရေ။ တခွန်းခေါ်ကေ၊ ကျော်ကျော်မထူး၊ မောင်သက်ဝီလေ၊ စက်ကာကျူးကေ၊ အိပ်ကျူးရီလား၊ (ဇမ်း)။ ထိုသည်တောင်က။ ထိပ်ခေါင်ကသာ၊ ဟော၍ခေါ်ကေ။ ထူးပါလိမ့်မေ။ (ရာမ)
    တစ်ဦး တစ်ယောက်က ခေါ်သောအခါ ပြန်လည် နုတ်ဖြင့် တုံ့ပြန် ပြောကြားချက် ပြုလိုက်သည်။ တစ်ခွန်းခေါ်ကေ၊ ကျော်ကျော်မထူး၊ မောင်သက်ဝီလေ၊ စက်ကာကျူးကေ၊ အိပ်ကျူးရေလား၊ (ဇမ်း)။ ထိုသည်တောင်မှ။ ထိပ်ခေါင်ကသာ၊ ဟော၍ခေါ်ကေ။ ထူးပါလိမ့်မည်။ (ရာမ)
    reply to a call
    ကြိယာ