Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 521–540 of 781 words

    ထ

    ထူထဲ

    [tʰùtʰɛ]
    ထူရေ။ အထုအထည် ကြီးမားရေ
    ထူသော။ အထုအထည် ကြီးမားသော
    thick
    နာမဝိသေသန

    ထေ

    [tʰè]
    သတိလစ် ပိုင် ဖြစ်တေ။ သတိဉာဏ် မှုန်ဝါး တွေဝေသည်
    သတိလစ် သကဲ့သို့ ဖြစ်သည်။ သတိဉာဏ် မှုန်ဝါး တွေဝေသည်
    forget
    ကြိယာ

    ထေကရ

    [tʰèkɹ]
    ထင်ရာမြင်ရာ အမျိုးမျိုး။ စိတ်ကူး ပေါက်ရာ။ တွိ့ကရာ
    ထင်ရာမြင်ရာ အမျိုးမျိုး။ စိတ်ကူး ပေါက်ရာ။ တွေ့ကရာ
    any and everything
    ကြိယာဝိသေသန

    ထေကလုံး

    [tʰèklóʊɴ]
    သရော် တော်တော် ချိတ် တိတ်တိတ် ပြောသော စကား
    သရော် တော်တော် ချိတ် တိတ်တိတ် ပြောသော စကား
    sarcasm
    နာမ်

    ထေရဝါ

    [tʰèɹwà]
    မြတ်စွာ ဘုရား ဟောကြားတော် မှုသော ဥပဒေသအတိုင်း အဆက်ဆက် စောင့်ရှောက် ထိန်းသိမ်း လာခရေ ဗုဒ္ဓသာသနာ။ (ပါ
    မြတ်စွာ ဘုရား ဟောကြားတော် မှုသော ဥပဒေသအတိုင်း အဆက်ဆက် စောင့်ရှောက် ထိန်းသိမ်း လာခဲ့သော ဗုဒ္ဓသာသနာ။ (ပါ
    techings of Buddha
    နာမ်

    ထေရီ

    [tʰèɹí]
    ရဟန်း မမာ့။ ပဋါစာရီ အစဟိရေ ထေရီဘိက္ခူနီ (ပါ)
    ရဟန်း မိန်းမ။ ပဋါစာရီ စသော ထေရီဘိက္ခူနီ (ပါ)
    female buddhist monk
    နာမ်

    ထေရုပ္ပတ္တိ

    [tʰèɹoʊpʰa̰t̪t̪a̰ì]
    တဦး တယောက်သော ပုဂ္ဂိုလ်၏ အကြောင်းအရာ။ ဖြစ်စိုင်။ (ပါ
    တစ်ဦး တစ်ယောက်သော ပုဂ္ဂိုလ်၏ အကြောင်းအရာ။ ဖြစ်စဉ်။ (ပါ
    biography
    နာမ်

    ထော

    [tʰɔ́]
    မလှမ်း မကမ်း၌ ဟိနိန်ရေ အရာဝတ္တုကို ညွှန်ပြရေ
    မလှမ်း မကမ်း၌ ရှိနေသော အရာဝတ္တုကို ညွှန်ပြသည်
    point
    ကြိယာ

    ထော၂

    [tʰɔ́၂]
    နံဖီး အနားဟိ သက်ဟိ သက်မဲ့ ရို့ကို ညွှန်ပြသော စကားလုံး။ ထောယင်းကနိန်ာ
    အနီး အနားရှိ သက်ရှိ သက်မဲ့ တို့ကို ညွှန်ပြသော စကားလုံး။ ထောထိုမှာ
    that
    နာမ်

    ထောကန်ထောကန်

    [tʰɔ́kàɴtʰɔ́kàɴ]
    ခြီထောက် တဖက် မသန်းစွမ်းပနာ နိမ့်တုံမြင်တုံ လမ်းလျှောက် ပိုင်
    ခြေထောက် တစ်ဖက် မသန်းစွမ်း၍ နိမ့်တုံမြင်တုံ လမ်းလျှောက် သကဲ့သို့
    lameness
    ကြိယာဝိသေသန

    ထောကန်လန်

    [tʰɔ́kàɴlàɴ]
    ခြီထောက် တဖက် ကာနာ သူ။ ခြီထောက် တဖက် ကာနာမကျဉ်းဖြစ်ပနာ ထောနန့်ထောနန့် လားရေသူ
    ခြေထောက် တစ်ဖက် မသန်စွမ်း သူ။ ခြေထောက် တစ်ဖက် မသန်စွမ်း၍ ထောနဲ့ထောနဲ့ သွားသောသူ
    lameness
    နာမ်

    ထောက်

    [tʰɔ́ɛʔ]
    ၁၊ ငဲ့ကွက်ရေ။ စာနာရေ။ မောင်လှ၏ နောင်ရီးကို ထောက်လို့ အကျွန်ရေ မပြောမဟောပဲ နေစွာပါရာ။ ၂၊ ဆင်ခြင် နှိုင်းနိူင်းရေ။ ထည့်တွက်ရေ။ လူတဦး တယောက်၏ အကျိုး စီးပွား ဖြစ်ထွန်း နှိုင်ဖို့အတွက် အကြောင်းကိုလေ့ ထောက်ရပါ သိရေ
    ၁၊ ငဲ့ကွက်သည်။ စာနာသည်။ မောင်လှ၏ နောင်ရေးကို ထောက်လို့ အကျွန်ရေ မပြောမဟောပဲ နေစွာပါရာ။ ၂၊ ဆင်ခြင် နှိုင်းယှဉ်သည်။ ချင့်တွက်သည်။ လူတစ်ဦး တစ်ယောက်၏ အကျိုး စီးပွား ဖြစ်ထွန်း နိုင်ဖို့အတွက် အကြောင်းကိုလည်း ထောက်ရပါ သိရေ
    compare
    ကြိယာ

    ထောက်၂

    [tʰɔ́ɛʔ၂]
    ၁၊ မစ ကူညီရေ။ ၂၊ အကူအညီ ပီးလို့သနန့် ပင်ဖြစ်ဖြစ်၊ မီးမြန်း လိုသနန့် ပင်ဖြစ်ဖြစ်၊ ကြားဝင် ဖြတ်ပနာ ပြောဆိုရေ။ ၃၊ အောက်ကို ပိပြား၍ အကျရယောင် အလီးအပင် ဖြစ်ရေ တခုခုကို အချောင်းအတံ တခုခုဖြင့် ပင့်မ ထားရေ
    ၁၊ မစ ကူညီသည်။ ၂၊ အကူအညီ ပေးလို့သဖြင့် လည်းကောင်း၊ မေးမြန်း လိုသဖြင့် လည်းကောင်း၊ ကြားဝင် ဖြတ်၍ ပြောဆိုသည်။ ၃၊ အောက်သို့ ပိပြား၍ အကျရအောင် အလေးအပင် ဖြစ်သော တစ်စုံ တစ်ရာကို အချောင်းအတံ တစ်ခုခုဖြင့် ပင့်မ ထားသည်
    heave
    ကြိယာ

    ထောက်၃

    [tʰɔ́ɛʔ၃]
    (လူတယောက်ယောက်ကို အကြောင်း သိဟိ၍) လာ မလာကို လူလွှတ်ပနာသော် ပင်ဖြစ်ဖြစ်၊ စာရီး၍သော် ပင်ဖြစ်ဖြစ်၊ အကြောင်းကြား စနည်းနာရေ
    (တစ်စုံ တစ်ယောက်သော သူအား အကြောင်း သိရှိ၍) လာ မလာကို လူလွှတ်၍သော် လည်းကောင်း၊ စာရေး၍သော် လည်းကောင်း၊ အကြောင်းကြား စုံစမ်းသည်
    enquire
    ကြိယာ

    ထောက်ကန်

    [tʰɔ́ɛʔkàɴ]
    အောက်မှ အထက်ကို ပင့်မ တွန်းပီး လိုက်ရေ
    အောက်မှ အထက်သို့ ပင့်မ တွန်းပေး လိုက်သည်
    heave
    ကြိယာ

    ထောက်ကူ

    [tʰɔ́ɛʔkù]
    ချီးမြှောက် ထောက်ပံ့ရေ။ ကူညီ မစရေ။ စောင်မသည်
    ချီးမြှောက် ထောက်ပံ့သည်။ ကူညီ မစသည်။ စောင်မသည်
    support
    ကြိယာ

    ထောက်ကျာ

    [tʰɔ́ɛʔt͡ɕà]
    မွတ်ဆလင် လူမျိုးများ အဂေါင်းမာ ဆောင်းထားရေ ဝထုပ် အမျိုးမျိုးကို ခြုံ၍ ခေါ်သော စကားလုံး
    မွတ်ဆလင် လူမျိုးများ ဦးခေါင်းတွင် ဆောင်းထားသော ဦးထုပ် အမျိုးမျိုးကို ခြုံ၍ ခေါ်သော စကားလုံး
    hat
    ကြိယာ

    ထောက်ကျော်

    [tʰɔ́ɛʔt͡ɕɔ̀]
    ခေါက်ရှာငှက်
    ခေါက်ရှာငှက်
    wood pecker
    နာမ်

    ထောက်ကွက်

    [tʰɔ́ɛʔkwɛʔ]
    ထောက်ပြ နှိုင်ရေ အချက် အလက်များ
    ထောက်ပြ နိုင်သော အချက် အလက်များ
    weak point
    နာမ်

    ထောက်ခံ

    [tʰɔ́ɛʔkʰံ]
    အောက်ကို မကျရယောင် အထက်ကို ပင့်မ ထားရေ။ ၂။ စိတ်ဓါတ် တက်ကြွအောင် ပြုမူ ပြောဆိုရေ။ ၃။ အဆို တင်သွင်းချက်ကို သဖောတူညီကြောင်း ပြုသည်
    အောက်သို့ မကျရအောင် အထက်သို့ ပင့်မ ထားသည်။ ၂။ စိတ်ဓါတ် တက်ကြွအောင် ပြုမူ ပြောဆိုသည်။ ၃။ အဆို တင်သွင်းချက်ကို သဘော တူညီကြောင်း ပြုသည်
    heave
    ကြိယာ