Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 541–560 of 781 words

    ထ

    ထောက်ခံချက်

    [tʰɔ́ɛʔkʰံɕɛʔ]
    လျော်ကန် သင့်မြတ်ကြောင်းကို ထိန်းပဲ့ ကူညီ ရီးသားခြင်း
    လျော်ကန် သင့်မြတ်ကြောင်းကို ထိန်းပဲ့ ကူညီ ရေးသားခြင်း
    recommendation
    နာမ်

    ထောက်ခံစာ

    [tʰɔ́ɛʔkʰံsà]
    မှန်ကန်ကြောင်း တာဝန်ယူ ရီးသား ထားရေ စာ
    မှန်ကန်ကြောင်း တာဝန်ယူ ရေးသား ထားသော စာ
    testmonial-credential
    နာမ်

    ထောက်ချင့်

    [tʰɔ́ɛʔɕɪ̀ɴ့]
    ချင့်ချိန်ရေ။ စာနာရေ
    ချင့်ချိန်သည်။ စာနာသည်
    judge
    နာမ်

    ထောက်ငဲ့

    [tʰɔ́ɛʔŋé]
    စာနာရေ။ ထောက်ထား ငဲ့ဝါရေ။ ညှာစွာရေ
    စာနာသည်။ ထောက်ထား ငဲ့ညာသည်။ ညှာတာသည်
    considerately
    ကြိယာ

    ထောက်ဆ

    [tʰɔ́ɛʔsʰ]
    တွေးခေါ်ရေ။ ဆင်ခြင် တွက်သည်
    တွေးတောသည်။ ဆင်ခြင် တွက်သည်
    think
    ကြိယာ

    ထောက်ညှာ

    [tʰɔ́ɛʔɲ̯à]
    ငဲ့ကွက်ရေ။ ထောက်ထားရေ
    ငဲ့ကွက်သည်။ ထောက်ထားသည်
    considerately
    ကြိယာ

    ထောက်တည်ရာ

    [tʰɔ́ɛʔtɛ̀ɹà]
    မှီခို အားထားရာ။ အားကိုး ရပ်တည်ရာ။ ဆည်းကပ် အားထားရာ
    မှီခို အားထားရာ။ အားကိုး ရပ်တည်ရာ။ ဆည်းကပ် အားထားရာ
    depend
    ကြိယာ

    ထောက်ထား

    [tʰɔ́ɛʔtʰá]
    စာနာ ထည့်တွက်ရေ။ နှိုင်းဆ ဆင်ခြင်ရေ။၂။ အားကိုးရေ။ ၃။ ညှာတာ ငဲ့ကွက်သည်
    စာနာ ချင့်တွက်သည်။ နှိုင်းဆ ဆင်ခြင်သည်။၂။ အားကိုးသည်။ ၃။ ညှာတာ ငဲ့ကွက်သည်
    depend
    ကြိယာ

    ထောက်ပံ့

    [tʰɔ́ɛʔpံ့]
    မစ ချီးမြောက်ရေ။ ကြည့်ရှု စောင့်မရေ။ ကူညီ စောင့်ရှောက်သည်
    မစ ချီးမြောက်သည်။ ကြည့်ရှု စောင့်မသည်။ ကူညီ စောင့်ရှောက်သည်
    support
    ကြိယာ

    ထောက်ပံ့ကြေး

    [tʰɔ́ɛʔpံ့t͡ɕé]
    လစိုင်အနိန်နန့် ပင်ဖြစ်ဖြစ်၊ နှစ်စိုင်အနိန်နန့် ပင်ဖြစ်ဖြစ် မူသေ ကူညီ ပီးထားရေ ငွီ
    လစဉ်အားဖြင့် လည်းကောင်း၊ နှစ်စဉ်အားဖြင့် လည်းကောင်း မူသေ ကူညီ ပေးထားသော ငွေ
    allowance stipend
    နာမ်

    ထောက်ပြ

    [tʰɔ́ɛʔpɹ]
    အမား အမှန် ဤ နှစ်တန်ကို သေချာ ကျန ညွန်ပြရေ
    အမှား အမှန် ဤ နှစ်တန်ကို သေချာ ကျန ညွန်ပြသည်
    point out
    ကြိယာ

    ထောက်မ

    [tʰɔ́ɛʔm]
    ကြည့်ရှု စောင့်ရှောက်ရေ။ ပီးကမ်း ကူညီရေ
    ကြည့်ရှု စောင့်ရှောက်သည်။ ပေးကမ်း ကူညီသည်
    look after
    ကြိယာ

    ထောက်မျှော်

    [tʰɔ́ɛʔmr̯ɔ̀]
    ထောက်ထား ညှာစွာရေ။ စာနာရေ။ မှန်းဆ ဆင်ခြင်ရေ။ ခိုင်းနှိုင်း ဆင်ခြင်ရေ။ ခိုင်းနှိုင်း ချင့်ချိန်သည်
    ထောက်ထား ညှာတာသည်။ စာနာသည်။ မှန်းဆ ဆင်ခြင်သည်။ ခိုင်းနှိုင်း ဆင်ခြင်သည်။ ခိုင်းနှိုင်း ချင့်ချိန်သည်
    compare
    ကြိယာ

    ထောက်မှန်

    [tʰɔ́ɛʔm̥àɴ]
    ဒေါက်နန့် ထောက်ထားရေ ကြည့်မှန်
    ဒေါက်ဖြင့် ထောက်ထားသော ကြည့်မှန်
    mirror
    နာမ်

    ထောက်ရှု

    [tʰɔ́ɛʔʃoʊ]
    မျှော်ခေါ် တွေးခေါ်ရေ။ ကြည့်ရှု ဆင်ခြင်ရေ။ ငဲ့ကွက် စာနာရေ
    မျှော်ခေါ် တွေးတောသည်။ ကြည့်ရှု ဆင်ခြင်သည်။ ငဲ့ကွက် စာနာသည်
    ratiocinate
    ကြိယာ

    ထောက်လှမ်း

    [tʰɔ́ɛʔɬáɴ]
    သိလိုရာကို စူးစမ်း မီးမြန်းသည်
    သိလိုရာကို စူးစမ်း မေးမြန်းသည်
    investigate
    ကြိယာ

    ထောင်

    [tʰàʊɴ]
    အပြစ်ဒဏ် ဟိရေ သူကို အပြစ်အား လျော်စွာ တရား ဥပဒေ ပုဒ်မအရ ချုပ်နှောင် သွင်းထားရာ အဆောက်အအုံ
    အပြစ်ဒဏ် ရှိသော သူကို အပြစ်အား လျော်စွာ တရား ဥပဒေ ပုဒ်မအရ ချုပ်နှောင် သွင်းထားရာ အဆောက်အအုံ
    prison
    နာမ်

    ထောင့်

    [tʰa̰ʊɴ]
    (ခရီးလမ်း) ကွာလှမ်းရေ။ ခဲခဲ ယဉ်းယဉ်း လားလာ ရရေ
    (ခရီးလမ်း) ကွာလှမ်းသည်။ ခဲခဲ ယဉ်းယဉ်း သွားလာ ရသည်
    far
    ကြိယာ

    ထောင်း

    [tʰáʊɴ]
    (ကျောပြင်ကို) တံတောင်နန့် ခတ်ရေ။ (ငရုတ်၊ ငါးပိ၊ ကြက်သွန် အစဟိစွာ ရို့ကို ဆုံမာ ထည့်ပနာ) ကျမွိနန့် ညက်အောင် လုပ်ရေ။ ၃။ စပါးကို ဆန်ဖြစ်ယောင် ဆုံမာ ထည့်ပနာ ကျမွိနန့် ထုခွဲရေ။ ၄။ ဇရာတရား ဖိစီး နှိပ်စက်သည်
    (ကျောပြင်ကို) တံတောင်ဖြင့် ထုနှက်သည်။ (ငရုတ်၊ ငါးပိ၊ ကြက်သွန် စသည် တို့ကို ဆုံတွင် ထည့်၍) ကျည်ပွေ့ဖြင့် ညက်အောင် လုပ်သည်။ ၃။ စပါးကို ဆန်ဖြစ်အောင် ဆုံတွင် ထည့်၍ ကျည်ပွေ့ဖြင့် ထုခွဲသည်။ ၄။ ဇရာတရား ဖိစီး နှိပ်စက်သည်
    bash
    ကြိယာ

    ထောင်၂

    [tʰàʊɴ၂]
    တည့်တည့် မတ်မတ် တည်စီရေ။ အချောင်းအတံ စစွာကို မြေ၌ စိုက်ထူရေ။ ကြက်၊ ငှက်၊ ငါး၊ သား အစဟိစွာရို့ကို ဖမ်းရန် ပိုက်၊ မြှုံး၊ ညွတ်ကွင်း အစဟိစွာရို့ကို တည်ထားရေ။ တိုင်းပြည် အသီးသီး တည်ဆောက်ရေ။ မာန ကြီးရေ
    တည့်တည့် မတ်မတ် တည်စေသည်။ အချောင်းအတံ စသည်ကို မြေ၌ စိုက်ထူသည်။ ကြက်၊ ငှက်၊ ငါး၊ သား စသည်တို့ကို ဖမ်းရန် ပိုက်၊ မြှုံး၊ ညွတ်ကွင်း စသည်တို့ကို တည်ထားသည်။ တိုင်းပြည် အသီးသီး တည်ဆောက်သည်။ မာန ကြီးသည်
    net
    ကြိယာ