Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 41–60 of 781 words

    ထ

    ထင့်၂

    [tʰɪ̰ɴ၂]
    ကိုယ့်ထံ ပီးဖို့ ဟိရေ ငွီနန့် သူတိပါးက ရရန်ဟိရေ ငွီ (ဒါဒေါင်အငမ်း) အကျေအလည် ပီးဆပ်ရေ။ မင်းပါးက ရဖို့ငွီနန့် ငါ့ပါးက ပီးရဖို့ ငွီနန့် အပြေအလည် ထင့်ပလိုက်
    မိမိထံ ပေးရန် ရှိသော ငွေနှင့် သူများထံမှ ရရန်ရှိသော ငွေ (အကြွေးအငမ်း) အကျေအလည် ပေးဆပ်သည်။ မင်းပါးက ရဖို့ငွီနန့် ငါ့ပါးက ပီးရဖို့ ငွီနန့် အပြေအလည် ထင့်ပလိုက်
    repay debt owned
    ကြိယာ

    ထင်း၂

    [tʰɪ́ɴ၂]
    အဝီးကပင် ထင်သာ မြင်သာသည်
    အဝေးကပင် ထင်သာ မြင်သာသည်
    foreground
    ကြိယာ

    ထင်း၃

    [tʰɪ́ɴ၃]
    (ဆားရည်၊ ဆီ၊ မင် အစဟိစွာရို့ ငြိစွဲသော) အစွန်းအကွက် မြင်သာရေ။ (ပေကျံ) စွန်းသည်
    (ဆားရည်၊ ဆီ၊ မင် စသည်တို့ ငြိစွဲသော) အစွန်းအကွက် မြင်သာသည်။ (ပေကျံ) စွန်းသည်
    stain
    ကြိယာ

    ထင်းကုးလာကောင်

    [tʰɪ́ɴkoʊးlàkàʊɴ]
    လူသီကောင်ကို ဖုတ်မြိုက်ရာမာ မီးမလောင်ကျွမ်းပဲ မီးသွီးတုံးပိုင် ဖြစ်ကျန်နီသော အရာ
    လူသေကောင်ကို ဖုတ်မြိုက်ရာတွင် မီးမလောင်ကျွမ်းပဲ မီးသွေးတုံးကဲ့သို့ ဖြစ်ကျန်နေသော အရာ
    partially burnt wood
    နာမ်

    ထင်းကုလားတုံး

    [tʰɪ́ɴkoʊlátóʊɴ]
    လူသီကောင်ကို ဖုတ်မြိုက်ရာမာ မီးမလောင်ကျွမ်းပဲ မီးသွီးတုံးပိုင် ဖြစ်ကျန်နီသော အရာ
    လူသေကောင်ကို ဖုတ်မြိုက်ရာတွင် မီးမလောင်ကျွမ်းပဲ မီးသွေးတုံးကဲ့သို့ ဖြစ်ကျန်နေသော အရာ
    partially burnt wood
    နာမ်

    ထင်ကြေး

    [tʰɪ̀ɴt͡ɕé]
    တွေးခေါ် မှတ်ယူချက်။ တစုံ တခုဖြစ်လှာဖို့ ပိုင်အလာကို ရည်မှန်းချက်။ စိတ်ထဲမာ သဖောပိုက်မှတ်ထားချက်
    တွေးတော မှတ်ယူချက်။ တစ်စုံ တစ်ခုဖြစ်လာမည့် အလားအလာကို ရည်မှန်းချက်။ စိတ်ထဲတွင် သဘော ပိုက်မှတ်ထားချက်
    opinion
    နာမ်

    ထင်ကြေးပီး

    [tʰɪ̀ɴt͡ɕépï]
    ကိုယ့် စိတ်မာ နားလည်း သဖောပေါက် မှတ်ထားချက်ကို ပြောပြရေ
    မိမိ စိတ်တွင် နားလည်း သဘောပေါက် မှတ်ထားချက်ကို ပြောပြသည်
    give opinion
    ကြိယာ

    ထင်ကြေးပြည့်

    [tʰɪ̀ɴt͡ɕépɹɛ̰]
    မျှော်မှန်း ရည်မှန်းချက် အတိုင်း ဖြစ်တေ
    မျှော်မှန်း ရည်မှန်းချက် အတိုင်း ဖြစ်သည်
    none
    ကြိယာ

    ထင်းခြွီ

    [tʰɪ́ɴkʰWɹí]
    ထင်းကို လိုက်လံ စုဆောင်းသည်
    ထင်းကို လိုက်လံ စုဆောင်းသည်
    gather firewood
    ကြိယာ

    ထင်းခြွီရီခပ်

    [tʰɪ́ɴkʰWɹíɹíkʰaʔ]
    အိမ်ကု ကိစ္စ အဝဝ အသီးဖွဲ့ အလုပ်။ ထင်းခြွီရီခပ်၊ မလပ်တစ၊ မလားရယာ (ရှီးထုံး)
    အိမ်မှု ကိစ္စ အဝဝ အသေးဖွဲ့ အလုပ်။ ထင်းခြွီရီခပ်၊ မလပ်တစ၊ မသွားရပြီ (ရှေးထုံး)
    gather firewood
    နာမ်

    ထင်းစင်

    [tʰɪ́ɴsɪ̀ɴ]
    ထင်းချောင်းများ တင်ထားရာ စင်
    ထင်းချောင်းများ တင်ထားရာ စင်
    wood pile
    နာမ်

    ထင်းစသျှေ

    [tʰɪ́ɴsʃè]
    ထင်းတို ထင်းစ။ ထင်းချောင်း အစအနများ
    ထင်းတို ထင်းစ။ ထင်းချောင်း အစအနများ
    fire wood
    နာမ်

    ထင်တလုံးမြင်တလုံး

    [tʰɪ̀ɴtlóʊɴmɹɪ̀ɴtlóʊɴ]
    ကိုယ့်ကိုယ်ကို ကိုယ့်တော်သည်၊ တတ်ရေလို့ (အထင်အမြင်ကြီး) မှတ်ယူခြင်း
    မိမိကိုယ်ကို မိမိတော်သည်၊ တတ်သည်ဟု (အထင်အမြင်ကြီး) မှတ်ယူခြင်း
    think highly
    နာမ်

    ထင်တုံးကြီး

    [tʰɪ̀ɴtóʊɴt͡ɕï]
    မြေစိုက်တိုင်ကို အမြင့်မှ ထားပနာ အောက်ကို လွှတ်ချ ဆောင့်သွင်း ရရေ ဝန်လီး ကိရိယာ
    မြေစိုက်တိုင်ကို အမြင့်မှ ထား၍ အောက်သို့ လွှတ်ချ ဆောင့်သွင်း ရသော ဝန်လေး ကိရိယာ
    tool
    နာမ်

    ထင်တော်မူဘုရား

    [tʰɪ̀ɴtɔ̀mùbʱoʊɹá]
    ၁၊ ထင်ရှား ကျော်ကြားသော ဘုရား။ ၂။ ဘုရား၏ အမည်တော်
    ၁၊ ထင်ရှား ကျော်ကြားသော ဘုရား။ ၂။ ဘုရား၏ အမည်တော်
    Buddha
    နာမ်

    ထင်ထင်

    [tʰɪ̀ɴtʰɪ̀ɴ]
    ထင်ရှားစွာ။ ပေါ်လွင်စွာ။ ကွက်ကွက် ကွင်းကွင်း။ မှတ်စိမ့်သော်ငှာ၊ ကျမ်းလာမှန်လှ၊ ဖော်ပြထင်ထင်၊ နှစ်၏အဦး၊ တန်ခူးသာခေါင် (ပါရာ)
    ထင်ရှားစွာ။ ပေါ်လွင်စွာ။ ကွက်ကွက် ကွင်းကွင်း။ မှတ်စိမ့်သော်ငှာ၊ ကျမ်းလာမှန်လှ၊ ဖော်ပြထင်ထင်၊ နှစ်၏အဦး၊ တန်ခူးသာခေါင် (ပါရာ)
    obviously
    ကြိယာဝိသေသန

    ထင့်ထင့်

    [tʰɪ̰ɴtʰɪ̰ɴ]
    ကြောင့်ကြ စိုးရိမ်ဖွယ်ရာ အစဟိစွာရို့အတွက် သံသယ ဖြစ်တေ။ မောင်လှ တယောက် ခရီးက မရောက်သိ စိတ်က ထင့်ထင့် ဖြစ်နီရေ
    ကြောင့်ကြ စိုးရိမ်ဖွယ်ရာ စသည်တို့အတွက် သံသယ ဖြစ်သည်။ မောင်လှ တစ်ယောက် ခရီးက မရောက်သိ စိတ်က ထင့်ထင့် ဖြစ်နီရေ
    be worried
    ကြိယာ

    ထင်ထင်လင်းလင်း

    [tʰɪ̀ɴtʰɪ̀ɴlɪ́ɴlɪ́ɴ]
    ရှင်းလင်း ထင်ရှားရေ။ ပေါ်လွင် ထင်ရှားသည်
    ရှင်းလင်း ထင်ရှားသည်။ ပေါ်လွင် ထင်ရှားသည်
    obviously
    ကြိယာ

    ထင်းနုကေ

    [tʰɪ́ɴnoʊkè]
    ထင်းပေါက်ခါ ထွက်ပေါ်လှာရေ ထင်းချောင်းငယ်များ
    ထင်းပေါက်သောအခါ ထွက်ပေါ်လာသည့် ထင်းချောင်းငယ်များ
    fire wood
    နာမ်

    ထင်းနုငယ်သျှေ

    [tʰɪ́ɴnoʊŋɛ̀ʃè]
    ထင်းပေါက်ခါ ထွက်ပေါ်လှာရေ ထင်းချောင်း ငယ်များ။ ၂၊ ထင်းပေါက်ရာမှ ထွက်လှာသော အစအန
    ထင်းပေါက်သောအခါ ထွက်ပေါ်လာသည့် ထင်းချောင်း ငယ်များ။ ၂၊ ထင်းပေါက်ရာမှ ထွက်လာသော အစအန
    fire wood
    နာမ်