Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 601–620 of 781 words

    ထ

    ထောင်ထွက်

    [tʰàʊɴtʰwɛʔ]
    ထောင်ကျ ခံခဲ့ဖူးသူ
    ထောင်ကျ ခံခဲ့ဖူးသူ
    Ex-convict
    နာမ်

    ထောင်ဒဏ်

    [tʰàʊɴdn်]
    ထောင်ချ ခံရရေ အပြစ်ဒဏ်
    ထောင်ချ ခံရသော အပြစ်ဒဏ်
    imprisonment
    နာမ်

    ထောင်နံယဉ်သွား

    [tʰàʊɴnံjɪ̀ɴθWà]
    (ရက်ကန်း) ယိုင်လားလီ့ ခေါ် ဝါးတံမျှင်များ ဒေါင်လိုက်စီ၍ ထားရေ ယိုင်လားလီ့ တထောင် ပြည့်သော ယိုင်သွား
    (ယက်ကန်း) ယဉ်သွားစေ့ ခေါ် ဝါးတံမျှင်များ ဒေါင်လိုက်စီ၍ ထားသော ယဉ်သွားစေ့ တစ်ထောင် ပြည့်သော ယဉ်သွား
    none
    နာမ်

    ထောင်နားခမ်းနင်း

    [tʰàʊɴnákʰáɴnɪ́ɴ]
    (ဘမ်းစကား) ရာဇဝတ် ပြစ်မှု ကျူးလွန်အံ့ ဆဲဆဲဖြစ်တေ။ ထောက်ကျအံ့ဆဲ ဖြစ်တေ
    (ဘမ်းစကား) ရာဇဝတ် ပြစ်မှု ကျူးလွန်အံ့ ဆဲဆဲဖြစ်သည်။ ထောက်ကျအံ့ဆဲ ဖြစ်သည်
    none
    ကြိယာ

    ထောင်နားယောင်

    [tʰàʊɴnájàʊɴ]
    အပြစ် တခုတရီ သင့်ရောက် နှိုင်ရေ လုပ်ငန်း တခုခုကို လုပ်ကိုင် နိန်ရေ
    အပြစ် တစ်စုံတစ်ခု သင့်ရောက် နိုင်သော လုပ်ငန်း တစ်ခုခုကို လုပ်ကိုင် နေသည်
    break the law
    ကြိယာ

    ထောင်ပြီး

    [tʰàʊɴpɹï]
    ထောင်မှ ထွက်ဗြီးသော သူ။ ထောင်သား
    ထောင်မှ ထွက်ပြေးသော သူ။ ထောင်သား
    prisoner
    နာမ်

    ထောင့်ဖြတ်

    [tʰa̰ʊɴpʰɹaʔ]
    လေးထောင့် ကွက်မာ အဟိတောင် ထောင့်နှင့် အနောက်မြောက် ထောင့်၊ အဟိမြောက် ထောင့်နှင့် အနောက်တောင် ထောင့် စရေ။ မျှိုင်း
    လေးထောင့် ကွက်တွင် အရှေ့တောင် ထောင့်နှင့် အနောက်မြောက် ထောင့်၊ အရှေ့မြောက် ထောင့်နှင့် အနောက်တောင် ထောင့် စသည်။ မျဉ်း
    diagonal
    နာမ်

    ထောင်ဖွဲ့

    [tʰàʊɴpʰwé]
    ရခိုင် ဘုရင်မင်း လက်ထက် အိမ်ခြီများ စုပေါင်းပနာ ရပ်ရွာ တည်ချ ပေးခြင်း၊ တိုက်နယ် ဖွဲ့စည်း ပေးခြင်း၊ ယင်း အထဲဟိ လူတိကို အသင်းအဖွဲ့ ဖွဲ့ပေးခြင်း ဖြစ်တေ
    ရခိုင် ဘုရင်မင်း လက်ထက် အိမ်ခြေများ စုပေါင်း၍ ရပ်ရွာ တည်ချ ပေးခြင်း၊ တိုက်နယ် ဖွဲ့စည်း ပေးခြင်း၊ ယင်း အတွင်းရှိ လူများကို အသင်းအဖွဲ့ ဖွဲ့ပေးခြင်း ဖြစ်သည်
    none
    နာမ်

    ထောင့်မှာကျယောက်မှာကျ

    [tʰa̰ʊɴm̥àt͡ɕjɔ́ɛʔm̥àt͡ɕ]
    အပျက်အစီး။ အလီအရွင့်။ အဆုံး အယှုံးတိစွာ
    အပျက်အစီး။ အလေအလွင့်။ အဆုံး အရှုံးများသည်
    damage
    ကြိယာ

    ထောင့်မှာခတ်ယောက်မှာခတ်

    [tʰa̰ʊɴm̥àkʰaʔjɔ́ɛʔm̥àkʰaʔ]
    အကျိုးမဲ့ ကုန်ဆုံးရေ။ ပြုန်းတီး ပျက်စီးရေ။ ရွင့်ပြာသတ် ဆုံးပါးရေ။ အလဟဿ ကုန်ဆုံးသည်
    အကျိုးမဲ့ ကုန်ဆုံးသည်။ ပြုန်းတီး ပျက်စီးသည်။ လေလွင့် ဆုံးပါးသည်။ အလဟဿ ကုန်ဆုံးသည်
    damage
    ကြိယာ

    ထောင့်မှာတစ်ချက်ယောက်မှာတစ်ချက်

    [tʰa̰ʊɴm̥àtɪʔɕɛʔjɔ́ɛʔm̥àtɪʔɕɛʔ]
    ပြုန်းတီး ပျက်စီးခြင်း၊ အလဟဿ အသုံးမဝင် ဖြစ်ခြင်း။ ယင်းပိုင်သော အရာ
    ပြုန်းတီး ပျက်စီးခြင်း၊ အလဟဿ အသုံးမဝင် ဖြစ်ခြင်း။ ယင်းသို့သော အရာ
    damage
    နာမ်

    ထောင့်မှာသတ်ယောက်မှာသတ်

    [tʰa̰ʊɴm̥àθaʔjɔ́ɛʔm̥àθaʔ]
    လေလွင့် ဆုံးယှုံးမှု။ အကျိုးမဲ့ ကုန်ဆုံး ပျက်စီးမှု။ ထိခိုက် နစ်နာမှု။ အယို အဖိတ်တိကု
    လေလွင့် ဆုံးရှုံးမှု။ အကျိုးမဲ့ ကုန်ဆုံး ပျက်စီးမှု။ ထိခိုက် နစ်နာမှု။ အယို အဖိတ်များမှု
    damage
    နာမ်

    ထောင်မှူး

    [tʰàʊɴm̥ùး]
    ထောင်ကျ ခံရသူရို့ကို အုပ်ချုပ်ရေ သူ။ အုပ်ချုပ်ရေ အကြီးအကဲ။ မင်းမှုထမ်း
    ထောင်ကျ ခံရသူတို့ကို အုပ်ချုပ်သော သူ။ အုပ်ချုပ်သော အကြီးအကဲ။ မင်းမှုထမ်း
    gaoler-jailer-jailor
    နာမ်

    ထောင်မှူး၂

    [tʰàʊɴm̥ùး၂]
    အိမ်ခြေစု တထောင်ကို တနည်း ရပ်ကွက် တခုခုကို တနည်း တိုက်နယ် တခုခုကို အုပ်ချုပ်ရေ သူ။ မင်းမှူးထမ်း
    အိမ်ခြေစု တစ်ထောင်ကို သို့မဟုတ် ရပ်ကွက် တစ်ခုခုကို သို့မဟုတ် တိုက်နယ် တစ်ခုခုကို အုပ်ချုပ်သော သူ။ မင်းမှူးထမ်း
    administrator
    နာမ်

    ထောင်လွှား

    [tʰàʊɴlW̯á]
    မာန တက်ကြွရေ။ စိတ်ထား မြင့်မားရေ။ စိတ်ကြီး ဝင်ရေ
    မာန တက်ကြွသည်။ စိတ်ထား မြင့်မားသည်။ စိတ်ကြီး ဝင်သည်
    be conceited
    ကြိယာ

    ထောင်ဝင်စာ

    [tʰàʊɴwɪ̀ɴsà]
    ထောင်သားနှင့် တွေ့ပနာ လွတ်လပ်စွာ ပြောဆို ပြုမူ နှိုင်ရေ အခွင့်အရီး စာ
    ထောင်သားနှင့် တွေ့၍ လွတ်လပ်စွာ ပြောဆို ပြုမူ နိုင်သော အခွင့်အရေး စာ
    ask permission to see a prisoner
    နာမ်

    ထောင့်သတ်

    [tʰa̰ʊɴθaʔ]
    ထောင့် တခုကပင် အရာ ထောင့်တခုသို့ မျက်နှာ မူဗျာယ်
    ထောင့် တစ်ခုမှသည် အခြား ထောင့်တစ်ခုသို့ မျက်နှာ မူလျက်
    none
    ကြိယာဝိသေသန

    ထောင့်သန်းနာ

    [tʰa̰ʊɴθáɴnà]
    အဖု အကျိတ် ပေါ်သည့် ကူးစက် တတ်ရေ ကျွဲ၊ နွား၊ သိုးရို့၏ ရောဂါ တမျိုး
    အဖု အကျိတ် ပေါ်သည့် ကူးစက် တတ်သော ကျွဲ၊ နွား၊ သိုးတို့၏ ရောဂါ တစ်မျိုး
    anthrax
    နာမ်

    ထောင်သရမ်း

    [tʰàʊɴθɹáɴ]
    ထောင် အထဲမာ အကျိုင်းသားတိ ဆူပူ သောင်းကျန်းသည်
    ထောင် အတွင်း၌ အကျဉ်းသားများ ဆူပူ သောင်းကျန်းသည်
    be unruly
    ကြိယာ

    ထောင်သား

    [tʰàʊɴθá]
    အပြစ် အလျောက် ထောင်ဒဏ်ပီးခြင်း ခံရ ဖူးရေ
    အပြစ် အလျောက် ထောင်ဒဏ်ပေးခြင်း ခံရ ဖူးသည်
    be imprisoned
    နာမ်