Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 621–640 of 781 words

    ထ

    ထောင်သား၂

    [tʰàʊɴθá၂]
    အုပ်ချုပ်မှု ဆိုင်ရာ နယ်ပယ် တခု သတ်မှတ် ထားရေ အထဲမာ နီထိုင်သော သူတိ
    အုပ်ချုပ်မှု ဆိုင်ရာ နယ်ပယ် တစ်ခု သတ်မှတ် ထားသော အတွင်း၌ နေထိုင်သော သူများ
    prisoner
    နာမ်

    ထောင့်အရပ်

    [tʰa̰ʊɴʔɹaʔ]
    အရပ် မျက်နှာ နှစ်ခုရို့၏ အကြား အရပ်
    အရပ် မျက်နှာ နှစ်ခုတို့၏ အကြား အရပ်
    angle
    နာမ်

    ထောင်အိမ်

    [tʰàʊɴʔèɪɴ]
    အပြစ်ဒဏ် ဟိရေ သူကို အပြစ် အနိန်နန့် တရား ဥပဒေ ပုဒ်မအရ ချုပ်နှောင် သွင်းထားရာ အဆောက်အအုံ
    အပြစ်ဒဏ် ရှိသော သူကို အပြစ် အားလျော်စွာ တရား ဥပဒေ ပုဒ်မအရ ချုပ်နှောင် သွင်းထားရာ အဆောက်အအုံ
    prison-jail
    နာမ်

    ထောထို

    [tʰɔ́tʰÒ]
    မလှမ်းမကမ်း နီရာမာ ဟိနိန်ရေ။ (ဟောဟို စရေ။
    မလှမ်းမကမ်း နေရာ၌ ရှိနေသော။ (ဟောဟို စသည်။
    that
    နာမဝိသေသန

    ထောထော

    [tʰɔ́tʰɔ́]
    နံဖီးအနားဟိ သက်ဟိ သက်မဲ့ ရို့ကို ညွှန်ပြသော အာမေဋိတ် စကားလုံး
    အနီးအနားရှိ သက်ရှိ သက်မဲ့ တို့ကို ညွှန်ပြသော အာမေဋိတ် စကားလုံး
    that
    နာမ်

    ထောထွေမှာ

    [tʰɔ́tʰwèm̥à]
    မလှမ်း မကမ်းမာ ဟိရေ အရာမာ ဟိရေ အရာကို ဟောဟွေမာ ဟု ညွှန်ပြသော စကားလုံး
    မလှမ်း မကမ်းတွင် ရှိသော အရာတွင် ရှိသော အရာကို ဟောဟိုမှာ ဟု ညွှန်ပြသော စကားလုံး
    that
    နာမ်

    ထောဒေမှာ

    [tʰɔ́dèm̥à]
    နံဖီး အနားမာ ဟိရေ အရာကို ဒေမာ ဟု ညွှန်ပြသော စကားလုံး။ ဤ။ ရေ။ ဟောဒီ အစဟိစွာ
    အနီး အနားတွင် ရှိသော အရာကို ဟောဒီမှာ ဟု ညွှန်ပြသော စကားလုံး။ ဤ။ သည်။ ဟောဒီ စသည်
    this
    နာမ်

    ထောပနာ

    [tʰɔ́pnà]
    ချီးမွမ်းရေ။ (ပါ
    ချီးမွမ်းသည်။ (ပါ
    admire
    ကြိယာ

    ထောပနာ၂

    [tʰɔ́pnà၂]
    ချီးမွမ်းခြင်း။ (ပါ
    ချီးမွမ်းခြင်း။ (ပါ
    compliment
    နာမ်

    ထောမနာ

    [tʰɔ́mnà]
    ချီးမွမ်းရေ။ (ပါ
    ချီးမွမ်းသည်။ (ပါ
    admire
    ကြိယာ

    ထောမနာ၂

    [tʰɔ́mnà၂]
    ချီးမွမ်းခြင်း။ (ပါ
    ချီးမွမ်းခြင်း။ (ပါ
    compliment
    နာမ်

    ထော်

    [tʰɔ̀]
    အထက်ကို လန်တက် နိန်ရေ
    အထက်သို့ လန်တက် နေသော
    protude
    နာမဝိသေသန

    ထော်ကလန်

    [tʰɔ̀klàɴ]
    မညီမညွှတ်။ မပြေမပြစ်။ မပိမပြား
    မညီမညွှတ်။ မပြေမပြစ်။ မပိမပြား
    contrarily
    ကြိယာဝိသေသန

    ထော်ကလော်

    [tʰɔ̀klɔ̀]
    မထိ တထိ စောင်းချိတ် ပြောဆို ပြုမှုသည်
    မထိ တထိ စောင်းချိတ် ပြောဆို ပြုမှုသည်
    snide
    ကြိယာ

    ထော်လရုံးမော်လရုံး

    [tʰɔ̀lɹóʊɴmɔ̀lɹóʊɴ]
    ဆင်းရဲ အမျိုးမျိုးနှင့် တွိကြုံဖူး၍ ခံနိုင်ရည် ဟိရေ။၂၊ အတွိအကြုံ တိစွာ
    ဆင်းရဲ အမျိုးမျိုးနှင့် တွေ့ကြုံဖူး၍ ခံနိုင်ရည် ရှိသည်။၂၊ အတွေ့အကြုံ များသည်
    have more experiment
    ကြိယာ

    ထော်လော်ကန့်လန့်

    [tʰɔ̀lɔ̀ka̰ɴla̰ɴ]
    ဖီလာ ဆန့်ကျင်သောအနိန်နန့်။ ဆန့်ကျင် ဖီဆန်ဗျာယ်။ အတွေးမတော်၊ ဒေါသဖော်ဗျာယ်၊ ထော်ခရာဝလန့်ဆန့်၊ မလှည့်စမ်းနန့် (ရခိုင်ကာ)
    ဖီလာ ဆန့်ကျင်သော အားဖြင့်။ ဆန့်ကျင် ဖီဆန်လျက်။ အတွေးမတော်၊ ဒေါသဖော်လျက်၊ ထော်လော်ကန့်လန့်၊ မလှည့်စမ်းနှင့် (ရခိုင်ကာ)
    contrarily
    ကြိယာဝိသေသန

    ထဲ

    [tʰɛ]
    အထဲ။ အထဲ။ တိုက်ခန်း။ အမိ ဝမ်းထဲမာ ဖွားကပင် နှစ်ဆစ် တရံ မဆင်းရဲရာ (ပါရာ) တနင်းဂနွီ ငလျင် လှုပ်မှုကား ပြည်ထဲ ဝပြော ချမ်းသာအံ့ (ပါရာ)
    အထဲ။ အတွင်း။ တိုက်ခန်း။ အမိ ဝမ်းထဲမှာ ဖွားကတည်းက နှစ်ဆစ် တရံ မဆင်းရဲရာ (ပါရာ) တနင်္ဂနွေ ငလျင် လှုပ်မှုကား ပြည်ထဲ ဝပြော ချမ်းသာအံ့ (ပါရာ)
    inside
    နာမ်

    ထဲကရို

    [tʰɛkɹÒ]
    ရင်းရင်း နှီးနှီး။ အလွန် ခင်မင် ကျွမ်းဝင် ရင်းနှီးစွာ
    ရင်းရင်း နှီးနှီး။ အလွန် ခင်မင် ကျွမ်းဝင် ရင်းနှီးစွာ
    familiar
    ကြိယာဝိသေသန

    ထဲခို

    [tʰɛkʰÒ]
    လူမသိ ရယောင် အထဲ ကြိတ်မှိတ်ဗျာယ်။ အထဲစိတ်ကို အပြင်သို့ မထွက်စီပဲ။ တညှိုးညှိုးနန့်၊ ထဲခိုငိုကာ၊ လားလီပါရေ် (ပဋာ)
    လူမသိ ရအောင် အတွင်း ကြိတ်မှိတ်လျက်။ အတွင်းစိတ်ကို အပြင်သို့ မထွက်စေပဲ။ တညှိုးညှိုးနှင့်၊ ထဲခိုငိုကာ၊ သွားလေပါသော် (ပဋာ)
    none
    ကြိယာဝိသေသန

    ထဲသို

    [tʰɛθÒ]
    ၁၊ အထဲ စိတ်ကို မသိသာ နိုင်စီရန် အမူအရာ မပေါ်ယောင် နိန်ရေ။ ၂၊ အထဲ စိတ်ကို အပြင်သို့ မထွက်စီပဲ သိမ်းဆည်း ထားရေ
    ၁၊ အတွင်း စိတ်ကို မသိသာ နိုင်စေရန် အမူအရာ မပေါ်အောင် နေသည်။ ၂၊ အတွင်း စိတ်ကို အပြင်သို့ မထွက်စေပဲ သိမ်းဆည်း ထားသည်
    hoard
    ကြိယာ