Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 641–660 of 781 words

    ထ

    ထွက်

    [tʰwɛʔ]
    သိမြင် ထင်ရှားယောင် ပြောဆိုရေ။ ၂။ အရာ တပါးသို့ ယှောင်ရှားရေ။ ၃။ တိုးပွားရေ။ ပေါ်ထွန်ရေ။ ၄။ အထဲက အပြင်ပကို ရောက်ရေ
    သိမြင် ထင်ရှားအောင် ပြောဆိုသည်။ ၂။ အခြား တစ်ပါးသို့ ရှောင်ရှားသည်။ ၃။ တိုးပွားသည်။ ပေါ်ထွန်သည်။ ၄။ အတွင်းမှ အပြင်ဘက်သို့ ရောက်သည်
    leave
    ကြိယာ

    ထွက်ကတ်ကတ်

    [tʰwɛʔkaʔkaʔ]
    ရှောင်လွဲ လားခါနီးမာ ဆင်းရဲ ငြိုငြင်အောင် လုပ်ရေ
    ရှောင်လွဲ သွားခါနီးတွင် ဆင်းရဲ ငြိုငြင်အောင် လုပ်သည်
    give trouble
    ကြိယာ

    ထွက်ကရားအိုး

    [tʰwɛʔkɹáʔó]
    အလိုဟိသမျှ ယူငင် သုံးစွဲ၍ မကုန်နှိုင်ရေ ဣစ္ဆာသယအိုး။ ၂။ အလိုဟိတိုင်း တောင့်တတိုင်း ရရေ အိုး
    အလိုရှိသမျှ ယူငင် သုံးစွဲ၍ မကုန်နိုင်သော ဣစ္ဆာသယအိုး။ ၂။ အလိုရှိတိုင်း တောင့်တတိုင်း ရသော အိုး
    none
    နာမ်

    ထွက်ခံ

    [tʰwɛʔkʰံ]
    လူများ အတွက် ကိုယ့်က တာဝန် ယူရေ။ ၂။ အားပီး ကူညီ (ထောက်ခံ၍ ) သဖောတူညီချက် ပီးရေ။ ၃။ ကိုယ့် ကို တခုတရီ ယိုးစွပ်ချက်ကို မှန်ကန်ကြောင်း ဝန်ခံ ကတိပြုသည်
    သူတစ်ပါး အတွက် မိမိက တာဝန် ယူသည်။ ၂။ အားပေး ကူညီ (ထောက်ခံ၍ ) သဘော တူညီချက် ပေးသည်။ ၃။ မိမိ အပေါ်တွင် တစ်စုံတစ်ရာ စွပ်စွဲချက်ကို မှန်ကန်ကြောင်း ဝန်ခံ ကတိပြုသည်
    assume
    ကြိယာ

    ထွက်ခံ၂

    [tʰwɛʔkʰံ၂]
    အဖွဲ့အစည်း၊ အသင်းအပင်းမာ မပါဝင်ပဲ နိန်ရေ။ အဖွဲ့အစည်းမှ နှုတ်ထွက်ရေ။ ဖယ်ယှား ပီးရေ
    အဖွဲ့အစည်း၊ အသင်းအပင်းတွင် မပါဝင်ပဲ နေသည်။ အဖွဲ့အစည်းမှ နှုတ်ထွက်သည်။ ဖယ်ရှား ပေးသည်
    leave
    ကြိယာ

    ထွက်ခံချက်

    [tʰwɛʔkʰံɕɛʔ]
    ဥပဒေရီးရာ အရ အခြီအရဲကို မီးမြန်း ထောက်လှမ်းရေအခါ သိမြင် ထင်ရှားယောင် ဖွင့်ဟ ပြောဆိုရေ စကား
    ဥပဒေရေးရာ အရ အခြေအနေကို မေးမြန်း ထောက်လှမ်းသောအခါ သိမြင် ထင်ရှားအောင် ဖွင့်ဟ ပြောဆိုသော စကား
    testimony
    နာမ်

    ထွက်ခွာ

    [tʰwɛʔkʰwà]
    ပင်ကိုယ် ဟိရင်းစွဲ နီရာမှ အရာတပါးသို့ ရှောင်လွဲ လားရေ
    ပင်ကိုယ် ရှိရင်းစွဲ နေရာမှ အခြားတစ်ပါးသို့ ရှောင်လွဲ သွားသည်
    leave
    ကြိယာ

    ထွက်ငွီ

    [tʰwɛʔŋwí]
    အသုံး ကုန်ကျသော ငွီ
    အသုံး ကုန်ကျသော ငွေ
    outgo
    နာမ်

    ထွက်စာ

    [tʰwɛʔsà]
    တစုံတရီ အလုပ်ခွင်၊ အဖွဲ့အစည်း အစဟိစွာရို့မှ ရပ်နားခွင့် ပြုပါဖို့ တောင်းပန်စာ
    တစုံတရာ အလုပ်ခွင်၊ အဖွဲ့အစည်း စသည်တို့မှ ရပ်နားခွင့် ပြုပါရန် တောင်းပန်စာ
    letter of resignation
    နာမ်

    ထွက်ဆို

    [tʰwɛʔsʰÒ]
    ဥပဒေရီးရာ အရ အခြီအရဲကို မီးမြန်း ထောက်လှမ်းရေအခါ သိမြင် ထင်ရှားယောင် ဖွင့်ဟ ပြောဆိုရေ စကား
    ဥပဒေရေးရာ အရ အခြေအနေကို မေးမြန်း ထောက်လှမ်းသောအခါ သိမြင် ထင်ရှားအောင် ဖွင့်ဟ ပြောဆိုသော စကား
    testimony
    နာမ်

    ထွက်ဆို၂

    [tʰwɛʔsʰÒ၂]
    အောက်ကို မကျရယောင် အထက်ကို ပင့်မထားရေ။ ၂။ စိတ်ဓါတ် တက်ကြွအောင် ပြုမူ ပြောဆိုရေ။ ၃။ အဆို တင်သွင်းချက်ကို သဖောတူညီကြောင်း ပြုသည်
    အောက်သို့ မကျရအောင် အထက်သို့ ပင့်မထားသည်။ ၂။ စိတ်ဓါတ် တက်ကြွအောင် ပြုမူ ပြောဆိုသည်။ ၃။ အဆို တင်သွင်းချက်ကို သဘော တူညီကြောင်း ပြုသည်
    heave
    ကြိယာ

    ထွက်ပေါက်

    [tʰwɛʔpaʊʔ]
    အပြင်သို့ ထွက်ရန် အပေါက်
    အပြင်သို့ ထွက်ရန် အပေါက်
    exit
    နာမ်

    ထွက်ပေါ်

    [tʰwɛʔpɔ̀]
    ပေါ်လွင် ထင်ရှား ဖြစ်ပေါ်လှာရေ။ အထဲက အပြင်သို့ ပေါ်ထွက်လှာသည်
    ပေါ်လွင် ထင်ရှား ဖြစ်ပေါ်လာသည်။ အတွင်းမှ အပြင်သို့ ပေါ်ထွက်လာသည်
    appear
    ကြိယာ

    ထွက်ပြီး

    [tʰwɛʔpɹï]
    ရွတ်မြောက်ရာသို့ ရှောင်ပြေး လားရေ။ ဖယ်ရှောင် လားရေ
    လွတ်ကင်းရာသို့ ရှောင်ပြေး သွားသည်။ ရှောင်ဖယ် သွားသည်
    run away
    ကြိယာ

    ထွက်ပြုစ

    [tʰwɛʔpɹoʊs]
    အပြင်သို့ ထွက်ထက်ကာစ ပြုသည်
    အပြင်သို့ ထွက်ပေါ်ကာစ ပြုသည်
    peep out
    ကြိယာ

    ထွက်မြောက်

    [tʰwɛʔmɹɔ́ɛʔ]
    (ဝဋ်ဒုက္ခမှ) လွတ်မြောက်သည်
    (ဝဋ်ဒုက္ခမှ) လွတ်မြောက်သည်
    escape
    ကြိယာ

    ထွက်ရပ်ပေါက်

    [tʰwɛʔɹaʔpaʊʔ]
    ပြဒါးဓါတ်၊ သံဓါတ် အစဟိစွာ သေ၍ ပြဒါးဝိဇ္ဖာ၊ သံဝိဇ္ဇာ အဖြစ်သို့ ရောက်လှားရေ
    ပြဒါးဓါတ်၊ သံဓါတ် စသည် သေ၍ ပြဒါးဝိဇ္ဖာ၊ သံဝိဇ္ဇာ အဖြစ်သို့ ရောက်သွားသည်
    way of escape-alchemy
    ကြိယာ

    ထွက်ရပ်ပေါက်၂

    [tʰwɛʔɹaʔpaʊʔ၂]
    အင်း၊ အိုင်၊ မန္ထာန်၊ ဆီး၊ ပြဒါး၊ သံ အစဟိစွာရို့ကို စီရင်၍ မြီလျှိုး မိုးပျံနိုင်ခြင်း၊ ကိုယ်ပျောက်နိုင်ခြင်း၊ အသက်ရှည်ခြင်း အစဟိစွာ တန်ခိုး အမျိုးမျိုးကို ရဟိနှိုင်ရေ ပုဂ္ဂိုလ်။ ၂။ ဝိဇ္ဇဓိရ် အဖြစ်သို့ ရောက်လှားသော ပုဂ္ဂိုလ်
    အင်း၊ အိုင်၊ မန္ထာန်၊ ဆေး၊ ပြဒါး၊ သံ စသည်တို့ကို စီရင်၍ မြေလျှိုး မိုးပျံနိုင်ခြင်း၊ ကိုယ်ပျောက်နိုင်ခြင်း၊ အသက်ရှည်ခြင်း စသည် တန်ခိုး အမျိုးမျိုးကို ရရှိနိုင်သော ပုဂ္ဂိုလ်။ ၂။ ဝိဇ္ဇဓိရ် အဖြစ်သို့ ရောက်သွားသော ပုဂ္ဂိုလ်
    way of escape-alchemy
    နာမ်

    ထွက်ရပ်လမ်း

    [tʰwɛʔɹaʔláɴ]
    ဝိဇ္ဇဓိုရ်အဖြစ်သို့ ရောက်ယောင် လုပ်သော နည်းလမ်း။ ၂။ ပြဒါး၊ သံ အစဟိစွာရို့ကို သီယောင် ဖိုထိုးသော နည်းလမ်း
    ဝိဇ္ဇဓိုရ်အဖြစ်သို့ ရောက်အောင် လုပ်သော နည်းလမ်း။ ၂။ ပြဒါး၊ သံ စသည်တို့ကို သေအောင် ဖိုထိုးသော နည်းလမ်း
    way of escape-alchemy
    နာမ်

    ထွက်သက်

    [tʰwɛʔθɛʔ]
    နခေါင်းပေါက်မှ အပြင်သို့ ထုတ်သော လေ
    နှာခေါင်းပေါက်မှ အပြင်သို့ ထုတ်သော လေ
    exhalation
    နာမ်