Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 701–720 of 781 words

    ထ

    ထွန်းပြောင်

    [tʰʊ́ɴpɹàʊɴ]
    အရောင် ပြောင်လက်ရေ။ ကြင်းလင်းသည်
    အရောင် ပြောင်လက်သည်။ ထိန်လင်းသည်
    shine
    ကြိယာ

    ထွန်းလင်း

    [tʰʊ́ɴlɪ́ɴ]
    အရောင် (သိသာ မြင်သာယောင်) ပေါ်လွင် ထွက်ပေါ် လာရေ
    အရောင် (သိသာ မြင်သာအောင်) ပေါ်လွင် ထွက်ပေါ် လာသည်
    shine
    ကြိယာ

    ထွာ

    [tʰwà]
    လက်မနှင့် လက်ခလယ်ကို ဖြန့်၍ ယင်း လက်မထိပ်နှင့် လက်ခလယ်ထိပ် ရို့နန့် တိုင်းစွာရေ
    လက်မနှင့် လက်ခလယ်ကို ဖြန့်၍ ယင်း လက်မထိပ်နှင့် လက်ခလယ်ထိပ် တို့ဖြင့် တိုင်းတာသည်
    measurement
    ကြိယာ

    ထွား

    [tʰWà]
    ဝဖြိုး လောက်သော။ ဝဖြိုး ကြီးမြင့်သော။ ဖွံ့ဖြိုး လောက်သော
    ဝဖြိုး ပြည့်ဝသော။ ဝဖြိုး ကြီးမြင့်သော။ ဖွံ့ဖြိုး ပြည့်ဝသော
    stout
    နာမဝိသေသန

    ထွာ၂

    [tʰwà၂]
    လက်မနှင့် လက်ခလယ်ကို ဖြန့်၍ ယင်း၏ အထဲဟိ တိုင်းတွာသော အတိုင်းအတာ ပမာဏ
    လက်မနှင့် လက်ခလယ်ကို ဖြန့်၍ ယင်း၏ အတွင်းရှိ တိုင်းတွာသော အတိုင်းအတာ ပမာဏ
    measurement
    နာမ်

    ထွား၂

    [tʰWà၂]
    ကြီးပွား ချမ်းသာရေ။ ချမ်းသာ ကြွယ်ဝရေ။ ဖွံ့ဖြိုး ပြည့်ဝရေ။ ၂။ (လေလုံး) ကြီးရေ
    ကြီးပွား ချမ်းသာသည်။ ချမ်းသာ ကြွယ်ဝသည်။ ဖွံ့ဖြိုး ပြည့်ဝသည်။ ၂။ (လေလုံး) ကြီးသည်
    rich
    ကြိယာ

    ထွာ၃

    [tʰwà၃]
    ထွာသော ထွာ၏ အရွီအတွက်ကို ပြသော စကားလုံး
    ထွာသော ထွာ၏ အရေအတွက်ကို ပြသော စကားလုံး
    measure by hand span
    ပစ္စည်း

    ထွားညက်

    [tʰWàɲɛʔ]
    ကြီမွပျက်စီးသော အနိန်နန့်။ ကြေကြေမွမွ။ သိသိကြေဗျာယ်
    ကြေမွ ပျက်စီးသော အားဖြင့်။ ကြေကြေမွမွ။ သိသိကြေလျက်
    crumble
    ကြိယာဝိသေသန

    ထွားထွား

    [tʰWàtʰWà]
    ညက်ညက် ကြေအောင်။ အမှုန့်မှုန့် ဖြစ်ယောင်။ သေးဖဲ့အောင် (လုပ်ရေ)
    ညက်ညက် ကြေအောင်။ အမှုန့်မှုန့် ဖြစ်အောင်။ သေးဖဲ့အောင် (လုပ်သည်)
    crumble
    ကြိယာဝိသေသန

    ထွားထွား၂

    [tʰWàtʰWà၂]
    သာမန်ထက် ပြည့်ဖြိုးသော။ ဖွံ့ထွားသော။ စည်ပင် တိုးပွားသော
    သာမန်ထက် ပြည့်ဖြိုးသော။ ဖွံ့ထွားသော။ စည်ပင် တိုးပွားသော
    stout
    နာမဝိသေသန

    ထွားထွားကြီ

    [tʰWàtʰWàt͡ɕí]
    (ခန္ဓာ တကိုယ်လုံးမာ ကြည့်စရာ မရယောင်) အဖုအပိ့မ် ထဗျာယ်။၂။ ကြေကြေမွမွ
    (ခန္ဓာ တစ်ကိုယ်လုံးတွင် ကြည့်စရာ မရအောင်) အဖုအပိ့မ် ထလျက်။၂။ ကြေကြေမွမွ
    crumble
    ကြိယာဝိသေသန

    ထွားထွားညက်ညက်

    [tʰWàtʰWàɲɛʔɲɛʔ]
    အမှုန့်မှုန့် ဖြစ်ဗျာယ်။ ကြီမွပျက်စီးသောအနိန်နန့်။ ကြေကြေမွမွ။ သိသိကြေဗျာယ်
    အမှုန့်မှုန့် ဖြစ်လျက်။ ကြေမွ ပျက်စီးသော အားဖြင့်။ ကြေကြေမွမွ။ သိသိကြေလျက်
    crumble
    ကြိယာဝိသေသန

    ထွာပြွီ

    [tʰwàpWɹí]
    တထွာခန့်သာ အရှည်ဟိပြီးကေ အပေါက် သုံးပေါက် ပါရေ ပလွီ တမျိုး
    တစ်ထွာခန့်သာ အရှည်ရှိ၍ အပေါက် သုံးပေါက် ပါသော ပလွေ တစ်မျိုး
    flute
    နာမ်

    ထွိတ်

    [tʰweɪʔ]
    ကိုယ့် စိတ်ထဲမာ နှစ်သက်မှု မဟိရာမာ ပင်ဖြစ်ဖြစ်၊ တခုခုကို လက်မခံလိုရာမာ ပင်ဖြစ်ဖြစ်၊ ငြင်းပယ်ရာမာ ပင်ဖြစ်ဖြစ်၊ ဖယ်ယှား လိုရာမာ ပင်ဖြစ်ဖြစ် ကြိယာကို အစထားပနာ သုံးသော စကားလုံး
    မိမိ စိတ်ထဲတွင် နှစ်သက်မှု မရှိရာ၌ လည်းကောင်း၊ တစ်စုံ တစ်ရာကို လက်မခံလိုရာ၌ လည်းကောင်း၊ ငြင်းပယ်ရာ၌ လည်းကောင်း၊ ဖယ်ရှား လိုရာ၌ လည်းကောင်း ကြိယာကို အစထား၍ သုံးသော စကားလုံး
    none
    ပစ္စည်း

    ထွိတ်ထွိတ်

    [tʰweɪʔtʰweɪʔ]
    ဒေါသနန့် ကျကျယ်လောင်လောင် ပြစ်တင် ပြောဆို ငေါက်ငမ်း ကြိမ်းမောင်းရာမာ ပင်ဖြစ်ဖြစ်၊ ထွက်ခွာ လားလီရန် နှင်ထုတ်ရာမာ ပင်ဖြစ်ဖြစ်၊ ကြိယာကို အစထားပနာ သုံးသော အာမေဋိတ် စကားလုံး
    ဒေါသဖြင့် ကျယ်လောင်စွာ ပြစ်တင် ပြောဆို ငေါက်ငမ်း ကြိမ်းမောင်းရာ၌ လည်းကောင်း၊ ထွက်ခွာ သွားစေရန် နှင်ထုတ်ရာ၌ လည်းကောင်း၊ ကြိယာကို အစထား၍ သုံးသော အာမေဋိတ် စကားလုံး
    none
    နာမ်

    ထွီ

    [tʰwí]
    ထွီ ဟု ခံမားမှ သွန်းဆီး။ကို ထုတ်ပစ်ရေ။၂။ စက်ဆုပ် သနသည်
    ထွီ ဟု ခံတွင်းမှ တံတွေးကို ထုတ်ပစ်သည်။၂။ စက်ဆုပ် ရွံရှာသည်
    spit
    ကြိယာ

    ထွီး

    [tʰwï]
    တယောက်နှင့် တယောက် ယှက်ထွေး သတ်ပုတ်ရေ။ သတ်ပုတ် လုံးထွီးရေ။ ရောထွီးသည်
    တစ်ယောက်နှင့် တစ်ယောက် ယှက်ထွေး သတ်ပုတ်သည်။ သတ်ပုတ် လုံးထွေးသည်။ ရောထွေးသည်
    be mixed up
    ကြိယာ

    ထွီ၂

    [tʰwí၂]
    များပြားရေ။ ၂။ အမျိုးမျိုး အဖုံအဖုံ ဖြစ်တေ
    များပြားသည်။ ၂။ အမျိုးမျိုး အဖုံအဖုံ ဖြစ်သည်
    many
    ကြိယာ

    ထွီး၂

    [tʰwï၂]
    အစားအစား၊ သွန်းဆီး။ အစဟိစွာရို့ကို ခံမားမှ (ထွီးဟု) ထုတ်ပစ်သည်
    အစားအစား၊ တံတွေး စသည်တို့ကို ခံတွင်းမှ (ထွီးဟု) ထုတ်ပစ်သည်
    expectorate
    ကြိယာ

    ထွီ၃

    [tʰwí၃]
    အတွေးအဆ၊ အကြံအတွေး တိစွာ။ (စိတ်) ခြူနိန်ပါရေကာ။ ခြူသည်
    အတွေးအဆ၊ အကြံအတွေး များသည်။ (စိတ်) ရှုပ်ထွေးသည်။ ရှုပ်ပွေသည်
    complex
    ကြိယာ