Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 741–760 of 781 words

    ထ

    ထွီးအိုး

    [tʰwïʔó]
    သွန်းဆီး။ ထွေးစရာ ခွက်။ ထွီးအိုး
    တံတွေး ထွေးစရာ ခွက်။ ထွေးခံ
    spit
    နာမ်

    ထွေ

    [tʰwè]
    ညွန်ပြရေ့ မလှမ်းမကမ်း နီရာမာ ဟိရေ
    ညွန်ပြသည့် မလှမ်းမကမ်း နေရာ၌ ရှိသော
    that
    နာမဝိသေသန

    ထွေ၂

    [tʰwè၂]
    နံဖီးအနားဟိ သက်ဟိ သက်မဲ့ ရို့ကို ညွန်ပြရေ စကားလုံး
    အနီးအနားရှိ သက်ရှိ သက်မဲ့ တို့ကို ညွန်ပြသော စကားလုံး
    that
    နာမ်

    ထွေ၃

    [tʰwè၃]
    မရှင်းမလင်း ဖြစ်တေ။ ရောနှော ခြူသည်
    မရှင်းမလင်း ဖြစ်သည်။ ရောနှော ရှုပ်ပွေသည်
    unclear
    ကြိယာ

    ထွေကလာ

    [tʰwèklà]
    အမျိုးမျိုး၊ အဖုံဖုံ ဖြစ်ဗျာယ်
    အမျိုးမျိုး၊ အဖုံဖုံ ဖြစ်လျက်
    many kinds
    ကြိယာဝိသေသန

    ထွေကလာပေကလာ

    [tʰwèklàpèklà]
    အထူးထူး အထွီထွီ။ အရှုပ်ရှုပ် အပွေပွေ။ အမှုတိ ခြူဗျာယ်
    အထူးထူး အထွေထွေ။ အရှုပ်ရှုပ် အပွေပွေ။ အမှုတွေ ရှုပ်ပွေလျက်
    confuse
    ကြိယာဝိသေသန

    ထွေကလားပေကလား

    [tʰwèklápèklá]
    ပြဿနာ ပွီလီ ဗလဗွီသတ်အောင်၊ ကမောက်ကမ ဖြစ်ယောင် ဝင်ရောက် အားထုတ်သောအနိန်နန့်
    ပြဿနာ ပွေလီ ရှုပ်ထွေးအောင်၊ ကမောက်ကမ ဖြစ်အောင် ဝင်ရောက် အားထုတ်သော အားဖြင့်
    mixed up
    ကြိယာဝိသေသန

    ထွေကလိမ်

    [tʰwèklèɪɴ]
    မဟုတ် မမှန် လှည့်ပတ် ပြောဆို ပြုမူသည်
    မဟုတ် မမှန် လှည့်ပတ် ပြောဆို ပြုမူသည်
    lie
    ကြိယာ

    ထွေကလိမ်၂

    [tʰwèklèɪɴ၂]
    ဝါ လှည့်ဖြားပုံ။ ဝါ လိဟိရေ အပြုအမူ
    လိမ်လည် လှည့်စားပုံ။ လိမ်လည် လေ့ရှိသော အပြုအမူ
    lie
    နာမ်

    ထွေကလိမ့်ပေကလိမ့်

    [tʰwèklḛɪɴpèklèɪɴ့]
    သဖောမဖြောင့်မတ်။ အထဲလား ကောက်ကျစ်သော။ မရိုးသားသော
    သဘော မဖြောင့်မတ်။ ကောက်ကျစ် စဉ်းလဲသော။ မရိုးသားသော
    dishonest
    နာမဝိသေသန

    ထွေကလိမ့်ပေကလိမ့်၂

    [tʰwèklḛɪɴpèklèɪɴ့၂]
    တစုံ တဦးအား မရိုးမသား စိတ်ဖြင့် လှည့်ပတ် ပြောဆို ပြုမူသည်
    တစ်စုံ တစ်ဦးအား မရိုးမသား စိတ်ဖြင့် လှည့်ပတ် ပြောဆို ပြုမူသည်
    dishonest
    ကြိယာ

    ထွေချင့်

    [tʰwèɕɪ̰ɴ]
    အရာဝတ္တု တခုခုကို အမည် မဖော်ပြနိူင်ပဲ ကိုင်ပြ၊ ထိုးပြ၊ ညွန်ပြရာမာ သုံးသော စကားလုံး
    အရာဝတ္တု တစ်စုံ တစ်ရာကို အမည် မဖော်ပြနိုင်ပဲ ကိုင်ပြ၊ ထိုးပြ၊ ညွန်ပြရာ၌ သုံးသော စကားလုံး
    That
    နာမ်

    ထွေချင့်ဒေချင့်

    [tʰwèɕɪ̰ɴdèɕɪ̀ɴ့]
    မည်သည့် အရာဝတ္တုကိုမျှ တိကျစွဲမြဲစွာ ရည်ရွယ်ထားခြင်း မဟိဘဲ။ အလဲအလှယ် အနိန်နန့်။ ထိုဟင့် ဒေဟင့်
    မည်သည့် အရာဝတ္တုကိုမျှ တိကျစွဲမြဲစွာ ရည်ရွယ်ထားခြင်း မရှိပဲ။ အလဲအလှယ် အားဖြင့်။ ဟိုနှယ် သည်နှယ်
    exchange
    ကြိယာဝိသေသန

    ထွေချင့်ဒေချင့်၂

    [tʰwèɕɪ̰ɴdèɕɪ̰ɴ၂]
    အထွီထွီ အမျိုးမျိုး။ အဖက်ဖက်။ အရာရာ
    အထွေထွေ အမျိုးမျိုး။ အဖက်ဖက်။ အရာခပ်သိမ်း
    many kinds
    နာမ်

    ထွေစွာ

    [tʰwèswà]
    မလှမ်း မကမ်းဟိ အရာဝတ္တု ရို့ကို ဖော်ပြသော စကားလုံး။ ၂။ အမည် မမှတ်မိ ဖော်မပြနှိုင်ရေ အရာဝတ္တုကို ပြောဆိုရေ စကားလုံး။ ဟိုဒင်း
    မလှမ်း မကမ်းရှိ အရာဝတ္တု တို့ကို ဖော်ပြသော စကားလုံး။ ၂။ အမည် မမှတ်မိ ဖော်မပြနိုင်သော အရာဝတ္တုကို ပြောဆိုသော စကားလုံး။ ဟိုဒင်း
    that
    နာမ်စား

    ထွေစွာ၂

    [tʰwèswà၂]
    အမည် မဖော်ပြ နှိုင်ရေ အရာဝတ္တု
    အမည် မဖော်ပြ နိုင်သော အရာဝတ္တု
    that
    နာမ်

    ထွေစွာသျှေ

    [tʰwèswàʃè]
    အမည် မမှတ်မိသနန့် (ထိုယောက်ကျားလေးဟု) ခေါ်ဆို ပြောဆိုရေ စကားလုံး
    အမည် မမှတ်မိသဖြင့် (ဟိုကောင်လေးဟု) ခေါ်ဆို ပြောဆိုသော စကားလုံး
    that
    နာမ်စား

    ထွေစွာသျှေ၂

    [tʰwèswàʃè၂]
    ယောက်ကျားလေး။ လူလေး။ သူငယ်။ ကလွေသျှေ အစဟိစွာ
    ကောင်လေး။ လူလေး။ သူငယ်။ ယောက်ျားလေး စသည်
    boy
    နာမ်

    ထွေတို့ဒေတို့

    [tʰwèto̰dèto̰]
    (ထိုထိုဒေဒေ) လားလာ လှည့်ပတ်ဗျာယ်
    (ထိုထိုဤဤ) သွားလာ လှည့်ပတ်လျက်
    about
    ကြိယာဝိသေသန

    ထွေထူး

    [tʰwètʰùး]
    ထူးထူး ခြားခြား။ မတူ ကွဲပြားသောအနိန်နန့်
    ထူးထူး ခြားခြား။ မတူ ကွဲပြားသော အားဖြင့်
    different
    ကြိယာဝိသေသန